-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Thursday, 11 August 2016

" ဥုံ " ဆိုတာ ဘာလဲ ?


" ဥုံ " ဆိုတာ ဘာလဲ ? .

" ဥုံ " ဆိုတာ>>  အ+ဥ+မ် အက္ခရာသုံးလုံးပေါင်းပြီး "ဥုံ (အုမ်)"လို့ ဖြစ်ပေါ်လာတာပါ။

အဲဒီ " ဥုံ " ရဲ့ အဓိပ္ပါယ်ကတော့-
အ= ဗြဟ္မာမင်း
ဥ= ဗိသနိုးနတ်
မ်= သျှီ ဝနတ် လို့ ခေါ်တဲ့ ဟိန္ဒူ ဘာသာဝင်တွေ ယုံကြည်ကိုးကွယ်ကြတဲ့ တန်ခိုးရှင်တွေပါပဲ။

ဟိန္ဒူ ဘာသာဝင်တွေက
ဗြဟ္မာမင်းဟာ လောကကြီးတစ်ခုလုံးနဲ့ သတ္တဝါတွေကို ဖန်ဆင်းထားတယ်လို့ ယုံကြည်ကြတယ်။ ဗိသနိုးနတ်ဟာ ဗြဟ္မာမင်းဖန်ဆင်းထားတာကို မပျက်ဆီးအောင် စောင့်ရှောက်တယ်လို့ ယုံကြည်ကြတယ်။ သျှိဝနတ်ဟာ ဒီဖန်ဆင်းမှုတွေ ဖျက်ဆီးတတ်တယ်လို့ လက်ခံယုံကြည်ကြတယ်။

ဒါကြောင့် ဗြဟ္မာမင်းနဲ့ ဗိသနိုးကို တန်ဖိုးထားကိုးကွယ်ကြပြီး ဖျက်ဆီးတတ်တဲ့ သျှိဝကိုလည်း မဖျက်ဆီးအောင် ကိုးကွယ်ကြတယ်။ ဒီတန်ခိုးရှင် သုံးဦးကို အတိုကောက်အနေနဲ့ " ဥုံ " ဆိုပြီး ရွတ်ဆိုကြတယ်။ ကိုးကွယ်ပူဇော်ကြတယ်။ (ဗုဒ္ဓတရားတော်မှာ "ဖြစ်/တည်/ပျက်" "ဥပါဒ်/ဌီ/ဘင်" ရှိသလိုမျိုးပေါ့)

ဒီသဘောအဓိပ္ပါယ်တွေကို ထောက်စသောအားဖြင့် " ဥုံ " ဆိုတာ ဗုဒ္ဓဘာသာနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ အလေးထားရွတ်ဆိုစရာ မလိုပါဘူး။ ဒီအသုံးအနှုံးဟာ ပိဋကတ်တော်မှာလဲ မလာရှိပါဘူး။ ဗေဒင်ဆရာ
, ယတြာဆရာ, မန္တာန်ဆရာတွေသည်သာ အလေးထားရွတ်ဆိုကြတာပါ။ ဗုဒ္ဓဘာသာဝင်တွေဟာလဲ ဘုမသိ ဘမသိနဲ့ ဘုရားဟော ပါဠိတော်တွေရှေ့မှာ ထည့်ထည့်ပြီး " ဥုံ " " ဥုံ " ဆိုပြီး ရွတ်နေမိကြတယ်။ မရွတ်သင့်ပါဘူး။ သရဏဂုံ ညှိုးနွမ်းစေတတ်ပါတယ်။

(အားလုံးပဲ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါစေ)


kuantan min yar zar

No comments:

Post a Comment