အားလုံးပျော်ရွင်ကြရသည်။
စိတ်ပညာရှင်တစ်ယောက်က အာဖရိကလူရိုင်းတွေဆီရောက်သွားတဲ့အခါမှာ အဲဒီက ကလေးတွေနဲ့ ဂိမ်းတစ်ခုကစားပါတယ်။သစ်သီးတွေအပြည့်နဲ့ ခြင်းတောင်းတစ်ခုကို သစ်ပင်ခြေရင်းတစ်ခုမှာ ချထားပါတယ်။ပြီးတော့ ကလေးတွေအားလုံးကို အော်ပြောလိုက်တယ်။သစ်သီးတွေချထားတယ်၊အမြန်သွားယူကြ။
သူအော်လိုက်တာနဲ့ ကလေးတွေအားလုံး တစ်ယောက်နဲ့တစ်ယောက် လက်ချင်းတွဲပြီး သစ်ပင်ဆီပြေးသွားကြပါတယ်။ပြီးတော့ သစ်သီးတွေကို ခွဲဝေစားကြပါတယ်။ပညာရှင်က ကလေးတွေကိုမေးပါတယ်။”ဘာလို့တစ်ယောက်ထဲအရင်ပြေးသွားပြီးမယူတာလဲ တစ်ယောက်ထဲဆိုအကုန်ရတာပေါ့။”
ကလေးငယ်တစ်ဦးက”တစ်ယောက်ပဲအကုန်ယူရင် တစ်ယောက်ပဲ ပျော်ရွင်ရမှာပေါ့၊အားလုံးသွားယူတော့ အားလုံးပျော်ရွင်ရတာပေါ့”တဲ့။
ကဲသင်ရော ဘယ်နှစ်ယောက်ကိုပျော်ရွင်စေချင်လဲ???