-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Tuesday, 26 April 2016

ပြည်သူတိုင်းမှာ အခွင့်အရေးရှိသည်ကို ဖော်ပြမှု




ပြည်သူတိုင်းမှာ အခွင့်အရေးရှိသည်
________________
အမေရိကန်နိုင်ငံ ၀ါ၇ှင်တန်မြို့ က အဖွားအိုတဦးမှာ သူမပိုင်ဆိုင်သည့် အိမ်ကိုဖျက်ပြီး ကုန်တိုက်ကြီးဆောက် မှာဖြစ်လို့  ခြံနဲ့ အိမ်ကို စိတ်ကြိုက်ဈေးနဲ့  ပေးဝယ်ခဲ့ပေမဲ့ အိမ်လေးကို တွယ်တာနေတဲ့ အဖွားအိုက သူပိုင်မြေနဲ့ အိမ်ကို ရောင်းဖို့  ငြင်းဆန်နေခဲ့တာကြောင့် သူမနေတဲ့ အိမ် ပါတ်လည်ကို ကွင်းေ၇ှာင်ပြီး အဆောက်ဦးဆောက်ခဲ့ရသည်။

ခုတော့ အသက် ၈၇ နှစ်ပြီဖြစ်တဲ့ အဖွားအိုဟာ ၈၇နှစ်မှာ ကင်ဆာရောဂါနဲ့  သေဆုံးသွားခဲ့ပါပြီ ခုတော့ အဆိုပါအိမ်လေးဟာ လူတဦးချင်းစီမှာ ကိုယ်ပိုင်အခွင့်ရေး ဆုံးဖြတ်ပိုင်ခွင်၇ှိတယ် ဘယ်အစိုးရ ဘယ်အဖွဲ့ စည်းကမှ အင်အားသုံး မောင်းထုတ်လို့ မရဘူးဆိုသည့် ပြရုပ်တခုအဖြစ် သမိုင်းတွင်သွားခဲ့ပါတယ်။

Kuantan Min Yar Zar

Monday, 25 April 2016

ဂျင်းဘောင်းဘီရဲ့ အိတ်ကပ်အစွန်းတွေမှာ သတ္တုအဖုလေးတွေပါနေရတဲ့ အကြောင်းရင်း


ဂျင်းဘောင်းဘီရဲ့ အိတ်ကပ်အစွန်းတွေမှာ သတ္တုအဖုလေးတွေပါနေရတဲ့ အကြောင်းရင်း
========================
သင့်အနေနဲ့ ဂျင်းဘောင်းဘီဝတ်ဆင်ဖူးရင်တော့ အိပ်ထောင်အစွန်းနားမှာ ပါဝင်နေတဲ့ သတ္တုအဖုလေးနှစ်ခုကို သတိထားမိမှာပါ။ ဒီရဲ့ သတ္တုအဖုလေးမှာဆိုရင်တော့ လူတွေသိပ်မသိသေးတဲ့ အကျိုးကျေးဇူးတွေရှိနေပြီးသမိုင်းတွေလည်းရှိနေပါတယ်။

 ကြယ်သီးပုံစံ ဒီအဖုလေးတွေကို ဂျင်းဘောင်းဘ်ီတော်တော်များများမှာ နောက်ပိုင်းတပ်ဆင်လာကြပါတယ်။

ဂျင်းအဝတ်အစား နာမည်ကျော် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Levi’s က ဒီသတ္တုအဖုလေးတွေကို စတင်သုံးစွဲခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီအဖုလေးတွေကိုတော့ ပထမဆုံးမှာတော့ ကြေးဝါသတ္တုကို အသုံးပြုထုတ်လုပ်ခဲ့တယ်လို့ သိရပြီး နောက်ပိုင်းမှာတော့ ကြေးနီသတ္တုကို အသုံးပြုလာကြပါတယ်။ ကနဦး ထုတ်လုပ်ခဲ့တဲ့ ခေတ်ဦးဂျင်းဘောင်းဘီတွေဟာ ကြာရှည်ခံပေမယ့် အိပ်ထောင်နဲ့ ချုပ်ရိုးပြဲတဲ့ ပြဿနာတွေ ကြုံတွေ့နေရလို့ ဒီအဖုလေးတွေနဲ့ ချုပ်ရိုးတွေကို သေသေသပ်သပ်ဖြစ်အောင် ဖိထားတာဖြစ်တယ်လို့ သိရပါတယ်။

ဂျင်းဘောင်းဘီတွေစတင်ထုတ်လုပ်စဉ်ကလည်း အကြမ်းပတမ်းတစ်အားခံတာမို့ မိုင်းတွင်းလုပ်သားတွေအတွက် စိတ်ကြိုက် အဝတ်အစားဖြစ်ခဲ့ပါသတဲ့။ ဒါပေမယ့် မိုင်းတွင်းလုပ်သားတွေက သူတို့ရဲ့ ဂျင်းဘောင်းဘီတွေဟာ အိပ်ထောင် ချုပ်ရိုးပြဲတဲ့ ပြဿနာနဲ့ အမြဲလိုလိုရင်ဆိုင်ရလို့ Levi’s ကုမ္ပဏီကို စောဒကတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် မိုင်းတွင်းလုပ်သားတွေကို ကိုယ်စားပြုတဲ့အနေနဲ့ ဒီအဖုလေးတွေကို သတ္တုအသုံးပြုထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒီအဖုလေးတွေကို တပ်ဆင်ပေးလိုက်တဲ့အချိန်က စပြီး ချုပ်ရိုးပြဲတဲ့ ပြဿနာတွေမကြုံရတော့ဘဲ ကြာရှည်ခံတဲ့ ဂျင်းဘောင်းဘီကောင်းတွေဖြစ်လာခဲ့ပါတော့တယ်။

( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.comမှ
Kuantan Min Yar Zar

Sunday, 24 April 2016

ဘီလူးအကြောင်း တစ်စေ့တစ်စောင်း


ဘီလူးအကြောင်း တစ်စေ့တစ်စောင်း
------------------------------------------------

                   ဘီလူးဟူသော စကားလုံးမှာ ဘိရု ဟု ခေါ်သော ပါဠိုစကားလုံးမှ ဆင်းသက်လာပါတယ်။ စကားလုံးပြောင်းလဲလာပုံမှာလည်း ဘိ စကားလုံးမှာ ဤ ပြောင်းပြီး ရု တွင် ရ ကို ဦ ဟု ပြောင်းလဲကာ ၀စ္စနှစ်လုံးထည့်ကာ ဘီလူးဆိုတဲ့ စကားလုံး ဖြစ်လာသည်ဟု ပေါရာဏကထာဋီကာတွင် ပြဆိုထားပါတယ်။ ဘီလူး၏အဆင်းသဏ္ဍာန်မှာ ဆိုးဝါးလှပြီး ရက်စက်ကြမ်းကြုတ်တဲ့ နေရာမှာ နှစ်ယောက်မရှိဘဲ သတ္တ၀ါတို့ကို ညှဉ်းဆဲသတ်ဖြတ်ကာ အသွေးအသားများကို စားသောက်တတ်သော နတ် ၊ ဖုတ် ၊ မြွေ ၊ ပြိတ္တာ ၊ တစ္ဆေများကို ခေါ်ဆိုကြောင်း ကျမ်းဂန်များတွင် ပြရှိပါတယ်။

                    ဘီလူးကို ပါဠိဘာသာစကားဖြင့် ယက္ခ ၊ ရုက္ခဿ ၊ ကု မ္ဘဏ္ဍက ၊ ဒေ၀ ၊ ဘူတ ၊ ပေတ ၊ ၀ိသာစ ၊ အမနုဿ စသဖြင့် အမည်အမျိုးမျိုးဖြင့် ခေါ်ဆိုကြပီးတော့ မြန်မာဘာသာစကားဖြင့် ဘီလူး ၊ ရက္ခိုသ် ၊ နတ် ၊ ဖုတ် ၊ ဒါနော ၊ ပြိတ္တာ ၊ တစ္ဆေ ၊ ဥပါဟူ၍ အမည်အမျိုးမျိုး တွင်ပါတယ်။ မည်မျှပင် အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်စေပါမူ အကျဉ်းချုပ်အားဖြင့် နှစ်မျိုးသာ ကွဲပါတယ်။

(၁) ကုန်းမှာနေသော ကုန်းဘီလူး
(၂) ရေမှာနေသော ရေဘီလူး

                    ကုန်းဘီလူးသည် တော တောင် သစ်ပင် အဆောက်အအုံ မြေပြင်ပေါ်တွင် နေကြပါတယ်။ ရေဘီလူးသည် သမုဒ္ဓရာ မြစ် ချောင်း အင်း အိုင် ရေကုန်တို့၍ နေထိုင်ကြပါတယ်။ အချို့ဘီလူးများသည် အထက်နတ်မင်းကြီးထံမှ လည်းကောင်း ၊ သက်ဆိုင်ရာနယ်မြေရဲ့ ဘုရင်မင်းမြတ်ထံမှ လည်းကောင်း နေရာဒေသခွဲခြားပြီး အပိုင်စားပေးလျက်ရှိတယ်။ အချို့ဘီလူးများကတော့ အပိုင်စားမရသဖြင့် သင့်သလို ရှာဖွေစားကောက်ကြတယ်..။ အချို့ဘီလူးတို့သည် နတ်တို့ဖြစ်သော အစာ (သို့) လူတို့ပူဇော်ပသသော အစာများကို စားသောက်တယ်။
 
                     အချို့ဘီလူးတို့သည် တန်ခိုးအာနုဘော်ကြီးမား၍ အချို့ဘီလူးတို့ကား တန်ခိုးအာနုဘော် နည်းလှပါတယ်။ လက်နက်အမျိုးမျိုးကိုင်ဆောင်နိုင်သော ဘီလူးရှိသလို အချို့ကတော့ လက်နက်ကိုင်ကြနိုင်.။ ဘီလူးတို့ကို ခြုံ၍ ကြည့်ပါလျှင်

(၁) နတ်ပြည်္ဋ၌ ဖြစ်သော ဘီလူးများ
(၂) လူ့ပြည်၌ ဖြစ်သော ဘီလူးမျာဒ

                        နတ်ပြည်တွင် ဖြစ်သော ဘီလူးများသည် ၀ိရူဠကနတ်မင်းကြီးနှင့်တကွ အခြွေအရံ အလုပ်အကျွေးများ ဖြစ်ကြသော ကုမ္ဘဏ်ဘီလူးများ ၊ ကုဝေရနတ်မင်းကြီးနှင့်တကွ အခြံအရံ အလုပ်အကျွေးများ ဖြစ်ကြသော ဣန္ဒာသောမ စသော ဘီလူးစစ်သည်များနှင့် တလောလာ ၊ တတ္ထတလောလာ စသော ဘီလူး အစောင့်အရှောက်များနှင့် သာမန်ဘီလူးများ ဖြစ်ကြပါတယ်.။အားလုံးတို့သည် စတုမဟာရာဇ်နတ်များ ဖြစ်ကြတယ်..။ လူပြည်၌ဖြစ်သော ဘီလူးများမှာ နတ် ၊ ရက္ခိုက် ၊ ဖုတ် ၊ ဒါနော ၊ ပြိတ္တာ ၊ တစ္ဆေများ ဖြစ်ကြပါတယ်.။ သူတို့သည်လည်း နတ်မျိုးထဲတွင် ပါဝင်ပါတယ်.။
ရာဇ၀င်ကျမ်းများ ဗုဒ္ခကျမ်းများမှာ ထင်ရှားတဲ့ ဘီလူးတွေ ရှိတာ ကြားဖူးပါလိမ့်မယ်။

ဘုရားရှင်လက်ထက်မှာ အာဠာဝက ဘီလူး။ အာဠ၀ီပြည် နားရှိ တောထဲတွင် ညောင်ပင် တစ်ပင်ကို အပိုင်စားရပြီး နေတယ်။ ထိုညောင်ပင်အောက် ရောက်လာသူကို စားခွင့်ရှိတယ်လို့ စတုမဟာရာဇ်နတ်မင်းတွေက ပေးထားတယ်။
တစ်နေ့တော့ ဗုဒ္ဓရောက်လာပြီး သူ နောက်ဆုံးမှာ သောတာပန် တည်သွားရှာတယ်။

ပဉ္စ၀ုဓ ဇာတ် ငယ်ငယ်က သင်ဖူးကြမှာပါ။ ကပ်စေးနှဲ ဘီလူး ခေါ်မယ်ထင်တယ် သူ့ကို ထိတာနဲ့ ကပ်သွားတယ်။ ဒါကို ဘုရားလောင်းမင်းသားက ဇွဲနဲ့ မကြောက်ဘဲ ခံချတယ်။

မဟာသီလ၀ဇာတ် ကျတော့ သုသာန်မှာ လူသေကောင်ကို လုနေကြတဲ့ ဘီလူးနှစ်ကောင်ကို မဟာသီလ၀ မင်းကြီးက မျှတစွာ ခွဲဝေပေးတဲ့ အကြောင်းရှိပါသေးတယ်။

ကာက၀လိယ ဇာတ် က ဒီဃတာလ ဘီလူးကျတော့ ရာဇဂြိုလ်ပြည် မြို့တံခါးမှာ စောင့် နေပြီးတော့ နေ၀င်ကနေ အာရုံတက် အထိ နောက်ကျပြီး ရောက်လာသူ ၊ ၀င်သူတွေကို စားခွင့်ကို ဘုရင်ထံမှ ရထားတယ်။

နောက်ထင်ရှားတာ ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကပါဌပါဠိတော် နှင့် သုတ္တ နိပါတ်ပါဠိတော် မှ ရတနသုတ်  ဝေသာလီပြည်မှာ အငတ်ဘေး ၊ ဘီလူးဘေး၊ အနာရောဂါဘေးတွေ ကျရောက် ပြီး လူတွေ သေကြလို့ ဘုရားရှင်နဲ့ ရဟန်း ၅၀၀ ကြွရောက်ပြီး အရှင်အာနန္ဒာကို ရတနာ့သုတ်ရွတ်စေ ပြီး ကယ်တင်ခဲ့တယ်။

လူနဲ့ ဘီလူးစပ်ပြီး ကပြားမွေးတာတွေလဲ ရှိသေးတယ်။

ပဒကုသလ မာဏ၀ ဇာတ် မှာ ဘီလူးမက လှိဏ်ဂူမှာနေပြီး သူအပိုင်စားရတဲ့ တောထဲရောက်လာသူတွေကို ဖမ်းစားတယ်။ တစ်နေ့တော့ ချောမောတဲ့ ပုဏ္ဏား ကိုဖမ်းမိပြီး မစားဘဲ ပေါင်းသင်းနေလိုက်တယ် ကောင်းစွာရှာဖွေကျွေးမွေးတယ်။ နောက်တော့ သားလေးမွေးလာတယ်။ သားအဖနှစ်ယောက်ထွက်ပြေးကြတော့ ဘီလူးမကြီး ရင်ကွဲနာကျသေရရှာတယ်။ လူ့ပြည်မှာ သားအစဉ်ပြေဖို့ ဂါထာတစ်ခု သင်ပေးလိုက်တယ် ။ အဲ့ဒါက စိန္တမဏိဂါထာပေါ့။

မဟာရာဇ၀င်ကြီး ၊ ပထမတွဲ မှာ ယာခင်းစောင့်နေတဲ့ အခိုင်းအစေ အမျိုးသမီးလေးနဲ့ ဘုမ္မစိုး ဘီလူး ပေါင်းသင်းပြီးတော့ သားတစ်ယောက်မွေးလာတယ်။ ပုဂံမင်း (၂၆)ဆက်မြောက် မြင်းကျွေးမင်း ဖြစ်တယ် လို့ ဆိုပါတယ် ။

နောက်ပုဂံဇာတ်လမ်းပါပဲ ။ အများသိပြီးသား ပန်းတော်ဆက်ဗျတ္တ နဲ့ ပုပ္ပားက ဘီလူး ပေါင်းစပ်ပြီး ရွှေဖျဉ်းကြီး ၊ ရွှေဖျဉ်းငယ် ကုလား-ဘီလူး ကပြားညီနောင်မွေးလာတယ် လို့ ဆိုပါတယ်။

ပါရာဇိကဏ် အဋ္ဌကထာမှာလဲ သုဝဏ္ဏဘုမ္မိ ၊သထုံပြည် မှာ ရေဘီလူးတွေက သီရိမာသောကမင်း ရဲ့ မွေးဖွါးခါစ ကလေးတိုင်းကို လာစားလို့ တတိယသံဂါသန တင်အပြီးရောက်လာတဲ့ သောဏထေရ် နဲ့ ၊ ဥတ္တရထေရ်တို့က မနုသီဟရုပ်တွေ ဖန်ဆင်းပြီး ဘီလူးတွေကို လိုက်ကြတယ် ။ လူတွေကို ကာကွယ်ပေးတယ် ဆိုပါတယ်။ ပြီးမှ ကျန်တဲ့ ဘီလူးတွေကို ဗြဟ္မဇာလသုတ်တော် ဟောပြီး အကျွတ်တရားရစေတယ်။ အဲဒီနေ့က မွေးတဲ့ ကလေးကိုလဲ သောနုတ္တရ မင်းသားလို့ ခေါ်တယ်။

ဘီလူးမှာ ထူးခြားတာက သူ လူယောင်ဆောင်ထားရင်တောင် -

(၁) မျက်စိနီခြင်း
(၂) မျက်တောင်မခတ်ခြင်း
(၃) အရိပ်မထွက်ခြင်း
(၄) အကြောက်အရွံ့ မရှိခြင်း
(၅) ရက်စက်ကြမ်းကြုတ်ခြင်း တို့ ရှိနေကြတယ်။

လူကို ဘီလူးဝင်စီးထားရင်လဲ ဒီလို ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့  လုပ်ငန်းသဘောသဘာဝမှာ အစောင့်အရှောက် အလုပ်ကို များစွာ တာဝန်ပေးခံရတဲ့ အတွက် နတ်မင်းကြီးများရဲ့  အခြံအရံ အလုပ်အကျွေးတွေ ဖြစ်ကြတဲ့ ဘီလူးစစ်သည်များကို ရည်စူးပြီး ဘုရားစေတီ၊သိမ်ကျောင်း၊တန်ဆောင်း ၊ရေကန်တွေမှာ ဘီလူးရုပ်ထုလုပ်ထားတတ်ကြောင်း အစဉ်အလာ တစ်ခုအဖြစ်သိရပါတယ်။

မြန်မာမှာတော့ ဘီလူးကျွန်းရဲ့ သမိုင်းနဲ့ မွန်ခမာ-နီဂရစ်တို စစ်များ အပြီး နယ်မြေ သိမ်းပိုက်ခြင်းများ ၊ ရေဘီလူးများ သောဏထေရ်တို့ ရောက်လာပြီး နောက်ပိုင်း နယ်မြေပြောင်းရွှေ့ကြပုံတွေကို မွန်ရာဇ၀င်ကျမ်းများ ၊ ဓမ္မစေတီမင်း၏ ကျောက်စာများမှာ ဖတ်ကြည့်နိုင်ပါတယ် ။ ဘီလူးကျွန်းဟာ သထုံဒေသကို အုပ်စိုးခဲ့ကြတဲ့ ဘီလူးများ (နီဂရစ်တို ဟူသော မျိုးနွယ်စုများ) စတင်နေထိုင်ခဲ့ကြကြောင်း တိကျသော သမိုင်း အထောက်အထားများအရ သိရှိရပါတယ်။ နောက်ပိုင်း ဘီလူးများ အကျွတ်တရားရပြီး ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်လာခြင်း ၊ ဗုဒ္ဓဘာသာဆိုင်ရာ သာသနိက အဆောက်အဦးများကို စောင့်ရှောက်ခြင်း များရှိခဲ့တာကြောင့်လဲ ဘုရားစေတီ၊ သိမ်ကျောင်း၊ တန်ဆောင်း ၊ ရေကန်တွေမှာ ဘီလူးရုပ် ထုလုပ်ထား တတ်ကြောင်း မွန်ရာဇ၀င်များမှ သိနိုင်ပါတယ်။

ဘီလူးများကိုယ်တိုင်တည်ခဲ့သော ဘီးလင်းမြို့နယ် ၊ ဇုတ်သုတ်ရွာ ၊ ထီးဆောင်းဘုရား ကိုလဲ ဖူးတွေ့နေကြရသောကြောင့် ဖြစ်ပါတယ်။

မှတ်ချက်။            ။ ဒီနေရာတွင် ကြားဖြတ်ပြောချင်တာကတော့ ဖုတ်ပြိတ္တာများကို တစ္တေဟု မှတ်ယူရမည်။ ယင်းတစ္ဆေတွင်လည်း တစ္ဆေငယ်ကို မှင်စာ ၊ တစ္ဆေကြီးကို သရဲ ၊ အစိမ်း ၊ သဘက် ၊ ဥဗက စသဖြင့် ခေါ်သည်။ သို့ရာတွင် ခြောက်လှန့် ဖမ်းစားတတ်သော နတ်မကောင်းဆိုးဝါးမှန်သမျှကို တစ္ဆေဟု မှတ်သားရမည်.။

((((Sleep Paralysis(ဘီလူးစီး) ခြင်းအကြောင်း))))

ဘီလူးစီးတယ် ဆိုတာ ကိုယ်တိုင် မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ် ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေလက်တွေလှုပ်မရ၊ အော်မရ ပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ် လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ ခေါ်တဲ့ အခြေ အနေ တစ်ရပ်ကို တစ်ခါလောက် ကြုံဖူးသွားတာနဲ့ နောက်ထပ် ကြုံဖို့ လန့်သွား လောက်တဲ့ အတွေ့အကြုံတစ်ရပ်ပါ။ Sleep Paralysis ကိုနှစ်မျိုး ခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာက လူတိုင်း ဖြစ်နိုင်ပေမယ့် RISP ဆိုတာ ကတော့ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ မူမမှန်တဲ့ ရောဂါတစ်မျိုးမျိုး ရှိနေသူ တွေမှာသာ ပိုဖြစ်တတ် ပါတယ်။ ISP က လူတစ်ယောက် တစ်သက်မှာ တစ်ခါ လောက်ပဲကြုံတတ် ပါတယ်။ RISP ကတော့ ခဏခဏပြန်ဖြစ်နေတာပါ။ မြန်မာလို ပြောရရင်တော့ ဘီလူးစီး တယ်ဆိုတာက သာမန်လူမှာဆိုရင် တစ်သက်မှာ တစ်ခါလောက်ပဲ ကြုံတွေ့နိုင်ပေ မယ့် အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ရောဂါရှိသူတွေမှာ ဆိုရင် ခဏခဏဖြစ်နိုင်ပါတယ်။ တစ်ညတည်းကိုပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိုင်ချေ ရှိပါ တယ်။ ဘီလူးစီးတာ ဘာဖြစ်လို့ ဖြစ်ရတာလဲ ဆိုတာကို ဖြေရှင်းဖို့ ကတော့ အတော် လက်ဝင်ပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့်လည်း ဆိုတဲ့ အဖြေ အတိအကျ တော့မရှိဘဲ သီအိုရီ သဘောတရားအရ ပဲရှိပါသေးတယ်။ လူ တစ်ယောက်ရဲ့ အိပ်စက်ခြင်းကို REM (rapid eye movement) နဲ့ NREM (non-rapid eye movement) ဆိုပြီးတော့ အဆင့်ခွဲပါတယ်။ အဲဒီ တစ်ဆင့်ခြင်း ဆီမှာကိုပဲ သူနဲ့သက်ဆိုင်တဲ့ ဦးနှောက်ရဲ့ တုန့်ပြန်မှုတွေ၊ ခန္ဒာကိုယ်ရဲ့ တုန့်ပြန်မှုတွေ ရှိပါတယ်။ တစ်ညတာ အိပ်စက်တဲ့အခါမှာ ဒီ NREM နဲ့ REM အဆင့်တွေ အလှည့်ကျ ဖြစ်ပေါ်အောင် ဦးနှောက်က ထိန်းချုပ် ထားရ ပါတယ်။ အလွယ်ပြောရ ရင်တော့ NREM ဆိုတာက အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေဖြစ်ပြီး REM ကတော့ လုံးဝအိပ်ပျော် သွားတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ REM အချိန်မှာလူတွေပာာ အိပ်မက်မက်ကြပါတယ်။ အိပ်မက်ထဲမှာ ဆိုပေမယ့် လည်း ကိုယ့်စိတ်ထဲ မှာတော့ တကယ် ထင်နေတာပါပဲ။ အဲဒီတော့ အိပ်မက်ထဲမှာ လက်သီး ထိုးနေရင် အပြင်မှာလည်း လိုက်ထိုးနေဖို့ ရှိပါတယ်။ အိပ်မက်ထဲမှာ ဘောလုံး ကန်နေရင် အပြင်မှာလည်း လိုက်ကန်နေမိ ပါလိမ့်မယ်။ အဲဒီတော့ အဲလိုမျိုး အိပ်မက်ထဲမှာ လုပ်တဲ့အတိုင်း အပြင်မှာ လျှောက်မဖြစ် နေအောင် ဦးနှောက် က REM အဆင့် လူတွေ အိပ်မက်မက်ပြီ ဆိုရင် အိပ်မက်ထဲက အတိုင်း အပြင် မှာ လိုက်မလုပ်နိုင်အောင် လူကို ထိန်းချုပ် လို့ရတဲ့ ကြွက်သားတွေကို လုံးဝ မလှုပ်တော့အောင် လှမ်းပိတ်ထား လိုက်ပါတယ်။ ပြီးတော့မှ နိုးတော့မယ် ဆိုမှ REM အဆင့်ကနေ NREM ဖြစ်၊ ဦးနှောက်က ထိန်းချုပ် ထားတာတွေကို ပြန်လျှော့ပြီး ပြန်လှုပ်ရှားလို့ ရအောင်လုပ်ပါတယ်။ ဦးနှောက် က REM အဆင့်မှာ ထိန်းချုပ်တဲ့နေရာမှာ လူကိုယ်တိုင် ထိန်းနိုင်တဲ့ ကြွက်သားတွေ ကိုသာ သေအောင် လုပ်ထားပါတယ်။ အဲဒါကြောင့် ဘီလူး စီးတဲ့ အချိန်မှာ မအော်နိုင်မပာစ်နိုင်၊ မလှုပ်ရှားနိုင်ပေမယ့် အသက်ရှူတာ လိုမျိုး အရေးကြီးတဲ့ ကြွက်သားတွေကတော့ ပုံမှန် အလုပ်ဆက်လုပ် ပါတယ်။ အဲလို ဘီလူးစီးတယ် ဆိုတဲ့ အခြေအနေ ဖြစ်ပေါ်ရတာကတော့ ခုနက ပြောထားတဲ့ REM အဆင့်ကနေ မလျော့ဘဲ ဦးနှောက်က ထိန်းချုပ်ထား တာတွေ မလျှော့ဘဲ အလုပ်လုပ်ပုံ မှားယွင်းတာကြောင့် နိုးသွားပြီး လူရဲ့ သိစိတ် ပြန်ဝင်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်က အိပ်နေ တယ်လို့ပဲ ဆက်သတ်မှတ်ထားပြီး REM အဆင့်မှာပဲ ဆက်ထားတဲ့အခါမှာ အခုလိုမျိုး လှုပ်မရ၊ အော်မရ ဖြစ်လာပါတယ်။ အိပ်မက်မက်နေသလို၊ တကယ် ဖြစ်နေသလို ခံစားရပါတယ်။ နိုးလာစေချင်ပေမယ့်လည်း မနိုးနိုင် ဖြစ်ခါ အတော်ကြီးကို စိတ်ဒုက္ခ ရောက်ရပါတယ်။ အခြားအပြင်ဘက်က အထိအတွေ့ တစ်ခုခုကြောင့်နဲ့ ဦးနှောက်ကပြန်ပြီး ပုံမှန်ပြန်လုပ်သွားတဲ့ အခါကျမှ ပြန်လှုပ်လို့ရသွားပါတယ်။ ဆိုလိုချင်တာက အပြင်ကလူ တစ်ယောက်ယောက် မနှိုးမခြင်း၊ REM အဆင့် မကုန်သွား မခြင်း လှုပ်လို့မရသေး ပါဘူး။ နောက်တစ်ချက် ကတော့ ဘီလူးစီးတဲ့ အချိန်မှာ လူတွေပာာ အိပ်မက်လိုဖြစ်နေပေမယ့် တကယ့်ကို ကြောက်မက်ဖွယ် ကောင်းတဲ့ စိတ်ခြောက်ခြားစရာဖြစ်တဲ့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေရ တယ်လို့ စိတ်ထဲမှာခံစားမိနေပါတယ်။ အဲဒါကလည်း သိစိတ် ရှိနေတဲ့ REM အဆင့်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ဦးနှောက်ဘာသာ ပြန်တာ လွန်ကဲပြီး ဒီအခြေအနေပာာ အသက်အန္တရာယ်ထိ ရှိလာနိုင်တယ် အရမ်း ကြောက်ဖို့ ကောင်းတယ်လို့ နောက်ဆက်တွဲ ဘာသာပြန်ပါတယ်။ အဲဒါ ကြောင့် ဘီလူး စီးခံရတဲ့ လူတွေပာာ အဲလိုလှုပ်လို့မရတဲ့ အခြေအနေ တစ်ရပ်မှာ အင်မတန် ကို ကြောက်စရာကောင်းတဲ့ အတွေ့အကြုံ ခံစားခဲ့ ရတယ်လို့ ထင်ပြီး နိုးလာရင်တောင် ကြောက်စိတ်မပြယ် ဖြစ်နေတတ် ပါတယ်။ ဒီလိုဦးနှောက်က ဘာသာပြန် မှားယွင်းတာပာာ ဦးနှောက်ကို အောက်ဆီဂျင် သိပ်မရောက်တဲ့ အခြေအနေတွေ ဥပမာ လေ၀င်လေထွက် မကောင်းတာမျိုး၊ ကာဘွန်ဒိုင် အောက်ဆိုက်ဒ် အရမ်းများနေတဲ့ အခန်းထဲမှာ အိပ်တာမျိုးဆိုရင် ပိုဖြစ်တတ် ပါတယ်။ တစ်ခါတလေမှာ အဲဒါက အလွန်ပြင်းထန်သွားတတ်ပြီး အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်ကာ အိပ်မက်လို့ သိနေပေမယ့်လည်း အသက်ရှူ ကြပ်တဲ့ အထိ၊ အသက်ရှူလို့ မရတဲ့အခြေအနေထိ ဖြစ်လာပါတယ် ။ ဘီလူးစီးခြင်း (Sleep paralysis) ပာာ အသက် အန္တရာယ် ဖြစ်လောက်အောင် ဒုက္ခမပေးနိုင်ပေမယ့် ခံစားခဲ့ရတဲ့ သူအတွက် တော့ တစ်သက်တာမမေ့နိုင်အောင် ကြောက်မက်ဖွယ် ကောင်းခဲ့ပါတယ်။ ဘီလူးစီး တာပာာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ချိန်မမှန်တဲ့သူတွေ၊ ပက်လက် အိပ်တတ် သူတွေ၊ ဖိအားများလွန်းတဲ့ သူတွေ၊ အရမ်းကို ပင်ပန်းနွမ်းနယ် နေတဲ့ သူတွေ၊ ဆေးသုံးတဲ့ သူတွေမှာ ပိုဖြစ်ပါတယ်။ ဒီနေရာမှာတော့ မြန်မာတွေ အရင်တည်း က ယူဆလာတဲ့ အချက်က အတော်မှန်နေတာ တွေ့ရပါတယ်။ ငယ်ငယ်တုန်းက ဘီလူးစီးခံရ တယ်ပြောရင် လူကြီးတွေက ပက်လက် မအိပ်နဲ့ လို့ ပြောခဲ့တာက အခုသိပ္ပံနည်းကျ ရှင်းတဲ့အခါမှာလည်း အင်မတန် မှန်နေပါတယ်။ ပက်လက်အိပ်တဲ့ အခါမှာ ခန္ဒာကိုယ်အနေ အထားကြောင့် လျှာ ဒါမှမပာုတ် အာခေါင်ပျော့ တို့ရဲ့ ဖိအားကြောင့် အသက်ရှူ လမ်းကြောင်း ပိတ်ပြီး လေသိပ်မ၀င်တော့တဲ့အခါ ဘီလူးစီးတာ ဖြစ်ပေါ်လာ နိုင်တယ်လို့ ဆိုပါတယ်။ ပုံမှန်အိပ်တာ၊ လေ၀င်လေထွက် ကောင်းအောင် လုပ်တာနဲ့ အိပ်ရာကုတင် သန့်သန့်ရှင်းရှင်းနဲ့ လူလည်း သန့်သန့်ရှင်းရှင်း အိပ်မယ်ဆိုရင် Sleep Paralysis ကိုကာကွယ် နိုင်ပါတယ်။

ဒီလောက်ဆိုရင် ဘီလူးနဲ့ပတ်သက်တာ သိသင့်သလောက်တော့ သိသွားပီလို့ ထင်မြင်မိပါတယ်။

#လင်းညို့တာရာ
#မှော်ပညာ
Kuantan Min Yar Zar

Thursday, 21 April 2016

ငါးကင်ကြိုက်သူများ သတိနဲ့ စားကြပါ


ငါးကင်ကြိုက်သူများ သတိနဲ့ စား

မေတ္တာဖြင့်  တောင်ကြီးသား
အရပ်ထဲမှာက နုတ်ကျိုးနေတဲ့ ဇလားဗီယား လို့ခေါ်တဲ့ တီလားပီယား ငါးအကြောင်း

ကျနော်တို့စားနေတဲ့အဲဒီငါးအကြောင်းကြားရတာ ကြောက်စရာကြီးမို့
 ပြောပြချင်လို့ပါ ။

တီလားပီယား သဘာဝအရိုင်းများက ရေမှော် ရေညှိ အပင်ငယ်များကိုသာ
စားသုံးကြပြီး မွေးမြူရေးတီလားပီယားကတော့ လူလုပ်အစာများကိုသာ စားကြရပါတယ် ။

ဒါကြောင့် မွေးမြူရေးတီလားပီယား ငါးများမှာ သဘာဝအရိုင်း တီလားပီယား
များလို ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ငါးအဆီ မပါရှိတော့ပါဘူး ။
-------------------------------------------------------------------

.မွေးမြူရေးတီလားပီယား ငါးများဟာ ကျန်းမာရေး ကို ဘယ်လို

ထိခိုက်စေသလဲ ဆိုတော့
( Why farm a bred Tilapia is Bad for Your Health )

1. ရောင်ရမ်းစေခြင်း ( Inflammation )

မွေးမြူရေးတီလားပီယားငါးကို စားသုံးခြင်းဖြင့် ရှိရင်းစွဲရောဂါများကို

ပိုဆိုးစေပါတယ် ။ ဥပမာ ပန်းနာရင်ကြပ်ရောဂါ ၊ နှလုံးရောဂါ ၊ အဆစ်အမြစ်

ရောင်ရောဂါ များ ပိုဆိုးလာပါတယ် ။

မွေးမြူရေးတီလားပီယားငါးမှာ Omega 3 fatty acid မပါတော့လို့

ဖြစ်ပါတယ် ။

2. ကင်ဆာဖြစ်စေသောဓါတ်များ ( Cancer Causing Pollutants )

မွေးမြူရေးတီလားပီယားများကို ကြက် ၀က် ဘဲ တို့ ၏ အညစ်အကြေး

များဖြင့် ပြုလုပ်ထားသော အစာများ ကြွေးကြပါတယ် ။

တီလားပီယား သဘာဝငါးအရိုင်းထက် မွေးမြူရေးတီလားပီယားငါးမှာ

ကင်ဆာဖြစ်စေသည့် ဓါတ် ၁၀ ဆ ပိုမိုပါဝင်နေပါတယ် ။

3.ပိုးသတ်ဆေး / ပဋိဇိဝဆေးများ ( Higher Pesticides and Antibiotics )

မွေးမြူရေးငါးများဟာ တနေရာတည်းမှာ အကောင်ရေများစွာ ပြွတ်သိပ်

နေရသည့်အတွက် ရောဂါဖြစ်လွယ် သေလွယ်ပါတယ် ။ ဒါကြောင့်

ရောဂါမဖြစ်ပွားအောင် ပဋိဇီဝဆေး ( Antibiotics ) များ ထည့်

လေ့ရှိပါတယ် ။

ငါးများမှာ သန်းမစွဲအောင် ပိုးသတ်ဆေး ( Pesticides ) များလည်း

ထည့်ကြပါတယ် ။

၎င်းဓါတ်များက စားသုံးသူကို အဆိပ်အတောက်ဖြစ်စေပါတယ် ။

4. အိုမီဂါ ၃ နည်းခြင်း ( Low Omega-3 to Omega-6 Ratios )

မွေးမြူရေးတီလားပီယားငါးများဟာ ၀နေတဲ့အတွက် အကောင်ကြီးပါတယ် ။

ပရိုတိန်းပါဝင်မှု နည်းပါတယ် ။ အိုမီဂါ ၃ ( Omega-3 fatty acid ) ပါဝင်မှု

နည်းပါးပြီး ( Omega-6 fatty acids ) အချိုးအစား များစွာပါဝင်ပါတယ် ။

Omega-6 fatty acids က များများစားမိရင် ရောင်းရမ်းမှုတွေဖြစ်စေပါတယ် ။

5. ဒိုင်အောက်စင်များခြင်း ( High Dioxin Levels )

ဒိုင်အောက်စင်ဓါတ်ဟာ ကင်ဆာဖြစ်စေပါတယ် ။

ကိုယ်ထဲကို တခါဝင်မိရင် ဖယ်ထုတ်ပစ်ဖို့ ၇ နှစ်ကနေ ၁၁ နှစ်ထိ

ကြာပါတယ် ။

သဘာဝငါးထက် မွေးမြူရေတီလားပီယားမှာ ဒိုင်အောင်စင် ၁၁ ဆ ပို

ပါဝင်ပါတယ် ။

ငါးမွေးမြူရေးလုပ်များအနက် တရုတ်ပြည်က ငါးမွေးမြူရေး

လုပ်ငန်းတွေမှာ စီးလွတ်ဝါးလွတ် လုပ်ကိုင်မှုကြောင့် ၊ အဲဒီက

တီလားပီးယားငါးတွေက ပိုဆိုးတယ်လို့ လေ့လာမှုများက ဖေါ်ပြ

ပါတယ် ။

မြန်မာပြည်အကြောင်းတော့ မပါပါဘူး ။

မြန်မာပြည်မှာလည်း မဆလ ခေတ်ကစပြီး တီလားပီယားမွေးမြူရေး

အကြီးအကျယ် စတင်ခဲ့ပါတယ် ။

စားသုံးမှု လည်း အရှိန်အဟုန်ကြီးခဲ့ပါတယ် ။

ယခုကာလမှာ စားသုံးမှုက အရှိန်ရနေပါပြီ ။

စည်းလွတ်ဝါးလွတ် လုပ်တဲ့နေရာမှာ မြန်မာလည်း တရုတ်အောက်

လျော့မယ် မဟုတ်လို့ ၊ ကျနော်တို့ ဆီက တီလားပီယားတွေလည်း

တရုတ်က တီလာပီယားတွေနဲ့ နင်လား ငါလားနေမှာပါ ။

အစားအသောက်အန္တရာယ်တွေက ရှာဖွေလေလေ တွေ့ ရှိလေလေ ဆိုတော့ ။

ကျန်းမာချမ်းသာကြပါစေ

ref:ဒေါက်တာမြင့်သိန်း

Wednesday, 6 April 2016

Japanတွေဆီက အတုယူစရာကောင်းတဲ့အချက် ၇ချက်။


ဂျပန်တွေဆီက အတုယူစရာကောင်းတဲ့အချက် ၇ချက်။
_____________________________________
၁။ ။ယဉ်ကျေးသိမ်မွေ့ခြင်း
________________________

ဂျပန်လူမျိုးတွေဟာ အလွန်ယဉ်ကျေးသိမ်မွေ့ကြပါတယ်။

တစ်ယောက်နှင့်တစ်ယောက်တွေ့တဲ့အခါ"ကောင်းသောနေ့လေးပါ၊ကောင်းသောညလေးပါ

"စသည်ဖြင့် နှုတ်ဆက်ကြပါတယ်။

အလုပ်ဝင်တဲ့အခါမှာလည်း တွေ့တဲ့လူတိုင်းကို "ကောင်းသောနံနက်ခင်းပါခင်ဗျာ"လို့နှုတ်ဆက်ပြီး၊

အလုပ်ပြီးလို့ပြန်တဲ့အခါမှာလည်း

"ဒီနေ့ပင်ပန်းသွားပါပီ၊ပြန်ပါတော့မယ်ခင်ဗျာ"စသည်ဖြင့် နှုတ်ဆက်ပြီးမှပြန်ကြပါတယ်။

မျက်လုံးချင်းဆုံလျှင် ခေါင်းညိတ်၊ပြုံးပြတတ်ကြပြီး၊ မတော်တစ တိုက်မိကြတဲ့အခါမှာ သူတို့က

စတင်ပြီးတောင်းပန်တတ်ကြပါတယ်။
________________________

၂။ ။ အချိန်ကိုလေးစားခြင်း
________________________

ဂျပန်လူမျိုးတွေဟာ အချိန်ကို အလွန်လေးစားတန်ဖိုးထားကြပါတယ်။

ချိန်းဆိုမှုတွေလုပ်တဲ့အခါမှာ အမြဲတမ်း ချိန်းဆိုထားတဲ့အချိန်ထက် စောရောက်နေလေ့ရှိပါတယ်။

ရထားတွေ၊ကားတွေဟာလည်း အချိန်မှန်ကန်တိကျစွာ ပြေးဆွဲကြပါတယ်။

________________________

၃။ ။စည်းကမ်းရှိခြင်း
________________________

ဂျပန်လူမျိုးတွေဟာ အလွန်စည်းကမ်းရှိကြပါတယ်။

တန်းစီတဲ့အခါမှာ စနစ်တကျ စည်းကမ်းရှိရှိ ညီညီညာညာ တန်းစီကြပါတယ်။

အမှိုက်ပစ်တဲ့အခါမှာလည်း အမှိုက်ကို အမှိုက်ပုံးရှိတဲ့နေရာအထိ သယ်ပြန်ပီး

အမှိုက်ပုံးထဲမှာပဲပစ်လေ့ရှိပါတယ်။

ပျော်ပွဲစားထွက်တဲ့အခါမှာလည်း မိမိတို့အမှိုက်ကို မိမိတို့သန့်ရှင်းအောင်

သိမ်းပြီးမှပြန်လေ့ရှိပါတယ်။
________________________

၎။ ။ပတ်ဝန်းကျင်ကို အလေးထားခြင်း
________________________

ဂျပန်လူမျိုးတွေဟာ မိမိအတွက်ကြောင့် တခြားလူ ဒုက္ခရောက်မှာကို အလွန်စိုးရိမ်ကြပါတယ်။

ရထားထဲ၊ကားထဲမှာ ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်အောင်

တယ်လီဖုန်းမပြောကြပါဘူး။ဖုန်းကိုလည်း အမြဲတမ်း အသံမထွက်အောင် vibrate

mode(တုန်ခါမှု)ပဲလုပ်ထားကြပါတယ်။

ဖုန်းလာလျှင် ရထား၊ကားကနေဆင်း၊ အပြင်ထွက်ပီး စကားပြောကြပါတယ်။

မြို့ထဲမှာ ကားအမျိုးမျိုး မောင်းနှင်သွားလာနေကြပေမယ့် ကားဟွန်းမတီးကြပါဘူး။ကားဟွန်းသံ

မကြားရပါဘူး။
________________________

၅။ ။ တာဝန်ယူမှုရှိခြင်း
________________________

ဂျပန်လူမျိုးတွေဟာ ကိုယ့်တာဝန် ကိုယ်ယူလိုစိတ် ပြင်းထန်ကြပါတယ်။

ကလေးကအစ လူကြီးအဆုံး ကိုယ့်တာဝန်ကိုယ်ယူကြပါတယ်။

ဂျပန်ကျောင်းတွေမှာ သန့်ရှင်းရေးဝန်ထမ်းတွေမထားပါဘူး။

အိမ်သာကအစ စာသင်ခန်းအဆုံး ကျောင်းသားလေးတွေက အလှည့်ကျ

သန့်ရှင်ရေးလုပ်ကြရပါတယ်။

လူကြီးတွေကလည်း တာဝန်ယူစိတ်အလွန် ပြင်းထန်ကြပါတယ်။

ဂျပန်အိမ်တွေမှာ အိမ်ဖော်ထားတဲ့ ယဉ်ကျေးမှုဆိုတာ မရှိပါဘူး။

ကိုယ့်အိမ်ကို ကိုယ်ကိုတိုင် သန့်ရှင်းရေးလုပ်ပြီး၊ ကိုယ့်မိသားစုအတွက်

ကိုယ်ကိုတိုင်ချက်ပြုတ်ကြပါတယ်။

ဝန်ထမ်းတွေကလည်း မိမိတို့အမှားလုပ်မိလျှင် အမှားလုပ်မိကြောင်း ဝန်ခံတောင်းပန်ပြီး

တာဝန်ယူတဲ့အနေနဲ့ အလုပ် ကနေနှုတ်ထွက်ကြပါတယ်။
________________________

၆။ ။အလုပ်ကြိုးစားခြင်း
________________________

ဂျပန်လူမျိုးတွေဟာ အလုပ်အလွန်ကြိုးစားကြပါတယ်။

ဝန်ထမ်းတွေဟာ အလုပ်ချိန်ထက် အမြဲတမ်း နာရီဝက် စောလာလေ့ရှိပါတယ်။

အလုပ်လုပ်ရတာကို အလွန်နှစ်သက်မြတ်နိုးကြပါတယ်။

နေစရာမရှိလို့ ဘူတာတို့ ပန်းခြံတို့မှာ နေထိုင်နေတဲ့ အိုးမဲ့အိမ်မဲ့တွေတောင်

မတောင်းစားကြပါဘူး။

ကိုယ့်ဝမ်းစာ ကိုယ်ရှာစားကြပါတယ်။
________________________

၇။ ။ခိုင်မာတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိခြင်း
________________________

ဂျပန်လူမျိုးတွေဟာ ကိုယ့်ရဲ့အားနည်းချက်၊အားသာချက်၊ဝါသနာကို တိတိကျကျသိကြပါတယ်။

ကိုယ်ဘာလုပ်ချင်တယ်၊ ဘာဖြစ်ရမယ်ဆိုတဲ့ တိကျတဲ့ရည်မှန်းချက်ပန်းတိုင်ရှိပြီး

ရည်မှန်းချက်ပန်းတိုင်အထိရောက်အောင် မဖြစ်မနေကြိုးစားကြပါတယ်။

________________________

credit to အကီ
Kuantan Min Yar Zar
________________________

Monday, 4 April 2016

" ယုံကြည်မှုလွန်ကဲခြင်း "( Over Confident )


" ယုံကြည်မှုလွန်ကဲခြင်း "( Over Confident )
*******************************

ချာလီချက်ပလင်ရဲ့ ဘ၀မှာ အမှတ်ရစရာ အဖြစ်အပျက်တစ်ခုရှိပါတယ်။
အဲ့ဒါကတော့ သူ့ရဲ့နှစ် ၅၀ ပြည့်မွေးနေ့မှာပါ။
သူ့ပရိသတ်တွေနှင့်မိတ်ဆွေရောင်းရင်းတွေက သူ့မွေးနေ့ကို ထူးထူးခြားခြားနဲ့ ကျင်းပပေးချင်ကြတယ်။ သူတို့တစ်တွေ အကြံကောင်းရသွားကြတယ်။

အင်္ဂလန်ပြည်တစ်ပြည်လုံး နေရာတိုင်းမှာ ချာလီချက်ပလင်ရဲ့ နေရာမှာ သရုပ်ဆောင်ဖို့ လူတွေကိုဖိတ်ခေါ်ပြီး ပြိုင်ပွဲကျင်းပဖို့ပါ။
ပြီးတော့ အဲ့ဒီပြိုင်ပွဲတိုင်းမှာ အနိုင်ရသူကိုရွေးပြီး အနိုင်ရသူအချင်းချင်း မြို့နယ်အလိုက်ထပ်ပြီး ၀င်ပြိုင်ကြဖို့ပါ။ နောက်ဆုံးဗိုလ်လုပွဲကိုတော့ မြို့တော်လန်ဒန်မှာ ကျင်းပပြီး ပထမဆုရသူကို ရွေးချယ်ချိးမြှင့်ကြမှာပါ။

သူငယ်ချင်းတွေ အံ့ဩသွားအောင်ဆိုပြီး ချာလီချက်ပလင်ကလည်း သူကိုယ်တိုင် ပြိုင်ပွဲကို အနီးအနားက မြို့နယ်ကနေ ၀င်ပြိုင်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲထိ သူရောက်သွားတယ်။
ဒါပေမယ့် သူ့ သူငယ်ချင်းတွေ အံ့ဩသွားမယ့်အစား သူကိုယ်တိုင်က အံ့ဩနေခဲ့ရတယ်။

ဘာဖြစ်လို့လဲဆိုတော့ သူက ဒုတိယဆုသာရခဲ့လို့ပါ။ တစ်ယောက်သောသူက သူ့ထက်တောင် ပိုပြီး ကောင်းကောင်း သရုပ်ဆောင်ပြနိုင်ခဲ့တယ်။ သူက သူသာ ပထမဆုရမယ်လို့ ကျိန်းသေတွက်ချက်ထားခဲ့တယ်။လူတွေက သူဒုတိယဆုရတဲ့အကြောင်း သိလာကြတော့ သူ့ကိုယ်သူ အရှက်ကြီး ရှက်သွားပါတော့တယ်။ " အစကတည်းက ပြိုင်ပွဲဝင်မိတာကိုက ကျွန်တော့်အမှားပါ ။ ပြိုင်ပွဲဝင်ရတဲ့ အကြောင်းကလည်း ပြောစရာမလိုအောင် ငါပဲပထမရမယ်လို့ မှန်းမထားခဲ့လို့ပါ " လို့ ချာလီချက်ပလင်ကိုယ်တိုင် ပြောသွားရှာပါတယ်။

" ဒါကြောင့် မည်သို့သော အတတ်ပညာကိုမဆို မိမိသာအတော်ဆုံး မိမိသာလျွှင်အတတ်ဆုံးဟု ပညာမာနကို မိမိ၏ ဦးထိပ်မှာ တင်ထားမယ်ဆိုရင်တော့ အန္တရာယ်ကျရောက်နိုင်ပါတယ်.....မိမိကိုယ်ကိုလည်း ယုံကြည်မှုတွေ မလွန်ကဲဖို့ အရေးကြီပါတယ်....."
Kuantan Min Yar Zar

တန်ဖိုးရှိတဲ့စာသားလေးမို့


တန်ဖိုးရှိတဲ့စာသားလေးမို့လို့

'' လောက '' မှာ
ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း …… '' ကိုယ်ပါပဲ ''
ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း …… '' ကိုယ်ပါပဲ ''
ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း …… '' ကိုယ်ပါပဲ ''
ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း …… '' ကိုယ်ပါပဲ ''
'' အဓိက '' က ကိုယ့်ရဲ့ '' စိတ် '' ပါပဲ
စိတ် ဆိုတာ အရမ်းကြောက်ဖို့ ကောင်းပါတယ်
'' စိတ် ''ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့ '' ဆေးတစ်ခွက် '' ဖြစ်နိုင်ပြီး …… မကောင်းတဲ့ '' စိတ် ''တွေ ထားမယ်ဆိုရင်တော့ ကြောက်စရာကောင်းတဲ့ '' ဘေး '' အန္တရယ် တစ်ခု ဖြစ်သွားနိုင်ပါတယ် ……
ကဲ့ …… အဲ့တော့ အရေးအကြီး ဆုံးက … မိမိကိုယ် မိမိ စိတ်ချမ်းသာအောင်ထားဖို့ နဲ့ တန်ဖိုး ရှိအောင်နေထိုင်ဖို့ ပဲ မဟုတ်လား……
ဥပမာ - ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ
သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ '' အပူဒဏ် ''ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ ……
သင် လွှတ်ချ နိုင်လိုက်မှသာ သင်အပူဒဏ်နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ် ……
ဒီလိုပဲ …… သင်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သင်တွေးနေသ၍ စိတ်ညစ်စရာတွေဟာ
ပိုကြီးထွားလာပြီး … သင်ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ……
ဒါတွေကို မတွေးတော့ပဲ … ဖြေရှင်းဖို့ နည်းလမ်းရှာမှသာ ………အဆင်ပြေမှာပါ ……
တစ်ချို့က အိမ်အတွက် စိတ်ညစ်ကြတယ် တစ်ချို့က ချစ်သူရည်းစားအတွက် / တစ်ချို့က အလုပ်အတွက် / ငွေကြေးပြသနာအတွက်
အစရှိတယ် …… စိတ်ညစ်မှု့မျိုးဆုံပေါ့
ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ ……
ကိုယ် ကို ကိုယ် ……
'' ပြစ်ဒဏ် '' ပေး အကျဉ်းချနေတာပါ ……
'' အဓိက '' ဘာလုပ်ရမှာလည်း ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှာဖို့ ပါပဲ
'' အကျိုးရှိရင် အကြောင်းရှိသလို ''
အခက်အခဲ ရှိရင် ဖြေရှင်းလို့ ရမဲ့ နည်းလမ်းဆိုတာရှိစမြဲပါ …
သင်တို့ လွန်ခဲ့တဲ့ ၂ / ၃ နှစ်တုန်းကလည်း စိတ်ညစ်ဖူးမှာပါ
ဒါတွေက ခုချိန်မှာ ရယ်စရာ တစ်ခုသာသာ ဖြစ်သွားတာပဲလေ ……
အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ ……
အပျော်တွေနဲ့ပဲ နေပါ / အပျော်တွေကို ဖန်တီးပါ / စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ ……
'' လောက '' ကြီးက '' စိန်ခေါ်မှု့'' တွေ အရမ်းများတယ် …… ဆုံးရှုံးမှု့ဒဏ်တွေ / ဝမ်းနည်းကြေကွဲမှု့ ဒဏ်တွေ / ကို သင်မခံနိုင် ရင် '' စိန်ခေါ်မှု့'' တွေ များတဲ့ '' လောက'' ကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မလည်း ………??? စဉ်းစားပါ ………®
'' ကိုယ့် ကို ကိုယ် '' သေကြောင်းကြံတဲ့ နည်းနဲ့ ဖြေရှင်းမှားလား ……??
ဒါဆို သင် '' လုံလောက်တဲ့ '' ရင့်ကျက်မှု့မရှိသေးလို့ ဆိုတာ မမေ့ပါနဲ့
" လုံလောက်တဲ့ " ရင့်ကျက်မှု့ရှိသူတိုင်းဟာ '' ကိစ္စတိုင်း ''ကို ထည့်တွက်မနေကြပါဘူး
'' ပူလောင်မှု့'' ကိုခံစားနေရတယ် ဆိုတာ ''မေတ္တာ'' စိတ်မရှိလို့ ပါ
ပြီးတော့ ''အတ္တ'' စိတ်ကြီးနေတာ မိမိ ကိုယ် မိမိ ချစ်တာ / မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ / မိမိ မာန ကို ''ရှေ့ တန်း ''တင်ပေးနေတာ
ဒီတော့ ဒါတွေမဖြစ်အောင် / သင်စိတ်ညစ်စရာတွေနဲ့ ဝေးသွားအောင် …… ဒီလိုစိတ်ထားကြည့်ပါ ………
{ ၁ }ခွင့်လွှတ်နားလည်ပေးကြည့်ပါ
{ ၂ }ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပါ
{ ၃ }အကောင်းမြင်စိတ်လေးနဲ့ အကောင်းမြင်ပေးပါ ……
အရင်ငြိမ်းချမ်းသွားမှာက သင်ပါ
လူတစ်ယောက်ရဲ့ '' အမှား ''ကို မေ့ပစ်ခြင်းဟာ လည်း
အကောင်းဆုံး ''ဂလဲ့စား'' ချေခြင်းတစ်မျိုးပါပဲ ……
'' ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ '' တဲ့
မိုးလည်း ( ၁၂ ) ရာသီ လုံးလိုက်မရွာ နိုင်ပါဘူး …
( သူလည်းအားချင်မှအားမှာလေ ) smile emoton
'' မုန်တိုင်း '' ပြီးရင်တော့ '' လေပြေ '' ရောက်လာစမြဲပါ ……
'' အကောင်းဆုံး ''တွေ လာဖို့  အဆိုးတွေ အရင် လာလည်တာပါ ……
'' နေရိပ် '' ကို လိုချင်လို့ နေပူထဲ ရပ်စောင့်နေရပါလားလို့ အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါ
ငါ '' ပေ '' ဖြစ်နေလို့ ခံနေရတာ '' တူ ''ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ် မွေးကြည့်ပါ ..……
လူဘဝ ဆိုတာ တစ်ကယ်တော့ '' ခနတာ '' လေးပါ အဲ့ထဲမှသင်က ……
ထမင်းစားဖို့ အသက်ရှင်နေတာလား ……?
အသက်ရှင်ဖို့  ထမင်းစားနေတာလား …… ?
ဆိုတာ အရင်တွေးပါ .……
''ကာဗွန် '' ခြင်း တူရင်တောင် မီးသွေး အဖြစ်မခံပါနဲ့ ……
တန်ဖိုးရှိတဲ့ '' စိန် '' ပဲ ဖြစ်အောင်ပဲကြိုးစားပါ ……
သင်အလုပ်တွေ လုပ်နေရင်းနဲ့ ပညာတွေဆက်ရှာပါ / အမြဲမပြတ် လေ့လာပါ / သင်ယူပါ /
ပြီးတော့ လူသားတွေ ကို အကျိုးပြု နိုင်တဲ့ '' ပရဟိတ '' တွေများများလုပ်ပါ
များများလှူပါ / ကူညီပါ / ဖေးမပါ / စိတ်ကောင်းထားပါ / "ရိုးသားစွာ" ကြိုးစားပါ ……
ကဲ .… ဒါဆို သင် ဘဝတစ်ခုလုံးအတွက် "တန်ဖိုး" ရှိစွာနေထိုင်နိုင်တဲ့ '' လူ '' တစ်ယောက်ဖြစ်သွားနိုင်ပါပြီ smile emotion smile emotion smile emotion
Kuantan Min Yar Zar

Saturday, 2 April 2016

အမြဲတမ်း ရှောင်သင့်တဲ့ ကိုယ်ဟန်အမူအရာ (၁၀) မျိုး


အမြဲတမ်း ရှောင်သင့်တဲ့ ကိုယ်ဟန်အမူအရာ (၁၀) မျိုး
==============================
လူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ ဘယ်တော့မှ မလုပ်သင့်တဲ့ ကိုယ်အမူအရာ (၁၀) မျိုး ရှိပါတယ်။
လူတွေနဲ့ ပြောဆိုဆက်ဆံရေးမှာ ခန္ဓာကိုယ်ရဲ့ ပြောဆိုလှုပ်ရှားမှုဟန်ပန်ဟာ အလွန်အရေးကြီးပါတယ်။ လုပ်ငန်းခွင် အင်တာဗျူးမှာ သင့်ရဲ့ကိုယ်ရေး အချက် အလက် ကလည်း အရေးကြီးသလို အင်တာဗျူးသူနဲ့ တွေ့တဲ့အခါ သင့်ရဲ့ ဟန်ပန်ကလည်း အရေးကြီးပါတယ်။
သင်ဟာ လူမှုဆက်ဆံရေးမှာ အောင်မြင်သူ ဖြစ်ချင်တယ်ဆိုတော့ အခုဖော်ပြမယ့် ခန္ဓာကိုယ် ဟန်ပန်အမူအရာတွေကို ရှောင်ရှားသင့်ပါတယ်။
၁။ စကားပြောနေသူနှင့် မျက်လုံးလွှဲထားတာမျိုး မလုပ်သင့်ပါဘူး။
play
၂။ အပြုံးအရယ် မရှိတဲ့ မျက်နှာနဲ့လည်း လူကြားထဲမှာ မနေသင့်ပါဘူး။ အထူးသဖြင့် သင်စကားနေပြာနေတဲ့ အချိန်မှာ ပြုံးပါ။
play
၃။ အစည်းအဝေးတွေနဲ့ တွေ့ဆုံပွဲတွေမှာ အခြားသူ စကားပြောနေချိန် ကိုယ်က ဘောပင်၊ စာရွက်တွေနဲ့ ဆော့ကစားမိနေတာမျိုး မလုပ်သင့်ပါဘူး။
play
၎။ ခန္ဓာကိုယ်ဟန်ပန်က ပျင်းရိလေးကန်နေသယောင် ခြေပစ်လက်ပစ် ဖြစ်နေတာလည်း မလုပ်သင့်ပါဘူး။ ဒါမလေးစားတဲ့ ပုံစံ ဖြစ်ပါတယ်။
play
၅။ ဆံပင်ခဏခဏ သပ်တာ၊ မျက်နှာပွတ်တာနဲ့ လက်ချောင်းတွေ ကစားနေတာမျိုး ရှောင်ပါ။
play
၆။ လက်ပိုက်ပြီး လက်ကို အထဲဖွက်ထားတာမျိုး မလုပ်သင့်ပါဘူး။ လက်ဖဝါးတွေကို အပြင်မှာ ထားပါ။
play
၇။ လက်စွဲနှုတ်ဆက်တဲ့အခါ တဖက်သူရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ကိုင်ပါ။ အားမရှိတဲ့ ပုံစံမျိုးနဲ့ မနှုတ်ဆက်မိအောင် ရှောင်ပါ။
play
၈။ စကားပြောရင်း လက်နဲ့ သရုပ်ဖော်လွန်းတာ အလွန်အကျွံမဖြစ်အောင် ရှောင်ပါ။ တဖက်သူ မျက်စိနောက်နိုင်ပါတယ်။
play
၉။ အလွန်အကျွံခေါင်းငြိမ့်တာမျိုးလည်း ရှောင်ပါ။
play
၁၀။ နာရီနဲ့ ဖုန်းကို တက်နိုင်သမျှ မကြည့်ပါနဲ့။
Source & Photos : Business Insider
kuantan Min Yar Zar