-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Friday, 12 February 2016

ဆွဲအားရှိသော အရာဝထ္ထုများကြောင့် ဖြစ်ပေါ်သော လှိုင်းများ





>>>ဆွဲအားရှိသော အရာဝထ္ထုများကြောင့် ဖြစ်ပေါ်သော လှိုင်းများ<<<

အာကာသ သိပံ္ပပညာရှင်များဟာ အမေရိကန် နိုင်ငံမှာရှိတဲ့ လေဆာရောင်ခြည် စခန်း Laser Interferometer Gravitational-Wave Observatory (LIGO) (တတိယပုံ) မှ လေဆာနည်းပညာကို အသုံးပြုပြီး လွန်ခဲ့သော နှစ်ပေါင်း (၁၀၀) ခန့်က ရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်း တွက်ချက်ခဲ့တဲ့ သီအိုရီမှန်ကန်ကြောင်း တိုက်ရိုက် သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။

အိုင်းစတိုင်းရဲ့ ရီလေတီဗတီ သီအိုရီ (General Relativity) အရတော့ စွမ်းအင်များလေ သူ့ ပါတ်ဝန်းကျင်ရဲ့ အာကာသလောကတည်ရှိမှု နှင့် အချိန် space-time continuum တို့ဟာ ကွေးညွှတ်လေ တွင်းနက်ဖြစ်လေလို့ ဆိုပါတယ်။ ၄င်းတွင်းနက်တွေရဲ့ ဆွဲအားကြီးမားမှုကြောင့် အကာသအတွင်း ဆွဲအားလှိုင်းများ (Gravitational Waves) ကို အလင်းရဲ့ အလျင်အတိုင်း အပြင်ကို တွန်းထုတ်ပါတော့တယ်.။ ထို့အတွက်ကြောင့်..အာကာသလောကတည်ရှိမှု နဲ့ အချိန်တို့အပေါ်မှာ ဂရက်ထသွားပါတယ်..။ ဥပမာပြောရရင်.. ရေထဲကို ကျောက်တုံးကြီးကျသွားလို့ လှိုင်းဂရက်တွေ ထ သွားသလိုပါပဲ..။

အခုလည်း စကြဝဠာအတွင်းက နေထက် ၂၉ ဆ နဲ့ ၃၆ ဆ စီကြီးမားတဲ့ တွင်းနက်ကြီး ၂ ခုရဲ့ ဆွဲအားကို လေ့လာသုံးသပ်ပြီး ထိုဆွဲအားကြောင့် တစ်ခုနဲ့ တစ်ခု တိုက်မိရာက နေထက် ဒြပ်ထု (mass) သုံးဆ ကြီးမားတဲ့ ဆွဲအားလှိုင်းကြီးတွေဟာ တစ်စက္ကန့် မပြည့်ခင်မှာပဲ အရှိန်ပြင်းစွာနဲ့ တွန်းထွက်လို့သွားတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ အလင်းလှိုင်းနဲ့ မတူတဲ့အချက်ကတော့ ဆွဲအားကြောင့်ဖြစ်တဲ့ လှိုင်းတွေဟာ အာကာသထဲမှာရှိတဲ့ အခြားသော ဒြပ်ဝထ္ထုများကြောင့် ပြောင်းလဲသွားခြင်း မရှိတာပါပဲ..။

LIGO လေဆာနည်းပညာနဲ့ ရှာဖွေပြသနိုင်ခဲ့တာကတော့.. ဆွဲအားကြောင့်ဖြစ်ပေါ်တဲ့ လှိုင်း တည်ရှိမှုနဲ့ ဆွဲအားကိုမူတည်ပြီး ကွဲပြားခြားနားမှုပဲဖြစ်ပါတယ်။ နောက်ပြီး အဲ့ဒီ့လှိုင်းတွေဟာ ကျနော်တို့ နေထိုင်တဲ့ ကမ္ဘာကိုလည်း ဖြတ်သန်းသွားလေ့ရှိပြီး..ကျုံ့လိုက် ဆန့်လိုက် ဖြစ်စေပါတယ်။

ယခုလို သမိုင်းဝင်တဲ့ ရှာဖွေတွေ့ရှိခြင်းဟာ စကြဝဠာကို လေ့လာဖို့ ပြုတင်းပေါက်တစ်ခု ပွင့်သွားခြင်းပါပဲ..။ အိုင်းစတိုင်းသာ ရှိနေခဲ့မယ်ဆိုလျှင်တော့.. အတိုင်းမသိ ပီတိဖြစ်နေရှာမှာပါ..။

အနာဂတ် ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ)
...........................................................
လူအများ နားလည်လွယ်အောင် အလွယ်ကူဆုံး နဲ့ အရှင်းလင်းဆုံး ရေးပေးထားတာဖြစ်ပါတယ်။ ပညာရှင်များ၊ ဝါသနာရှင်များအနေနဲ့ လွတ်လပ်စွာ ဖြည့်စွက်ဆွေးနွေး အကြံပြုနိုင်ပါတယ် ခင်ဗျာ..။

No comments:

Post a Comment