-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Monday, 29 February 2016

အနာဂတ်ကာလရဲ့ စတိုးဆိုင်တွေမှာ အရောင်းဝန်ထမ်းတွေ ရှိနေမှာ မဟုတ်တော့ပါဘူး


အနာဂတ်ကာလရဲ့ စတိုးဆိုင်တွေမှာ အရောင်းဝန်ထမ်းတွေ ရှိနေမှာ မဟုတ်တော့ပါဘူး။ အနာဂတ်မှာ ပေါ်ထွန်းလာနိုင်တဲ့ နည်းပညာမြင့် အနာဂတ် စတိုးဆိုင်တွေမှာ အရောင်းဝန်ထမ်း မရှိဘဲ ဈေးဝယ်သူက ဝယ်ချင်တဲ့ ပစ္စည်းကို စမတ်ဖုန်းဖြင့် စကင်ဖတ်ပြီး မိမိဘာသာ ဝယ်ယူနိုင်တဲ့ စနစ်တွေကို အသုံးပြုလာနိုင်မှာပါ။

ဒီလို စတိုးဆိုင်ကို ဆွီဒင်မှာ အကောင်အထည်ဖော် ဖွင့်လှစ်ခဲ့တာ ၂ လနီးပါးရှိပြီ ဖြစ်ပါတယ်။ ၂၄ နာရီ ဖွင့်ထားတဲ့ စတိုင်းဆိုင်မှာ ဝယ်ယူလိုသူ အနေနဲ့ သက်ဆိုင်ရာ App တစ်ခုကို စမတ်ဖုန်းမှာ ထည့်သွင်းထားရပါတယ်။ စတိုးဆိုင်ကို ရောက်တဲ့အခါ စမတ်ဖုန်း App သုံးပြီး သော့ဖွင့် ဝင်ရောက်နိုင်ပါတယ်။

ဆွီဒင်မှာ ဖွင့်လှစ်ထားတဲ့ အရောင်းဝန်ထမ်းမဲ့ စတိုးဆိုင် စိတ်ကူးကို ရောဘတ် အီလီဂျက်ဆန်က အကောင်အထည် ဖော်ခဲ့ပြီး စတိုးဆိုင်အတွက် App ကို ဇန်နဝါရီလမှာ Apple က အတည်ပြု ပေးခဲ့ပါတယ်။
ကွမ်တန်း မင်းရာဇာ

No comments:

Post a Comment