Sunday, 1 November 2015
အရမ်းကို အဓိပ္ပါယ်ရှိတဲ့ ပုံလေးတွေပါ ။ ပုံထဲကလိုပါပဲ
လူတွေက ကမ္ဘာကြီးနဲ့သာ ဆက်သွယ်ချင်နေကြတာ
ကိုယ့်အနီးမှာပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့တော့ ဆက်ဆံရေးတွေအေးစက်ကုန်ကြတယ် ။
အရင်ကဆို မိတ်ဆွေတွေတွေ့ဖို့ Coffee ဆိုင်လေးတွေမှာဆုံကြရင် စကားတွေပြောလို့ ပြုံးလို့ပျော်လို့ ခုတော့...
ဆိုင်ရောက်တာနဲ့ ဖုန်းတွေကိုယ်စီနဲ့ အလုပ်တွေရှုပ်နေကြတယ် ။ ဆိုင်မှာတစ်နာရီလောက်ထိုင်လို့ တစ်ယောက်နဲ့တစ်ယောက် စကားတွေ ဘယ်နှမိနစ်လောက် ပြောဖြစ်လဲ ??
အရင်ကဆို
ညနေမိသားစုညထမင်းဝိုင်းပြီးရင် မိသားစုစုံစုံညီညီစကားဝိုင်းလေးတွေရှိတယ် ။
ခုတော့...
အမေကလည်း မိသားစုတွေ တစ်နေကုန်လို့ စကားဝိုင်းမပြောနဲ့ တစ်အိမ်တည်းနေပြီး တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့တောင် ခဲ့ယဉ်းနေကြတယ် ။
မိတ်ဆွေ...
ခေတ်မီတိုးတက်လာတဲ့ခေတ်မှာ
နည်းပညာတွေ တိုးတက်လာပြီ ။
အဲ့ဒီ တိုးတက်လာတဲ့နည်းပညာကို ဘယ်လိုအသုံးချကြမလဲ.
နည်းပညာတွေတိုးတက်လာလေ လူတွေပျက်စီးလေတော့ အဖြစ်မခံနိုင်ဘူး ။Facebook ပေါ်မှာပဲ သာယာမနေပါနဲ့ ။Facebook ရဲ့ အသုံးချခံမဖြစ်စေနဲ့ ။ Facebook ကို ဘယ်လို ကောင်းတဲ့ဘက်က အသုံးချရမလဲ စဉ်းစားပြီးတော့ သုံးစေချင်တယ် ။ Like တွေ Comment တွေက ဘဝမဟုတ်ဘူးနော်..
Post တစ်ခုတင်မယ် Share မယ်ဆိုရင် ဒီ Post ကို တင်တဲ့ သင်ရော ၊ ဒီ Post ကို
မြင်တဲ့သူတွေ ဘာအကျိုးရနိုင်မလဲ အရင်စဉ်းစားပါ ။ဘယ်သူ့အတွက်မှ အကျိုးမရှိရင် မတင်ပါနဲ့ ။ ခုတလော မိန်းကလေးတွေ Beer သောက်တာတွေကို ဂုဏ်ယူစရာထင်ပြီး ပုံတွေရိုက်ပြီးတင်နေတာ တွေ့ရတယ် ။ အဲ့လိုပုံတင်တဲ့သူတိုင်းကိုလည်း မြင်တာနဲ့ Block ပစ်တယ်။
အင်တာနက်ရဲ့ အသုံးချခံ မဖြစ်ပါစေနဲ့..
အင်တာနက်ကို အသုံးချသူပဲ ဖြစ်ပါစေ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment