Wednesday, 27 January 2016
#နိုင်ငံခြားကလာတဲ့ရွှေငွေပလက်တီနမ်တို့ကိုဝယ်တဲ့အခါ အထည်ရဲ့ အတွင်းဘက်မှာ
#နိုင်ငံခြားကလာတဲ့ရွှေငွေပလက်တီနမ်တို့ကိုဝယ်တဲ့အခါ
အထည်ရဲ့ အတွင်းဘက်မှာ
24K , 22K , 18K , . . .
916 , 925, 750, . . .စ သည် ဖြင့် အမှတ်အသားလေးတွေရေးထားတတ်တယ်
အဲဒါတွေက ဘာကိုပြောတာလဲ ဆိုတာကို
မသိသေးတဲ့သူတွေအတွက်မျှဝေပေးချင်ပါတယ်။
အဲဒါတွေကို
အင်္ဂလိပ်လို Hallmarks လို့ ခေါ်ပါတယ်။
သတ္တုတွေရဲ့ သန့်စင်မှူ ပမာဏ ကို ဖေါ်ပြနိုင်ဖို့ သတ်မှတ်ထားတာပါ။
(ကျွန်တော်တို့ဆီမှာ
၁၄ပဲ ရွှေရည် ။၁၅ပဲ ရွှေရည် ဆိုပြီး ရွှေအရည်အသွေးကို သတ်မှတ်သလိုပါဘဲ။)
*24K , 22K , 18K , . . . အကြောင်းကို အရင် ပြောပြချင်ပါတယ်။
K ဆိုတာ ကာရက်(Karat) ပါ ။
24 parts ကို အခြေခံပြီးသတ်မှတ်တယ်။
24K ဆိုရင် ရွှေစင် 100 % ပါဝင်တဲ့ ရွှေကို ဆိုလိုပါတယ်။
23K = 95.8 %
22K = 91.6 %
20K = 83.3 %
18K = 75 %
15K = 62.5 % , 14K= 58.3 %
10K = 41.6 % , 9K = 37.5 %
ရွှေစင် ပါဝင်တယ်လို့ ဆိုလိုတာပါ။
#ရွှေတန်ဘိုးဘယ်လိုတွက်မလဲ။
#ရေးထားတဲ့ရွှေရည်ကို24နဲ့စားပြီးဈေးနှူန်းနဲ့မြှောက်လိုက်ရုံပါဘဲ ။
#ဥပမာ
ဗမာရွှေဈေးတစ်ကျပ်သားကို ၇၀၀၀၀၀ိ ကျပ်ဆိုရင်
24K = ၇၀၀၀၀၀ိ
22K = 22÷24×(၇၀၀၀၀၀ိ)= ၆၄၁၆၆၆
18K = 18÷24×(၇၀၀၀၀၀ိ)= ၅၂၅၀၀၀ိ
14K = 14÷24×(၇၀၀၀၀၀ိ)= ၄၀၈၃၃၃ိ
နှုန်း ရပါတယ်။
ကျန်တဲ့ရွှေရည်တွေကိုလဲအဲဒီနည်းအတိုင်းဘဲတွက်ပါ။
ကျပ်သားဈေးနဲ့ မဟုတ်ပဲ
အောင်စ/ဂရမ် ဈေးနှူန်း ဆိုရင်လဲ တွက်လို့ရပါတယ်။
*ဥပမာ
ရွှေ တစ်ဂရမ် ကို ၄၀၀၀၀ိ နှူန်း ဆိုရင်
24K တစ်ဂရမ် = ၄၀၀၀၀ိ
18K တစ်ဂရမ် = 18÷24×(၄၀၀၀၀ိ)=၃၀၀၀၀ိ နှုန်းရပါတယ် ။
အလေးချိန် ၅ ဂရမ် ရှိတဲ့ 18K လက်စွပ်တစ်ကွင်းဖိုး ဆိုရင်တော့
၅ × ၃၀၀၀၀ = ၁၅၀၀၀၀ိ ပေါ့ ။
#ဗမာရွှေရည်နဲ့နှိုင်းယှဉ်မယ်ဆိုရင်. . .
24K = ၁၆ ပဲ ရွှေ ရည်
18K = ၁၂ ပဲ ရွှေရည် ကွက်တိ တူညီပြီး
23K = ၁၅ ပဲ ၃ ရွေး ရွှေရည်ခန့်
22K = ၁၄ ပဲ ၅ ရွေး ရွှေရည်ခန့်
20K = ၁၃ ပဲ ၃ ရွေး ရွှေရည်ခန့်
14K = ၉ ပဲ ၃ ရွေး ရွှေရည်ခန့် နဲ့တူညီပါတယ်။
#Karatကိုရွှေအရည်အသွေးကိုဖေါ်ပြဖို့အတွက်အဓိကသုံးတယ်။
*အထည်ရဲ့အတွင်းဘက်မှာ K မပါဘဲ 24,22,18, . . .လို့ဘဲ ရိုက်လေ့ရှိတယ်။
*ရွှေအတွက် သင်္ကေတက သရဖူပုံပါ။
*ပလက်တီနမ် ။ငွေ နဲ့
အခြားသတ္တုတွေအတွက်တော့ 925,916,750 စသည်ဖြင့် ဖေါ်ပြလေ့ရှိပါတယ်။
(နောက်တပုဒ် မှာ
999,925,916,750, . . .အကြောင်းတွေကို ထပ်ရေးပါဦးမယ်။
တစ်ပုဒ်ထဲမှာ ရေးရင် အရမ်းရှည်သွားလို့
နှစ်ပိုင်း ခွဲလိုက်တာပါ။)
ရွှေအကြောင်းကို စိတ်ဝင်စားတဲ့ Friends တွေ ဗဟုသုတ တိုးပွားနိုင်ကြပါစေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment