''အချိန်"ဆိုတာ အမျှတဆုံး အရင်းအမြစ်ဖြစ်တယ်၊
တစ်ရက်ရှင်သန်သူတိုင်း ၂၄နာရီသောအချိန်ကိုရတယ်၊
ဘယ်နေရာမှာ သင်သွန်းလောင်းရင်
သင်သွန်းလောင်းတဲ့နေရာမှာပဲ လှပတဲ့ပန်းတွေဖူးပွင့်ပါလိမ့်မယ်...
တစ်လကို စာအုပ်တစ်အုပ်ပဲဖတ်တယ် ဆိုပါစို့..
၁ဝနှစ်ဆိုရင် အသိပညာတော်တော်များများကို သင်စုဆောင်းမိနေပါပြီ၊
သင်လုပ်လိုတဲ့အလုပ်ကို တစ်နေ့ နည်းနည်းချင်းစီလုပ်ကြည့်ပါ...
ပရော်ဖက်ရှင်နယ်ကျဖို့ မလိုပါဘူး.. အာရုံစူးစိုက်ဖို့ပဲ လိုပါတယ်။
.
Friday, 30 January 2015
Wednesday, 28 January 2015
(၁) School ဆိုတဲ့စကားလုံးဟာ Skhole ဆိုတဲ့ ရှေးဂရိစကားလုံးကနေ ဆင်းသက်လာတာဖြစ်တယ်။ အဓိပ္ပာယ်က "အားလပ်ချိန်၊ အနားယူချိန်၊ လွတ်လပ်ချိန်" လို့ဆိုတယ်။
(၂) ဆံပင်တစ်ပင်တိုင်းမှာ ဓာတုဒြပ်စင် ၁၄မျိုးလောက်ပါဝင်ပါတယ်။ အဲဒီထဲမှာ ရွှေလည်းပါပါတယ်။
(၃) နာနတ်သီးတစ်စိတ်ကို ပါးစပ်ထဲထည့်ကြည့်ပါ.. နာနတ်သီးက သင့်ကို တဖြည်းဖြည်း "စား"သွားပါတယ်။ အကြောင်းက နာနတ်သီးမှာ အသားတွေကို ပြိုကွဲပျက်စီးစေတဲ့ Protease ဓာတ်ပါဝင်လို့ဖြစ်တယ်။
(၄) အကိုက်ခံထားရတဲ့ပုံစံနဲ့ Appleထုတ်ကုန်ရဲ့ အမှတ်တံဆိပ်ကိုတီထွင်ခဲ့တဲ့ ဒီဇိုင်းဆရာRob Janoff က အကိုက်ခံရတဲ့ပန်းသီးဒီဇိုင်းက ဘာမှမဟုတ်ပါဘူး.. ဒါဟာပန်းသီးတစ်လုံးပါ ခရမ်းချဉ်သီးတစ်လုံးမဟုတ်ဘူးဆိုတာကို ဖော်ပြချင်လို့ပါပဲလို့ ပြောခဲ့ပါတယ်။
(၅) ဆိတ်ရဲ့မျက်လုံးအိမ်က ရှည်မျောမျောသဏ္ဍာန်ပါ။ ဒီလိုမျက်လုံးက ကျယ်ပြန့်တဲ့မြင်ကွင်းကို တွေ့မြင်စေပါတယ်။ခေါင်းငဲ့ကြည့်စရာမလိုဘဲ
ဘေးဘီကအရာတွေကို သူတို့တွေ့မြင်နိုင်ပါတယ်။
(၆) ခြင်္သေ့ရဲ့နှာခေါင်းကိုကြည့်ပြီး သူတို့ရဲ့အသက်အရွယ်ကို ခွဲခြားနိုင်ပါတယ်။ ခြင်္သေ့အိုတွေရဲ့ နှာခေါင်းက မည်းပြီး ခြင်္သေ့ပျိုတွေရဲ့ နှာခေါင်းက ပန်းရောင်ဖြစ်ပါတယ်။
(၇) Periodic table ထဲမှာ J ဆိုတဲ့စကားလုံး မရှိသေးပါဘူး။
(၈) ၁၉၄၆ခုနှစ် ဟန်ဂေရီမှာ ပြင်းထန်တဲ့ငွေကြေးဖောင်းပွမှုဖြစ်ပွားခဲ့တယ်။ ဟန်ဂေရီအစိုးရက အဲဒီခုနှစ်မှာပဲ 100 million တန် တန်ဖိုးအကြီးဆုံးငွေစက္ကူ ထုတ်ဝေခဲ့တယ်။ ဒါပေမယ့် အဲဒီ ၁ဝဝမီလီယံတန်ငွေစက္ကူက အမေရိကန်ဒေါ်လာနဲ့ လှဲလှယ်ရာမှာ ဒေါ်လာ ပြား၂ဝ လောက်ပဲရခဲ့ပါတယ်။
ဖတ်မိသမျှ မျှဝေပါတယ်...

Monday, 19 January 2015
သာမန်မြင်းတွေထက် ခရီးဝေးသွားနိုင်ပြီး အပြေးသန်တဲ့မြင်းတစ်ကောင်ဟာ
သူနဲ့ထိုက်တန်တဲ့သခင်ကို စောင့်မျှော်နေခဲ့တယ်။
တစ်နေ့မှာ အခွင့်အရေးရောက်လာခဲ့ပါပြီ....
ကုန်သည်တစ်ဦးရောက်လာပြီး မြင်းကို "ငါနဲ့ လိုက်ခဲ့နိုင်မလား"လို့ မေးတယ်။
မြင်းကခေါင်းခါပြီး "ငါက မြင်းကောင်းမြင်းသန့်တစ်ကောင်ပါ.. ဘာဖြစ်လို့ ကုန်သည်တစ်ယောက်အတွက် ဝန်တွေသယ်ပိုးပေးရမလဲ"လို့ဆိုပါတယ်။
စစ်သည်တစ်ဦးရောက်လာပြီး မြင်းကို "ငါနဲ့ လိုက်ခဲ့နိုင်မလား"လို့ မေးပြန်တယ်။
မြင်းကခေါင်းခါပြီး "ငါက တစ်ရက်ကို မိုင်များစွာပြေးနိုင်တဲ့မြင်းပါ။ သာမန်စစ်သားတစ်ယောက်အတွက် ငါဘာလို့အကျိုးပြုရမလဲ"လို့ဆိုတယ်။
မုဆိုးတစ်ဦးရောက်လာပြီး "ငါနဲ့ လိုက်ခဲ့နိုင်မလား"လို့ မြင်းကိုမေးပြန်တယ်။
မြင်းကခေါင်းခါပြီး "မြင်းကောင်းမြင်းသန့်ကွ.. မုဆိုးတစ်ယောက်ကို အလုပ်အကျွေးပြုပါ့မလား"လို့ဆိုတယ်။
ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားခဲ့တယ်။ မြင်းက သူ့စိတ်ကူးထဲကသခင်ကို ရှာမတွေ့ခဲ့သေးဘူး။
တစ်ရက်မှာ မှူးမတ်တစ်ဦးက ဘုရင့်အမိန့်နဲ့ အပြေးသန်တဲ့မြင်းကို လိုက်လံရှာဖွေခဲ့တယ်။
ဒါကိုမြင်းကကြားတော့ မှူးမတ်နားသွားပြီး သူဟာ ဘုရင်ရှာနေတဲ့ အပြေးသန်တဲ့ မြင်းကောင်းမြင်းသန့်ဖြစ်ကြောင်း ပြောပါတယ်။
မှူးမတ်ကမေးတယ် "ငါတို့တိုင်းပြည်ရဲ့လမ်းကြောင်းတွေကို မင်းသိသလား"
မြင်း ခေါင်းခါတယ်။
မှူးမတ်ထပ်မေးတယ် "မင်း စစ်မြေပြင်ရောက်ဖူးသလား၊ တိုက်ပွဲအတွေ့အကြုံရှိသလား"
မြင်း ခေါင်းခါတယ်။
မှူးမတ်ထပ်မေးပါတယ် "ဒါဆို မင်းကိုယူပြီး ငါဘာလုပ်ရမလဲ"
မြင်းက "ကျွန်တော် တစ်ရက်ကို မိုင်ထောင်ပေါင်းများစွာ ပြေးနိုင်တယ်၊ နေ့နေ့ညည မနားတမ်း ပြေးနိုင်တယ်"
"ဒါဆို ပြေးကြည့်စမ်းပါ" မှူးမတ်ကတောင်းဆိုတော့ မြင်းက အားယူပြီးပြေးပါတယ်။
ဒါပေမယ့် ဘယ်လောက်ဝေးဝေးမှ မပြေးလိုက်ရပါဘူး.. သူ အမောဆို့တော့တယ်။
"မင်း အိုပြီ... မဖြစ်ဘူး"လို့ မှူးမတ်ကပြောပြောဆိုဆို အဝေးကိုထွက်သွားခဲ့တယ်။
----
"အခွင့်အရေးတစ်ခုတိုင်းက အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်းပါ"
ဒီကနေ့ သင်လုပ်တဲ့အလုပ်ဟာ မပြောပလောက်တဲ့အလုပ်၊ သာမန်အလုပ်၊ ကြည့်ရတာ သိပ်အားထုတ်စရာမလိုတဲ့အလုပ်ဆိုပေမယ့် ဒါတွေဟာ သင့်အနာဂတ်အတွက် အင်အားအဖြစ်၊ အတွေ့အကြုံအဖြစ် စုဆောင်းနေတာဖြစ်တယ်။ ဒီကနေ့ သင်ဖြတ်သန်းနေတဲ့ မပျော်ရွှင်ခြင်း၊ ခက်ခဲပင်ပန်းခြင်းတွေက နောင်အနာဂတ်အတွက် အခြေခံအုတ်မြစ်တွေဖြစ်တယ်။
ကောင်းတဲ့နေ့ကိုပဲ စောင့်နေမလား... ခက်ခဲပင်ပန်းခြင်းတွေနဲ့ ကောင်းတဲ့နေ့ဆီသွားမလား...
အိုမင်းပြီးမလှုပ်ရှားနိုင်မှ နောင်တရတယ်ဆိုတဲ့အချိန်ထိတော့ မစောင့်လိုက်ပါနဲ့...
နိုင်းနိုင်းစနေ

Sunday, 18 January 2015
လူတစ်ယောက်မှာ အလိမ်ခံရတာများလာတဲ့အခါ
လူတွေကိုယုံကြည်ဖို့ရာ
ကြောက်လာတတ်ကြတယ်...
လူတစ်ယောက်မှာ ခံစားရမှုတွေများလာတဲ့အခါ
နှလုံးသားက ထုံကျင်လာတတ်ကြတယ်...
လူတစ်ယောက်မှာ မျက်ရည်ကျပါများလာတဲ့အခါ
မျက်ရည်ကိုသုတ်ပြီး ပြုံးတတ်လာကြပါတယ်...
လူတစ်ယောက်မှာ အတွေ့ကြုံလေးတွေများလာတဲ့အခါ
ကိုယ့်ရဲ့နှလုံးသားက ရင့်ကျက်လာတတ်ကြတယ်...
လူတစ်ယောက်မှာ မျှော်လင့်ချက်လေးတွေကို
ခဏခဏ ရိုက်ချိုးခံရများလာတဲ့အခါ ချစ်ရမှာကိုကြောက်လာတတ်ကြတယ်...တစ်ယောက်တည်းနေတတ်ကြတဲ့ တစ်ချို့လူတွေကမာနကြီးတာလဲ
မဟုတ်ပါဘူး.... လူတစ်ယောက်ကိုချစ်မိရင် ပိုခံစားရမှာ
ကြောက်တတ်ကြလို့ပါ...

Friday, 16 January 2015
အမှားလုပ်မိတာ ကြောက်စရာမကောင်းပါဘူး၊
ကြောက်စရာကောင်းတာက အမှားလုပ်မိပြီးတဲ့နောက် အသစ်တဖန်ပြန်စရဲတဲ့သတ္တိမရှိတာပါပဲ။
လျှောက်သင့်တဲ့လမ်းကို လျှောက်ပါ၊ လုပ်သင့်တာကို လုပ်ပါ၊
"ထူးဆန်းအံ့သြမှု"ရဲ့ အခြားနာမည်တစ်ခုက "ကြိုးစားခြင်း"လို့ ခေါ်မည်သတဲ့။
ကိုယ်ဖြစ်ချင်တာကို ဇွဲရှိရှိကြိုးစားရင် ထူးဆန်းအံ့သြမှုတွေနဲ့ သင်တွေ့ကြုံနိုင်ပါတယ်။

Thursday, 15 January 2015
မြန်မာပြည်တွင်နေထိုင်သောတိုင်းရင်းသား (၁၃၅) မျိုး

--------------------------------------------------------
တိုင်းရင်းသား (၁၃၅) မျိုးကို တင်ပြလိုက်ပါတယ်။
ကချင်တွင် လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိသည်။
(၁) ကချင် Kachin
(၂) တရုမ်းTaron Taron
(၃) ဒလောင် Dalaung
(၄) ဂျိန်းဖော Jinghpaw
(၅) ဂေါ်ရီ Guar
(၆) ခခူ Hkahu
(၇) ဒူးလန်း Duleng
(၈) မရူ (လော်ဝေါ်) Maru (Lawgore)
(၉) ရ၀မ် Rawang
(၁၀) လရှီ (လချိတ်) Lashi (La Chit)
(၁၁) အဇီး Atsi
(၁၂) လီဆူး Lisu
ကယားတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။
(၁၃) ကယား Kayah
(၁၄) ဇယိမ်း Zayein
(၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung)
(၁၆) ကဲ့ခို Gheko
(၁၇) ဂေဘား Kebar
(၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw)
(၁၉) မနုမနော Manu Manaw
(၂၀) ယင်းတလဲ Yin Talai
(၂၁) ယင်းဘော် Yin Baw
ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး ရှိသည်။
(၂၂) ကရင် Kayin
(၂၃)ကရင်ဖြူ Kayinpyu
(၂၄) ပလေကီး Pa-Le-Chi
(၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)
(၂၆) စကော Sgaw
(၂၇) တာလှေပွား Ta-Lay-Pwa
(၂၈) ပကူး Paku
(၂၉) ဘွဲ Bwe
(၃၀) မော်နေပွား Monnepwa
(၃၁) မိုးပွား Monpwa
(၃၂) ရှူး (ပိုး) Shu (Pwo)
ချင်းတွင် လူမျိုးစု စုစုပေါင်း ၅၃ မျိုး ရှိသည်။
(၃၃) ချင်း (ဇိုမီး) Chin (Zomi)
(၃၄) မေ့ထေး (ကသည်း) Meithei (Kathe)
(၃၅) ဆလိုင်း Saline
(၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay)
(၃၇) ခမီ Khami (or)ခူမီး Khumi
(၃၈) အ၀ခမီ Awa Khami
(၃၉) ခေါနိုး Khawno
(၄၀) ခေါင်စို Kaungso
(၄၁) ခေါင်စိုင်ချင်း Kaung Saing Chin
(၄၂) ခွာဆင်းမ် Kwelshin
(၄၃) ခွန်လီ (ဆင်) Kwangli (Sim)
(၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente)
(၄၅) ဂွေးတဲ Gwete
(၄၆) ငွန်း Ngorn
(၄၇) ဆီစာန် Zizan
(၄၈) ဆင်တန် Sentang
(၄၉) ဆိုင်းဇန် Saing Zan
(၅၀) ဇာဟောင် Za-How
(၅၁) ဇိုတုံး Zotung
(၅၂) ဇိုဖေ Zo-Pe
(၅၃) ဇို Zo
(၅၄) ဇန်ညှပ် Zahnyet (Zanniet)
(၅၅) တပေါင်Tapong
(၅၆) တီးတိန် Tiddim (Hai-Dim)
(၅၇) တေဇန် Tay-Zan
(၅၈) တိုင်ချွန်း Taishon
(၅၉) သဒို Thado
(၆၀) တောရ် Torr
(၆၁) ဒမ် Dim
(၆၂) ဒိုင် (ယင်ဒူး) Dai (Yindu)
(၆၃) နာဂ Naga
(၆၄) Tanghkul
(၆၅) Malin
(၆၆) Panun
(၆၇) Magun
(၆၈) Matu
(၆၉) Miram (Mara)
(၇၀) Mi-er
(၇၁) Mgan
(၇၂) လူရှိုင်း (လူရှေ) Lushei (Lushay)
(၇၃) Laymyo
(၇၄) Lyente
(၇၅) လောက်တူ Lawhtu
(၇၆) လိုင် Lai
(၇၇) လိုင်ဇို Laizao
(၇၈) ၀ါကင်းမ် Wakim (Mro)
(၇၉) Haulngo
(၈၀) အနူး Anu
(၈၁) အနန် Anun
(၈၂) Oo-Pu
(၈၃) လင်းဘု Lhinbu
(၈၄) အရှိုAsho (Plain)
(၈၅) Rongtu
ဗမာတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။
(၈၆) ဗမာ Bamar
(၈၇) ထားဝယ် Dawei
(၈၈) မြိတ် Beik
(၈၉) ယော Yaw
(၉၀) ယဗိန်း Yabein
(၉၁) ကဒူး Kadu
(၉၂) ကနန်း Ganan
(၉၃) ဆလုံ Salon
(၉၄) ဖွန် Hpon
မွန်တွင် လူမျိုးစု စုစုပေါင်း ၁ မျိုး ရှိသည်။
(၉၅) မွန် Mon
ရခိုင်တွင် လူမျိုးစု စုစုပေါင်း ၇ မျိုး ရှိသည်။
(၉၆) ရခိုင် Rakhine
(၉၇) ကမန်လူမျိုး Kamein
(၉၈) ခမွီး Kwe Myi
(၉၉) ဒိုင်းနက် Daingnet
(၁၀၀) မရမာကြီး Maramagyi
(၁၀၁) မြို Mro
(၁၀၂) သက် Thet
ရှမ်းတွင် လူမျိုးစု စုစုပေါင်း ၃၃ မျိုး ရှိသည်။
(၁၀၃) ရှမ်း Shan
(၁၀၄) ယွန်း (လော) Yun (Lao)
(၁၀၅) ကြီ Kwi
(၁၀၆) ဖျင် Pyin
(၁၀၇) ယောင် Yao
(၁၀၈) ဓနော Danaw
(၁၀၉) ပလေး Pale
(၁၁၀) အင် Eng
(၁၁၁) စုံ Son
(၁၁၂) ခမူ Khamu
(၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw)
(၁၁၄) ကိုးကန့် Kokant
(၁၁၅) ခန္တီးရှမ်း Khamti Shan
(၁၁၆) ဂုံရှမ်း Hkun
(၁၁၇) တောင်ရိုး Taungyo
(၁၁၈) ဓနု Danu
(၁၁၉) ပလောင် Palaung
(၁၂၀) မြောင်ဇီး Man Zi
(၁၂၁) ယင်းကျား Yin Kya
(၁၂၂) ယင်းနက် Yin Net
(၁၂၃) ရှမ်းကလေး Shan Gale
(၁၂၄) ရှမ်းကြီး Shan Gyi
(၁၂၅) လားဟူ Lahu
(၁၂၆) အင်းသား Intha
(၁၂၇) အိုက်ဆွယ် Eik-swair
(၁၂၈) ပအိုဝ်း Pa-O
(၁၂၉) တိုင်းလွယ် Tai-Loi
(၁၃၀) တိုင်းလျမ် Tai-Lem
(၁၃၁) တိုင်းလုံ Tai-Lon
(၁၃၂) တိုင်းလေ့ Tai-Lay
(၁၃၃) မိုင်းသာ Maingtha
(၁၃၄) မောရှမ်း Maw Shan
(၁၃၅)၀ Wa
အားလုံးအတွက်အသုံးတည့်မယ့် လူဦးရေ ( ၁၃၅ ) မျိုးပါ။

Wednesday, 14 January 2015
စာများများဖတ်ရင် မျက်နှာသွင်ပြင်က အလိုအလိုပြောင်းလဲသွားတယ်။
အချိန်တော်တော်များများမှာ
သင်ဖတ်ခဲ့တဲ့စာအုပ်တွေက ဖတ်ပြီးမေ့ကုန်တယ်၊
မှတ်ဉာဏ်ထဲစွဲမနေဘူးလို့ သင်ထင်ကောင်းထင်လိမ့်မယ်။
တကယ်တော့ အဲဒီစာတွေက သင့်ရဲ့စရိုက်လက္ခဏာထဲမှာ၊
သင့်ရဲ့အပြောအဆိုထဲမှာ၊
သင့်ရဲ့စိတ်နှလုံးထဲမှာ အောင်းနေပါတယ်။
ထို့အတူ သင့်ဘဝ၊ သင့်ရေးတဲ့စာတွေထဲမှာ၊ သင့်အတွေးထဲမှာလည်း တွေ့မြင်နိုင်ပါတယ်။
-- ထိုင်ဝမ်စာရေးဆရာမ SanMao
ကွမ်တန်းရာဇာ(မလေးရှား)

Tuesday, 13 January 2015
စိတ်ရှည်ပါ သူငယ်ချင်း
===============
ကောင်းလွန်းလို့ ဟို့ဘက်တောင် လွန်နေတယ်နော်.
တချို့လူတွေကတော့ ဆင်းရဲမြဲဆင်းရဲ..အချို့သူတွေကချမ်းသာမြဲချမ်းသာ
ရခြင်းအကြောင်း
ဟိုး တစ်ချိန်က အရမ်းကို ဆင်းရဲတဲ့လူတစ်ယောက်ရှိတယ်…
သူ့ကို အရမ်းချမ်းသာတဲ့လူတစ်ယောက်ကတွေ့တော့ သနားပြီး သူ့ကို ကြီးပွားလာအောင် ကူညီချင်စိတ်တွေပေါ်လာတယ်…
သူဌေးက သူ့ကို နွားတစ်ကောင်လက်ဆောင်ပေးခဲ့တယ်… သူ့ကို လယ်ယာထွန်ယက်ဖို့ သေချာမှာခဲ့တယ်…
အခုချိန်မျိုးစေ့ ကြဲထားပြီး ကောင်းကောင်းထွန်ယက်ရင် ဒီနှစ်ကုန်ရင် ဆင်းရဲတယ် ဆိုတဲ့စကားလုံးနဲ့ ဝေးဝေးခွာနိုင်တော့မှာပါလို့ ပြောခဲ့တယ်…
ဒီသူဆင်းရဲလေးကတော့ အစပိုင်းမှာ မျှော်လင့်ချက်အပြည့်နဲ့ တက်တက်ကြွကြွလုပ်ရှာတယ်…
ဒါပေမဲ့ ဘယ်လောက်မှ မကြာလိုက်ဘူး… နွားက မြက်စားတယ်… လူက ထမင်းစားတယ်…
ဖြတ်သန်းရတဲ့ဘ၀က အရင်ကထက်တောင်ခက်ခဲနေသေးတယ်…
သူဆင်းရဲလေးက ပြန်စဉ်းစားတယ်…နွားကို ရောင်းလိုက်ပြီး ဆိတ်တချို့ဝယ်လိုက်ရင်ကောင်းမယ်…
တစ်ကောင်ကို အရင်သတ်စားလိုက်ပြီး ကျန်တာတွေကို ဆက်မွေးထားလိုက်မယ်… ဆိတ်ကလေးတွေမွေးလာလို့ ကြီးလာရင် ပြန်ရောင်းစားလို့ရတယ်… ဒါလဲ တော်တော်လေး အမြတ်ရနိုင်တယ်…
သူဆင်းရဲလေးရဲ့ အစီအစဉ်ကလဲ အထမြောက်လိုက်ပါတယ်… ဆိတ်တစ်ကောင်ဘဲ သတ်စားလိုက်တယ်…
နောက်ပိုင်းမှာ ဆိတ်ကလဲ တော်တော်နဲ့ ကလေးမမွေးနိုင်တာနဲ့ မအောင့်နိုင်ဘဲ ဆိတ်နောက်တစ်ကောင်သတ်စားလိုက်တယ်…
သူပြန်စဉ်းစားတယ်… ဒီတိုင်းဆို မဖြစ်တော့ဘူး… ဆိတ်ကိုလဲ ရောင်းပစ်လိုက်ပြီး ကြက်ဝယ်လိုက်ရင်ကောင်းမယ်… ကြက် က ဥဥတာပိုမြန်တယ်… ကြက်ဥကနေ ၀င်ငွေ ချက်ချင်းရနိုင်တယ်… ဒါဆိုရင် ငါလဲ နည်းနည်းချောင်သွားလိမ့်မယ်…
သူစီစဉ်းထားတဲ့ အတိုင်း အထမြောက်သွားပြန်တယ်… ဒါပေမဲ့ သူ့ရဲ့ ဘ၀ကပြောင်းလဲမှုမရှိဘူး… ခက်ခဲလာပြန်ပြီ… နောက်ဆုံးတော့လဲ မနေနိုင်ဘဲ တစ်ကောင် သတ်မိပြန်တယ်… ဒီလိုနဲ့နောက်ဆုံး ကြက်တစ်ကောင်ဘဲ ကျန်တဲ့အချိန်မှာ သူတော်တော်လေး စိတ်ဓာတ်ကျသွားတယ်…
သူ ပြန်စဉ်းစားတယ်… ကြီးပွားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး… ကြက်ကို ရောင်းပြီး အရက်ဝယ်သောက်တာဘဲ ကောင်းပါတယ်… ဗိုက်ထဲ အရက်ဝင်သွားရင်… အတွေးထဲကို အနောက်အယှက် မ၀င်တော့ပါဘူးလေ…
နှစ်ကုန်လို့ သူ့ကိုကူညီခဲ့တဲ့ သူဌေး သူ့ဆီကို ပြန်ရောက်လာတယ်…
ပြန်တွေ့လိုက်တာကတော့ အရက်လေးတမြည်းမြည်းနဲ့ မူးနေတဲ့ သူကိုတွေ့လိုက်တယ်…
နွားကလဲ မရှိတာကြာရော်ပေါ့… အိမ်ကလဲ စုတ်ပြတ်မြဲ စုတ်ပြတ်နေတယ်…
သူဌေးက သူ့ရှေ့မှာ ရှိတဲ့ မြင်ကွင်းကိုတွေ့တော့ သက်ပြင်းချလိုက်ပြီး ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားလိုက်တယ်…
သူဆင်းရဲလေးကတော့ ဆင်းရဲမြဲ ဆင်းရဲနေတယ်…
ဆင်းရဲတဲ့လူ အများစုမှာလဲ အိပ်မက်ဆိုတာ ရှိခဲ့တယ်… အခွင့်အရေးဆိုတာလဲ ကြုံခဲ့တယ်… ကြိုးလဲ ကြိုးစားခဲ့တယ်… ဒါပေမဲ့ တစိုက်မက်မက်လုပ်ဖို့ဆိုတာ ခက်ခဲလာတယ်…
စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်သူအောင်မြင်တဲ့လျှို့ဝှက်ချက်ကို ပြောခဲ့ဖူးတယ်…
ပိုက်ဆံ မရှိတဲ့အချိန် ဘယ်လောက်ထိဘဲ ခက်ခဲနေပါစေ ရင်းနှီးထားတဲ့ငွေနဲ့ စုထားတဲ့ငွေကို မထိမိပါစေနဲ့… ဖိအားက မင်းကို ငွေရှာဖို့ နည်းလမ်းသစ်တွေပေးနိုင်တယ်… အကြွေးရှင်းဖို့ တွန်းအားပေးနိုင်တယ်… ဒါဟာ ကောင်းတဲ့ အကျင့်လေးတစ်ခုပါတဲ့…
စရိုက်က အကျင့်တစ်ခုဖြစ်စေတယ်…
အဲဒီအကျင့်က အောင်မြင်မှုကို ဆုံးဖြတ်ပေးတယ်…
အောင်မြင်တဲ့သူနဲ့ ကျရှုံးတဲ့သူရဲ့ အဓိက ကွားခြားတဲ့နေရာကတော့…
အောင်မြင်တဲ့သူမှာ ပန်းတိုင်ကို သတ်မှတ်ထားပြီးရင် ရဲရဲချီတက်တယ်… အခက်အခဲတွေ့ရင် နည်းလမ်းကို ပြောင်းပြီး ထပ်ကြိုးစားတယ်…
ရှုံးနိမ့်တဲ့သူကတော့ ပန်းတိုင်ကို သတ်မှတ်ပြီးရင် အခက်အခဲတွေ့တာနဲ့ ပန်းတိုင်ကို ပြောင်းပစ်တယ်… လမ်းကြောင်းကိုပြောင်းပစ်တယ်… အစီအစဉ်က ပြောင်းလဲမှုတွေကို ဘယ်လိုမှ လိုက်မမှီပါဘူး…
အဆင်ပြေကြပါစေဗျာ

နောင်တစ်ချိန်မှာ နောင်တ ကင်းသောနည်း ၃ နည်း
၁ ။ ဆန္ဒနဲ့ သိက္ခာ ကို ရာခိုင်နှုန်း ညီမျှစွာ ရွေးချယ်ရသည့်အခါ
သိက္ခာကိုသာဦးစားပေးပါ
၂ ။ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာ ကို ရာခိုင်နှုန်းညီမျှစွာ ရွေးချယ်ရသည့်အခါ
ဖြစ်သင့်တာကိုသာ ဦးစားပေးပါ
၃ ။ လိုချင်တာနဲ့ လိုအပ်တာကို ရာခိုင်နှုန်းညီမျှစွာ ရွေးချယ်ရသည့်အခါ
လိုအပ်တာကိုသာ ဦးစားပေးပါ
လတ်တလော သင့်အတွက် အဆင်မပြေလောက်ဘူးထင်ပေမယ့်
နောင်တစ်ချိန်မှာ နောင်တ ကင်းလိမ့်မယ်ဆိုတာ သိလာပါလိမ့်မယ် ။

ဗူးထဲက ရေတစ်ဝက်
Eagle Breeze
ရေဗူးထဲမှာ ရေတစ်ဝက်ရှိတယ်။
ဒါကို လူတစ်ယောက်က တွေ့တော့..
" ဟင် ရေကလည်း တစ်ဝက်ပဲကျန်တော့တယ်"တဲ့။
သူ့အမြင်ဟာ ရေတစ်ဝက်ပဲ ကျန်ခြင်းအပေါ်မှာ မကျေမနပ်ဖြစ်တဲ့အမြင်ပါ။ သူမမှီလိုက်တဲ့ ပိုင်ဆိုင်ခွင့်မရလိုက်တဲ့ ရေတစ်ဝက်အပေါ်မှာ နှမျောတွန့်တိုခြင်း၊ ကျန်ခဲ့တဲ့ရေတစ်ဝက်အပေါ်မှာ ရောင့်ရဲတင်းတိမ်ခြင်း မရှိတဲ့သဘောပါ။
ရေဗူးထဲမှာ ရေတစ်ဝက်ရှိတယ်။
ဒါကို ဒုတိယလူတစ်ယောက်က တွေ့တော့...
" အို ရေက တစ်ဝက်တောင် ကျန်ပါသေးလား " တဲ့။
သူ့အမြင်ဟာ ရေတစ်ဝက်ကျန်ခြင်းအပေါ်မှာ
ကျေနပ်နေတဲ့ အမြင်ပါ။
သူမမှီလိုက်တဲ့ ပိုင်ဆိုင်ခွင့်မရလိုက်တဲ့ ရေတစ်ဝက်အပေါ်မှာ သဘောထားကြီးခြင်း၊ ကျန်ခဲ့တဲ့ရေတစ်ဝက်ပေါ်မှာ နှစ်သိမ့်ကျေနပ်ခြင်း ရှိတဲ့သဘောပါ။
ပထမလူရဲ့ အမြင်က လောကကြီးဆီက ဘာတစ်ခုမှ ကောင်းတာမရနိုင်ဘူးဆိုတဲ့ အနုတ်အမြင်ပါ။ ဒုတိယလူရဲ့ အမြင်ကတော့ လောကကြီးဟာ ဘယ်အချိန်မှာဖြစ်ဖြစ် နေပျော်စရာကောင်းသား ဆိုတဲ့ အပေါင်းအမြင်ပါပဲ။
မိတ်ဆွေရော ကြုံလာတဲ့ကိစ္စတိုင်းကို
ဘယ်အမြင်နဲ့ အသက်ရှင်နေသလဲ။
လူ့ဘဝက တကယ့်ကို တိုတိုလေးပါ။
အဆင်ပြေကြပါစေဗျာ
စာအုပ်မြို့တော်မှ

Monday, 12 January 2015
လူတစ်ချို့က သူများလို ကောင်းကောင်းစားချင် ကောင်းကောင်းနေချင်ကြတယ် တိုက်နဲ့ ကားနဲ့ပေါ့ ဒါပေမယ့် အလုပ်ကြတော့ ကောင်းအောင် သာအောင် မလုပ်ချင်ဘူး ... အခွင့်အရေးကိုပဲစောင့်နေကြတယ်.အခွင့်အရေးရလာအောင် ဖန်တီးမယူချင်ကြဘူး
ကိုယ့်မှာသာအရည်အချင်းပြည့်ဝနေရင် အသာစီးက အလုပ်ကို ထိုင်ရွေးနေလို့ရတယ် ငါဘာတွေလုပ်နိုင်ပြီလဲဆိုတာ ကိုယ့်ကိုယ်ကို မမေးဖူးဘူးဆိုရင်တော့ အခုမေးကြည့်လိုက်ပါ အမှန်အတိုင်းချရေးပါ ပြီးမှဒီထဲက အပိုင်နိုင်ဆုံးတစ်ခုကို အသက်မွေးဝမ်းကြောင်းပြုပါ... ကိုယ်တိုင်ကြိုးစားမှုမရှိဘဲ အခွင့်အရေးကို အချောင်လိုချင်သူတွေအတွက် ဘာမှန်းမသိချမ်းသာချင် ချမ်းသာသွားနိုင်တယ် သို့သော် ဘယ်နေရာမှအရည်ချင်းရှိရှိလုပ်နိုင်မှာမဟုတ်ဘူး
အောင်မြင်သူတွေဘာကြောင့်အောင်မြင်သလဲကိုလေ့လာပါ စဉ်းစားပါ အတုယူပါ အားကျပါ....
အချိန်ဆိုတာ ဘယ်အရာနဲ့မှမလဲနိုင်တဲ့အရာတစ်ခုပါ
အချိန်တန်ဖိုးသိတဲ့အချိန်က ဘ၀ရဲ့ နေ၀င်ချိန်တွေမဖြစ်ပါစေနဲ့. ပတ်ဝန်းကျင်ကိုလေ့လာပါ လူတိုင်းကို အကဲခတ်ပါ .. အဓိကက ကိုယ့်ကိုယ်ကိုအမြဲဝေဖန်သုံးသပ်နိုင်ကြပါစေ။

Subscribe to:
Posts (Atom)