-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Wednesday, 28 January 2015

(၁) School ဆိုတဲ့စကားလုံးဟာ Skhole ဆိုတဲ့ ရှေးဂရိစကားလုံးကနေ ဆင်းသက်လာတာဖြစ်တယ်။ အဓိပ္ပာယ်က "အားလပ်ချိန်၊ အနားယူချိန်၊ လွတ်လပ်ချိန်" လို့ဆိုတယ်။

(၂) ဆံပင်တစ်ပင်တိုင်းမှာ ဓာတုဒြပ်စင် ၁၄မျိုးလောက်ပါဝင်ပါတယ်။ အဲဒီထဲမှာ ရွှေလည်းပါပါတယ်။

(၃) နာနတ်သီးတစ်စိတ်ကို ပါးစပ်ထဲထည့်ကြည့်ပါ.. နာနတ်သီးက သင့်ကို တဖြည်းဖြည်း "စား"သွားပါတယ်။ အကြောင်းက နာနတ်သီးမှာ အသားတွေကို ပြိုကွဲပျက်စီးစေတဲ့ Protease ဓာတ်ပါဝင်လို့ဖြစ်တယ်။

(၄) အကိုက်ခံထားရတဲ့ပုံစံနဲ့ Appleထုတ်ကုန်ရဲ့ အမှတ်တံဆိပ်ကိုတီထွင်ခဲ့တဲ့ ဒီဇိုင်းဆရာRob Janoff က အကိုက်ခံရတဲ့ပန်းသီးဒီဇိုင်းက ဘာမှမဟုတ်ပါဘူး.. ဒါဟာပန်းသီးတစ်လုံးပါ ခရမ်းချဉ်သီးတစ်လုံးမဟုတ်ဘူးဆိုတာကို ဖော်ပြချင်လို့ပါပဲလို့ ပြောခဲ့ပါတယ်။

(၅) ဆိတ်ရဲ့မျက်လုံးအိမ်က ရှည်မျောမျောသဏ္ဍာန်ပါ။ ဒီလိုမျက်လုံးက ကျယ်ပြန့်တဲ့မြင်ကွင်းကို တွေ့မြင်စေပါတယ်။ခေါင်းငဲ့ကြည့်စရာမလိုဘဲ
ဘေးဘီကအရာတွေကို သူတို့တွေ့မြင်နိုင်ပါတယ်။

(၆) ခြင်္သေ့ရဲ့နှာခေါင်းကိုကြည့်ပြီး သူတို့ရဲ့အသက်အရွယ်ကို ခွဲခြားနိုင်ပါတယ်။ ခြင်္သေ့အိုတွေရဲ့ နှာခေါင်းက မည်းပြီး ခြင်္သေ့ပျိုတွေရဲ့ နှာခေါင်းက ပန်းရောင်ဖြစ်ပါတယ်။

(၇) Periodic table ထဲမှာ J ဆိုတဲ့စကားလုံး မရှိသေးပါဘူး။

(၈) ၁၉၄၆ခုနှစ် ဟန်ဂေရီမှာ ပြင်းထန်တဲ့ငွေကြေးဖောင်းပွမှုဖြစ်ပွားခဲ့တယ်။ ဟန်ဂေရီအစိုးရက အဲဒီခုနှစ်မှာပဲ 100 million တန် တန်ဖိုးအကြီးဆုံးငွေစက္ကူ ထုတ်ဝေခဲ့တယ်။ ဒါပေမယ့် အဲဒီ ၁ဝဝမီလီယံတန်ငွေစက္ကူက အမေရိကန်ဒေါ်လာနဲ့ လှဲလှယ်ရာမှာ ဒေါ်လာ ပြား၂ဝ လောက်ပဲရခဲ့ပါတယ်။

ဖတ်မိသမျှ မျှဝေပါတယ်... 


No comments:

Post a Comment