•
ကမ္ဘာကျော်ပျောက်ဆုံးမှုများနှင့်
ဘုရားရှင်လက်ထပ်က ပျောက်ဆုံးမှုများ
~*~*~*~~*~*~*~*~*~*~*~
အမေရိကန်နိုင်ငံမှာ ၁၉၄၅ ခုနှစ်က ဖလော်ရီဒါ လေတပ်စခန်းမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ဗုံးကြဲလေယာဉ် စုစုပေါင်း အစင်း - ၂၀ ခန့် ပျောပ်ဆုံးသွားတယ်။ စုံစမ်းဖို့ လေယာဉ် - ၅ စင်း ထပ်လွတ်လိုက်တယ်။ ၅ - မိနစ်အတွင်း ထပ်ပျောက်သွားကြတယ်။ ယနေအချိန်ထိ ပေါ်မလာခဲ့ကြပေ။
၁၉၇၀ ခုနှစ်က သံမဏိတန်ချိန် - ၂ သောင်းကျော်တင်လာတဲ့ သင်္ဘောတစ်စင်း သမုဒ္ဒရာထဲမှာ ပျောက်ဆုံးခဲ့တယ်။
အီတလီနိုင်ငံ ဘိုလော့နာမြို့မှာ ရထားတစင်းဟာ လူ - ၁၃၇ ယောက်တင်ပြီး ၁၅ - မိနစ်သာ ဖြတ်သန်းသွားရတဲ့ လှိုဏ်ခေါင်းထဲဝင်သွားတာ ပျောက်ဆုံးသွားပြီး ၄၂ - နှစ်ကြာမှ ပြန်ပေါ်လာခဲ့တယ်။ ရထားပေါ်က ပါသွားသူတွေဟာ အသက်ကြီးမသွားပဲ ရထားပေါ် လိုက်ပါသွားတဲ့အချိန်ကအရွယ်ပဲ၊ သူတို့ကိုမေးတော့လည်း ဘာမှ မေးလို့မရဘူး။ သိပ္ပံပညာရှင်တွေက time wamp တဲ့ မအို၊ မနာ၊ မသေ၊ အချိန်မဲ့သော နေရာတဲ့။
၁၉၅၅ ခုနှစ်က အမေရိကန် ဖလော်ရီဒါက ခရီးသည်လေယာဉ်တစ်စင်းဟာ ပျံတက်ပြီး ပျောက်ဆုံးသွားခဲ့ကာ၊ ၁၉၉၀ခုနှစ်မှာ ဗင်နီဇွဲလား နိုင်ငံမှာ ပြန်ပေါ်လာခဲ့တယ်။ သူလည်း ၃၅ - နှစ်ကြာ ပျောက်ဆုံးသွားခဲ့တယ်။ သိပ္ပံပညာရှင်တွေက ခရီးသည်တွေရဲ့ ဒီအန်အေကို စစ်ကြည့်တော့ မအိုကြောင်း အတည်ပြု ထောက်ခံပေးခဲ့တယ်။ သူတို့ကိုမေးတော့ သူတို့ ဘာမှ မသိပါဘူးတဲ့။
ဒုတိယကမ္ဘာစစ်တုန်းက မြန်မာနိုင်ငံ ရခိုင် ရိုးမတောကြီးထဲမှာ မဟာမိတ်တပ်ကြီး တစ်တပ်လုံး ပျောက်သွားခဲ့တယ်။ အင်္ဂလိပ်ဝန်ကြီးချုပ် ချာချီကိုယ်တိုင် ကမ္ဘာ့စစ်ရေးမှာ မကြုံဘူးသော ထူးဆန်းသည့် အကြောင်းအရာတခုဟု မှတ်ချက်ပြုပေးခဲ့တယ်။ သူတို့လည်း ခုချိန်ထိ ပေါ်မလာကြသေးဘူး။
ဘုရားရှင်လက်ထပ်က ပျောက်ဆုံးမှုများ
ဘုရားရှင်မပွင့်မီ နှစ်ပေါင်း - ၇၀၀ အလိုက ပြိတ္တာတစ်ဦးဟာ လူယောင်ဖန်ဆင်းပြီး၊ သူ့ ရဲ့မယားဟောင်းကို ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေပေးကာ မိဘတွေဆီက တောင်ယူပြီး ခေါ်သွားခဲ့တယ်။ ၇ - နှစ်လောက်ကြာတော့ မယားက ပြန်ချင်တယ်ပြောတော့ ပြိတ္တာက ပြန်ဖို့ မဖြစ်နိုင်ကြောင်း၊ လူ့အသက်နဲ့ဆို နှစ်ပေါင်း - ၇၀၀ ကြာမြင့်သွားပြီဖြစ်ကြောင်း ပြောပြတော့၊ မယုံကြည်တဲ့အတွက် အတင်းပြန်ပို့ခိုင်တယ်။ ပြိတ္တာလည်း ပြန်ပို့ တဲ့အခါမှာ သူနေခဲ့တဲ့နေရာတွေဟာ မမှတ်မိတော့ပဲ ဘုရားရှင်ပွင့်ထွန်းတဲ့ အချိန်ဖြစ်နေတော့ အမျိုးသမီးလည်း ဘုရားရှင်ကို လျှောက်ထားတော့ ထွက်သွားချိန်ဟာ နှစ်ပေါင်း - ၇၀၀ ကြာသွားတာ ဟုတ်မှန်ကြောင်းဖြေကြားပြီး၊ ပြိတ္တာဘုံနဲ့ လူဘုံရဲ့ အချိန်ကွာခြားမှုကြောင့်ဆိုတာကို ဟောကြားတော်မှုခဲ့တယ်။ အမျိုးသမီးလည်း ကြောက်လန့် တုန်လှုပ်ပြီ မိမိဝတ်ဆင်ထားသော လက်ဝတ်ရတနားများကို ရောင်းချကာ ဘုရားရှင်အား ကျောင်းဆောက်လှူတန်းလိုက်တယ်။ သေလွန်တော့ အထက်နတ်ပြည်ကို ရောက်သွားခဲ့တယ်။
နောက်တစ်ခုကတော့ ဗာရာဏသီမင်းကြီးသည် ပြိတ္တာမတွေ ဖျားယောင်းပြီး ရေထဲမျောလိုက်တဲ့ သရက်သီးကိုလိုချင်လို့ လိုက်သွားခဲ့ရာမှ ပြိတ္တာမတွေနဲ့ ပေါင်းသင်းနေထိုင်လိုက်တာ နှစ်ပေါင်း - ၁၅၀ ကြာသွားခဲ့တယ်။
နောက်တခါ ကုန်သည်တစ်ရောက်ဟာ အခြားကုန်သည်တွေနဲ့ ကုန်ကူးသွားတုန်း မယားက ပြိတ္တာအာနုဘော်နဲ့ လှေကိုတားထားပြီး မဲနှိုက်တဲ့အခါမှာ သုံးခါစလုံး သူချည်းကျတဲ့အတွက် ရေထဲကိုပစ်ချခံခဲ့ရတယ်။ ရေထဲသို့မကျမီမှာ ပြိတ္တာက ခေါ်ယူသွားပြီး ပေါင်းသင်းနေထိုင်လိုက်တာ နှစ်ပေါင်း - ၅၀ ကျော် ကြာသွားခဲ့တယ်။ မြန်မာပြည်က ဦးရှင်ကြီးဝတ္တူကလည်း အဲဒီသဘောမျိုးပါပဲ။
တကယ်တော့ ကမ္ဘာက အဖြေမထုပ်နိုင်ဘူးဆိုတာဟာ ဗုဒ္ဓဘာသာဝင် မဟုတ်တာလည်း တစ်ကြောင်း၊ နောက်တခါ ဖြစ်တဲ့အကြောင်းအရာဟာ ဘုရားရှင်တို့မှသာလျှင် ဖြေရှင်းနိုင်တဲ့ အရာဖြစ်လို့ အဖြေမထုတ်နိုင်ကြတာပါ။
ဘုရားရှင်က ကိစ္စတစ်ခုကို ယုံကြည်ဖို့ရန် အကြောင်း သုံးချက်နဲ့ ညှိရမယ်တဲ့။ ထိုအချက် သုံးချက်ကတော့ -
၁။ မျက်မြင်ကိုယ်တွေ့အားဖြင့်၎င်း၊
၂။ ဝေဖန်ဆင်ခြင်ဉာဏ်အားဖြင့်၎င်း၊
၃။ဘုရားရှင်တို့၏ ဟောပြောမှုကြောင့်၎င်း၊
ယုံကြည်ရမယ်တဲ့။
ဒီဖြစ်စဉ်တွေက သက်သေပြချက်မရှိဘူး။ စဉ်းစားဝေဖန်လို့လဲ မရဘူး။ ဘုရားရှင်တို့၏ ဉာဏ်တော်အရာသာ ဖြစ်တဲ့အတွက်ကြောင့်မို့ အဖြေမရှိကြတာပါ။
ဒါ့ကြောင့်လည်း အိုင်းစတိုင်းက ပြောခဲ့တာပေါ့။ သိပ္ပံပညာရှင်တွေ မဖြေရှင်းနိုင်တဲ့အရာကို ဗုဒ္ဓဘာသာက ဖြေရှင်းပေးလိမ့်မယ် တဲ့။ တကယ်တော့ ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုးပါးထဲက ‘လောကဝိဒူ’ဆိုတဲ့ ဂုဏ်တော်ဟာ လောကအကြောင်း အကုန်သိတယ်လို့ ပြောတာပါ။ ဗုဒ္ဓဘာသာဝင်များလည်း မိမိတို့ဘာသာ၏ တန်ဘိုးကို နားလည်နိုင်ကြပါစေခင်ဗျာ . . .
ကောင်းသန့် စာပေ's fb wall
Wednesday, 18 November 2015
အခုခေတ်မှာ
------------------
တက်တူးထိုးထားတဲ့သူက အိုက်တတ်လာတယ်.
iPhone သုံးတဲ့သူတွေက အိတ်ကပ်မရှိတော့ဘူး.
ဈေးကြီးနာရီပတ်ထားရင် ခြေထောက်ခဏခဏဖုန်ခါတယ်.
ရွှေသွားတပ်ထားရင် စကားပြောများလာကြတယ်.
အခုခေတ်မှာ
လက်မထပ်တဲ့သူတွေက လက်ထပ်ထားတဲ့အတိုင်းအတူတူနေတယ်.
လက်ထပ်ထားတယ့် သူတွေက လက်မထပ်မထားသလိုပဲ ခွဲနေကြတယ်.
တိရစ္ဆာန်တွေက လူတွေလို အကျီင်္ ဝတ်လာတယ်.လူတွေက တိရစ္ဆာန်တွေလို အသားတွေပေါ်လာကြတယ်.
ကလေးက လူကြီးလို ရင့်ကျက်လာတယ်(၁၈+)
လူကြီးက ကလေးလို ငယ်မူပြန်ချင်ကြတယ်(နွားအို မြက်နုကြိုက်)
မိန်းကလေးက ယောကျာင်္းလေးလို မိုက်ရဲလာကြတယ်.
ယောကျာင်္းလေးက မိန်းကလေးလို ခြောက်လာကြတယ်
ဆင်းရဲသားက ဂုဏ်အတွက် သူဌေးလို ဟန်ဆောင်လာကြတယ်
သူဌေးသားက အသက်အတွက် ဆင်းရဲသားလို ဟန်ဆောင်လာကြတယ်
တိတ်တိတ်ပုန်းက မယားကြီးထက် ပိုချစ်ပြလာကြတယ်
မယားကြီးက စွန့် ပစ်ခံရမှာကြောက်လို့  အချိန်ပြည့် စိုးထိတ်နေကြရတယ်
သူဌေးတွေက မမြတ်ဘူးလို့ ညဉ်းပြီး တိုက်တွေ တစ်လုံးပြီးတစ်လုံး ဖြစ်လာတယ်
လခစားတွေက လာစာထုတ်ရင်ပျော်ပြီး လုံးပါးပါးလာကြတယ်.
တဖြည်းဖြည်းနားလည်လာတာက
ငွေသုံးထောင်တန် လက်ပတ်နာရီနဲ့ သိန်းသုံးဆယ်တန် လက်ပတ်နာရီရဲ့ အချိန်က အတူတူပါပဲ
ငါးရာတန်ဆေးလိပ်နဲ့ ငါးသိန်းတန်ဆေးလိပ် ကင်ဆာဖြစ်ပုံခြင်းအတူတူပဲ
ပေသုံးဆယ်ပတ်လည်အိမ်နဲ့  သုံးရာပတ်လည်အိမ် အထီးကျန်ရတာခြင်းက အတူတူပဲ
ရိုးရိုးတန်းမှစီးတာနဲ့ BUSSINESS Class မှာစီးတာချင်း accident ဖြစ်ရင် အိမ်မပြန်ရတာခြင်းအတူတူပါပဲ
တစ်နေ့ သင်လည်း နားလည်လာလိမ့်မယ်
ငါတို့ တကယ်လိုချင်နေတဲ့အရာတွေက တကယ်လိုအပ်နေတာလား
ဒါမှမဟုတ် ငါတို့  မရှာဖွေမိခဲ့တဲ့ ပျော်ရွှင်မှု့ ကပဲ တကယ်လိုအပ်ခဲ့တာလား
လိုချင်လျှင်ဆင်းရဲသည်
မလိုချင်လျှင် ချမ်းသာသည်ဆိုတဲ့  စကားလေးအတိုင်း တစ်ခါတစ်လေ ဘဝမှာ ရောင်းရဲတင်းတိမ်မှု့ ဆိုတာ လိုအပ်လာပါလိမ့်မယ်
သင် ဘယ်သူနဲ့ နေရတာပျော်လည်း ထိုသူဘေးမှာပဲ ထာဝရလက်မလွှတ်ပဲ
ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါ
လူ့ အဖြစ်ကရခဲလှပါတယ်
ဘဝခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းကို ချစ်တတ် မြတ်နိုးတတ်ပါစေ......

Subscribe to:
Posts (Atom)