Sunday, 17 January 2016
ရင့်ကျက်လာကြပြီဆိုတာနဲ့....
ရင့်ကျက်လာကြပြီဆိုတာနဲ့....
သွေးအေးတတ်လာပါပြီ၊ ကိုယ့်အပေါ်ကောင်းတဲ့သူပေါ်ပဲ ပြန်ကောင်းတတ်ပါတယ်...။
ကိုယ့်ပေါ် မကောင်းတဲ့သူပေါ်မှာလဲ ပုံမှန်ဆက်ဆံသွားနိုင်ပါတယ်...။
ပြတ်သားလာတတ်ပါပြီ၊ သွားသင့်တဲ့သူကို သွားခိုင်းပြီး....
ချန်ထားသင့်တဲ့သူတွေကို ချန်ထားနိုင်ပါတယ်...။
ရက်စက်တတ်လာပါပြီ။ ရှင်းထုတ်ရမဲ့အရာတွေကို...
ပြတ်သားစွာ ရှင်းထုတ်လိုက်ပြီး လက်လွှတ်သင့်တာတွေကို ....
ချက်ချင်းလွှတ်ချနိုင်သွားပါတယ်...။
အရင်ကထက် ပိုပြီးပျော်ရွှင်လာတတ်ပါပြီ။ နာကျဉ်ရင်တောင် ...
အပြုံးနဲ့ အေးအေးဆေးဆေး ပြန်လည်တုန့်ပြန်သွားနိုင်ပါတယ်။
အထီးကျန်လည်း နေတတ်သွားပါပြီ။ ကိုယ့်ကို အလိုရှိမှ...
လာပြီးကပ်နေတဲ့သူမရှိရင် မနေတတ်မထိုင်တတ်တာမျိုး မဖြစ်တော့ပါဘူး....။
>>> ShweRooms.com <<<
Subscribe to:
Posts (Atom)