Earthing system
●○●○●○●○●○●○●
●○●○●○●○●○●○●
Electrical မှာ safety က အရေးကြီးပါတယ် ။ အဲဒီ ထဲမှာ earthing က အရေးကြီး ဆုံးပါပဲ ။ တော်တော်များများ က earth ကြိုး ကို အရေး မထားပါဖူး ။ တော်တော်များများ က earth ကြိုးကို ဖြုတ်သွားတာနဲ့  မေ့ပြီးပြန် မတပ်တာနဲ့  ဖြတ်ပြစ်တာနဲ့  အမျိုး မျိုး ကြုံဖူး လို့ ပါ ။ နောက် မြန်မာပြည် က installation တော်တော် များများမှာ earth ကြိုး ကို စနစ်တကျ လုပ်ထားတာလဲရှားပါတယ် ။ အခုခေတ်မှာ နောက်ဆုံး လျပ်စစ်ပစ္စည်း တွေ
မှာ function တွေ က earthing မရှိ မဖြစ်လိုအပ်လာပါ တယ် ။
မှာ function တွေ က earthing မရှိ မဖြစ်လိုအပ်လာပါ တယ် ။
earth ကို အမျိုးမျိုး ခေါ်ကြပါတယ် ။ ground လို့လဲ ခေါ်ပါတယ် ။ အတူတူပါပဲ ။ IEC မှာက earth လို့ သုံးပါတယ် ။ ဘယ်လိုခေါ်ခေါ် အငြင်း ပွား စရာမရှိပါဖူး ။ US NEC က ground လို့သုံးပါတယ် ။
industrial မှာ earth ကို အမျိုးမျိုး ခေါ်သုံးပါတယ် ။ electrical earth, mechanical earth, bonding earth , instrument earth , telecom earth, body earth , frame earth , intrinsically safe earth , lightning earth , အစရှိသဖြင့် ပေါ့ ။
Earthing value ( ohms )
==================
==================
Earth ကို special earthing တိုင်းတဲ့ earth resister နဲ့ တိုင်းရပါတယ် ။ တိုင်းပုံ ကိုတော့ procedure တွေ တခါထဲ ရေး ထားတတ်ပါတယ် ။
Earthing resistance က အနည်းဆုံး 10 ohms ရှိရပါမယ် ။ နည်းလေ ကောင်းလေပါ။ သိပ်ပြီး အရေးကြီးတဲ့ နေရာတွေ မှာဆိုရင်တော့ 2 ohms အနည်းဆုံးရှိရ ပါမယ် ။
ရှိသင့် တဲ့  ohm တန်ဖိုး က 10 ohms အောက်ဆို လူနေအိမ်ခြေအတွက်အဆင်ပြေပါတယ် ။
2 ohms အောက်ဆို စက်ရုံ တွေအတွက် အဆင်ပြေပါတယ် ။

Earth က ဘယ်လို အကျိုး ရှိတာလဲ
=======================
=======================
လူတွေ ကို electric shock ကာကွယ်ပေးပါတယ်
Equipment တွေ ကို မပျက်စီး အောင် ကာကွယ်ပေးပါတယ်
မိုးကြိုး အန္တာရယ်မှ ကာကွယ်ပေးပါတယ်
ဥပမာ သံတွေနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦ တခုမှာ cable ကပေါက်ပြီး သံနဲ့ ထိနေတယ်ဆိုပါ စို့။ အဲဒီ အဆောက်အ ဦ တခုလုံး က လျပ်စီးတွေ ပြန့်နေပြီ။ ကိုင်မိတဲ့ သူ က ဓါတ်လိုက်ပြီး သေသွားနိုင်ပါတယ် ။

တကယ်လို့ earth ချထားမယ်ဆိုရင် လျပ်စစ် က earth ကြိုး ကတဆင့် မြေကြီး ထဲ ကို အချိန်တို အတွင်း အများကြီးဖြတ် စီးသွားပြီး Breaker ပြုတ်ရင်ပြတ် fuse ဖြစ်ဖြစ် ပြတ် သွားမှာပါ။
နောက်တခုက instrument တွေ မှာဖြစ်ပေါ်တတ်တဲ့ voltage difference တွေ ကိုလည်း 0 ဖြစ်အောင် equal potential ဖြစ်အောင် လုပ်ပေးပါတယ်။
နောက်တခုက instrument တွေ မှာဖြစ်ပေါ်တတ်တဲ့ voltage difference တွေ ကိုလည်း 0 ဖြစ်အောင် equal potential ဖြစ်အောင် လုပ်ပေးပါတယ်။
Static charge လို့ခေါ်တဲ့ လျပ်စစ်ဓါတ်တွေ လဲ ခြေဖျက်ပေးပါတယ်။
Surge current တွေ မိုးကြိုး တွေ ကိုလဲ အန္တာရယ် မဖြစ်အောင် မြေကြီးထဲ ကို လမ်းလွဲပေးပါတယ် ။
Power မရှိတဲ့ HV cable တွေ ကိုင် ရင်လဲ ကျန်နေတတ်တဲ့ capacitance voltage
( အလွန် အန္တာရယ် များပါတယ် ) တွေ ကိုလဲ သတ်ပေးထားပါတယ် ။

ဘယ်လို တည်ဆောက်ရမလဲ
====================
====================
မြေကြီးထဲ ကို earth rods များရိုက်သွင်းပြီး earth pit များ နဲ့တည်ဆောက်ရပါတယ် ။ အချိ့ က အ၀ီစိ တွင်းတူးပြီး earth ချတတ်ပါတယ် ။ အဓိ က အကျ ဆုံး ကတော့ earthing value 2 ohms or 10 ohms ထက်နဲအောင် လုပ်ရပါမယ် ။ အခုခေတ်မှာတော့ earth မိအောင် လုပ်လို့ ရတဲ့ chemical များရှိပါတယ် ။စိုစွတ်တဲ့ နေရာတွေ မှာ resistance နဲလို့ တည်ဆောက်သင့်ပါတယ်။
အကောင်းဆုံး ကတော့ earth ring ကြီး ဖြစ်ရင်ပိုကောင်းပါတယ် ။ safe ပိုဖြစ်ပါတယ် ။ တခုပြတ်သွားရင် တခုကျန်တာပေါ့ ။အဆောက် အဦ တခုဆောက်တိုင်း earth pit တခုဆောက်ပြီး main earth နဲ့ ဆက်သင့်ပါတယ် ။
အကောင်းဆုံး ကတော့ earth ring ကြီး ဖြစ်ရင်ပိုကောင်းပါတယ် ။ safe ပိုဖြစ်ပါတယ် ။ တခုပြတ်သွားရင် တခုကျန်တာပေါ့ ။အဆောက် အဦ တခုဆောက်တိုင်း earth pit တခုဆောက်ပြီး main earth နဲ့ ဆက်သင့်ပါတယ် ။
Earth ကြိုးများ ဆက်သွယ်ပုံ
===================
===================
မတူတဲ့ Earth ကြိုးများ ကို သေသေသပ်သပ် မတူ ညီတဲ့ earth bar များ သုံးပြီး ဆက်သွယ်ပါတယ် ။အဲ ဒီ earth bar များ ကို earth ကြိုးများ နဲ့ sub main earth bar ကို ပြန်ဆက် ပါတယ် ။ အဲဒီ sub main earth bar တွေ ကို main earth bar တွေနဲ့ ပြန် ဆက်ပါတယ် ။ မတူညီတဲ့ ကြိုး တွေ ကို တခါထဲ main earth ထဲ မပေါင်းသင့်ပါဖူး ။
ဥပမာ instrument panel တခုမှာ earth တွေ ကိုဆက်မယ်ဆိုရင် frame ( mechanical ) earth ကသတ်သတ် ။ Power supply earth ကသတ်သတ်။ shield earth ကသတ်သတ် earth bar အသေး တွေ တည်ဆောက်ပြီး သပ်သပ်စီ စာတန်းထိုးပြီး တပ်ဆင်ရပါမယ် ။နောက်မှ sub main earth bar ကို တခုချင်းဆက် ရပါမယ် ။ နောက် main earth pit တွေ ဆီ ဆက်ရပါမယ် ။
Earth ကြိုး အရွယ် အစားများ
====================
====================
Mian earth ကြိုးကို 50/70 /90 mm2 အများဆုံး သုံးကြပါတယ် ။ sub earth ကြိုးတွေ ကိုတော့ သင့်တော်တဲ့ အရွယ် အစား အမျိုးမျိုးသုံး ပါတယ် ။ မြေကြီးထဲ မှာ တော့ bare cable (insulation မပါသော ကြိုးကို သုံးသင့်ပါတယ် ) အဆောက် အဦ ထဲမှာတော့ insulation အစိမ်း။အ၀ါ အရောင်ပါတဲ့ standard earthing cable ကိုသုံးရပါမယ် ။
Erath ကြိုးတွေ ကို မြေကြီးထဲမှာ ဆက်တဲ့ အခါ welded joint ကို သုံးတာ အကောင်းဆုံပါ။ connection joint တွေ ကတော့ ကြာလာရင် ရေညိ တွေ တက်ပြီး connection တွေ မကောင်းဖြစ်တတ်ပါတယ် ။
Erath ကြိုးတွေ ကို မြေကြီးထဲမှာ ဆက်တဲ့ အခါ welded joint ကို သုံးတာ အကောင်းဆုံပါ။ connection joint တွေ ကတော့ ကြာလာရင် ရေညိ တွေ တက်ပြီး connection တွေ မကောင်းဖြစ်တတ်ပါတယ် ။
Maintenance ဘယ်လိုလုပ်သလဲ
=======================
=======================
တနှစ်တခါတော့ earth bar တွေ ကိုစစ်ရပါတယ် ။ earth bar တွေ ကို Grease သုတ်၇ပါတယ် ။ earth bar တခုနဲ့ တခု resistance တွေတိုင်းရပါတယ် ။ bolt, nut တွေ ကို ကျပ် ရပါတယ် ။ earth pitတွေ ကို တနှစ်တခါလောက် earth valve တွေ ကို resistance tester တွေ သုံးပြီး record တွေ ယူ ထားရပါမယ် ။ လိုအပ်တဲ့ earth value မရှိရင် earth pit တွေ ထပ်ဆောက်ရပါမယ် ။ earth pit တွေ ကို သန့်ရှင်းရေး လုပ်ပေးရပါမယ် ။
Earthing နှင့် ဆက်စပ်ဖတ်သင့်သည်များ
Neutral and earthing system arrangement (power distribution )
Earth leakage circuit breaker
Lightning protection system
Static charge electricity
Neutral and earthing system arrangement (power distribution )
Earth leakage circuit breaker
Lightning protection system
Static charge electricity
EI engineering
Post by>>>>>Kyaw Oo
Post by>>>>>Kyaw Oo
No comments:
Post a Comment