ကြမ်းမှာ.သံချောင်းထွက်နေရင်.နာနာလေးထုကွာ။
၂၀၀၈ခုနှစ်လောက်ကထင်တယ်။.သိပ္ပံပညာနဲ့နိုဘယ်ဆုရတဲ့ဂျပန်လူမျိုး(အမေရိကန်နိုင်ငံသား)တယောက်စင်္ကာပူကိုရောက်လာခဲ့ပါတယ်။.သူ့ကို.စင်္ကာပူအစိုးရကစရိတ်အကုန်ခံပြီး.ဖိတ်ကြားခဲ့တာပါ။.သူ့ရဲ့နိုဘယ်ဆုရအောင်.ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတဲ့အကြောင်း.စင်္ကာပူကလူငယ်လေးတွေကို.ပြောပြပေးဖို့ပါ။.သူ့ဟောပြောပွဲကို.စင်္ကာပူအစိးရတက္ကသိုလ်တခုဖြစ်တဲ့NUS_Universityမှာ.ပြုလုပ်ပါတယ်။.စင်္ကာပူတက္ကသိုလ်ပေါင်းစုံက.ဆရာ.ဆရာမ.ကျောင်းသား.ကျောင်းသူတွေ.တက်ရောက်နားထောင်ကြပါတယ်။
သူက.ဟောပြောပြီးသွားတော့.မေးခွန်းမေးစရာရှိရင်.မေးပါလို့ဖိတ်ခေါ်ပါတယ်။.ပရိသတ်က.တယောက်တခွန်းမေးကြတယ်။.သူကလဲ.ပြန်ဖြေပေးပါတယ်။.နောက်ဆုံးမှာ.ဆရာတယောက်က.မေးခွန်းတခုကို.ခုလိုမေးလိုက်ပါတယ်။."ကျနော်တို့စင်္ကာပူနိုင်ငံကရော.သိပ္ပံပညာနဲ့.နိုဘယ်ဆုရနိုင်ဖို့.အခွင့်အလမ်းရှိပါသလား"တဲ့။
နိဘယ်ဆုရှင်က.ခုလိုပြန်ဖြေပါတယ်။."မရှိပါဘူး။.စကာၤပူနိင္ငံမွ.မဟုတ္ပါဘူး။.အရှေ့တောင်အာရှနိုင်ငံတွေမှာ.သိပ္ပံပညာနဲ့နိုဘယ်ဆုရှင်.ဘယ်လိုမှမပေါ်နိုင်ပါဘူး"တဲ့။.အိမ်ရှင်စလုံးနိုင်ငံသားတွေလဲ.မျက်စိမျက်နာပျက်ကုန်ကြတယ်။.နိဘယ်ဆုရှင်က.ထပ်ပြောပါတယ်။."ခုလို.ပြောရတာက.အရှေ့တောင်အာရှနိုင်ငံတွေမှာ.အများနဲ့မတူ.တမူထူးခြားတဲ့ကလေးကိုမြေတောင်မြှောက်ပေးတဲ့အလေ့အကျင့်မရှိလို့ပါ။.ကလေးတယောက်ဟာ.စာသင်ခန်းထဲမှာ.ဆရာကိုထူးထူးဆန်းဆန်းမေးခွန်းတွေမေးယ်.သာမန်ကလေးတွေနဲ့မတူတဲ့အပြုအမူတွေလုပ်နေတယ်ဆိုရင်..ဒီကလေးဟာ.တခြားကျောင်းသားတွေလိုဖစ်သွားအောင်နေခိုင်းမယ်.ပြောမရရင်.ပြစ်ဒဏ်ပေးပြီး.ဦးချိုးကြတယ်။.ဥပမာတခုအနေနဲ့ပြောရရင်.ကြမ်းမှာထွက်နေတဲ့သံချောင်းတွေ့ရင်.ကြမ်းထဲပြန်ဝင်သွားအောင့်နာနာလေးထုပေးတယ်။.ဒါမှ.တခြားသံချောင်းတွေနဲ့ညီသွားအောင်ပေါ့"တဲ့။
သူကဆက်ပြောပါတယ်။.သူငယ်ငယ်ကလေးထဲက.သူ့မိဘတွေနဲ့အတူလိုက်ပါရင်း.အမေရိကန်နိုင်ငံကိုရောက်သွားတယ်။.အဲဒီမှာ.ကျောင်းတက်ခဲ့တယ်။.အမေရိကန်ကျောင်းတွေမှာ.မေးခွန်းတွေကြံကြံဖန်ဖန်မေးတဲ့ကလေး.တခြားကလေးတွေနဲ့မတူထူးခြားတဲ့အပြုအမူတွေလုပ်တတ်တဲ့ကလေးမျိုးတွေ့ပြီဆိုရင်.ဆရာ.ဆရာမတွေက.IEP(Individualized_Education_Plan)တကိုယ်ရည်ပညာရေးအစီအစဉ်ချမှတ်တဲ့.အဖွဲ့ကိုအကြောင်းကြားရတယ်။.အဲဒီအဖွဲ့က.တာဝန်ရှိသူတွေဟာ.ကျောင်းကိုရောက်လာပြီး.အဲဒီကလေးကိုစောင့်ကြည့်တယ်။.စိတ်ပညာရှင်လဲပါတယ်။.စကားပြောကြည့်တယ်။.တကယ်ပဲ.ဒီကလေးမှာ.ထူးချွှန်နိုင်တဲ့အရည်အချင်းရှိနေတာတွေ့ရင်.အထူးအစီအစဉ်တွေနဲ့.ကလေးရဲ.အရည်အချင်းကိုမြှင့်တင်ပေးကြတယ်။.ထူးချွန်ပညာရှင်Geniusတယောက်ဖြစ်လာအောင်.မြေတောင်မြှောက်ပေးကြတယ်။.ဒါကြောင့်လဲ.ကမ္ဘာပေါ်မှာ.နိုဘယ်ဆုရှင်အများဆုံး.ထွက်တာ.အမေရိကန်နိုင်ငံကပါပဲလို့ရှင်းပြသွားပါတယ်။
မိတ်ဆွေကို.မေးချင်တာက.ကျနော်တို့မြန်မာနိုင်ငံကရော.သိပ္ပံပညာနဲ့နိုဘယ်ဆုရှင်ပေါ်နိုင်ပါသလားလို့ပါ။
Wednesday, 25 February 2015
Monday, 23 February 2015
Thursday, 19 February 2015
ပညာရှိတို့ရဲ့ မှတ်သားစရာ စကား သုံးခွန်း 1. “Never play with the feelings of others because you may win the game but the risk is that you will surely lose the person for a life time.” –Shakespeare. "လူတစ်ယောက်ရဲ့ ခံစားချက်ကို မဆော့ကစားပါနဲ့။ ယင်းကစားပွဲမှာ သင်နိုင်ရင်တောင် သင့်ဘဝတစ်ခုလံး အတွက် လူတစ်ယောက် ဆုံးရှုံးသွားပါ လိမ့်မယ်။" - ရှိတ်စပီးယား
2. “The world suffers a lot. Not because of the violence of bad people. But because of the silence of good people.” –Napoleon. "ကမ္ဘာမှာ လူတွေ ခံစား ဒုက္ခရောက်နေကြတာ လူဆိုးတွေရဲ့ ဖျက်ဆီးနှောင့်ယှက်မှု ကြောင့် မဟုတ်ပါဘူး။ လူကောင်းတွေရဲ့ တိတ်တဆိတ် နေထိုင်မှုကြောင့် ဖြစ်ပါတယ်။" - နပိုလီယံ 3. “I am thankful to all those who said NO to me. It’s because of them I did it myself.” –Einstein. "ကျွန်တော့ကို မကူညီနိုင်ဘူးလို့ ပြောတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆို ကျွန်တော်ကိုယ်တိုင် လုပ်တတ်သွားစေလို့ ပါပဲ။" - အိုင်းစတိုင်း
အောင်ခမ်း (ရိုးရာလေး)
2. “The world suffers a lot. Not because of the violence of bad people. But because of the silence of good people.” –Napoleon. "ကမ္ဘာမှာ လူတွေ ခံစား ဒုက္ခရောက်နေကြတာ လူဆိုးတွေရဲ့ ဖျက်ဆီးနှောင့်ယှက်မှု ကြောင့် မဟုတ်ပါဘူး။ လူကောင်းတွေရဲ့ တိတ်တဆိတ် နေထိုင်မှုကြောင့် ဖြစ်ပါတယ်။" - နပိုလီယံ 3. “I am thankful to all those who said NO to me. It’s because of them I did it myself.” –Einstein. "ကျွန်တော့ကို မကူညီနိုင်ဘူးလို့ ပြောတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆို ကျွန်တော်ကိုယ်တိုင် လုပ်တတ်သွားစေလို့ ပါပဲ။" - အိုင်းစတိုင်း
အောင်ခမ်း (ရိုးရာလေး)
Subscribe to:
Posts (Atom)