ကျောပိုးအိတ် အလေးကြီး လွယ်တဲ့ အကျိုး
--------------------
ပုံပါကျောင်းသားလေးဟာ မူလတန်းက စလို့ ကျောင်းစာအုပ် အများအပြားကို နေ့စဉ် ကျောပိုးအိတ်အတွင်း ထည့်သယ်ယူပြီး သွားလာ ရပါတယ်။
ကြာ လာတော့ ခါးကိုင်းလာပြီး မကြာမကြာဆိုသလို သူ့ကျော ဘက် အောင့် ကြောင်း မိဘတွေကို ပြောပြပါတယ်။ ဒီအခါမှ မိဘတွေက ဆရာဝန် ပြကြည့်တော့ ကျောရိုးဆစ် လွဲနေခြင်း ဖြစ်ပြီး ချက်ချင်း ဆိုသလို ခွဲစိတ် ကုသခဲ့ရပါတယ်။
ဒါ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တာတော့ မဟုတ်ပါဘူး။ သို့သော် ကျွန်တော်တို့နိုင်ငံမှာလဲ ကျောင်း စာအုပ် အထူ တွေကို အများအပြား ကျောပိုးအိတ်ထဲ ထည့်လွယ်လေ့ ရှိကြ ပါတယ်။
ဒါ့ကြောင့် သားသမီးရှိသူ မိဘများ အနေနဲ့ မိမိ ကလေး ငယ် စာအုပ် အများ အပြား သယ်နေရလား ဆိုတာကို သတိ ထား စောင့်ကြည့်ပေး စေချင်ကြောင်း အသိပေး နှိုးဆော် လိုက် ရပါတယ်။
photo credit : Zahir Ali
ref link: http://www.xolxol.ph/2015/11/carrying-heavy-bag-can-permanently-deform-your-child-spine.html
---------------------
- မှတ်စုကြမ်းမှ မျှဝေဖော်ပြသည်။ #kyawnge



No comments:
Post a Comment