Saturday, 19 March 2016
ရန်ကုန်အပါအဝင် မြို့ကြီးခုနစ်မြို့၌ ငလျင်ကြီး လှုပ်ဖွယ်ရှိ
ရန်ကုန်အပါအဝင် မြို့ကြီးခုနစ်မြို့၌ ငလျင်ကြီး လှုပ်ဖွယ်ရှိ
*************************************************
သူသူထက်လွင် ၊ ရန်ကုန်၊
နှစ်ပေါင်း ၈ဝ၊ ၁ဝဝ ကြာလျှင် တစ်ကြိမ် ငလျင်ကြီး လှုပ်လေ့ရှိပြီး မြန်မာနိုင်ငံတွင် ငလျင်ကြီးမလှုပ်သည် မှာ နှစ်ပေါင်း ၈ဝ ကျော် ကြာမြင့်သွား ပြီဖြစ်၍ ရန်ကုန်မြို့အပါအဝင် မြို့ ကြီး ခုနစ်မြို့တွင် အချိန်မရွေး ငလျင် ကြီး ထပ်မံလှုပ်နိုင်ခြေရှိကြောင်း မြန် မာနိုင်ငံ အင်ဂျင်နီယာအသင်း ( Myanmar Equake Comittee) မြေငလျင် ကော်မတီမှ သိရသည်။
ပြင်းအား ရစ်ခ်ျတာစကေး ၇ ရှိ သည့် ပဲခူးငလျင်ကြီးသည် ၁၉၃ဝ ပြည့်နှစ်တွင် လှုပ်ခဲ့ပြီး ငလျင်ကြီးမ လှုပ်သည်မှာ နှစ်ပေါင်း ၈၆ နှစ် ရှိပြီ ဖြစ်ကာ စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ မြို့ များ အထူးသတိထားရမည် ဖြစ်သည်။
''ပြင်းအားပမာဏနည်းတဲ့ ငလျင် တွေကတော့ မကြာခဏ လှုပ်လေ့ရှိ ပြီး ပြင်းအား ၇ အဆင့်ရှိတဲ့ ငလျင် ကြီးကျတော့ နှစ်ပေါင်းများစွာ (၈ဝ၊ ၁ဝဝ)ကြာမှ တစ်ကြိမ် လှုပ်တယ်။ ရန် ကုန်မှာ ငလျင်လှုပ်နိုင်လားဆိုတာ ဖြေ ဖို့မလွယ်ဘူး။ ၁၉၃ဝ ပဲခူးငလျင်လှုပ် ခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့အပိုင်းက ပြင်း အား ၇ ဝန်းကျင်ရှိတဲ့ ငလျင် အချိန် မရွေး လှုပ်နိုင်တယ်။ စစ်ကိုင်းပြတ် ရွေ့ပေါ်မှာ ရန်ကုန်မြို့ရှိတယ်''ဟု မြန် မာနိုင်ငံ အင်ဂျင်နီယာအသင်း ( Myanmar Equake Comittee) မြေငလျင် ကော်မတီမှ အတွင်းရေးမှူး ဒေါက် တာမျိုးသန့်က ပြောသည်။
စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် ရှိနေ သည့် ရန်ကုန်မြို့အပါအဝင် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ တောင် ငူ၊ မိတ္ထီလာမြို့များတွင် ငလျင်ဒဏ်ခံ ရမည်ဖြစ်ပြီး ငလျင်ဒဏ် ခံနိုင်အောင် အဆောက်အအုံများကို ပြုပြင်မွမ်းမံ ထားရန်နှင့် ဘေးကင်းရာ နေရာများ သတ်မှတ်ထားရမည်ဟု သိရသည်။
''ငလျင်ဒဏ် ခံနိုင်ရည်မရှိတဲ့ အ ဆောက်အအုံတွေကို ပြုပြင်မွမ်းမံရ မယ်။ မြို့နယ်အလိုက်၊ ရပ်ကွက်အ လိုက် ဘေးကင်းရာနေရာ Evacuation Centre များ သတ်မှတ်ထားပြီး ပြည် သူတွေကို သိရှိအောင် ပြောထားရ မယ်''ဟု ¤င်းက ဆက်လက်ပြောသည်။
နှစ်စဉ် ပြင်းအား ၃ ရှိသည့် ငလျင်များသည် အကြိမ်အရေအတွက် များစွာ လှုပ်နိုင်ကြောင်းနှင့် ငလျင် ကြီးများအတွက် ပြည်သူများအား အ သိပညာပေးခြင်း၊ လေ့ကျင့်ပေးခြင်း များ ဆောင်ရွက်ထားသင့်ကြောင်း မြေငလျင်ကော်မတီမှ သိရသည်။
(Yangon Times Journal, 12-11)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment