Thursday, 4 February 2016
ဂျပန်လူမျိုးတွေရဲ့ တန်ဖိုးကြီး ငါးအစိမ်း ငါးပူတင်းဟင်းလျာ ( Fugu Sashimi )
ဂျပန်လူမျိုးတွေရဲ့ တန်ဖိုးကြီး ငါးအစိမ်း ငါးပူတင်းဟင်းလျာ
( Fugu Sashimi )
ဂျပန်လို ဖုငူ Fugu အင်္ဂလိပ်လို Puffer fish လို့ခေါ်တဲ့ ငါးပူတင်းငါးအစိမ်းဟင်းလျာကတော့ အင်မတန်ဈေးကြီးတဲ့အတွက်ကြောင့်မို့လို့ လူလတ်တန်းစားတွေကတော့ သိပ်ပြီးစားသုံးလေ့မရှိပါဘူး။
ဖုငူငါးအရှင်တစ်ကောင်ကို ဂျပန်ယန်းငွေ တစ်သောင်းကျော်ပေးရတာကြောင့် မြန်မာငွေ သိန်းကျော်ကျသင့်ပါတယ်။
ဂျပန်နိုင်ငံမှာတော့ ဖုငူဆာရှိမိ ငါးအစိမ်းဟင်းဟာ ထိပ်တန်းစားဖွယ်ဟင်းလျာတစ်ခုပဲဖြစ်ပါတယ်။
အကြောင်းရင်းကတော့ ဖုငူငါးဟာ ဈေးကြီးတဲ့အပြင် သူ့ရဲ့တစ်ကိုယ်လုံးမှာ လူကိုသေစေတဲ့ အဆိပ်တွေပြည့်နေလို့ပါပဲ။
အဆိပ်တွေဟာ ဆိုင်ယာနိုက်ထက်ပြင်းပြီး အစာအိမ် အူ ကလီစာ နဲ့ လိင်အင်္ဂါတွေမှာ ရှိနေတတ်ပါတယ်။
ဒီတော့ ဖုငူငါးကို အန္တရာယ်ကင်းစွာ စားသုံးနိုင်ဖို့ လိုင်စင်ရကျွမ်းကျင်စားဖိုမှူးများကသာ ချက်ပြုတ်ပြင်ဆင်ခွင့်ရှိပါတယ်။
အဲဒီလို လိုင်စင်ရရှိဖို့ကလည်း အလွန်ခက်ခဲတဲ့ သင်တန်းမှာ ၂ နှစ်ကျော် လေ့ကျင့်သင်ကြားပြီးမှသာ လိုင်စင်ရစားဖိုမှူးဖြစ်နိုင်မှာပါ။
ဒီလိုကျွမ်းကျင်မှာသာ ငါးရဲ့အဆိပ်တွေကို ဖယ်ရှားပြီး အန္တရာယ်ကင်းစွာ စားသုံးနိုင်မှာပါ။
ထိပ်တန်းစားသောက်ဆိုင်ကြီးတွေကလည်း ဒီလိုလိုင်စင်ရစားဖိုမှူးတွေကို လစာကြီးကြီးပေးပြီးခေါ်ကြရပါတယ်။
ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ဖုငူငါးကို စားပြီး နှစ်စဉ်လူ ၁၀၀ ခန့်သေဆုံးလေ့ရှိပါတယ်။
ယနေ့ခေတ်မှာတော့ အနည်းဆုံး လူ ၃ ယောက်ခန့် သေဆုံးတာကို သတင်းတွေမှာ ဖတ်ရှုသိရှိရပါတယ်။
ဖုငူငါးရဲ့အဆိပ်ဟာ ဖြေဆေးမရှိပါဘူး စားမိရင် ချက်ချင်း နှလုံးခုန်ရပ်တန့်စေပြီး
ကိုယ်တွင်းကလီစာတွေအားလုံး အလုပ်မလုပ်တော့ပဲ မျက်စိသူငယ်အိမ်ကလည်း လူသေနဲ့မခြားတော့ပါဘူး။
ဆရာဝန်တွေတောင်မှ ငါးအဆိပ်မိထားတဲ့လူနဲ့ လူသေကို ခွဲခြားရတာ အလွန်ပဲ မှားယွင်းတတ်ပါတယ်။
အဆိပ်မိထားတဲ့ သူဟာ ချက်ချင်းသေဆုံးမှာ မဟုတ်သေးပဲ လှုပ်ရှားနိုင်ခြင်းမရှိတော့ပေမယ့် အပြင်ကပြောဆိုနေတာတွေကို သိရှိခံစားနေရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အဆိပ်မိတဲ့သူတွေဆိုရင် ချက်ချင်းမသင်္ဂြိုလ်သေးပဲ ရက်အနည်းငယ်ထားပြီးမှသာ သင်္ဂြိုလ်ကြပါတယ်။
ပြန်သတိလည်လာတာမျိုးရှိခဲ့ဘူးတယ်ဆိုပေမယ့်လည်း အလွန်နည်းပါးပြီး သေဆုံးသွားကြတာများပါတယ်။
အဲဒီတော့ ဒီလောက်အန္တရာယ်များပြီး ဈေးကြီးတဲ့ ဖုငူ ငါးပူတင်းငါးကို ဘာကြောင့်စားသုံးနေကြတာလည်းလို့ သိချင်ကြမှာပါပဲ။
ဖုငူငါးကို စားတဲ့သူတွေကတော့ သူ့ရဲ့ထူးခြားတဲ့ အရသာရှိပြီး စားလိုက်ရင် ပါးစပ်ထဲမှာ အနည်းငယ်ထုံကျင်တဲ့ အရသာနဲ့အတူ စိတ်လှုပ်ရှားရတဲ့ ခံစားချက်မျိုးကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဂျပန်လူမျိုးတွေကတော့ ငါးအစိမ်းတစ်ပွဲကို မြန်မာငွေ ၂ သိန်းကျော် ကျသင့်ပြီး အန္တရာယ်ရှိတဲ့ ငါးပူတင်းကို မက်မက်မောမော စားသုံးနေကြဆဲပဲ ဖြစ်ပါတယ်။
ကွမ်တန်းမင်းရာဇာ
စွမ်းအားဖြည့် အချိုရည်တွေမှာ နွားထီးမှရရှိတဲ့ ကျင်ငယ်ရည် နဲ့ သုတ်ရည်တို့ ပါဝင်တယ်လို့ သိရ
စွမ်းအားဖြည့် အချိုရည်တွေမှာ နွားထီးမှရရှိတဲ့ ကျင်ငယ်ရည် နဲ့ သုတ်ရည်တို့ ပါဝင်တယ်လို့ သိရ
--------
စွမ်းအားဖြည့်အချိုရည်တွေမှာ နွားထီးရဲ့ ကျင်ငယ်နဲ့  သုတ်ရည်တို့ ကနေ ထုတ်ယူထားတဲ့ ပါဝင်ပစ္စည်းတွေ ပါရှိတယ်လို့ ဆိုပါတယ်။Longhorn Cattle ကုမ္ပဏီကနေ လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတစ်ရပ်မှာ RED BULL နဲ့  MONSTER တို့ လိုမျိုး ထိပ်တန်းနာမည်ကြီး အားဖြည့်အချိုရည်တွေထဲက တစ်ချို့ ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။
သူတို့ ရှာဖွေတွေ့ ရှိခဲ့တဲ့အရာကတော့ သင့်ကို ဗိုက်နာကောင်း နာစေမှာပါ။ အားဖြည့်အချိုရည်တွေမှာ နွားသိုးရဲ့ သုတ်ရည်ပါဝင်နေတယ်လို့  ဆိုတဲ့ သူတို့ ရဲ့ ရှာဖွေတွေ့ ရှိချက်က အမှန်ပဲဖြစ်ပါတယ်။
တော်ရိန်းဓာတ်( Taurine) ဆိုတာဟာ လက်တင်ဘာသာနဲ့ နွားသိုးလို့ အဓိပ္ပါယ်ရတဲ့ (Taurus) ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။၁၈၂၇ ခုနှစ်မှာ သြစတြေးလျလူမျိုးများဖြစ်တဲ့ သိပံ္ပပညာရှင် Friedrich Tiedemann နဲ့ Leopold Gmelon တို့ က သည်းချေရည်ကနေ အဲ့ဒီ တော်ရိန်းဓာတ်ကို သီးခြား ခွဲထုတ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။သိပ္ပံဘာသာစကားမှာတောင် အဲ့ဒါကို အမိုင်နိုအက်ဆစ်(Amino acid – အသားဓာတ်ပါသော အက်ဆစ်ဓာတ်)လို့  ခေါ်ဝေါ်ကြပါတယ်။
ဒါပေမယ့် တော်ရိန်းမှာ Carboxyl အုပ်စု မပါဝင်တာကြောင့် အမိုင်နိုအက်စစ်လို့ အတိအကျ သတ်မှတ်လို့  မရပါဘူး။ တော်ရိန်းဓာတ်ဟာ နွားထီးရဲ့ အသည်း၊ ကျင်ငယ်နဲ့ သုတ်ရည် တို့ မှာ ပါရှိတာပါ။ သေချာတာကတော့ Red Bull လို မျိုး စွမ်းအားဖြည့် အချိုရည်များမှာ အသုံးပြုထားတဲ့ တော်ရိန်းဓာတ်ဟာ အဲ့လိုမျိုး အရင်းအမြစ်တွေကနေ ထုတ်ယူထားတာ ဖြစ်ပါတယ်။
အားဖြည့်အချိုရည်တွေမှာ တွေ့ ရတဲ့ တော်ရိန်းဟာ နွားထီးရဲ့  ဝှေးစေ့များကို ချေဖျက်ပြီး ရရှိလာတဲ့ ထွက်ကုန်ဖြစ်တာကြောင့် သတ်သတ်လွတ်သမားတွေ အတွက် မသင့်တော်ဘူးလို့ စဉ်းစားလို့ ရပါတယ်။ အဲ့ဒီ တော်ရိန်းဟာ နွားသိုးရဲ့ သည်းချေရည်နဲ့  မိခင်ရဲ့  နို့ ရည်ထဲမှာလည်း သဘာဝအလျောက် တွေ့ ရှိရတဲ့ ပါဝင်ပစ္စည်းလည်းဖြစ်ပါတယ်။
Treand Myanmar
ကွမ်တန်းမင်းရာဇာ
Subscribe to:
Posts (Atom)