Sunday, 28 August 2016
ပုဂံဒေသမှာ…. ဘုရားစေတီပုထိုးပေါင်းမြောက်များစွာ ဘာ့ကြောင့်တည်ခဲ့ကြသလဲ…?
ပုဂံဒေသမှာ…. ဘုရားစေတီပုထိုးပေါင်းမြောက်များစွာ ဘာ့ကြောင့်တည်ခဲ့ကြသလဲ…?
^v^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^v^
တေဿဝတေဇေန၊ ထိုဘုရားရှင်ကိုယ်တော်မြတ်တို့၏ ဓာတ်တော် မွေတော်တို့ကို ဌာပနာတဲ့စေတီတော်၊ ဓာတ်တော်တို့၏ တန်ခိုးတေဇော် အာနုဘော်တို့ဖြင့်သာလျှင်၊
အယံ ၀သုန္ဓ ရာ နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထ၀ီ မြေကြီးသည် အလင်္ကတာသောဘဏာဝတ၊ ကျက်သရေ ရှိလို့တင့်တယ်ပါပေစွတကား။
{ စေတီယပူဇာ }
……………….
ဟိုးတစ်ချိန်တုန်းက…
ပုဂံစေတီ ပုထိုးများနဲ့ပတ်သက်ပြီး … သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက … မေးခွန်းတစ်ခုမေးခဲ့ပါတယ်…
ပုဂံမှာ စေတီပုထိုးပေါင်းမြောက်များစွာကို ဘာ့ကြောင့်တည်ခဲ့ကြသလဲ …. ?
အဲ့ဒီမေးခွန်းနဲ့ ဆက်စပ်တဲ့ အဖြေကိုတော့ …။။။။
သီတဂူဆရာတော်ဘုရားကြီးက စေတိယပူဇာမှာ ဒီလို့မိန့်ခဲ့ပါတယ်…
စေတီ-ဆိုတာ ဘုန်းကြီးတို့ပါဠိစာပေမှာ
စိတိတဗ္ဗံ အပစိတိတဗ္ဗံ ပူဇိတဗ္ဗံ အဋ္ဌာသိ စေတိယံ
ပါဠိဘာသာနဲ့ ဒီလိုအဓိပ္ပာယ်တွေဖွင့်တယ်။
စေတီ-ဆိုတာဟာတဲ့ ရှိခိုးစရာ၊ အရိုအသေပြုစရာ၊
ပူဇော်စရာ ဋ္ဌာနတိုင်းဟာ
စေတီခေါ်လို့ ရတယ်တဲ့။
စေတီထိုက်တဲ့ ပုဂ္ဂိုလ်ဟာ လောကမှာ လေးယောက်ပဲရှိတယ်။" ဒါပဲပြောတာ။
ကတမေ စတ္တာရော တထာဂတော
အရဟံ သမ္ဗာသမ္ဗုဒ္ဓေါ ထူပါရဟော။
ပစ္စေကဗုဒ္ဓေါ ထူပါရဟော၊
တထာဂတဿ သာဝကော ထူပါရဟော၊
ရာဇာ စက္ကဝတ္တီ ထူပါရဟောတိ။
မြတ်စွာဘုရားဟာ စေတီတည်ပြီးတော့ ရှိခိုးထိုက်တယ်။
ပစ္စေကဗုဒ္ဓါ၊
ဘုရား၏တပည့်သာဝက၊
အရိယာကျင့်ဝတ်(၃၂)ပါးကို ကျင့်သော စင်္ကြာမင်း။
အဲ့ဒီလေးယောက်ပဲ စေတီထိုက်တယ် ကျန်တာတွေ ကျန်တာတွေစေတီမထိုက်ဘူးဆိုပြီးတော့ စေတီထိုက်မထိုက်
ပုဂ္ဂိုလ်တွေကို မြတ်စွာဘုရားက ဝေသာလီမှာ ဟောကြားခဲ့ပါတယ်။
ရှေးအတိတ် ကမ္ဘာ့ကမ္ဘာ့တွေမှာ…. ဂေါတမဗုဒ္ဓါ၊ကဲ့သို့ ဘုရားပေါင်းများစွာ…. ဂင်္ဂါမြစ်ထဲက သဲတွေလောက်မက ၊ ဘုရားတွေ မရေမတွက်နိုင်လောက်အောင် ပွင့်ခဲ့ပြီးပြီး၊
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းမှာပင်လျှင် ဘုရားပေါင်း …. နှစ်ကျိပ်ရှစ်ဆူ ပွင့်တော်မူခဲ့ပြီ။
ဒါကြောင့် ပုဂံမှာ တည်ထားတဲ့ ဘုရားတွေက ရေတွက်လို့ရနေသေးတယ်….
ဒိုမြန်မာတွေတည်ထားတဲ့ ဘုရားစေတီပုထိုးတွေက… နည်းတောင်နည်းနေပါသေးတယ်….
ဒါ့ကြောင့် မြတ်စွာဘုရားတို့ရဲ့ ကျေးဇူးတော် အနန္တ၊ ဂုဏ်တော် အနန္တတို့ကိုအရိုအသေ အလေးအမြတ်ပြုသောအားဖြင့် ကိုယ်စားကိုးကွယ်ရာအဖြစ် ဘုရားစေတီပေါင်းများစွာ တည်ထားရပါတယ်။
ဘုရားမတည်ဘဲ ကာမဂုဏ် အာရုံဆိုင်ရာတွေသာ တည်ထားပေးခဲ့မယ်ဆိုရင်….
လူနဲ့ သတ္တ၀ါတွေ ဒုက္ခဘုံက ဘယ်တော့များမှ လွတ်ပါ့တော့မလဲ။
ဘုရားမြင်မှ ဘုရားသတိရပြီး သဒ္ဓါစိတ် ဖြစ်ပေါ်ကာ ဒုက္ခက လွတ်မြောက်ကြောင်းလမ်းစကို မြင်ပေလိမ့်မယ်။ ……..
ဒါကြောင့်….
အရုပ်ဆိုးနေတဲ့ ကမ္ဘာကြီးကို အလှပြင်တန်ဆာဆင်ဖို့ဆိုရင် ထုံးလေးသုတ်၊ ဆေးလေးသုတ်၊ ပန်းပင်လေးစိုက်ရုံနဲ့တော့ လှမှာမဟုတ်ဘူး၊ ဘာနဲ့တန်ဆာဆင်ရမလဲဆိုရင် စေတီနဲ့ တန်ဆာဆင်ရမယ်။
အာသောကမင်းကြီးလည်း ထိုနည်းတူစွာ စေတီပေါင်း ၈၄၀၀၀ တည်ပြီး ကမ္ဘာလောကကြီးကို ထိုကဲ့သို့ တန်ဆာဆင်သွားခဲ့ကြောင်း သာသနာ့သမိုင်းတွေမှာ တွေ့ရတယ်။
ဤမဟာပထ၀ီ မြေကြီးသည် အလင်္ကတာသောဘဏာဝတ ….
ဘုရားစေတီပုထိုးများနှင့် တန်ဆာဆင်မှသာလျှင်
ကျက်သရေ ရှိလို့တင့်တယ်ပါပေစွတကား။ ။
# SAVE Bagan
---------------------
Wai Pone La ( Gautam Buddha University )
Wednesday, 24 August 2016
ကံကြောင့်ရရှိတဲ့ကောင်းကျိုးဆိုးပြစ်
☆“#ကံကြောင့်ရရှိတဲ့ကောင်းကျိုးဆိုးပြစ်”☆
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
☆ မျက်ကွယ်မှာ ချီးမွမ်းခံရတယ် “ဒီပုဂ္ဂိုလ် သိပ်တော်တယ်၊ ဒီပုဂ္ဂိုလ် သိပ်
တော်တယ်” စသည်ဖြင့် မိမိရဲ့မျက်ကွယ်မှာ အချီးမွမ်းခံရတယ်၊ ဂုဏ်သတင်း
တွေ သိပ်ပြီးတော့ ပျံ့လှိုင်နေတယ်၊ ကျော်စောနေတယ် ထင်ရှားနေတယ်။
ဘာကြောင့်လဲ?
☆ ပြုလုပ်ခဲ့တဲ့ ကံတွေပဲ။ အဲဒီကံတွေသည် ဒီဘ၀ပြုလုပ်တဲ့ ကံတွေလည်း ဖြစ်
ချင်ဖြစ်မယ်၊ အတိတ်ဘ၀ထိုထိုက ပြုလုပ်ခဲ့တဲ့ ကံတွေလည်းဖြစ်ချင်ဖြစ်မယ်၊
အတိတ်ဘ၀ကံတွေအပေါ်မှာလည်း အခြေစိုက်ပါတယ်၊ ယခု ဘ၀ ပစ္စုပ္ပန်မှာ
ပြုစုပျိုးထောင်နေတဲ့ ကံတွေ အပေါ်မှာလည်း အခြေစိုက်ပါတယ်။
☆ ဘုန်းကြီးတို့ရဲ့ ဂေါတမမြတ်စွာဘုရားကို ကြည့်ပေါ့၊ ဒီနေ့ လူ့လောကကို
ပြန်ပြီး ဆန်းစစ်ကြည့်မယ်ဆိုရင် သာသနာတော် (၂၅၀၀)ကျော်ခဲ့ပြီဖြစ်တော့
အဲဒီ (၂၅၀၀) အတွင်းမှာ ဘုန်းကြီးတို့ မြတ်စွာဘုရားရှင်ကဲ့သို့ ကျော်စော
ဂုဏ်သတင်းတွေ ဗြဟ္မာ့ဘုံတိုင်အောင် ပြန့်နှံ့ကျော်ကြားနေတဲ့ ပုဂ္ဂိုလ်ဆိုတာ
ရှိသလား? မရှိဘူး။ ဘာကိုအခြေစိုက်တာလဲ? လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
တိုင်တိုင် ပါရမီတွေကို ဖြည့်ကျင့်ပြီးတော့ သဗ္ဗညုတဉာဏ်ကို ရအောင်ယူခဲ့တဲ့
ကံတွေအပေါ်မှာ အခြေစိုက်တယ်။ ဒီကံတွေကြောင့် မြတ်စွာဘုရားရဲ့ ကျော်
စောသတင်းတွေက မဆံ့ဘ၀ဂ် ပြန့်နှံ့ပြီးတော့ တက်သွားတယ်။
☆ ဒီတော့ ဒီနေ့ လူ့လောကကြီးမှာ နာမည်ကြီးနေတယ်၊ ဒင်းကတော့ နာမည်
ကြီးမှာပေါ့ဆိုပြီးတော့ လိုက်ပြီး မေးငေါ့နေဖို့ လိုသေးသလား? မလိုပါဘူး။ သူက နာမည်ကြီးလောက်တဲ့ ကံတွေကို ပြုစုပျိုးထောင်ခဲ့တယ်၊ နာမည်ကြီး
လောက်တဲ့ ကံတွေကို ပြုစုပျိုးထောင်ခဲ့တဲ့အတွက်ç အချီးမွမ်းခံရမည့် ကံတွေ
ကို ပြုစုပျိုးထောင်ခဲ့တဲ့အတွက် သူချီးမွမ်းခံရတာကို မိမိက မနာလို ၀န်တို ဖြစ်
ခဲ့ရင် မိမိမှာ အကုသိုလ်တရား တိုးပွားနေတာပဲ။
နောက်တစ်ခု --
☆ မျက်မှောက်မှာလည်း အချီးမွမ်းခံရတယ်၊ မျက်ကွယ်မှာလည်း အချီးမွမ်း
ခံရတယ်၊ ဘာကိုအခြေစိုက်သလဲ? ကံပဲ။ အတိတ်က ပြုစုပျိုးထောင်ခဲ့တဲ့ကံ,
ဒီဘ၀မှာ ပြုစုပျိုးထောင်နေတဲ့ကံ, အဲဒီကံတွေကြောင့် အချီးမွမ်းခံရတယ်။
☆ စည်းစိမ်ဥစ္စာတွေ တချို့ သိပ်ပြီးတော့ ပျက်စီးသွားတယ်၊ ဆုံးရှုံးသွား
တယ်။ “ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ”ဆိုတဲ့ ပုံစံအတိုင်းပဲ၊ လုပ်သမျှ တစ်
ချက်မှ အဆင်မပြေဘူး၊ ဘာကိုအခြေခံသလဲ? ကံကို အခြေခံတယ်။ အသတ်
အဖြတ်ခံရတယ်၊ အညှဉ်းအပန်းခံရတယ်၊ အနှိပ်စက်ခံရတယ်၊ ဘာကို အခြေ
ခံသလဲ? ကံကို အခြေခံတယ်။
☆ အရှင်မဟာမောဂ္ဂလ္လာန်ကို ကြည့်ပေါ့၊ မိဘကို ပြစ်မှားခဲ့ဖူးတဲ့ ကံတွေကို အခြေခံပြီးတော့ အရှင်မဟာမောဂ္ဂလ္လာန် ဖြစ်တဲ့ ဘ၀အထိ ဘ၀ပေါင်း (၂၀၀)
ကျော် ဆက်တိုက် အမြဲ ခေါင်းကွဲပြီးတော့ အမြဲအသေခံခဲ့ရတယ်၊ ဘာကို အ
ခြေခံသလဲ? ကံပဲ။
☆ မိဘတွေအပေါ်မှာ ပြစ်မှားခဲ့တဲ့ ကံကို အခြေခံပြီးတော့ အသတ်ဖြတ်ခံရ
တယ်၊ အညှဉ်းပန်း ခံရတယ်၊ အနှိက်စက်ခံရတယ်။ တစ်ခါ ကံကြောင့်ပဲ အ
နှောင်အဖွဲ့ ခံရပြန်တယ်၊ သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ကံတွေရှိ
တယ်၊ အဲဒီ သူတစ်ပါးတွေကို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ကံတွေကို အခြေခံပြီး
တော့ သတ္တ၀ါတွေဟာ ဒီဘ၀မှာလည်း အနှောင်အဖွဲ့ခံရတယ်။
¤ ဖားအောက်တောရဆရာတော် ¤
Tuesday, 16 August 2016
ကမ္ဘာအကြီးဆုံးခေါင်းလောင်းကြီးများ
ကမ္ဘာအကြီးဆုံးခေါင်းလောင်းကြီးများ
ကြီးမားသောသံစဉ်ထွက်ခေါင်းလောင်းကြီးများမှာ အမြင့် ၄ မီတာသာသာ၊ အလေးချိန် တန် ၂၀ ၀န်းကျင်ခန့်ရှိကြလေ၏။ ထိုခေါင်းလောင်းကြီးများမှာ ကြီးကျယ်လှပခြင်း ဟူသောအဓိပ္ပာယ်ကို ဖော်ဆောင်ကြလေသည်။
ရုရှား ကြေးသွန်းခေါင်းလောင်းကြီး
ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း
ပထမ အကြီးဆုံး = (Tsar Kolokol)ဆာ-ကိုလိုကိုး (ရုရှား)၊
ဒုထမ အကြီးဆုံး = အလေးချိန် ၁၂၈ တန်ရှိ မော်စကိုမြို့မှ ခေါင်းလောင်း၊
တတိယ အကြီးဆုံး = မင်းကွန်းခေါင်းလောင်းကြီး ဖြစ်သည်။
သို့သော် (Tsar Kolokol)ဆာ-ကိုလိုကိုး ခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ရှိသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။ ယင်းကာ မွန်ဘာသာအားဖြင့် ‘ အပိန္နသော်’ သို့မဟုတ် ‘ ဓမ္မစေတီခေါင်းလောင်းကြီးပင်ဖြစ်သည်။ စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။
ရုရှား ကြေးသွန်းခေါင်းလောင်းကြီး
ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးမှာ ရုရှားနိုင်ငံ မော်စကိုမြို့၊ ကရင်မလင် နန်းတော်ရှိ (Tsar Kolokol)ဆာ-ကိုလိုကိုး ဖြစ်သည်။ ထိုခေါင်းလောင်းကြီးကို လက်မှုပညာရှင် (၂၀၀) ကျော်ကျော်ဖြင့် သွင်းလုပ်ထားခြင်းဖြစ်သည်။ (၆.၁၄) မီတာ (သို့) (၂၀.၁၄) ပေမြင့်၍ (၆.၆) မီတာ (သို့) (၂၁.၆၅) ပေ အချင်းရှိ၏။ ထိုခေါင်းလောင်းကြီးမှာ တစ်ချိန်က အရှင်းလင်း အကြည်မြဆုံးသော သံစဉ်ထွက် ခေါင်းလောင်းကြီးဖြစ်ခဲ့သည်။ အမြင့် ၁၉’ ၃”၊ အ၀န်း ၆၀’ ၉”၊ အထူ ၂’ ရှိသည်။ ယခုအခါတွင်မူ ၁၇၃၃-၃၅ တွင် သွင်းလုပ်ခဲ့သော တန် (၁၈၀) အလေးချိန်ရှိ ထိုခေါင်းလောင်းကြီးမှာ ခေါင်းလောင်းသွန်းလုပ်စဉ်က တစ်နေရာပဲ့သွား၍ ပဲ့သွားသည့် အစသည်ပင် အမြင့် ၇’၊ အကျယ် ၈’ ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။
(မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀၀ ကျော်ရှိသည်ဟု ဖော်ပြပြီး Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။ သို့သော် Children Emcyclopacedia အတွဲ (၂)တွင် ၂၁၉ တန် ရှိသည်ဟုဖော်ပြခဲ့သည်။)
ကမ္ဘာ့ဒုတိယအကြီးဆုံး ခေါင်းလောင်းသည်လည်း မော်စကိုမြို့မှာပင်ရှိ၍ အလေးချိန် ၁၂၈ တန်ရှိသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး
ဓမ္မစေတီမင်းသည် ထိုခေါင်းလောင်းကို ဒဂုံ (ယခု ရန်ကုန်) ရှိ ရွှေတိဂုံ စေတီတော်သို့ လှူတန်းခဲ့သည်။ ရှေးခေတ်စာ မှတ်တမ်းများအရ ၄င်း ခေါင်းလောင်းကြီးတွင် ကြေးနီ အပြင် ရွှေ၊ ငွေ တို့လည်း ပါသည်ဟုဆိုသည်။ ခေါင်းလောင်းထဲတွင် မြ နှင့် နီလာ ရတာနာ တို့လည်း မြှုပ်ထားသည်ဟု ဆိုသည်။ စေတီများ ဥစ္စာကြွယ်ဝ ပုံအရ ၄င်းမှာ ဖြစ်နိုင်သည်။ ခေါင်းလောင်းကြီးသည် ၁၂ တောင် မြင့်ပြီး ၈ တောင် ကျယ်သည်။ တစ်ပြိုင်တည်းမှာပင် ၅၀၀ ပိဿာ ရှိ ခေါင်းလောင်း အသေး လည်း သွန်းလောင်း လှူတန်း ခဲ့သည် ဟုဆိုသည်။ အပိန္နသော်’ သို့မဟုတ် ‘ ဓမ္မစေတီ’ ခေါင်းလောင်းပင်ဖြစ်သည်။ ခေါင်းလောင်း၏ဘွဲ့အမည်မှာ မြန်မာဘာသာဖြင့် အ၀ိန္နဆောက် ဟုခေါ်သည်။ ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမခေါင်းလောင်းဖြစ်သည်။
ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိသည်။ ၄င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ ဒီအတိုင်းဆိုလျှင်ဓမ္မစေတီခေါင်းလောင်း ကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရပေမည်။
စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။
ဓမ္မစေတီခေါင်းလောင်း သမိုင်း
ယခုအခါ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော စာကိုလိုကောခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ရှိသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။ ယင်းကာ မွန်ဘာသာအားဖြင့် ‘ အပိန္နသော်’ သို့မဟုတ် ‘ ဓမ္မစေတီ’ ခေါင်းလောင်းပင်ဖြစ်သည်။ ခေါင်းလောင်း၏ဘွဲ့အမည်မှာ မြန်မာဘာသာဖြင့်အ၀ိန္နဆောက် ဟုခေါ်သည်။
အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေ စာရင်းကောက်ရန်တာဝန်ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြုရန်လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်၍ ခေါင်းလောင်းသွန်းလုပ်စေသည်။
အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း ၈ ရက်ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။ သို့သော် ခေါင်းကြီးမှာ ထူးထူးခြားခြား အသံမမြည်ပဲ ရှိခဲ့သည်။
ခေါင်းလောင်းသွန်းလုပ်စဉ် လောကဥာဏ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမော လိမ့်မည်။ သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအား လျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည် နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို ‘ အပိန္နသော်’ ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲထားစေသည်။ ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမခေါင်းလောင်းဖြစ်သည်။
ကမ္ဘာ့အကြီးဆုံးလော
ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိသည်။ ၄င်းကိုတန်ဖွဲ့ပါက ၂၉၀ တန် ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည် စာကိုလိုကောခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေ သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ ဒီအတိုင်းဆိုလျှင်ဓမ္မစေတီခေါင်းလောင်း ကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရပေမည်။
စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။ရှေးကျပြီး ကြီးကျယ်သော ခေါင်းလောင်းကို သွန်းလုပ် ခဲ့သော မွန်တို့၏ ကြေးသွန်းအတတ်ပညာမှာ ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။
သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်းမလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို့က ဓမ္မစေတီ ခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန်ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။
မင်းကွန်းခေါင်းလောင်းတော်ကြီး
မင်းကွန်း ခေါင်းလောင်းကြီး
မြန်မာနိုင်ငံတွင် လက်ရှိအကြီးဆုံး ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။ ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အ၀အချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈၀ ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။
ဂျပန် ကြေးသွန်းခေါင်းလောင်းကြီး
ဂျပန် ကြေးသွန်းခေါင်းလောင်းကြီး
ကျိုတိုမြို့ ချီယွန်အင် ကျောင်းတော်တွင် တည်ရှိသော ခေါင်းလောင်းကြီးမှာ (၁၆၃၃) ခုနှစ်တွင်သွင်းလုပ်၍ (၇၄) တန် အလေးချိန်ရှိ၏။ ဂျပန်တွင် အလေးချိန်အများဆုံး ခေါင်းလောင်းကြီးဖြစ်၏။ ၄င်းခေါင်းလောင်းကြီးကို ထိုးခတ်ရန် ရဟန်း (၁၇)ပါး လိုအပ်မည်ဖြစ်သည်။
ရွန်ဂဲ(လ်)ကြေးသွန်းခေါင်းလောင်းကြီး
တရုတ် ကြေးသွန်းခေါင်းလောင်းကြီး
တရုတ်ပြည်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် ဂျီနန်းမြို့အရောက်တွင် မင် မင်းဆက် (၁၃၆၈-၁၆၄၄) လက်ထက် လွန်ခဲ့သောနှစ်ပေါင်း (၆၀၀) ခန့်က သွန်းလုပ်ခဲ့သော ရွန်ဂဲ(လ်) အမည်ရှိ ကြေးသွန်းခေါင်းလောင်းကြီးကို တွေ့ရ၏။ ထိုကြေးသွန်းခေါင်းလောင်းကြီးမှာ (၄၅) တန် အလေးချိန်ရှိ၍ (၆.၇၅) မီတာအမြင့်ရှိ၏။ (၃.၃) မီတာ အချင်းရှိ၍ (၀.၂၂) မီတာထူ၏။ ခေါင်းလောင်းကြီး၏ အတွင်းအပြင် မျက်နှာစာအပြည့်တွင် တရုတ်အက္ခရာ (၂၂၇, ၀၀၀) ဖြင့် ထွင်းဖော်ထားသော ဗုဒ္ဓကျမ်းဂန်လာ သုတ္တန်များကို တွေ့ရှိရသည်။
ကိုးကား
မော်စီ ဘလော့ဂ်
နိုင်ခင်မောင်လေး၏ တိမ်မြုပ်ပျောက်ကွယ်နေသည့် မွန်တို့၏ မြို့ပြနိုင်ငံများ
Thursday, 11 August 2016
" ဥုံ " ဆိုတာ ဘာလဲ ?
" ဥုံ " ဆိုတာ ဘာလဲ ? .
" ဥုံ " ဆိုတာ>> အ+ဥ+မ် အက္ခရာသုံးလုံးပေါင်းပြီး "ဥုံ (အုမ်)"လို့ ဖြစ်ပေါ်လာတာပါ။
အဲဒီ " ဥုံ " ရဲ့ အဓိပ္ပါယ်ကတော့-
အ= ဗြဟ္မာမင်း
ဥ= ဗိသနိုးနတ်
မ်= သျှီ ဝနတ် လို့ ခေါ်တဲ့ ဟိန္ဒူ ဘာသာဝင်တွေ ယုံကြည်ကိုးကွယ်ကြတဲ့ တန်ခိုးရှင်တွေပါပဲ။
ဟိန္ဒူ ဘာသာဝင်တွေက
ဗြဟ္မာမင်းဟာ လောကကြီးတစ်ခုလုံးနဲ့ သတ္တဝါတွေကို ဖန်ဆင်းထားတယ်လို့ ယုံကြည်ကြတယ်။ ဗိသနိုးနတ်ဟာ ဗြဟ္မာမင်းဖန်ဆင်းထားတာကို မပျက်ဆီးအောင် စောင့်ရှောက်တယ်လို့ ယုံကြည်ကြတယ်။ သျှိဝနတ်ဟာ ဒီဖန်ဆင်းမှုတွေ ဖျက်ဆီးတတ်တယ်လို့ လက်ခံယုံကြည်ကြတယ်။
ဒါကြောင့် ဗြဟ္မာမင်းနဲ့ ဗိသနိုးကို တန်ဖိုးထားကိုးကွယ်ကြပြီး ဖျက်ဆီးတတ်တဲ့ သျှိဝကိုလည်း မဖျက်ဆီးအောင် ကိုးကွယ်ကြတယ်။ ဒီတန်ခိုးရှင် သုံးဦးကို အတိုကောက်အနေနဲ့ " ဥုံ " ဆိုပြီး ရွတ်ဆိုကြတယ်။ ကိုးကွယ်ပူဇော်ကြတယ်။ (ဗုဒ္ဓတရားတော်မှာ "ဖြစ်/တည်/ပျက်" "ဥပါဒ်/ဌီ/ဘင်" ရှိသလိုမျိုးပေါ့)
ဒီသဘောအဓိပ္ပါယ်တွေကို ထောက်စသောအားဖြင့် " ဥုံ " ဆိုတာ ဗုဒ္ဓဘာသာနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ အလေးထားရွတ်ဆိုစရာ မလိုပါဘူး။ ဒီအသုံးအနှုံးဟာ ပိဋကတ်တော်မှာလဲ မလာရှိပါဘူး။ ဗေဒင်ဆရာ
, ယတြာဆရာ, မန္တာန်ဆရာတွေသည်သာ အလေးထားရွတ်ဆိုကြတာပါ။ ဗုဒ္ဓဘာသာဝင်တွေဟာလဲ ဘုမသိ ဘမသိနဲ့ ဘုရားဟော ပါဠိတော်တွေရှေ့မှာ ထည့်ထည့်ပြီး " ဥုံ " " ဥုံ " ဆိုပြီး ရွတ်နေမိကြတယ်။ မရွတ်သင့်ပါဘူး။ သရဏဂုံ ညှိုးနွမ်းစေတတ်ပါတယ်။
(အားလုံးပဲ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေ)
kuantan min yar zar
Tuesday, 2 August 2016
တရားတက်သော ယောဂီများနှင့် အရိယာဟု ယူဆရသောယောဂီများကို မိမိအထင်နှင့်မိမိ ဝေဖန်အပြစ်ပြောမိလျှင် မည်သည့် မကောင်းကျိုးများ ရရှိနိုင်ပါသလဲ
အမေးတော် အဖြေ(၂)
•••••••••••••••••
အမေး ။ ။ တရားတက်သော ယောဂီများနှင့် အရိယာဟု ယူဆရသောယောဂီများကို မိမိအထင်နှင့်မိမိ ဝေဖန်အပြစ်ပြောမိလျှင်
မည်သည့် မကောင်းကျိုးများ ရရှိနိုင်ပါသလဲ ဘုရား...။
ဆရာတော် အဖြေ ။ ။ ဒါကတော့ သတိ သိပ်ရှိသင့်ပါတယ်နော်။
တစ်ချိန်မှာ ရဟန္တာမထေရ်မြတ်ကြီးတစ်ပါးက လေနာရောဂါစွဲကပ်နေတဲ့အတွက် ဒီလေနာရောဂါ ငြိမ်းပြီးရပ်ဆဲသွားရေးအတွက် နံနက်စောစော ယာဂုဆွမ်းများ ဘုဉ်းပေးခဲ့ရမယ်ဆိုလျှင် ဒီလေနာရောဂါဟာ သက်သာသွားနိုင်တယ်လို့ သဘောပေါက်တဲ့အတွက် မနက်စောစော
သပိတ်ပိုက်ပြီးတော့ ရွာထဲကို ဆွမ်းခံဝင်ခဲ့ပါတယ်။ ခပ်စောစောဆွမ်းခံဝင်လာပြီဆို ဒါယကာ, ဒါယိကာမများကလည်းသိနေတဲ့အတွက် ၊
နားလည်နေကြတဲ့အတွက် ယာဂုဆွမ်းများကို လောင်းလှူပေးလေ့ရှိပါတယ်။
ထိုနေ့မှာကိုယ်တော်ငယ်လေးတစ်ပါးကလည်း ထိုရဟန္တာမထေရ်မြတ်ကြီးနဲ့ မလှမ်းမကမ်းက လိုက်လာပြီးသွားလိုက်တဲ့ အချိန်အခါမှာ
မထေရ်မြတ်ကြီး ယာဂုဆွမ်းကို အလှူခံပြီးနောက် ကိုယ်တော်ငယ်လေးကလည်း ထိုယာဂုဆွမ်းကို အလှူခံပါတယ်။ ဒီအချိန်မှာ ရဟန္တာမထေရ်မြတ်ကြီးက လေနာရောဂါဟာ အပြင်းအထန်နှိပ်စက်နေလေတော့ ၊ ဒီရောဂါ ငြိမ်းအေးရေးအတွက် ဘာလုပ်လိုက်သလဲ ?။
အဲ့ဒီအိမ်ရှေ့တစ်နေရာမှာ ပုံထားတဲ့ သစ်ပုံတွေရှိတယ် ၊ ဒီသစ်ပုံတွေပေါ် နေသီဒိုင်လေးခင်း ထိုင်ပြီးတော့ ရဟန္တာမထေရ်ကြီးက ယာဂုကိုဘုဉ်းပေးတော်မူတယ် ။ ဇွန်းလည်းပါမသွားဘူးနော်။ မပါတော့ဘာလုပ်သလဲ သပိတ်နဲ့ စောင်းသောက်တာဘဲ၊ အဲ့ဒါကို ငတ်ကြီးကြတယ်ဆိုပြီးတော့ ကိုယ်တော်ငယ်လေးက ကဲ့ရဲ့ပါတယ်။
" ဒီကိုယ်တော်ကြီးဒီလောက်တောင် ငတ်ကြီးကျလှချည်လား " ဒီစကားကို ရဟန္တာမထေရ်ကြီးကလည်း ကြားလိုက်ပါတယ်။ ကျောင်းရောက်သွားပြီးတဲ့ အချိန်အခါကြတော့၊ ကိုယ်တော်ငယ်ကို " အရှင်ဘုရား ..အရှင်ဘုရားဟာ သာသနာတော်မှာ ထောက်ရာတည်ရာ
တရားများ ရပြီးဖြစ်ပါသလားလို့ ရဟန္တာမထေရ်ကြီးက သူ့ကို သနားလို့မေးလိုက်ပါတယ်။ မေးလိုက်တော့ ကိုယ်တော်ငယ်လေးက
" တပည့်တော် သောတာပတ္တိမဂ်ဉာဏ်, ဖိုလ်ဉာဏ်ဆိုက်ထားတဲ့အထိ ရရှိထားပါတယ် " လို့ ဒီလိုဘဲ ပြန်လျောက်ထားလိုက်ပါတယ်။
အဲ့ဒီအခါမှာ ရဟန္တာမထေရ်မြတ်ကြီးက ဘာအမိန့်ရှိသလဲဆိုတော့ " ဒီလိုဆိုရင်တော့ အရှင်ဘုရားဆက်ပြီးတော့ တရားအားမထုတ်ပါနဲ့တော့
အားထုတ်လျှင်လည်း အရှင်ဘုရားတရားရတော့မှာ မဟုတ်ဘူး " ဆိုပြီး ဒီလိုပြောဆိုပြီး ကျောင်းပြန်ကြွသွားပါတယ်။ ဒီကိုယ်တော်လေး လိုက်လာလိမ့်မယ်ဆိုတာလည်း သိနေပါတယ်။ ဘာလုပ်သလဲ? ။
သူ့ကျောင်းထဲမှာ တံခါးစေ့ထားပြီးတော့ ထိုင်ပြီး ဈာန်အဘိညာဉ်တွေ ဝင်စားပြီး မျက်နှာချပ်နဲ့ ခေါင်းနဲ့ထိနေအောင် ကောင်းကင်မှာ တင်ပျဉ်ခွေ ထိုင်နေပါပြီး တရားဘာဝနာရှုပွား နေပါတယ်။ ဟိုကိုယ်တော်လေးကလည်း သတိသံဝေဂရပြီးတော့ ငါပြစ်မှားမိတာနဲ့ တူတယ်ဆိုပြီး
သွားကန်တော့မှ ဖြစ်တော့မယ်ဆိုပြီး နေသီဒိုင်လေးယူပြီးတော့ မထေရ်မြတ်ကြီးရဲ့ ကျောင်းတွင်သို့ ဝင်လိုက်တဲ့ အခါ မထေရ်မြတ်ကြီး
မျက်နှာချပ်ကိုခေါင်းနဲ့ထိပြီးထိုင်တရားအားထုတ်နေတာကို တွေ့လိုက်တော့ ထိုင်ပြီးကုန်းဦးချကာ ဝန်ချတောင်းပန်တယ်တဲ့ ။ အဲ့ဒီလို ဝန်ချတောင်းပန်မှ အထက်မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိနိုင်ပါတယ်။
သို့သော် ဒီအရိယူဝါဒကံတွေဟာ သေခါနီးကာလမှာလည်း အကျိုးပေးတတ်တဲ့ သဘောတော့ရှိပါတယ်။ ဒါကြောင့်မိမိက ပုထုဇဉ်ဖြစ်ခဲ့မယ်
ဆိုရင်တော့ သူတစ်ပါးသည် အရိယာဖြစ်သည်ဖြစ်စေ , အရိယာမဖြစ်သည်ဖြစ်စေ မကဲ့ရဲ့တာ မပြစ်မှားတာ အကောင်းဆုံးသာဖြစ်ပါတယ်။
" ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma https://www.facebook.com/Bhikkhu.BuddhaDhamma/ http://bhikkhudhamma.blogspot.com/
kuantan min yar zar
Subscribe to:
Posts (Atom)