Monday, 25 April 2016
ဂျင်းဘောင်းဘီရဲ့ အိတ်ကပ်အစွန်းတွေမှာ သတ္တုအဖုလေးတွေပါနေရတဲ့ အကြောင်းရင်း
ဂျင်းဘောင်းဘီရဲ့ အိတ်ကပ်အစွန်းတွေမှာ သတ္တုအဖုလေးတွေပါနေရတဲ့ အကြောင်းရင်း
========================
သင့်အနေနဲ့ ဂျင်းဘောင်းဘီဝတ်ဆင်ဖူးရင်တော့ အိပ်ထောင်အစွန်းနားမှာ ပါဝင်နေတဲ့ သတ္တုအဖုလေးနှစ်ခုကို သတိထားမိမှာပါ။ ဒီရဲ့ သတ္တုအဖုလေးမှာဆိုရင်တော့ လူတွေသိပ်မသိသေးတဲ့ အကျိုးကျေးဇူးတွေရှိနေပြီးသမိုင်းတွေလည်းရှိနေပါတယ်။
ကြယ်သီးပုံစံ ဒီအဖုလေးတွေကို ဂျင်းဘောင်းဘ်ီတော်တော်များများမှာ နောက်ပိုင်းတပ်ဆင်လာကြပါတယ်။
ဂျင်းအဝတ်အစား နာမည်ကျော် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Levi’s က ဒီသတ္တုအဖုလေးတွေကို စတင်သုံးစွဲခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီအဖုလေးတွေကိုတော့ ပထမဆုံးမှာတော့ ကြေးဝါသတ္တုကို အသုံးပြုထုတ်လုပ်ခဲ့တယ်လို့ သိရပြီး နောက်ပိုင်းမှာတော့ ကြေးနီသတ္တုကို အသုံးပြုလာကြပါတယ်။ ကနဦး ထုတ်လုပ်ခဲ့တဲ့ ခေတ်ဦးဂျင်းဘောင်းဘီတွေဟာ ကြာရှည်ခံပေမယ့် အိပ်ထောင်နဲ့ ချုပ်ရိုးပြဲတဲ့ ပြဿနာတွေ ကြုံတွေ့နေရလို့ ဒီအဖုလေးတွေနဲ့ ချုပ်ရိုးတွေကို သေသေသပ်သပ်ဖြစ်အောင် ဖိထားတာဖြစ်တယ်လို့ သိရပါတယ်။
ဂျင်းဘောင်းဘီတွေစတင်ထုတ်လုပ်စဉ်ကလည်း အကြမ်းပတမ်းတစ်အားခံတာမို့ မိုင်းတွင်းလုပ်သားတွေအတွက် စိတ်ကြိုက် အဝတ်အစားဖြစ်ခဲ့ပါသတဲ့။ ဒါပေမယ့် မိုင်းတွင်းလုပ်သားတွေက သူတို့ရဲ့ ဂျင်းဘောင်းဘီတွေဟာ အိပ်ထောင် ချုပ်ရိုးပြဲတဲ့ ပြဿနာနဲ့ အမြဲလိုလိုရင်ဆိုင်ရလို့ Levi’s ကုမ္ပဏီကို စောဒကတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် မိုင်းတွင်းလုပ်သားတွေကို ကိုယ်စားပြုတဲ့အနေနဲ့ ဒီအဖုလေးတွေကို သတ္တုအသုံးပြုထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒီအဖုလေးတွေကို တပ်ဆင်ပေးလိုက်တဲ့အချိန်က စပြီး ချုပ်ရိုးပြဲတဲ့ ပြဿနာတွေမကြုံရတော့ဘဲ ကြာရှည်ခံတဲ့ ဂျင်းဘောင်းဘီကောင်းတွေဖြစ်လာခဲ့ပါတော့တယ်။
( Paing A K )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.comမှ
Kuantan Min Yar Zar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment