-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Thursday, 28 January 2016

အဖေ့ကို လေးစားပါ


အဖေ့ကို လေးစားပါ


ကျောင်းလခကို ပေးရတယ်။



--
-
---

ကျော်လင်းနိုင် (ရိုးရာလေး)မှ
Unicode version

အဖေ့ကို လေးစားပါ

- မင်း အသက် ၁ နှစ်မှာ , အဖေဟာ သူရဲ့ အိပ်ချိန်တွေ ဆုံးရုံးခဲ့ရတယ်။

- မင်း အသက် ၁၀ နှစ်မှာ , အဖေဟာ သူအကြိုက်ဆုံးသော ရေမွှေးဝယ်မယ့် အစား သားသမီးတွေအတွက်
ကျောင်းလခကို ပေးရတယ်။

- မင်း အသက် ၁၈ နှစ်မှာ , အဖေဟာ သူစုဆောင်းထားတဲ့ အရာတွေကို သားသမီးတွေ ဘွဲ့ရဖို့ ပေးရပြန်တယ်။

- မင်း အသက် ၂၂ နှစ်မှာ , မင်းအလုပ်တစ်ခု ရဖို့ အတွက် သူ့သိက္ခာတွေ ဆုံးရှုံးရပြန်တယ်။

မင်းချမ်းသာ လာတဲ့အခါ အဖေ့အတွက် အဝတ်အစား ဝယ်ပေးဖို့တောင် မေ့နေတတ်တယ်။
--
-
ဇိမ်ခံပစ္စည်းတွေနဲ့ မင်းပျော်မွေ့နေချိန်မှာ အဖေရဲ့ ကျန်းမာရေးကိုတောင် ဂရုစိုက်ဖို့ မေ့နေပြန်တယ်။
---
အဖေဆိုတာ သူရဲ့ ကိုယ်ရေးကိုယ်တာကို မထောက်ထား သားသမီးတွေ ချမ်းသာကြွယ်တာကို ဝမ်းသာပီတိဖြစ်ရတဲ့
လူသားများထဲမှ တစ်ယောက်ဖြစ်ပါတယ်။

တကယ်လည်း ဘာမှထည့်လို့မရဘဲ ဘာကြောင့် ဒီအိပ်ကပ်သေးသေးလေးကို ထည့်ထားရတာလဲဆိုတာ


တကယ်လည်း ဘာမှထည့်လို့မရဘဲ ဘာကြောင့် ဒီအိပ်ကပ်သေးသေးလေးကို ထည့်ထားရတာလဲဆိုတာ ကမ္ဘာကျော် ဂျင်းအမှတ်တံဆိပ်ကြီးက ပြောပြထားပါတယ်။

ဂျင်းဘောင်းဘီဝတ်သူတိုင်း စဉ်းစားမိဖူးမှာပါ။ ဘာကြောင့် အိပ်ကပ်ပေါ်က အိပ်ကပ်သေးသေးလေးကို ထည့်သွင်းချုပ်လုပ်ထားတာလဲဆိုတာ။ ပြီးတော့ ဘယ်သူမှလည်း ရေရေရာရာ မသိခဲ့ကြပါဘူး။

ဘောင်းဘီရှေ့ဘက်ခြမ်းက အိပ်ကပ်ပေါ်မှာ ထပ်ဆင့်ထည့်သွင်းချုပ်လုပ်ထားတဲ့ အိပ်သေးသေးလေးရဲ့ အကြောင်းကို ခုတာ့ သိလိုက်ရပါပြီ။ အမေရိကန်ရဲ့ နာမည်ကျော် ဂျင်းအမှတ်တံဆိပ် Levi Strauss ရဲ့ အဆိုအရ အဆိုပါ အိပ်ကပ်အငယ်စားလေးဟာ အိတ်ဆောင်နာရီ ထည့်ထားဖို့အတွက် ချုပ်လုပ်ထားတာဖြစ်ပါသတဲ့။

သေသေချာချာ ပြန်ကြည့်လိုက်မယ်ဆိုရင် တကယ်ပဲ အိတ်ဆောင်နာရီ တစ်လုံးစာ ဆံ့တဲ့ အရွယ်အစားပဲ ရှိတာပါ။ ရှေးလူတွေက အိတ်ဆောင်နာရီတွေ ဆောင်လေ့ရှိကြပါတယ်။ အထူးသဖြင့် ကောင်းဘွိုင်တွေအတွက် ရည်ရွယ်ပြီး ချုပ်လုပ်ထားတဲ့ Levi'S ဂျင်းဘောင်းဘီတွေမှာ အိတ်ဆောင်နာရီတစ်လုံးစာပဲဆံ့တဲ့ အိတ်အသေးစားလေးတွေကို စတင် ထည့်သွင်းချုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။
ကွမ်တန်း မင်းရာဇာ

သင့်မိဘတွေ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် မိမိကိုယ်ကို ဆန်းစစ်သင့်တဲ့ မေးခွန်း(၅)ချက် သင်လည်း တစ်နေ့ မိဘဖြစ်လာဦးမှာပါ။


သင့်မိဘတွေ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် မိမိကိုယ်ကို ဆန်းစစ်သင့်တဲ့ မေးခွန်း(၅)ချက်

သင်လည်း တစ်နေ့ မိဘဖြစ်လာဦးမှာပါ။

(၁) သင့်အလုပ်၊ သင့်မိသားစုအရေးကြိုးပမ်းနေချိန်မှာ သင့်ရဲ့မိဘတွေစိတ်ထဲ ဘာတွေ တွေးနေမလဲ၊ သူတို့မျက်ဝန်းလေးတွေက ဘာကိုမျှော်လင့်တောင့်တ နေမလဲဆိုတာ သေချာပြန်ကြည့်မိပါသလား ?

(၂) တစ်နေ့ပြီးတစ်နေ့ သင့်မိဘတွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းပြောင်းလဲလာမှုကို သတိထားပြီး ဂရုတစိုက်ကြည့်မိပါသလား ?

(၃) အသက်တွေကြီးလာလေ၊ အိုမင်းမစွမ်းဖြစ်လာလေ၊ ရောဂါရလာလေ သူတို့မျက်ဝန်းလေးတွေမှာ အားငယ်မှုလေးတွေ၊ စိုးရိမ်မှုလေးတွေ တစ်စတစ်စပိုထင်ဟပ်လာတာ သတိထားကြည့်မိပါရဲ့လား ???

(၄) သင့်မိဘတွေ လိုအပ်တာ သားသမီးတွေရဲ့နွေးထွေးမှု၊ ဂရုစိုက်မှု၊ အေးချမ်းတဲ့မေတ္တာတွေဆိုတာကော သင်သတိမပြုမိဘဲ အမှုမဲ့၊ အမှတ်မဲ့ နေနေခဲ့မိသလား ?

(၅) အခုမေ့နေမိတာ ပြန်အမှတ်ရသွားပြီဆိုရင်၊ အမေ- အဖေတို့လည်း သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် အချိန်မီသေးပါတယ်။ မိဘ မရှိတော့တဲ့အချိန်မှ မျက်ရည်ကျလည်း အလဟဿ ပါပဲ။

သင့်မိဘသက်ရှိထင်ရှားရှိနေတုန်း သင်လုပ်ပေးနိုင်တဲ့စိတ်အား၊ လူအား၊ ငွေအားအကုန်လုံးနဲ့ မိဘကိုဂရုစိုက်ပေးလိုက်ပါ။ သင်လုပ်တမျှ သင့်ဆီပဲ့တင်ထပ်လာပါလိမ်မယ်…..

သင်လည်းအသက်တွေကြီးလာပြီး သူတို့လိုအရွယ်ရောက်လာတဲ့အခါ ဒီလိုမျက်ဝန်းတွေနဲ့ပဲ သင့်သားသမီးလေးတွေဆီက မေတ္တာကိုသင်မျှော်လင့်မိနေမှာပါ........

စိတ်ရှည်ပါ… ကိုယ်ချင်းစာပါ…
"""''''''''''''''''       """'''''''''''''''''''
ကွမ်တန်း မင်းရာဇာ