လူတစ်ချို့က သူများလို ကောင်းကောင်းစားချင် ကောင်းကောင်းနေချင်ကြတယ် တိုက်နဲ့ ကားနဲ့ပေါ့ ဒါပေမယ့် အလုပ်ကြတော့ ကောင်းအောင် သာအောင် မလုပ်ချင်ဘူး ... အခွင့်အရေးကိုပဲစောင့်နေကြတယ်.အခွင့်အရေးရလာအောင် ဖန်တီးမယူချင်ကြဘူး
ကိုယ့်မှာသာအရည်အချင်းပြည့်ဝနေရင် အသာစီးက အလုပ်ကို ထိုင်ရွေးနေလို့ရတယ် ငါဘာတွေလုပ်နိုင်ပြီလဲဆိုတာ ကိုယ့်ကိုယ်ကို မမေးဖူးဘူးဆိုရင်တော့ အခုမေးကြည့်လိုက်ပါ အမှန်အတိုင်းချရေးပါ ပြီးမှဒီထဲက အပိုင်နိုင်ဆုံးတစ်ခုကို အသက်မွေးဝမ်းကြောင်းပြုပါ... ကိုယ်တိုင်ကြိုးစားမှုမရှိဘဲ အခွင့်အရေးကို အချောင်လိုချင်သူတွေအတွက် ဘာမှန်းမသိချမ်းသာချင် ချမ်းသာသွားနိုင်တယ် သို့သော် ဘယ်နေရာမှအရည်ချင်းရှိရှိလုပ်နိုင်မှာမဟုတ်ဘူး
အောင်မြင်သူတွေဘာကြောင့်အောင်မြင်သလဲကိုလေ့လာပါ စဉ်းစားပါ အတုယူပါ အားကျပါ....
အချိန်ဆိုတာ ဘယ်အရာနဲ့မှမလဲနိုင်တဲ့အရာတစ်ခုပါ
အချိန်တန်ဖိုးသိတဲ့အချိန်က ဘ၀ရဲ့ နေ၀င်ချိန်တွေမဖြစ်ပါစေနဲ့. ပတ်ဝန်းကျင်ကိုလေ့လာပါ လူတိုင်းကို အကဲခတ်ပါ .. အဓိကက ကိုယ့်ကိုယ်ကိုအမြဲဝေဖန်သုံးသပ်နိုင်ကြပါစေ။