ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြန်မာနိုင်ငံအတွက် မျိုးစိတ်သစ်ဟု ယူဆရသည်အပင် နှစ်မျိုးတွေ့ရှိ
*********************************************************

ရန်ကုန်၊ နိုဝင်ဘာ ၃-ဧရာဝတီ တိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့ နယ်၊ ကျော်ဇံကျေးရွာအုပ်စုတွင် မြန်မာ နိုင်ငံအတွက် မျိုးစိတ်သစ်ဟုယူဆ ရသည့် အပင်နှစ်မျိုးကိုတွေ့ရှိရ ကြောင်း Study on the Biodiversity Resource of Kyaw-Zan Village Tract, Mawlamyine gyun Town-ship သုတေသနပြုလုပ်ချက်အရ သိရသည်။
အဆိုပါမျိုးစိတ်နှစ်မျိုးမှာ ဒေ သအခေါ်၊ ပန်းတကာဖြစ်သည့် (Myristica)နှင့်ဒေ သအခေါ်ပန်း မှောက်ခုံဟုခေါ်သည့် (Elaeocar pus) တို့ဖြစ်ကြောင်း၊ ယင်းတို့သည် ဒီရေတောနှင့်ပတ်သက်သည့် မျိုးစိတ် ဖြစ်ပြီး ဒီရေတောများနှင့်တွဲပြီး ပေါက်ရောက်လေ့ရှိကြောင်း၊ ထိန်း သိမ်းရန်လိုအပ်လျက်ရှိသည့်မျိုး စိတ်များဖြစ်ကြောင်းသိရသည်။
''မျိုးစိတ်အသစ်လို့ IUCN နဲ့ တိုင်းတာမဟုတ်ဘူး။ new species, new record ဖြစ်ဖို့များတယ်။ South East Asia မှာလုပ်ထားတဲ့စာအုပ် တွေရှိတယ်။ အဲဒီစာအုပ်တွေထဲမှာ တောင်မပါလာဘူး။ အဲဒါမျိုးနှစ်ခု လောက်ရှိတယ်။နောက်တစ်ခုဖြစ်တဲ့ Myristica ကတော့ Confirm ထပ် လုပ်ရဦးမှာပေါ့နော်။ မြန်မာပြည်မှာ အရင်တုန်းက record မလုပ်ရသေး တာ။ တခြားတွေမှာရှိရင်ရှိနိုင်တယ်။ဘလူးဘယ်ရီနဲ့တူတဲ့ဟာ Elaeocar pus)တစ်မျိုးကတော့ ဒီမှာပဲတွေ့ တယ်။ ဘလူးဘယ်ရီအုပ်စုကပဲ။ ဂျိမ်းကတူတယ်။ species တူတာ။အဲဒါတွေကို new record ဝင်ဖို့ ကျတော့လည်း ကမ္ဘာမှာရှိတဲ့ပညာရှင်တွေနဲ့ဆွေးနွေးဖို့လိုတယ်။ အခု ကကျော်ဇံကျေးရွာအုပ်စုမှာပဲတွေ့ ရတယ်။ အရင်တုန်းက မတွေ့ရသေး တဲ့မျိုးစိတ်ပေါ့နော်။ အဲဒီလောက်ပဲ ပြောနိုင်သေးတယ်''ဟု Study on the Biodiversity Resource of Kyaw-Zan Village Tract, Mawlamyine gyun Township သုတေ သနလုပ်ငန်းတွင်ပါဝင်သည့် အဏ္ဏဝါ သိပ္ပံဌာန၊ မော်လမြိုင်တက္ကသိုလ်မှ ပါမောက္ခဌာနမှူး ဒေါက်တာစံသာ ထွန်းကပြောသည်။

အဆိုပါအပင်များသည် ဒီရေ တောများရှိသည့်နေရာများတွင် ဒီ ရေတောပင်များနှင့် တွဲပြီးပေါက် ရောက်လေ့ရှိကြောင်း၊ အဓိကအား ဖြင့် ရေချိုဒေသများနှင့်ကုန်းမြေနှင့် ရေအစပ်ဒေသများတွင် ပေါက် ရောက်ကြောင်း၊ ယင်းတို့ကိုဒီရေ တောပင်များဟုလည်း သတ်မှတ် နိုင်ရန်မသေချာသေးကြောင်းသိရသည်။
''ဒီအပင်တွေကို ဒီရေတော အပင်မျိုးစိတ်လို့လည်းပြောနိုင်ဖို့ မသေချာသေးဘူး။ ဒီရေတောပင် တွေပေါက်တဲ့နေရာတွေမှာတော့ တွဲပြီးပေါက်ပါတယ်။ ထိန်းသိမ်း ဖို့လိုအပ်နေတဲ့အပင်တွေလိုပဲပြော နိုင်သေးတယ်။ သေချာပြန်ဆန်း စစ်ဖို့လိုအပ်နေ တုန်းပဲ။ ကမ္ဘာ့ပညာ ရှင်တွေနဲ့ဆွေးနွေးရင်တော့ ပိုကောင်းတာပေါ့''ဟု ယင်းက ဆက်လက်ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျော်ဇံကျေး ရွာအုပ်စု ခုနစ်ရွာနှင့်ဝန်းကျင်ရှိ ဒေသများတွင် မြန်မာ့ပြန်ပြည့်စွမ်း အင်အသင်း၊ သုတေသနနှင့်တီထွင် စမ်းသပ်မှုဦးစီးဌာန၊ (သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန)၊ အဏ္ဏဝါသိပ္ပံ ဌာန(မော်လမြိုင်တက္ကသိုလ်)၊ ပထဝီ ဌာန(ရန်ကုန်တက္ကသိုလ်)၊ မြန်မာ့ အဏ္ဏဝါသိပ္ပံအသင်းတို့နှင့်ပူးပေါင်း ပြီး ထိုင်းနိုင်ငံ Mekong Energy and Ecological Network အကူအညီဖြင့် ကိုးလခန့်ကြာမြင့်သည့် သု တေသနတစ်ခုကိုပြုလုပ်ခဲ့ပြီး၊ ဇီဝ မျိုးစုံမျိုးကွဲများနှင့်ရေအရည်အသွေး များအပါအဝင် ယင်းဒေသရှိမြစ် ချောင်းများကိုလည်းလေ့လာခဲ့ကြ ကြောင်းသိရသည်။
No comments:
Post a Comment