-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Friday, 25 September 2015

"ဆယ်လ်မွန်ငါး" ဟုဆိုလိုက်သည်နှင့် မြန်မာပြည်သားများအဖို့ စားဖူးသူထက် ကြားဖူးသူကသာများလိမ့်မည်ထင်ပါတယ်..။
အဘယ်ကြောင့်ဆိုသော် ဆယ်လ်မွန်ငါးဟာ မြန်မာ့ပင်လယ်ပြင်တွင်တွေ့ရှိတတ်သောငါးမျိုးမဟုတ်...ဆယ်လ်မွန်ငါးမျိုးကို အလက်စကားကျွန်းဆွယ် မြောက်အတ္တလန်တိတ်သမုဒ္ဓရာ၊ ဆိုက်ဘေးရီးယားဒေသနှင့် အရှေ့ဖျားအာရှပစိဖိတ်ဒေသ ဂျပန်ပင်လယ်ပြင်တို့မှာသာတွေ့ရတတ်တဲ့ငါးမျိုးဖြစ်တယ်...။
ကြားဖူးသူများမယ်လို့ထင်မိတာကတော့...အဆိုတော်ကိုခင်ဝမ်းရဲ့ "ဆယ်လ်မွန်ငါးတို့အပြန်"သီချင်းလေးကြောင့်ပါ...။
ဆယ်လ်မွန်ငါးတို့ ဘယ်ကိုပြန်ကြပါသလဲ...မိမိတို့မွေးဖွားရာနေရာကိုပြန်ကြတာပါ...ဘာအတွက်ပြန်လဲဆိုတော့ ချစ်ခရီးအတွက်တူနှစ်ကိုယ်ယှဉ်တွက် မျိုးဆက်သစ်တွေမွေးဖွားဖို့ဖြစ်ပါတယ်...လူသားတွေအနေနဲ့ဆိုပျော်စရာခရီးပေါ့..ဒါပေမယ့် ဆယ်လ်မွန်ငါးတွေမှာတော့ ပျော်စရာခရီးဖြစ်သလို ၎င်းတို့ဘဝအဆုံးသတ်ဖို့ သေပွဲဝင်ဘဝအဆုံးသတ်ဖို့ခရီးလည်းဖြစ်ပါတယ်။
အဲဒီအတွက် ဆယ်လ်မွန်ငါးတို့သဘာဝကဒီလိုပါ..ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ(ပင်လယ်)မှာကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်...မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသားလောင်းတွေအဖြစ်ထွက်လာပါတယ်..ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီထွက်လာပါတယ်..ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကိုပြန်ကြပါတယ်..တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိကြာတတ်ပါတယ်..ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရတာမျိုးရှိပြီး မွေးရပ်ပြန်မျိုးဆက်မပွားနိုင်တာလည်းများတယ်..သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန်မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။
ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက်ရှိကြတယ်တဲ့..ချစ်ဖေါ်နဲ့လက်တွဲမျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီးစတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်စုံတွဲဟာ လုံးဝအစာမစားတော့ပါ.....အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက်ရင် ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကိုတူးဆွပြီး တွင်းချိုင့်ဖြစ်အောင်လုပ်တယ်..ဆယ်လ်မွန်ငါးတွေဥချမွေးဖွားရာအရပ်စာ ကျောက်စရစ်မြေခံရေကြည်ရာအရပ်ဖြစ်တယ်..။.တခါဥရင် အကောင်ရေ(၂၀၀၀)မှ (၁၀၀၀၀)အထိရှိတတ်တယ်တဲ့....ဆယ်လ်မွန်ငါးအမဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမအန္တရယ်မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ်...ငါးအမဥတွေအကုန်ချပြီးမှာ အထီးဖြစ်သူက ဖိုမျိုးစေ့ Spam တွေဥပ်ါချလိုက်တယ်..အထီးဖြစ်သူဥပေါ်မှထွက်ပြီးမှာ အမဖြစ်သူက မျိုးဆက်သစ်ဖြစ်မယ့် ဥတွေရေစီးနဲ့ပါမသွားအောင် အပေါ်ကဝပ်ပေးပြီးဘယ်မှမသွားတော့ပါ ဒီလိုနဲ့ (၃)ရက်မှ (၇)ရက်အတွင်း အမဖြစ်သူဟာ၎င်းရဲ့ဥအသိုက်ပေါ်မှာပဲ့ သေဆုံးသွားပါတယ်..အထီးဖြစ်သူကတော့ အနီးနားပတ်ဝန်းကျင်မှာပဲ့ သေဆုံးသွားပါတယ်..။
အဲလိုနဲ့ ဆယ်လ်မွန်ငါးသားပေါက်လေးတွေဟာ (၃)လမှာ ဥမှထွက်လာပါတယ်.အဲဒီအခါမှာဆယ်လ်မွန်ငါးမိခင်ဟာ သေဆုံးပြီးရုပ်ကြွင်းမှ အသားမျှင်လေးတွေအဖြစ် အနီးနားမှာပြန့်ကြဲနေပါပြီ..ဥမှထွက်ထွက်ခြင်း ငါးပေါက်လေးများဟာ ရေမကူးနိုင်သေးပါ တွားသွားပြီး အစာအဖြစ် မိခင်ရုပ်ကြွင်းအသားမျှင်လေးများကိုစားကြရပါတယ်..အဲဒီမှာ ဆယ်လ်မွန်ငါးတို့ဟာ ဘာဖြစ်လို့ မျိုးဆက်သစ်မွေးဖွားတော့မယ်ဆိုတာနဲ့ အစာမစားတော့တာဟာ မိမိအသက်အသေခံဖို့ တခြားအစာ(ရေညှိရေမှော်ကအစ) ဘာမှမရှိတဲ့ကျောက်စရစ်ရေအောက်မြေသားမှာ မိမိအသွေးသားကို မိမိမျိုးဆက်စားသောက်ပြီး အသက်ဆက်ဖို့အတွက်ဖြစ်ပါတယ်...ဆယ်လ်မွန်ငါးအထီးကတော့ အနီးနားမှာသေဆုံးပြီး ကြီးပြင်းလာတဲ့မိမိမျိုးဆက်အပြင် တခြားသောဆယ်လ်မွန်ငါးတွေအတွက် အစာအဖြစ်ပေးဆပ်ပါတယ်။
ဆယ်လ်မွန်ငါးတွေရဲ့ အလွန်ထူးခြားသော မျိုးဆက်သစ်အတွက်ပေးဆပ်မှုက အလွန်ချီးကျူးအံ့သြဖွယ်ရာပါ..ထို့ကြောင့် ဂျပန်လူမျိုးတွေတို့မှာ ဆယ်လ်မွန်ငါးရဲ့သဘာဝကိုစံထားပြီး မိမိတို့မျိုးဆက်သစ်အတွက်ပေးဆပ်ဖို့ ပညာပေးကြပါတယ်..(အဆိုတော် ကိုခင်ဝမ်း(ခ)ရောရှိဆိုတာ ကီချီအိုဟာ ဂျပန်မျိုးနွယ်မို့ ဒီအကြောင်းတွေသိရှိပြီး ဆယ်လ်မွန်ငါးတို့အပြန် သီချင်းကို သီကုံးဖွဲ့ဆိုပုံရတယ်)
မြန်မာလူမျိုးတွေမှာတော့ စံနမူအတုယူစရာဆိုပြီး ကေသရာဇာခြင်္သေ့တို့ ခွပ်ဒေါင်းတို့ပဲ့များပါတယ်..ကေသရာဇာမို့ ရဲရင့်တယ်..ဦးဆောင်နိုင်တယ်ဆိုတာကတော့ ဟုတ်ပါတယ်..ငါက ကေသရာဇာခြင်္သေ့ကွဆိုပြီး သားကောင်တွေအားလုံးကိုဗိုလ်ကျ ကိုက်သတ်စားမယ်..သတ္တဝါအားလုံးက ကြောက်ရွံ့နေရမယ်ဆိုရင်တော့ သာယာတဲ့လောက နေချင်စရာသဘာဝဖြစ်မလာနိုင်...ဒီလိုပဲ့ ခွပ်ဒေါင်းကွ..ဆိုပြီး စိမ်းစိမ်းမြင်လည်းခွပ်..ဝါဝါမြင်လည်းခွပ် ခွပ်မယ်ဆိုတာချည်းဆိုရင်တော့ နောက်ဆုံးဒေါင်းအချင်းချင်းခွပ်ပြီး သာယာတဲ့သဘာဝ နေချင်စရာလောကဖြစ်မလာနိုင်ပါ..။
ဒါကြောင့်မို့ တခါတလေ ဆယ်လ်မွန်ငါးတို့ရဲ့ သဘာဝကိုအတုယူပြီး မိမိတို့မျိုးဆက်အတွက်ပေးဆပ်တဲ့ အကျင့်လေးများရှိဖို့ အကြံပေးပရစေ..။
--"ရေလွှာလည်းခင်းဖြန့်ကြည်လင်စေ....မိုးဦးလည်း လှပသာယာစေ....ဘဝစေရာတာဝန် ကျေပြွန်ဆောင်ရွက်ခဲ့သူတို့..ရေစုန်မှာ ဆန်ကာပြန်ခဲ့ပြီ...မိုးဦးရေဆန်...ဆယ်လ်မွန်ငါးတို့အပြန်...အပြန်..အပြန်..အပြန်...ဆယ်လ်မွန်ငါးတို့အပြန်...