-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Saturday, 10 October 2015


၈၁ နှစ်သား စစ်ကိုင်းတံတား
===================
(စစ်ကိုင်းတံတား သမိုင်းကြောင်း သိလိုသူများအတွက် အသေးစိတ် အချက်အလက်များမျှဝေပါသည်။)
၁။ တံတားပုံစံဒီဆိုင်းဆွဲသည့်နှစ်= ၁၉၂၄
၂။ ပုံစံရေးဆွဲသည့်ကုမ္ပဏီ= ရန်ဒဲလ်ပါးမား
နှင့်ထရစ်တန်ကုမ္ပဏီ
(Redel Palmer&Trittion Com:)
၃။ ပုံစံရေးဆွဲသူ= မစ္စတာဂျေအီစမ်ရိုလ်
(အင်ဂျင်နီယာချုပ်)
၎။ ခန့်မှန်းကုန်ကျစရိတ်= ၁၅,၅၇၇,၃၁၈
ကျပ်
၅။ တံတားအရှည်= ၃၉၄၈-ပေ
၆။ ကင်းလွတ်အမြင့်=၄၀-ပေ
၇။ ရေလယ်တိုင်= ၁၅-လုံး
၈။အမြင့်ဆုံးတိုင်(FL-RL)= ၁၀၂-ပေ
(ရေအောက်ကြမ်းပြင်မှသံလမ်းထိ)
၉။ ခန်းပွင့်-၃၅၀ ပေ= ၉-ခန်း
၂၅၀ ပေ= ၁-ခန်း
၆၀ ပေ= ၆-ခန်း
၁၀။ သံပေါင်ခုံးများထုက်လုပ်သည့်ကုမ္ပဏီ
= ဘရိတ်ဝိတ်(Braithwaite Com:)
၁၁။ အမှန်တကယ်ကုန်ကျစရိတ်
= ၁၄,၃၀၀,၀၀၀ ကျပ်
(စတာလင်ပေါင်တစ်သန်းခန့်)
၁၂။ စတင်ဆောက်လုပ်သည့်နှစ်=၁၉၂၇
၁၃။ ပြီးစီးသည့်နှစ်=၁၉၃၄
၁၄။ ဖွင့်လှစ်သည့်နေ့=၂.၁.၁၉၃၄
၁၅။ ဖွင့်လှစ်ပေးသူ=ဆာဟုချလင်စဒေါင်
စတီဗင်ဆင်(မြန်မာပြည်ဘုရင်ခံ)
(Sir Hugh Lansdown Steven
Son)
၁၆။စစ်ဒဏ်သင့်သည့်နေ့=၃၀.၄.၁၉၄၂
၂၃:၅၉ နာရီ
၁၇။ ပျက်စီးမှု=ရေလယ်တိုင်-၇ ကျိုး
ခုံးအမှတ်-၇ နှင့် ၈ မြစ်ထဲပြုတ်ကျ
၁၈။ ပြင်ဆင်သည့်နှစ်=၁၉၅၃
၁၉။ ပြီးစီးသည့်နှစ့်=၁၉၅၄
၂၀။ ပြန်လည်ပြုပြင်သည့်သူ=သီရိပျံချီ
ဦးကြည်ဝင်းခေါင်းဆောင်သည့်
မြန်မာအင်ဂျင်နီယာများ
၂၁။ ပြုပြင်ကုန်ကျစရိတ်=၅၇၈၉၇၂၇ကျပ်
၂၂။ ပြန်လည်ဖွင့်လှစ်သည့်နေ့=၂၇.၁၀.၅၄
၁၀:၃၀ နာရီ
၂၃။ ဖွင့်လှစ်ပေးသူ=နိုင်ငံတော်သမ္မတကြီး
သီရိသုဓမ္မ ဒေါက်တာဘဦး

No comments:

Post a Comment