-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Thursday, 4 February 2016

ဂျပန်လူမျိုးတွေရဲ့ တန်ဖိုးကြီး ငါးအစိမ်း ငါးပူတင်းဟင်းလျာ ( Fugu Sashimi )






ဂျပန်လူမျိုးတွေရဲ့ တန်ဖိုးကြီး ငါးအစိမ်း ငါးပူတင်းဟင်းလျာ
( Fugu Sashimi )
ဂျပန်လို ဖုငူ Fugu အင်္ဂလိပ်လို Puffer fish လို့ခေါ်တဲ့ ငါးပူတင်းငါးအစိမ်းဟင်းလျာကတော့ အင်မတန်ဈေးကြီးတဲ့အတွက်ကြောင့်မို့လို့ လူလတ်တန်းစားတွေကတော့ သိပ်ပြီးစားသုံးလေ့မရှိပါဘူး။
ဖုငူငါးအရှင်တစ်ကောင်ကို ဂျပန်ယန်းငွေ တစ်သောင်းကျော်ပေးရတာကြောင့် မြန်မာငွေ သိန်းကျော်ကျသင့်ပါတယ်။
ဂျပန်နိုင်ငံမှာတော့ ဖုငူဆာရှိမိ ငါးအစိမ်းဟင်းဟာ ထိပ်တန်းစားဖွယ်ဟင်းလျာတစ်ခုပဲဖြစ်ပါတယ်။
အကြောင်းရင်းကတော့ ဖုငူငါးဟာ ဈေးကြီးတဲ့အပြင် သူ့ရဲ့တစ်ကိုယ်လုံးမှာ လူကိုသေစေတဲ့ အဆိပ်တွေပြည့်နေလို့ပါပဲ။
အဆိပ်တွေဟာ ဆိုင်ယာနိုက်ထက်ပြင်းပြီး အစာအိမ် အူ ကလီစာ နဲ့ လိင်အင်္ဂါတွေမှာ ရှိနေတတ်ပါတယ်။
ဒီတော့ ဖုငူငါးကို အန္တရာယ်ကင်းစွာ စားသုံးနိုင်ဖို့ လိုင်စင်ရကျွမ်းကျင်စားဖိုမှူးများကသာ ချက်ပြုတ်ပြင်ဆင်ခွင့်ရှိပါတယ်။
အဲဒီလို လိုင်စင်ရရှိဖို့ကလည်း အလွန်ခက်ခဲတဲ့ သင်တန်းမှာ ၂ နှစ်ကျော် လေ့ကျင့်သင်ကြားပြီးမှသာ လိုင်စင်ရစားဖိုမှူးဖြစ်နိုင်မှာပါ။
ဒီလိုကျွမ်းကျင်မှာသာ ငါးရဲ့အဆိပ်တွေကို ဖယ်ရှားပြီး အန္တရာယ်ကင်းစွာ စားသုံးနိုင်မှာပါ။
ထိပ်တန်းစားသောက်ဆိုင်ကြီးတွေကလည်း ဒီလိုလိုင်စင်ရစားဖိုမှူးတွေကို လစာကြီးကြီးပေးပြီးခေါ်ကြရပါတယ်။
ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက ဖုငူငါးကို စားပြီး နှစ်စဉ်လူ ၁၀၀ ခန့်သေဆုံးလေ့ရှိပါတယ်။
ယနေ့ခေတ်မှာတော့ အနည်းဆုံး လူ ၃ ယောက်ခန့် သေဆုံးတာကို သတင်းတွေမှာ ဖတ်ရှုသိရှိရပါတယ်။
ဖုငူငါးရဲ့အဆိပ်ဟာ ဖြေဆေးမရှိပါဘူး စားမိရင် ချက်ချင်း နှလုံးခုန်ရပ်တန့်စေပြီး
ကိုယ်တွင်းကလီစာတွေအားလုံး အလုပ်မလုပ်တော့ပဲ မျက်စိသူငယ်အိမ်ကလည်း လူသေနဲ့မခြားတော့ပါဘူး။
ဆရာဝန်တွေတောင်မှ ငါးအဆိပ်မိထားတဲ့လူနဲ့ လူသေကို ခွဲခြားရတာ အလွန်ပဲ မှားယွင်းတတ်ပါတယ်။
အဆိပ်မိထားတဲ့ သူဟာ ချက်ချင်းသေဆုံးမှာ မဟုတ်သေးပဲ လှုပ်ရှားနိုင်ခြင်းမရှိတော့ပေမယ့် အပြင်ကပြောဆိုနေတာတွေကို သိရှိခံစားနေရမှာ ဖြစ်ပါတယ်။
ဒါကြောင့် အဆိပ်မိတဲ့သူတွေဆိုရင် ချက်ချင်းမသင်္ဂြိုလ်သေးပဲ ရက်အနည်းငယ်ထားပြီးမှသာ သင်္ဂြိုလ်ကြပါတယ်။
ပြန်သတိလည်လာတာမျိုးရှိခဲ့ဘူးတယ်ဆိုပေမယ့်လည်း အလွန်နည်းပါးပြီး သေဆုံးသွားကြတာများပါတယ်။
အဲဒီတော့ ဒီလောက်အန္တရာယ်များပြီး ဈေးကြီးတဲ့ ဖုငူ ငါးပူတင်းငါးကို ဘာကြောင့်စားသုံးနေကြတာလည်းလို့ သိချင်ကြမှာပါပဲ။
ဖုငူငါးကို စားတဲ့သူတွေကတော့ သူ့ရဲ့ထူးခြားတဲ့ အရသာရှိပြီး စားလိုက်ရင် ပါးစပ်ထဲမှာ အနည်းငယ်ထုံကျင်တဲ့ အရသာနဲ့အတူ စိတ်လှုပ်ရှားရတဲ့ ခံစားချက်မျိုးကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဂျပန်လူမျိုးတွေကတော့ ငါးအစိမ်းတစ်ပွဲကို မြန်မာငွေ ၂ သိန်းကျော် ကျသင့်ပြီး အန္တရာယ်ရှိတဲ့  ငါးပူတင်းကို မက်မက်မောမော စားသုံးနေကြဆဲပဲ ဖြစ်ပါတယ်။
ကွမ်တန်းမင်းရာဇာ

No comments:

Post a Comment