-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Tuesday, 15 March 2016

အမှိုက် မလောက်လို့ နိုင်ငံခြားကနေ အမှိုက် တန်ချိန် 800,000 ဝယ်သွင်းနေရတဲ့ ဆွီဒင်


အမှိုက် မလောက်လို့ နိုင်ငံခြားကနေ အမှိုက် တန်ချိန် 800,000 ဝယ်သွင်းနေရတဲ့ ဆွီဒင်

ကျွန်တော်တို့ နိုင်ငံမှာ အမှိုက်တွေ မြို့ ကိုလျှံပြီး ပလူပျံ နေတိုင်းတိုးပွားလာနေတဲ့အမှိုက်တွေကို ဘယ်လိုဖြေရှင်းရမလည်းလို့ နည်းလမ်းမရှာ တတ်ပဲ ဖြစ်နေချိန်မှာ လူဦးရေ 9.5 သန်းသာရှိတဲ့ ဆွီဆလန် နိုင်ငံမှာ အမှိုက် လိုအပ်မှု့ ပြသနာ နဲ့ ကြုံ နေရပါတယ်။ဒါကြောင့် ဥရောပတစ်ဝှမ်းက နော်ဝေးတို့ လိုအိမ်နီးချင်းနိုင်ငံ တွေဆီကနေတစ်နှစ်ကို အမှိုက်တန်ချိန် 800,000 တန်လောက် ဝယ်ယူတင်သွင်းနေရပါတယ် ။ အမှိုက်နေ လျှပ်စစ်ထုတ်ပြီး အိမ်ခြေ 810,000 ဒါမှမဟုတ် နိုင်ငံရဲ့20% ကိုအနွေးဓါတ်တွေပေး ပြီးကျန် 250,000 အိမ်ခြေကို
လျှပ်စစ်ဓါတ်တွေပေး နိုင်အောင်လို့ပါ ။

ဒါပေမဲ့ ဒီလိုကောင်းမွန်တဲ့ အရာတွေဟ နေချင်ညချင်းဖြစ်လာတာတော့မဟုတ်ပါဘူး ဆွီဒင်နိုင်ငံဟာ 1940 ခုနှစ်ကတည်းက စတင်ပြီး အမှိုက် ကိုပြန်လည် Recycle လုပ်အသုံးချနိုင်ဖို့ ကြိုးပန်းနေခဲ့ကြပြီး အဲ့ဒီတုန်းက ဒီကမ္ဘာပေါ် ကတစ်ခြားနိုင်ငံတွေဟာ ဘယ်သူမှ အမှိုက်ပြသနာ တွေကို စိတ်ဝင်စားပြီး ရီဆိုက်ကယ် လုပ်ဖို့ စိတ်ကူးမရှိထည့်မတွေး ကြသေးပါဘူး ဒါပေမဲ့ ဆွီဒင်နိုင်ငံက တော့ အမှိုက်အမျိုးအစား ခွဲခြားသတ်မှတ်ပြီး အမှိုက်ကို စွမ်းအင်အဖြစ်ပြန်လည် အသုံးချဖို့ အတွက် စီမံကိန်းတွေ ချထားခဲ့ လို့ခုချိန်ခါမှာ နည်းပညာ တွေ နဲ့ အမှိုက်တွေကို စွမ်းအင်အဖြစ် အောင်မြင်စွာ အသုံးချလာနိုင်ပြီး
 ပတ်ဝန်းကျင်အတွက် ဘာအဆိပ်အတောက်မှ မဖြစ်ပေါ်စေခဲ့ပါဘူး

 စီမံကိန်းကြီးရဲ့အောင်မြင်မှုဟာ နည်းပညာ တစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူး အမှိုက်ပြသနာ အတွက် ထည့်သွင်း စဉ်းစားခဲ့ကြ ပြီးပူးပေါင်းပါဝင်လက်တွဲခဲ့ကြတဲ့ နိုင်ငံသူနိုင်ငံသား9.5 သန်းယောက်ကိုကျေးဇူးတင်ရမှာပါ ပြီးတော့ကြပ်မှတ် တဲ့စည်းကမ်းနဲ့ အမှိုက်တွေ ကို အမျိုးအစားခွဲခြား ဖို့ ပူးပေါင်း လိုက်နာကြတဲ့ ဆွီဒင် လူမျိုး တွေဟာအံသြစရာကောင်းလှပါတယ်

အမှိုက်တွေ အားလုံးနီးပါးဟာ ပြန်လည်အသုံးချကြရပြီးကျန်4% လောက်သာ မြေဖို့တဲ့နေရာမှာ သုံးကြရပါတယ်။ သူတို့နဲ့ဆန့်ကျင်ဖက် အမေရိကန်မှာတော့
အမှိုက်63%ဟာပြန်လည်မသုံးစွဲရပဲ အားလုံးကို မြေဖို့တဲ့နေရာမှာ သုံးကြရတာပါဆွီဒင် နိုင်ငံ ကလျှပ်စစ်စက်ရုံတွေဟာ တစ်နှစ်ကို အမှိုက် ၂သန်းတန်ချိန်လောက် လျှပ်စစ်ဓါတ်အားထုတ်ယူဖို့လိုအပ်တဲ့အတွက် စက်ရုံတွေကို ဖြည့်ဆည်းဖို့ အမှိုက်မလုံလောက်တဲ့အတွက် နိုင်ငံ ခြားကနေပြန်လည်တင်သွင်းနေကြရပါတယ် ။

ဒါဟာ ဒီကမ္ဘာ အတွက် သတင်းကောင်းပဲဖြစ်ပြီးတော့ အနည်းဆုံးတော့
 ကျွန်တော်တို့ဆီမှာ တစ်နေ့တစ်ခြားများပြားလာတဲ့ အမှိုက် တွေအတွက် ထွက်လမ်းတော့ မြင်နေကြရပါပြီ အနည်းဆုံးတော့ ကျွန်တော်တို့ နမူနာယူ စရာ အောင်မြင်နေတဲ့ နိုင်ငံတော့ ရှိနေပြီဖြစ် လို့ပါပဲခင်ဗျာ

credit: iveryhappy