Sunday, 31 January 2016
အိပ်စက်ခါနီး ဆဲလ်ဖုန်း၊ တီဗီနှင့် လက်တော့များကို ကြည့်ရှုခြင်းက ကျန်းမာရေး ထိခိုက်နိုင်
အိပ်စက်ခါနီး ဆဲလ်ဖုန်း၊ တီဗီနှင့် လက်တော့များကို ကြည့်ရှုခြင်းက ကျန်းမာရေး ထိခိုက်နိုင်
ညအိပ်ရာဝင်ခါနီး ကြာရှည်စွာ ဖုန်းအသုံးပြုခြင်း၊ တီဗီကြည့်ခြင်း၊ တက်ဘလက်နှင့် ကွန်ပျူတာ အသုံးပြုခြင်းသည် ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေသည်ဟု ဆိုသည်။
လေ့လာတွေ့ရှိချက်များအရ ညဖက်အိပ်ရာဝင်ခါနီး လက်ကိုင်ဖုန်း
ကြည့်ခြင်း၊ တီဗီကြည့်ခြင်း၊ ကွန်ပျူတာ၊ တက်ဘလက် စသည်များကို အသုံးပြုသူများ သည် ၎င်းတို့မှ ထွက်ပေါ်လာသည် အလင်းရောင်မီးရောင်ကြောင့် ၉၅% မျှ စိတ်ဓာတ်ကျခြင်း၊ ညှိုးနွမ်းခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်ရေးမ၀ခြင်း၊ ကိုယ်လက်မကြည်မသာခြင်း စသည့် ရောဂါများ ဖြစ်ပွားနိုင်ပြီး အဆိုးဆုံး အနေဖြင့် ကင်ဆာရောဂါနှင့် နှလုံးရောဂါကိုပင် ဖြစ်ပွားစေသည်ဟု ဆိုသည်။
ရောဂါဖြစ်ပွားရခြင်း အကြောင်းမှာ ၎င်းခေတ်သစ် နည်းပညာသုံး ပစ္စည်းများမှ ထွက်ရှိသည့် အလင်းရောင်သည် (ဥပမာ ဖုန်းမျက်နှာပြင်၏ အလင်းရောင်) လူ့ခန္ဓာကိုယ်ကို အကျိုးပြုသည့် မယ်လတိုနင်ဓာတ် ထုတ်လုပ်မှုကို လျှော့ကျစေသောကြောင့် ဖြစ်သည်။
၎င်းမယ်လတိုနင်ဓာတ်သည် ညဖက် အလင်းရောင်မရရှိချိန် အမှောင်ထုတွင် ထွက်ရှိတတ်ပြီး လူအား အိပ်ချိန်မှန်စေကာခန္ဓာကိုယ် အရေပြားအရောင် ကိုလည်း ထိန်းညှိပေးလေသည်။ ညအခါ အလင်းရောင်မရှိချိန်တွင် ထုတ်လွှင့်သော မယ်လတိုနင်ဓာတ်များကြောင့် မနက်ပိုင်းတွင် လူသည် လန်းဆန်းတက်ကြွနေတတ်ကြသည်။ ဤသည်ကို အချို့က အိပ်ရေးဝသည်ဟု ဆိုကြသည်။ မယ်လတိုနင်ဓာတ်ကြွယ်ဝသောအခါ ခန္ဓာကိုယ်၏ အသားအရေမှာလည်း ကြည်လင်နေတတ်သည်။
ထို့အပြင် မယ်လတိုနင်ဓာတ်သည် ဆဲလ်များ ပျက်စီးမှုကို ကာကွယ်ပေးခြင်း၊ ဆီးချို ပုံစံ ၂ ကဲ့သို့သော ရောဂါမျိုးကို သက်သာစေခြင်း၊ ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှုကို မှန်ကန်စေခြင်းနှင့် နှလုံးရောဂါ ဖြစ်ပွားမှုတို့ကိုလည်း ကာကွယ်ပေးသည်။ ဆန့်ကျင်ဘက်အနေဖြင့် မယ်လတိုနင်ဓာတ် ချို့တဲ့ပါက အထက်ပါ ရောဂါများ ဖြစ်ပွားနိုင်လေသည်။ ပြောရလျှင် မယ်လတိုနင်သည် လူ့ခန္ဓာကိုယ်အတွက် အရေးကြီးသော ဓာတ်တစ်ခုဖြစ်ပြီး ၎င်းကို အားကောင်းနေစေရန် ပြုမူနေထိုင်သင့်သည်။ မယ်လတိုနင်ဓာတ် အားကောင်းစေရန် ညဖက်အိပ်ရာဝင်ခါနီးတွင် ဖုန်း၊ တီဗီ၊ လက်တော့နှင့် တက်ဘလက်များ ကြာရှည်စွာ အသုံးပြုခြင်း၊ ၎င်းတို့၏ မီးရောင်များကို စူးစူးစိုက်စိုက် ကြည့်ရှုခြင်းတို့ကို ရှောင်ကြဉ်သင့်ပေသည်။
credit: Wun Zinn
Subscribe to:
Posts (Atom)