-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။
Thursday, 31 December 2015
ကလေးငယ်တွေ မထိုင်သင်တဲ့ ပုံစံ
ကလေးငယ်တွေ မထိုင်သင်တဲ့ ပုံစံ
ကလေးငယ်တွေကို ဒီလိုပုံစံ ထိုင်နေတာတွေ့ရင် ချက်ခြင်း တားမြစ်သင့်ပါတယ်။
သင့်ရဲ့ ပတ်ဝန်းကျင်မှာ ကလေးငယ်တစ်ဦးက ခြေနှစ်ဖက်ကို အင်္ဂလိပ်အက္ခရာ W ပုံစံလုပ်ပြီး ထိုင်နေတာမျိုး မြင်ဖူးပါလိမ့်မယ်။ ဒါမှမဟုတ် သင်ကိုယ်တိုင်လည်း ငယ်ငယ်က ဒီလိုထိုင်ခဲ့ဖူးပါလိမ့်မယ်။
ဒီလိုထိုင်နေတဲ့ ကလေးငယ်တစ်ဦးကို မြင်လိုက်ရင်တော့ ချက်ခြင်း ရပ်တန့်ပစ်ဖို့ ပြောသင့်ပါတယ်။ ဒီပုံစံဟာ ကျန်းမာရေးအတွက် အတော်စိုးရိမ်စရာ ကောင်းတဲ့ ကိစ္စပါ။ ဆရာဝန်တွေရဲ့ ထောက်ပြချက်အရ ကလေးငယ် တစ်ဦးက ဒီလိုပုံထိုင်နေခြင်းဟာ ခန္ဓာကိုယ်အောက်ပိုင်း အရိုးတွေအတွက် အတော်စိုးရိမ်စရာ ကောင်းပါတယ်။
ငယ်ရွယ်စဉ် ခန္ဓာကိုယ် ဖွံ့ဖြိုးနေတုန်းမှာ ဒီလိုထိုင်တဲ့အခါ တင်ပါးရိုး၊ ဒူးရိုးနဲ့ ခြေမျက်စိ ကိုထိခိုက်ဖို့ ရာခိုင်နှုန်း အရမ်းများပါတယ်။ ဒူးဆစ်နေရာမှာ ရှိတဲ့ အရိုးနှစ်ခုဆုံချက်ဟာ ဒီလိုထိုင်လိုက်တဲ့ အတွက် ဟန်ချက်ပျက်သွားလေ့ရှိပါတယ်။
အကျိုးဆက်ကတော့ ကြီးလာတဲ့အခါ အခြားကလေးငယ်တွေလို အားကစားလှုပ်ရှားမှု ကောင်းကောင်း မလုပ်နိုင်တာပါပဲ။ ဘောလုံးကစားတာလိုမျိုး လျင်လျင်မြန်မြန် လှုပ်ရှားရတဲ့ နေရာတွေမှာ ကစားနိုင်မှာ မဟုတ်တာပါပဲ။ ဒါကြောင့် ဒီပုံစံထိုင်နေတဲ့ ကလေးငယ်တွေ့ရင် ချက်ခြင်း တားမြစ်ရမှာပါ။
★ ★ ★ ★ ★
ကွမ်တန်း မင်းရာဇာ
အရေးကြီးတာ အရင်လုပ်ပါ
အရေးကြီးတာ အရင်လုပ်ပါ …
**********************
တစ်ခါတုန်းက ဒသနိကဗေဒ ပါမောက္ခတစ်ယောက် က အတန်းမစခင်မှာ စားပွဲပေါ်မှာ ပစ္စည်း ပစ္စယ တချို့ တင်ပြီးတော့ ရပ်နေပါတယ် … ။
အတန်းလည်းစရော … ဘာမပြောညာမပြော နဲ့ ခရား အလွတ်တစ်ခု ကို ယူပြီးတော့ ကျောက်ခဲတွေ ထည့်လိုက်ပါတယ်။
ပြီးတော့မှ “ဒီ ခရားက ပြည့်နေပြီလား” လို့ ကျောင်းသားတွေကို မေးလိုက်ပါတယ် … ကျောင်းသား တွေကလည်း “ပြည့်နေပါပြီ” လို့ ဖြေကြပါတယ် … ။
အဲဒါနဲ့ ပါမောက္ခကြီးက ကျောက်စရစ်ခဲလေးတွေ ကောက်ပြီးတာ့ ခရားထဲကို လောင်းထည့် လိုက်ပါတယ် … ။ ခရားကို ဖြည်းဖြည်းခြင်း လှုပ်ပြီးတော့ ဆက်ထည့်ပါတယ် … ။ ကျောက်စရစ်ခဲလေး တွေက ပထမ ထည့်ထားတဲ့ ကျောက်ခဲတွေကြားက နေရာလွတ်လေးတွေကို … ရသလောက် နေရာဝင်ယူ ကြပါတယ်။
ပါမောက္ခကြီးက ကျောင်းသားတွေကို “ဒီ ခရားက ပြည့်နေပြီလား” လို့ ဆက်မေးပြန်ပါတယ် … ။
ကျောင်းသားတွေကလည်း “ပြည့်နေပါပြီ” လို့ ထပ်ဖြေကြပြန်ပါတယ် … ။
ဆက်ပြီးတော့ ပါမောက္ခကြီးက သဲတစ်ဗူးကို ယူပြီးတော့ ခရားထဲကို လောင်းထည့်ပြန်ပါတယ် … ။ သဲတွေကလည်း ခရားထဲမှာရှိတဲ့ နေရာလွတ်မှန်သမျှ နေရာဝင်ယူလိုက်ပါတယ် … ။
နောက်ထပ်တစ်ကြိမ် ဆက်ပြီးတော့ ပါမောက္ခကြီးက “ခရားက ပြည့်ပြီလား” မေးပြန်ပါတယ် … ။
ကျောင်းသားများကလည်း “ဟုတ်ကဲ့ပါ” လို့ တစ်ညီတစ်ညွတ်တည်း ဖြေကြပါတယ် …. ။
“ကဲ … ဒီခရားကို မင်းတို့ ဘဝ လို့ ဆိုကြပါစို့ … ကျောက်ခဲတွေက မင်းတို့ဘဝရဲ့ အရေးကြီးတဲ့ အရာတွေပဲ … ဆိုလိုတာက ကိုယ့်ရဲ့မိသားစု၊ ကျန်းမာရေး၊ တွေပေါ့ … ကျန်တဲ့အရာတွေ ဆုံးရှုံးရင် တောင်မှ အရေးကြီးတာတွေက ကိုယ့်ဘဝထဲမှာ ကျန်နေသေးပါတယ် … ။ ကျောက်စရစ်ခဲတွေကတော့ မင်းတို့ရဲ့ အလုပ်အကိုင်၊ အိမ်၊ ကား စတဲ့ အခြားကိစ္စတွေပေါ့ … ၊ သဲတွေကတော့ ဘဝရဲ့ အသေးအဖွဲ့ကိစ္စ လေးတွေပေါ့ …
တကယ်လို့သာ မင်းတို့က သဲတွေကိုသာ ခရားထဲကို အရင်ထည့်လိုက်မယ် ဆိုရင် ကျောက်ခဲတွေ၊ ကျောက်စရစ်ခဲတွေ ထည့်ဖို့ နေရာ ရှိမှာ မဟုတ်တော့ဘူး …
မင်းတို့ရဲ့ လုပ်နိုင်သမျှ စွမ်းအားတွေ၊ အချိန်တွေကို အသေးအဖွဲ့ ကိစ္စလေးတွေအတွက်ပဲ အသုံးပြု လိုက်မယ်ဆိုရင် အခြားအရေးကြီးတဲ့ ကိစ္စတွေကို လုပ်နိုင်တော့မှာ မဟုတ်တော့ပါဘူး … ။
ဒါကြောင့် အရေးကြီးတာကို အရင်လုပ်ကြပါ … ၊ မိသားစုကို အချိန်ပေးပါ၊ အလုပ်ကိစ္စတွေကို ဂရုစိုက်ပါ … ကျန်တာတွေ ကတော့ သဲတွေလိုပါပဲ … ” လို့ ပါမောက္ခကြီးက ဆုံးမပါတယ် … ။
ကျွန်တော်တို့ ဘဝတွေတိုင်းဟာ အချိန်တွေနဲ့ တည်ဆောက်ထားတာပါ … ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်လိုချင်လို့ မရပါဘူး …
ဒါကြောင့်မို့ ရထားတဲ့ လူဘဝ အချိန်ခဏလေးကို ဘဝအတွက် အရေးမပါတာတွေ နဲ့ မကုန်ဆုံးစေဘဲ … အရေးကြီးတာတွေကို
အရင်လုပ်ပြီး … တန်ဖိုးရှိအောင် လုပ်ကြပါစို့ …. ။
Be The Best ! — at Acuity English Language Centre.
ကွမ်တန်း မင်းရာဇာ
Tuesday, 29 December 2015
မိဘတွေကရုဏာနဲ့ လိမ်ပြောတာကို မယုံကြနဲ့ 
မိဘတွေကို မယုံကြနဲ့ 
------------------
မိဘတွေဟာ သားသမီးတွေဆီမှာ စားသောက်တဲ့
အခါတိုင်း ဘာလေးတော့ စားချင်လိုက်တာလို့ 
တစ်ခါမှ မတောင်းဆိုဘူး ဘူး ထမင်းစားတဲ့
အခါတွေမှာလည်း သူတို့ ကြိုက်တဲ့ ဟင်းနဲ့ 
စားနေရတာတောင် ထမင်းမစားရသေးတဲ့သားသမီး
တွေရှိသေးတယ်ဆိုရင် ငါက ဒါတော့ မကြိုက်ဘူး
ဒါတော့ မစားချင်ဘူးလို့ ငြင်းဆိုလေ့ရှိတယ်
မယုံကြပါနဲ့ 
အသက်ကြီးလာရင် အစာအာဟာရဟာ
ပိုပြီး လိုအပ်ပါတယ်  အမေရယ် ဒါကို အရင်တုန်းက
အမေကြိုက်ပါတယ်လို့  ပြောရင်တောင်
အရင်က ကြိုက်ပေမဲ့ အခုမကြိုက်တော့ဘူး
လို့ တောင် ပရိယယ် လုပ်ပြီး ငြင်းဆိုကြလေ့ရှိပါ
တယ် သားသမီးများ သတိထားကြည့်ကြပါ
ကိုယ့်ရည်းစား ဘာကြိုက်တက်လည်းဆိုတာကို
လပိုင်းအတွင်းတောင် လေ့လာနိုင်ကြပါတယ်
နှစ်ပေါင်းများစွာအတူနေလာခဲ့ကြတဲ့ ကိုယ့်မိဘ
ဘာကြိုက်တက်လည်းဆိုတာတော့ သားသမီးတိုင်း
သိနိုင်လောက်ပါတယ်
ဒါ့ကြောင့် သူတို့ မကြိုက်ဘူးဆိုလည်း ဇွတ်သာ
ကျွေးကြပါ ပူတဲ့အချိန် သင့်တော်တဲ့အစားအစာ
အေးတဲ့အချိန်လည်း သင့်တော်တဲ့အစားအစာ
များကို သားသမီးတိုင်းက အလိုက်တသိနဲ့ 
ကျွေးနိုင်ဖို့ ကြိုးစားကြပါ
သူတို့ တောင်းဆိုမှ ကိုယ်က ကျွေးရမယ်ဆိုရင်
မိဘကျေးဇူးကို ဒီတသက် ဆပ်ခွင့်ရမှာ
မဟုတ်တော့ပါဘူး ဘာ့ကြောင့်လည်းဆိုတော့
သူတို့ က ဒီတသက် ဘာမှ တောင်းဆိုမှာ
မဟုတ်လို့ ပါပဲ
စီးပွားရေးမပြေလည်တဲ့သားသမီးများရဲ့
မိဘများနဲ့ သားသမီးကို မှီခိုပြီးစားသောက်နေရတဲ့
မိဘများ အတွက်ပိုပြီး ဂရုစိုက်ပေးကြပါ
ကိုယ်ငယ်ငယ်က မိဘတွေအဆင်ပြေပြေ
မပြေပြေ အားမနာတမ်းတောင်းဆိုခဲ့ပေမဲ့
သားသမီးတွေအဆင်မပြေရင် မိဘတွေက
အားနာတက်တယ်ဆိုတာကို အမြဲသတိယကြပါ
မိဘတွေအတွက် ပူစရာမလိုဘူးဆိုပြီး ဥပေက္ခာ
ပြုတက်ကြပါတယ် ပြေလည်တဲ့ မိဘတွေလည်း
သားသမီးတွေရဲ့ သိတက်မှု့ ကို အမြဲမျှော်လင့်
နေတက်တယ်ဆိုတာ သတိရကြပါ
ငယ်ငယ်က သားသမီးချင်းယှဉ်ရင် မျက်နှာ
မငယ်ရအောင် ဖြည့်ဆည်းပေးတဲ့ မိဘတွေကို
ကိုယ့်ကိုမှီခိုတဲ့အချိန်ကျမှ မိဘချင်းယှဉ်လို့ မှ
ကိုယ့်မိဘက မျက်နှာငယ်ရမယ်ဆိုရင်တော့
သားသမီးမိုက်စာရင်းထဲကိုပါသွားပါလိမ့်မယ်
ဒါ့ကြောင့်
သူတို့ လိုအပ်ချက်ကို အမြဲတမ်းစောင့်ကြည့်ဖို့ 
လိုအပ်ပါတယ်
သူတို့ ပြောစကားတွေကို မယုံကြပါနဲ့ 
share
ကတိတစ်ခုရဲ့နောက်ကွယ်(ဖြစ်ရပ်မှန်)
### ကတိတစ်ခုရဲ့နောက်ကွယ် ( စ/ဆုံး ) ###
ဟေ့ရောင် မိုးသော် မင်းမှာသူငယ်ချင်းကောင်မလေးမရှိ
ဘူးလားကွာ ငါ့မှာရည်းစားမရှိလို့ကွ ဖြစ်နိုင်ရင်တစ်ယောက်
လောက်ငါ့ကိုမိတ်ဆက်အောင်သွယ်ပါလုပ်ပေးပါလားကွာ..
ဟေ...အံ့သြခြင်းများစွာနဲ့ မထင်မှတ်တဲ့ စကားတစ်ခွန်းနဲ့အတူ
သူငယ်ချင်းဖြစ်သူ ထွေးအောင်ရဲ့ အကူအညီတောင်းပုံက
ရယ်စရာလိုလို ဘာလိုလို ..ထွေးအောင်ကမြို့သားလေ
ကျနော်မိုးသော်ကခရိုင်မြို့လေးနဲ့ဆယ်မိုင်လောက်ဝေးတဲ့
တောရွာမှာ ကြီးပျင်းတဲ့ တောသားစစ်စစ် ထွေးအောင်နဲ့
ခင်မင်တာက အလယ်တန်းတတ်စဉ်ကနေဆယ်တန်း
အထိ အတန်းတူပြောမနာဆိုမနာပေါင်းသင်းလာတဲ့
သူငယ်ချင်းပေါ့ ရွာမှာက မူလတန်းပဲရှိတာဆိုတော့
မြို့ပေါ်ကကြီးဒေါ်အိမ်မှာနေရင်းကျောင်းတတ်ခဲ့ချိန်က
ရင်းနှီးခဲ့တဲ့သူပေါ့ သူ့လိုမြို့မှာမွေး မြို့မှာကြီးတဲ့ကောင်က
တောသားကျနော့်ကို ရည်းစားတစ်ယောက်ရဖို့အကူ
အညီတောင်းတယ်ဆိုတော့ ရယ်ချင်စရာဖြစ်နေသလို
နောက်တယ်လို့ ထင်မယ်ဆိုလည်းထင်ချင်စရာကိုးဗျာ့..
အခုထွေးအောင်က ကျနော်ရှိတဲ့ တောရွာကိုအပျင်းပြေ
လာလည်ရင်းနဲ့ ရွာကကောက်ပဲသီးနှံတွေအတွက်အဝယ်
တော်ပေါက်စအဖြစ်နဲ့ရောက်လာတယ်ဆိုပါတော့ဗျာ
ရွာခံလည်းဖြစ် သူငယ်ချင်းလည်းဖြစ်တဲ့ ကျနော်ကအစစ
အရာရာကူညီဖို့အကြောင်းဖန်လာခဲ့ပြီပေါ့....
ဟကောင်ရဲ့ မင်းကမြို့သားလုပ်နေပြီးရည်းစားတောင်
မရှိဘူးလား ...မင်းပြောမယ်ဆိုလည်းပြောချင်စရာပဲဟေ့
ငါအခုအချိန်အထိရညိးစားမထားဘူးသေးဘူးကွ ..
ကဲပါ..မယုံတစ်ဝက်ယုံတစ်ဝက် ယုံရခက်ခက်နဲ့ပဲယုံကြည်
ပေးပါ့မယ် မနက်ဖြန်လယ်ထဲဆင်းစရာရှိတယ်ကွ
ဟိုဘက်ရွာက ကောင်မလေးတွေ လယ်စိုက်ဌားထားတယ်
သူတို့ကဒီရွာကလယ်ပိုင်ရှင်တွေရဲ့ လယ်တွေကိုအဌား
စိုက်ကြတာ လယ်စိုက်လို့ မပြီးမချင်းဒီရွာမှာပဲနေကြတာ
ဒီရွာသူတစ်ပိုင်းကိုဖြစ်နေပြီဆိုပါတော့ အဲ့ဒါမနက်ဖြန်
ကျရင် မင်းလိုက်ခဲ့ ရည်းစားမရှိတဲ့ ကောင်မလေးဆိုရင်
ငါအောင်သွယ်လုပ်ပေးမယ် ဟုတ်ပြီလား ဒါပေမယ့်
တစ်ခုတော့ရှိတယ် အတည်မဟုတ်ပဲ အပျော်ကြံယုံဆိုရင်တော့
ငါအားမပေးသလို အောင်သွယ်လည်းလုပ်မပေးနိုင်ဘူး
နေပါဦး မင်းက ဟို..တောသူကိုတကယ်ယူနိုင်မှာရော
ဟုတ်လို့လားကွာ မင်းစိတ်တော့ကောင်းပါတယ်နော်
ဟီးးးဟီးးး ရှေးလူကြီးသူမတွေ ပြောတာမကြားဖူးဘူးလား
မယားတောသူပါတဲ့ဆို အဲ့ဒါကြောင့်မြို့နဲ့လည်းသိပ်မဝေးတဲ့
မင်းဆီကိုလာလည်ရင်း မိန်းမရှာပုံတော်ပါဖွင့်လိုက်တာ
ငါကလည်းအတည်မယူနိုင်ပဲနဲ့တော့မိန်းကလေး
တစ်ယောက်ကိုအပျော်မကြံပါဘူးကွာ....
မင်းသေချာတယ်ဆိုရင်တော့ ကူညီဖို့အသင့်ပဲ..Ok..
ဘုရားဖူးရင်းလိပ်ဥတူးမယ့် ထွေးအောင်တစ်ယောက်အတွက်
မိုးသော်ဆိုတဲ့ ကျနော်က အောင်သွယ်တော်လုပ်ပေးဖို့
အကြောင်းဖန်လာတယ်ပေါ့ဗျာ နောက်နေ့လယ်ထဲဆင်းတော့
ထွေးအောင်ပါလိုက်လာတယ် မြို့သားဆိုတော့အထူးအဆန်း
ဖြစ်ပြီးကောက်စိုက်သမတစ်သိုက်ကလည်းလှမ်းလျှိုးပြီး
စကြနောက်ကြတာ ကျနော်တောင်မိတ်ဆက်ပေးစရာ
မလိုပဲသူတို့အားလုံးနဲ့ရင်းနှီးသွားကြတာပေါ့ မိုးသော်ရေ
သူငယ်ချင်း ငါတော့ ဟိုးအစွန်ဆုံးက ကောင်မလးကို
ကြိုက်တယ်ကွ သူ့မှာရည်းစားရှိမရှိမင်းစုံစမ်းပြီးတော့
လှုပ်ရှားပေးပေတော့...ငင်...ထွေးအောင်..အဲ့ဒီတျောက်က
အပျိုမဟုတ်ဖူးကွ သူ့ယောက်ျားကပြီးခဲ့တဲ့နှစ်ကပဲ
ပိုးထိပြီးဆုံးသွားတာ အရွယ်ငယ်ငယ်နဲ့သနားစရာမုဆိုးမ
လေးဖြစ်နေရရှာတာ...သူ့ယောက်ျားကလည်းဒီရွာသားပဲ
ဒါပေမယ့်အခုတော့ ဒီကောင်မလေးကသူ့မိဘအိမ်မှာ
ပြန်နေနေတာပေါ့...
ထွေးအောင်:-သနားစရာ ကောင်းလိုက်တာကွာ...
သူ့မှာရည်းစားမရှိတာသေချာရင် ကြိုးစားပေးကွာနော်
ငါသူ့ကိုမြင်မြင်ချင်းပဲသဘောကျနေမိပြီ ငါအတည်ယူမှာပါ
မင်းကူညီဖို့သာပြင်ထားပေတော့...
မိုးသော်:;အေးပါကွာ ..ငါအစွမ်းကုန်ကူညီပါ့မယ်
ထွေးအောင်:- ဒါနဲ့သူ့နာမည်ကဘယ်သူလဲ မိုးသော်
ညိုလေးနွယ်တဲ့....
ဒီလိုနဲ့ပဲ မျက်မှန်းတမ်းမိသွားကြတယ်ပေါ့ ကျနော့်ရဲ့
အညွှန်းတစ်ချို့နဲ့အတူ ညိုလေးနွယ်ကလည်းထွေးအောင်
အပေါ်ရင်ခုန်စိတ်လှုပ်ရှားမူ့ မီးစိမ်းကလေးလင်းလက်လာပြီး
ချစ်သူဘဝသို့ မဆိုင်းမတွရောက်ရှိသွားကြလေသတည်း
လကွယ်ညရဲ့ အမှောင်ထုကိုအားပြုလို့ ရွာအနောက်ဘက်က
မကျည်းပင်အောက်မှာ ထွေးအောင်နဲ့ညိုလေးနွယ်ချိန်း
တွေ့ကြသည်ပေါ့
..
ညိုလေးနွယ်--* ကိုထွေးရယ် ကျမကိုခွဲမသွားရဘူးနော်
ဘယ်ဘဝရောက်ရောက်ပေါ့.....
ထိုအချိန်--**မကျည်းပင်ပေါ်က တောက်ခေါက်သံကြီး
တိတ်ဆိတ်မူ့ကိုထွင်းဖောက်ပြီးတော့ ချစ်သူနှစ်ဦး
ကြက်သီးဖျန်းဖျန်းထသွားရလောက်အောင်ကြားလိုက်ရသည်
ထွေးအောင်==ဘယ်သူတောက်ခေါက်တာလဲ ဘယ်သူ
တောက်ခေါက်တာလဲ ...
ညိုလေးနွယ်**- ကိုထွေးသူငယ်ချင်း မိုးသော်နေမှာပါ
ထွေးအောင်--** ဒီကောင်ကွာ နောက်စရာရှားလို့..
ဒီလိုနဲ့ပဲ အချိန်ကုန်အိမ်ပြန်လာကြတယ်...
အိမ်ရောက်တယ်ဆိုရင်ပဲ မောင်မင်းကြီးသားကမေးပါလေရော
မိုးသော်ရာတကယ့်အရေးမှမင်းကလာတောက်ခေါက်နေတယ်
ငါဖြင့်လန့်သွားတာပဲ ....
မိုးသော်---*** ငင်...ဟကောင်ရ ငါကဘာလို့တောက်ခေါက်
ရမှာလဲ မင်းတို့အကြည်ဆိုက်နေတာသိလို့ ငါကမင်းတို့နဲ့
အဝေးဆုံးမှာရှိနေတာ မင်းပြောထားတဲ့အချိန်ရောက်မ
မင်းကိုငါလာခေါ်တာ မင်းတို့အနားမှာငါရှိမနေဘူးလေ
ထွေးအောင်--** မလိမ်ပါနဲ့မိုးသော်ရာတောက်ခေါက်သံကို
ငါတင်မဟုတ်ဘူး ညိုလေးပါကြားလိုက်တာရယ်..
မိုးသော်--** ဟာကွာ ငါတကယ်တောက်မခေါက်ဖူးဟ
ငါကျိန်ဆိုကျိန်ဝံ့ပါတယ်ကွာ ငါမဟုတ်တာတော့သေချာတယ်
တခြားအတွဲတွေများအနီးအနားမှာရှိနေလို့မင်းတို့ကိုမနာ
လိုဖြစ်ပြီးတောက်ခေါက်တာများလား....
ထွေးအောင်---** သိတော့ဘူးကွာ မင်းမဟုတ်လဲပြီးတာပဲ
ငါနဲ့ညိုလေးဝါကျွက်ရင်တော့ လက်ထပ်ဖို့ငါ့ဘက်ကအစစ
အရာရာပြင်ဆင်မှဖြစ်တော့မယ် မုဆိုးမဆိုတဲ့စိတ်နဲ့
ညိုလေးခမျာအားငယ်နေရှာတာ...
မိုးသော်---** ဟုတ်ပါပြီ ကဲအချိန်မရှိတော့ဘူးမနက်ကျတော့
စပါးပေါ်ပေးငွေကြိုယူချင်လို့တဲ့ ဦးကြီးအောင်ကငါ့ကို
မေးခိုင်းလိုက်တယ်မင်းပိုက်ဆံအဆင်သင့်ပြင်ထားလိုက်ဦး
ထွေးအောင်--**အိုကေ..ပြင်ထားလိုက်မယ်အခုတော့
ငါအိမ်မက်လှလှမက်လိုက်ဦးမယ် ညိုလေးနဲ့...ငိငိ.
ညိုလေးနွယ် အိမ်မက်လိုလို တကယ်လိုလိုအသံတွေကြား
နေရတယ်. ..နွယ်....နွယ် ..နင်ဘယ်သူ့ကိုမှယူခွင့်မရှိဘူး
နင်ငါ့ကိုပေးထားတဲ့ ကတိကို နင်သေတဲ့အထိကတိတည်
ရမယ် နင်လာမယ့်အချိန်အထိ ငါစောင့်နေမယ် နွယ်
အင်း...အင်းပါ..စောင့်နေနော်..လေးနွယ်လာတဲ့အထိ..
လေးနွယ် ဘာတွေလုပ်နေတာလဲ ဒီချိန်ကြီးမှ
ဘယ်သူနဲ့စကားတွေပြောနေတာလဲ အခန်းဘေးက
သူငယ်ချင်း သူဇာကနိုးလာပြီးမေးတော့မှ..
ညိုလေးနွယ်--** အိပ်ယာကနိုးသွားတယ် သူအိမ်မက်မက်
နေတာဆိုတာသိလိုက်တယ် .ငါ .ငါ.အိပ်နေပြီရယ်
ဘယ်သူနဲ့မှစကားမပြောပါဘူး ယောင်တာဖြစ်မယ်
နေ့ခင်းကအကြောင်းတွေ စကားပြောတာတွေကို....
ညိုလေးနွယ် ပြန်အိပ်ဖို့ ကြိုးစားပေမယ့်ဘယ်လိုမှအိပ်လို့
မရဘူးစောနားကစကားသံကိုသူရင်းရင်းနီးနီးသိနေသလိုပဲ
နောက်ပြီးသူ့နာမည်ကိုခေါ်တာကလည်း နွယ် တဲ့
ငါ့ကို နွယ် လို့ခေါ်တာကသူ့ရဲ့ငယ်ချစ်ဦးယောက်ျားဖြစ်သူ
စောမောင်....ဒါဆို...အကိုစောမောင်...များ...မကျွက်လွက်
သေးတာများလား...ဒါဆို...ဒါဆို...ဟို..မကျည်းပင်ပေါ်က
တောက်ခေါက်သံက....အကိုစောမောင်များလား...
အဲ့ဒီမကျည်းပင်အောက်မှာ ငါနဲ့အကိုစောမောင်ချိန်းတွေ့
နေကျ ကတိတွေ သစ္စာတွေ ထားခဲ့ကြသည့်နေရာ..
ဒါဆို...စောနားကအိမ်မက်မဟုတ်ဖူးပေါ့...ငါ...ငါ...
ငါ...ဘယ်လိုလုပ်ရပါ့..
 တောက်ခေါက်သံက....အကိုစောမောင်များလား...
အဲ့ဒီမကျည်းပင်အောက်မှာ ငါနဲ့အကိုစောမောင်ချိန်းတွေ့
နေကျ ကတိတွေ သစ္စာတွေ ထားခဲ့ကြသည့်နေရာ..
ဒါဆို...စောနားကအိမ်မက်မဟုတ်ဖူးပေါ့...ငါ...ငါ...
ငါ...ဘယ်လိုလုပ်ရပါ့...
အတိတ်ရဲ့အရိပ်လွှမ်းမိုးမူ့နဲ့အတူ ညိုလေးနွယ်ရဲ့အိပ်ပျက်ည
အိမ်မက်ဆိုးတွေက ခြောက်လှန့်နေပါတော့တယ်...
လက်ရှိချစ်ရသူ ကိုထွေးကိုလည်းဖွင့်မပြောရဲပြောပြလိုက်လို့
နားလည်စာနာပေးနို်ပါ့မလား အကိုစောမောင်ကိုသတိမရတော့
ဘူးလည်းမဟုတ် သေသောသူကြာရင်မေ့ဆိုသလိုမေ့
နိုင်ပြီလို့ယူဆပြီးလက်ကျန်ဘဝအတွက်ယုံကြည်မူ့ကို
ထပ်တူချပြီးရင်ခုန်သံလေးရောစွက်လို့နှလုံးသားအသစ်
တစ်ဖန်ပြန်လည်မွေးဖွားချိန်မှာပဲထင်မှတ်မထားတဲ့
စွဲလန်းမူ့ကိုဆုပ်ကိုင်ပြီးတမလွန်ကတောင်စောင့်မျော်နေဦး
မယ်ဆိုတဲ့ အကိုစောမောင်ရဲ့ အချစ်ကို ဥပေက္ခာပြုသလိုများ
ဖြစ်နေပြီလားမသိဘူး....အတွေးလွန်စွာနဲ့ပဲ ညိုလေးနွယ်
ထွေးအောင်ချိန်းတဲ့ရက်တွေကိုအကြောင်းအမျိုးမျိုးပြပြီး
ရှောင်နေခဲ့မိပါတော့တယ်....
_____________________
ထွေးအောင် ညိုလေးနဲ့ မတွေ့လို့မဖြစ်တဲ့အခြေအနေကို
ရောက်နေရပြီ ပြောပြစရာတွေ တိုင်ပင်စရာတွေ ညိုလေးကို
မေးချင်တာတွေ ထွေးအောင်ရင်ထဲမှာပြည့်နှက်နေခဲ့ပြီ
ပြောစရာတွေများပါတယ်ဆိုမှ ညိုလေးကသူ့ကိုရှောင်ဖယ်ဖယ်
လုပ်နေတယ် ဘာကြောင့်ဆိုတဲ့အကြောင်းပြချက်မခိုင်လုံ
ပါပဲညိုလေးသူ့ကိုရှောင်နေတယ်...
ထွေးအောင်ပြောချင်တဲ့ အကြောင်းအရာတွေက
ညညဆိုသူ့အိမ်မက်ထဲကိုရောက်ရောက်လာတဲ့တစ္ဆေ
တစ်ကောင်ရယ်ပေါ့...နာကျည်းတဲ့မျက်ဝန်းတစ်စုံနဲ့
ဒီရွာကနေအမြန်ဆုံးထွက်သွားဆိုတဲ့ကြိမ်းမောင်းသံတွေ
နွယ်နဲ့မပက်သက်နဲ့ဆိုတဲ့သတိပေးအမိန့်သံတွေနွယ်က
သူ့ချစ်သူ သူ့မိန်းမ တစ္ဆေဘဝကနေ နွယ့် ကိုစောင့်နေတာ
ဆိုတဲ့ တောင်းပန်မူ့သဝဏ်လွှာနဲ့တောင်းဆိုသံတွေက
ထွေးအောင်ဘာဆက်လုပ်ရမလဲဆိုတဲ့ အဖြေအတွက်
မဟေဠိပုစ္ဆာတစ်ပုဒ်ဖြစ်နေရပါတော့တယ်...
သူငယ်ချင်းဖြစ်သူ မိုးသော်ကိုတိုင်ပင်မယ်လို့စိတ်ကူးရှိ
ပေမယ့်ချစ်သူ ညိုလေးနဲ့အရင်ဆုံးတိုင်ပင်ပြီးတော့မှ
အဖြေရှာချင်တဲ့ဆန္ဒကအလေးသာနေတော့ မိုးသော်ကို
ဒီအကြောင်းတွေအခုချိန်အထိပြောမပြဖြစ်သေး...
____________________
နှစ်ဦးသားရဲ့ပြောစရာစကားအစုံရဲ့ ဆန္ဒမှန်လို့ထင်ရဲ့
ညိုလေးနဲ့ထွေးအောင်တို့ဟိုတခါတွေ့ဖြစ်တဲ့မကျည်းပင်ရဲ့
အောက်မှာတွေ့ဖြစ်ဖို့အချိန်ကျရောက်လာခဲ့ပြီပေါ့....
လမင်းကြီးဝိုင်းစက်ပြည့်ဝန်းနေတဲ့လပြည့်ညမှာပေါ့
_____________________
"ကိုထွေးကိုပြောရာရှိတယ်"ညိုလေးကိုပြောစရာရှိတယ်"
________
မတိုင်ပင်ပဲပြိုင်တူပြောလိုက်မိကြတယ်....
"ကိုထွေးအိမ်မက်မက်တယ်"ညိုလေးအိမ်မက်မက်တယ်"
"ငင်"...တူနေပြန်ပြီ...ကဲပါ ညိုလေးအရင်ပြောပါ...
ဦးစားပေးခံရတဲ့ညိုလေး မျက်ဝန်းကမျက်ရည်စတွေနဲ့အတူ
ညိုလေး))ကိုထွေးစိတ်ထဲဘယ်လိုမှရှိမနေရဘူးနော်
ကိုထွေး))မရှိပါဘူး ညိုလေးရယ်ပွင့်ပွင့်လင်းလင်းပြောပါ
ညိုလေး))ဒီလို ကိုထွေးရဲ့ ကိုထွေးနဲ့တွေ့ခဲ့တဲ့ပြီးခဲ့တဲ့
အခါတုန်းကလေအဲ့ဒီညကအိမ်မက်မက်တယ်သိလား
အိမ်မက်ထဲမှာ ညိုလေးရဲ့အရင်ယောက်ျားဆုံးသွားတာ
ကိုထွေးသိပြီးသားနော်...
ကိုထွေး))အင်းသိတယ်လေဘာဖြစ်လို့လဲ ကိုယ်သိပြီးသားပဲ
ညိုလေး))အိမ်မက်ထဲမှာစကားတွေလာပြောနေတယ်
နောက်ပြီးသူကတမလွန်ဘဝကနေစောင့်နေတယ်တဲ့..
ကိုထွေး))..ငင်...တိုက်ဆိုင်လွန်းနေပါလား..
ညိုလေး))ဘာတိုက်ဆိုင်တာလဲဟင်ကိုထွေး
ကိုထွေး))ကိုယ်လည်းအဲ့ဒီညကပဲအိမ်မက်မက်တယ်ညိုလေး
အိမ်မက်ထဲမှာ(အပေါ်မှာဖတ်ခဲ့ပြီးသားစကားတွေပေါ့)
ကိုယ်တို့ဘာဆက်လုပ်ကြမလဲ ကိုယ့်အနေနဲ့ညိုလေးကသာ
နောက်ဆုက်ပေးပါဆိုရင်တော့ ကိုယ်နောက်ဆုက်ပေးမှာပါ
ညိုလေးကိုမချစ်လို့မဟုတ်ဖူးနော်ညိုလေးစိတ်ချမ်းသာစေချင်လို့
တမလွန်ကတစ္ဆေတို့ဘာတို့ဆိုတာလည်းကိုယ်ကသိပ်ပြီး
အယုံအကြည်ရှိတာမဟုတ်ဖူးရှိခဲ့ရင်လည်းမသက်ဆိုင်တဲ့
ဘဝကဟာတွေမို့ကိုယ်ဂရုမစိုက်ဘူးညိုလေးအတွက်ရင်ဆိုင်ဖို့
ကိုယ့်ဘက်ကအဆင်သင့်ပါပဲ....
____________________________
ညိုလေးလည်းမစဉ်းစားတတ်တော့ဘူးကိုထွေးရယ်
အခုဟာကသူသက်ရှိထင်ရှားရှိနေပါလျက်ညိုလေးက
သစ္စာဖောက်တာမှမဟုတ်တာဘဝဆက်တိုင်းပေါင်းဖက်ဖို့
ဆိုတဲ့ဆန္ဒနဲ့သစ္စာပြုခဲ့တယ် လက်ရှိဘဝအခက်အခဲ
ကိုရင်ဆိုင်ဖို့အရွယ်ရှိချိန်မှာညိုလေးအားကိုးထိုက်တဲ့သူ
ညိုလေးကိုနားလည်ပေးနိုင်သူကိုညိုလေးရွေးချယ်ချင်တယ်
ညိုလေးသူ့ကိုအမျှအတန်းပေးဝေခဲ့တာလည်းအကြိမ်
ကြိမ်ပါသူဘာဖြစ်လို့သာဓုမခေါ်နိုင်ရတာလဲသူအသက်
ရှင်ချိန်ကလည်းသူကလူကောင်းတစ်ယောက်ပါ
အသောက်အစားကင်းသလိုအရှုပ်အရှင်းကင်းပြီးရိုးသား
ကြိုးစားပြီးညိုလေးကိုအရမ်းချစ်တဲ့အရမ်းသဝန်တိုတာ
(အကိုစောမောင်လို့ ကိုထွေးရှေ့မှာမခေါ်ချင်လို့ သူဆိုတဲ့
နာမ်စားနဲ့သုံးစွဲပြီးပြောရတာစိတ်ထဲတော့တစ်မျိုးပဲ)
____________________
(ကိုယ်နားလည်ပါတယ် ညိုလေးရယ် သူဆိုတဲ့
အသုံးအနှုန်းနဲ့ကိုယ့်အချစ်ကိုအလေးထားပေးလို့)
ကိုထွေး))ကဲပါညိုလေးရယ် မိုးသော်နဲ့တိုင်ပင်ပြီးတော့
ဘာဆက်လုပ်သင့်တယ်ဆိုတာဝိုင်းပြီးစဉ်းစားကြတာပေါ့
ဒါနဲ့မေးပါဦးမယ်ဒီလောက်အရေးကြီးတဲ့စကားတွေကိုပြော
စရာရှိတာတောင်ညိုလေးကဘာဖြစ်လို့ချိန်းလိုက်တိုင်း
ရှောင်ဖယ်ဖယ်လုပ်နေရတာလဲ...
ညိုလေး))အဲ့ဒီအကြောင်းတွေပြောပြချင်တယ်လေ
ဒါပေမယ့်ပြောထွက်ဖို့ခွန်အားကမရှိဘူးဖြစ်နေတယ်
ကိုထွေးကနားလည်ပေးပါ့မလားဆိုတဲ့စိုးရိမ်စိတ်ကလွှမ်းမိုး
နေသလိုကိုထွေးငြိုငြင်မှာစိတ်ပျက်သွားမှာကြောက်လို့ပေါ့
ကိုထွေး))ဖြစ်ရလေ ညိုလေးရယ် ညိုလေးကိုချစ်မိတဲ့
ကိုယ်ကအရာအားလုံးနားလည်ပေးနိုင်တယ်ဆိုမှညိုလေးကို
ချစ်ခွင့်ပန်ဖို့ဆုံးဖြတ်ခဲ့တာပါ နောက်တခါဆိုရင်ဘာပဲဖြစ်ဖြစ်
စိတ်ထဲမှာသိမ်းမထားနဲ့ကိုယ့်ကိုအားလုံးပြောပြဟုတ်ပြီလား
ညိုလေး))ကျေးဇူးတင်ပါတယ် ကိုထွေးရယ် အခုလို
နားလည်ပေးလို့ မုဆိုးမဆိုတဲ့ ဘဝမှာသိမ်ငယ်နေရတာ
ကျင့်သားရနေပြီဆိုပေမယ့်အားငယ်မူ့ကတော့
ကြီးစိုးနေဆဲပဲလေ
 ညိုလေး))ကျေးဇူးတင်ပါတယ် ကိုထွေးရယ် အခုလို
နားလည်ပေးလို့ မုဆိုးမဆိုတဲ့ သိမ်ငယ်နေရတာကျင့်သား
ရနေပြီဆိုပေမယ့်အားငယ်မူ့ကတော့ကြီးစိုးနေဆဲပဲလေ
ကိုထွေး))ကဲပါစိတ်အားငယ်စရာတွေကိုမေ့ထားလိုက်တော့
အဖြေကိုကိုယ်တို့ရှာနိုင်မှာပါအကောင်းဆုံးအဖြေတစ်ခု
ရမှာပါ ညိုလေးရယ်...
အချိန်လင့်နေပြီ ပြန်ကြရအောင်နော်...
______________________________
ကျုပ်ကိုကူညီပါဦး ကွင်းပိုင် တစ္ဆေကြီးရယ်...ကျုပ်..
ကျုပ်..နွယ့် ကိုသိပ်ချစ်တယ် နွယ်နဲ့ မဝေးပါရစေနဲ့
နွယ် ရာက်လာမှပဲ နောက်တစ်ဘဝကို ကူးပါရစေဗျာ
သူတို့နှစ်ယောက်ကိုပေါင်းဖက်ခွင့်မပြုနိုင်ဘူးအခုသူတို့ရဲ့
အိမ်မက်ထဲကို ကျုပ်သွားခွင့်မရတော့ဘူးသူတို့ကိုသတိပေးမှ
ဖြစ်မယ် သတိမပေးနိုင်တော့ရင် ကျုပ်နဲ့ နွယ် ဝေးရတော့မှာ
ကွင်းပိုင်းတစ္ဆေ))ငါကူညီပေးနိုင်သလောက်ကူညီထားပြီးပြီ
သူတို့ဘာဆက်လုပ်မလဲစောင့်ကြည့်ပါဦးသူတို့သိသင့်တာ
အိမ်မက်ပေးထားပြီးပြီလေ မင်းကသာဓုခေါ်ပြီးတော့
ကျွတ်လွတ်နိုင်ရဲ့သားနဲ့ အစွဲအလန်းကြီးပြီးဒီဘဝကြီးကနေ
စောင့်နေချင်တယ်ဆိုလို့အချိန်တွေဆွဲပေးထားရတာ
မင်းသိပ်ချစ်တဲ့ နွယ်ကငါတို့ထက်အဆင့်မြင့်တဲ့လူ့ဘဝမှာ
ငါတို့ဖြစ်ချင်တိုင်းဖြစ်ခွင့်မရသလိုလုပ်ချင်တိုင်းလုပ်လို့မရဘူး
နောက်ပြီးတော့ သူဒီဘဝကိုရောက်လာမယ်ဆိုတာကိုလည်း
ငါတို့ကြိုမသိနိုင်ဘူးလူ့ဘဝသက်တမ်းကုန်လို့တခြားဘဝကို
ချက်ချင်းကူးချင်ကူးသွားနိုင်တယ်...
စောမောင်))ဘာပဲဖြစ်ဖြစ် ကွင်းပိုင်ကြီးရယ်
ကျုပ်စောင့်နေတာ နွယ် သိစေချင်သလို သူတို့အိမ်မက်
ကနေတစ်ဆင့် ကျုပ်ပိုင်နက်ထဲရောက်ချိန်မှာဖြစ်ဖြစ်
ကျုပ်လုပ်နိုင်သမျှလုပ်ခွင့်ရဖို့တော့ ကူညီပေးပါကွင်းပိုင်ကြီးရယ်
ကွင်းပိုင်တစ္ဆေ)) ကောင်းပြီ သူတို့ကလူသားတွေဖြစ်တဲ့အတွက်
ထိခိုက်ဒဏ်ရာ ရဖို့တော့ မင်းကိုငါလုပ်ခွင့်မပြုဘူး
အသံ အရိပ်အယောင်နဲ့ ပြောလို့ရအောင်တော့ တန်ခိုး
စွမ်းအင် ငါတတ်နိုင်သမျှကူညီပေးမယ်.....
စောမောင်)) ကျေးဇူးကြီးလှပါတယ် ကွင်းပိုင်ကြီးရယ်
__________________________
ထွေးအောင်နဲ့ညိုလေးနွယ် ချိန်းတွေ့တဲ့အချိန်က တစ္ဆေ
စောမောင် ကွင်းပိုင်ကြီးဆီသွားပြီးအကူညီတောင်းခံချိန်ဖြစ်
နေတော့ စောမောင်ပိုင်တဲ့ မကျည်းပင်အောက်မှာချိန်း
တွေ့တာကိုစောမောင် မသိလိုက်ရရှာဘူးပေါ့...
နောက်ပြီး တစ္ဆေဆိုတာမျိုးကလည်း အမှောင်ကိုအားပြုပြီး
လူတွေစိတ်ခြောက်ခြားတဲ့အချိန်မျိုးမှခြောက်လှန့်လို့ရတာမျိုး
ကြောက်တတ်သူကိုရွေးခြောက်တယ်ဆိုတာမျိုးပေါ့
အမှန်ကတော့ စိတ်အားငယ်ပြီးထင်ယောင်ထင်မှားဖြစ်တာမျိုး
ရင်ခုန်စိတ်လှုပ်ရှားမူ့အများဆုံးအချိန်တွေမှသာအားနည်းချက်
အဖြစ်အခွင့်ကောင်းယူပြီးခြောက်လှန့်ပြကြရတာလေ
ဒါတောင်သူတို့မှာထိုက်သင့်တဲ့ တန်ခိုးစွမ်းအားရှိမှကွင်းပိုင်
နယ်ပိုင်တွေရဲ့အကူအညီရယူထားနိုင်မှသာလူတွေနဲ့ပက်သက်
ဆက်နွှယ်လို့ရတဲ့အရာမျိုးပေါ့....
___________________________
အဲ့ဒါပဲ...မိုးသော်ရေ..ယုံဖို့ခက်တယ်ဆိုပေမယ့်လည်း
ငါရောညိုလေးရော..အိမ်မက်တစ်ခုရဲ့အကြောင်းအရာကတူညီ
နေတာပဲ..ငါတို့..ဘာဆက်လုပ်ရမလဲ..ဘာလုပ်သင့်သလဲဆိုတာ
မင်းသိသလောက်ပြောပြပါဦး...ကူညီပါဦးကွာ...
မိုးသော်))စောမောင်တော်တော်အစွဲအလန်းကြီးတာပဲ
ဒါပေမယ့် ညိုလေးနွယ် အသက်အရွယ်နဲ့ ရှေ့ဆက်ရမယ့်
ဘဝခရီးအတွက်ရွေးချယ်သင့်တာကိုတော့ရွေးချယ်ရမှာပဲ
ဘာဖြစ်လို့လည်းဆိုတော့စောမောင်ကတမလွန်ကနေ
လူ့ဘဝရဲ့အကောင်းအဆိုးအကြောင်းအကျိုးကိုတိုက်ရိုက်
သူဘာမှမကူညီမလုပ်ပေးနိုင်ဘူးလေ မင်းအနေနဲ့မိန်းမ
မရှားတာမှန်ပေမယ့်တကယ်ချစ်တဲ့သူချစ်ကိုယ်ချစ်ဆိုတာ
မျိုးကရှိဖို့ခဲယဉ်းတယ် ....
ထွေးအောင်))ငါ ညိုလေးကိုချစ်တယ် ပိုင်ဆိုင်ချင်တယ်
သူ့ဘဝရဲ့အခက်အခဲမှန်သမျှကို ဝေမျှခံစားချင်တယ်ကွာ
စောမောင်ကိုမထေမဲ့မြင်ပြုတာမဟုတ်သလိုသူ့အချစ်ကို
လုယူတာမျိုးလည်းမဟုတ်ဖူးရိုးရိုးလေးချစ်ပြီးမေတ္တာစစ်နဲ့
ညိုလေးကိုလက်ထပ်ပေါင်းသင်းချင်တာပဲရှိတယ်..
မိုးသော်))အေးကွာ တမလွန်ပရလောကဆိုတာမျိုးက
ငါတို့မမြင်နိုင်မသိနိုင်တာတွေအများကြီးရှိတာဆိုတော့
နားလည်သိတတ်တဲ့ဆရာတွေနဲ့တိုင်ပင်ပြီးတော့ကြိုးစား
ကြည့်ကြတာပေါ့....
_________________________
ဒီလိုနဲ့အဖြေရှာဖို့ကြိုးစားနေရင်း ထွေးအောင်နဲ့ ညိုလေးနွယ်
ထပ်ပြီးတော့ချိန်းတွေ့ကြပြန်တာပေါ့...
ထုံးစံအတိုင်း စောမောင်ပိုင်တဲ့မကျည်းပင်ကြီးအောက်မှာပေါ့
လမိုက်ညရဲ့အမှောင်ထုမှာ ကြယ်လေးတစ်ချို့မှလွဲ၍
ပိန်းပိတ်အောင်မှောင်နေတဲ့အချိန်ချစ်သူနှစ်ဦးရဲ့
တီတီတာဆိုစကားတွေစတင်ပြောဆိုကြပြီပေါ့
ထွေးအောင်))ညိုလေးအရမ်းချစ်တယ်ကွာ
ညိုလေးနွယ်))ညိုလေးလည်းကိုထွေးကိုအရမ်းချစ်တယ်
ကိုထွေးညိုလေးကိုခွဲမသွားရဘူးနော်အမြဲတမ်းအတွက်
ကိုထွေးအသက်ရှင်နေသမျှကာလပက်လုံးညိုလေးကို
အစစအရာရာာဂရုစိုက်ရမယ်...
ထွေးအောင်))စိတ်ချပါညိုလေးရယ်ကိုယ်တို့အမြန်ဆုံး
နီးစပ်ဖို့ကြိုးစားကြမယ်...
ညိုလေးနွယ်))ကိုထွေးကိုပြောစရာရှိသေးတယ်ခွင့်တောင်း
တယ်လို့ပြောလဲရတာပေါ့...
ထွေးအောင်))ပြောလေညိုလေးရဲ့ ဘာမဆိုခွင့်ပြုဖို့အဆင်သင့်ပဲ..
ညိုလေးနွယ်))သူ့အတွက် ဆွမ်းသွတ်ပြီးတော့အမျှအတန်း
ပေးချင်သေးတယ်ဘဝကူးကောင်းပြီးညိုလေးလည်း
စိတ်သန့်သန့်နဲ့ကိုထွေးတို့လက်ထပ်လို့ရတာပေါ့...
ထိုအချိန်မှာပဲ...
"တောက်"...
…အမလေး...ဘယ်ကအသံလဲ တောက်ခေါက်သံကြီးက
ကြက်သီးထစရာကောင်းလိုက်တာ..
ဘာပြောကြတယ်...နင်တို့လက်ထပ်မယ်ဟုတ်လား
နွယ် နင်ကတိမတည်တော့ဘူးလားဟိတ်လူခင်ဗျားကိုလည်း
ကျုပ်အကြိမ်ကြိမ်သတိပေးတောင်းဆိုထားတဲ့ကြားက
ရှေဆက်တိုးကြမယ်ပေါ့ဟုတ်လား ပြောကြစမ်း...
နင်တို့လက်ထပ်ရဲလက်ထပ်ကြည့်ငါ့အကြောင်းသိစေရမယ်
ထွေးအောင်)) ညိုလေးသွားကြမယ်..ဒီမှာကြာကြာနေလို့
အဆင်မပြေဘူးမိုးသော်ကိုဓါက်မီးနဲ့အချက်ပြလိုက်တယ်
မိုးသော်))ပြန်ကြတော့မှာလားစောကြီးရှိသေးတယ်
ထွေးအောင်))ပြီးမှငါရှင်းပြမယ်လာသွားကြအောင်..
______________________
မိုးသော်))ဘာရယ် တကယ်ကြီးလားဒါဆိုစောမောင်က
အဲ့ဒီမကျည်းပင်မှာပဲရှိနေတာဖြစ်မယ်ဒါပေမယ့်အရင့်အရင်
ဘယ်သူ့မှမခြောက်လှန့်ဖူးပါဘူးအခုမှဘယ်လိုဖြစ်ရတာပါလိမ့်
ပိုဆိုးလာရင်တော့ခက်တော့မယ် ဝါကလည်းကျွတ်တော့မယ်
မင်းတို့အခြေအနေအတွက်ဘယ်လိုလုပ်ကြမလဲ
ပရလောကနားလည်တဲ့သူနဲ့တိုင်ပင်ပြီးစီစဉ်စရာရှိတာ
ကြိုတင်စီစဉ်ပြင်ဆင်ကြရအောင်....
_________________________________
ဦးကြီးအောင်ကိုမေးရဦးမယ် ပရလောကနဲ့ပက်သက်ပြီး
နားလည်တတ်ကျွမ်းတဲ့ဆရာတွေအသိထဲမှာရှိဘူးလား
ဦးကြီးအောင်))ရှိတယ်လေကွာ ဟိုဘက်ရွာကဆရာ
တင်မောင် ဆိုတာနယ်နယ်ရရမဟုတ်ဖူးငါ့တူဒီနယ်မှာတော့
သူ့ထက်တော်တဲ့သူမရှိသလောက်ပဲ...ဒါနဲ့ငါ့တူကဘာလို့
ပရလောကဆရာကိုမေးတာလဲ..ဘာဖြစ်လို့လဲ..
ထွေးအောင်))ဘာဖြစ်ပါဘူးစိတ်ဝင်စားလို့ပါပရလောကကို
လေ့လာချင်လို့ပါ...
ပြီးပြီးရောဖြေခဲ့ပြီးတော့ မိုးသော်နဲ့ထွေးအောင်ပရလောက
အကြောင်းနားလည်တယ်ဆိုတဲ့ ဆရာတင်မောင်ရှိတဲ့ရွာသို့
နှစ်ယောက်သားဆိုင်ကယ်လေးနဲ့အပြေးနှင်ခဲ့ပါတော့တယ်
______________________
စုံစမ်းမေးမြန်းရင်းနဲ့ဆရာတင်မောင်အိမ်ကိုရောက်ခဲ့ပြီပေါ့
မိုးသော်))အိမ်ရှင်တို့ အိမ်ရှင်တို့...
အေး ဘယ်သူတွေလဲ လာလေကွယ်...
ကျနော်တို့က (---) ရွာကပါ ဆရာတင်မောင်နဲ့တွေ့ချင်လို့ပါ
ဆရာရှိပါသလားခင်ဗျာ့...
အေးကွဲ့ရှိတယ်ငါ့တူတို့ရေသူ့တပည့်တွေကလာကန်
တော့နေလို့ကန်တော့ခံနေတာပြောထားပေးမယ်လေ
ဒီကပဲစောင့်နေခဏနေထွက်လာလိမ့်မယ်...
ထွေးအောင်))ဟုတ်ကဲ့ခင်ဗျာ့ ကျေးဇူးတင်ပါတယ်..
________________________
ဆရာ))ဆရာနဲ့တွေ့ချင်တာဘာကိစ္စတုန်းငါ့တူတို့ရ
ထွေးအောင်))အဖြစ်အပျက်ကဒီလိုပါဆရာ
(စာဖတ်သူတို့သိပြီးသားအကြောင်းအရာ)
ဆရာ))သံယောဇဉ်တယ်ကြီးကြသကိုးကွ ဆရာကူညီ
နိုင်ပါတယ်ဒါပေမယ့်မင်းတို့ဇာတ်လမ်းဆရာကလူကြမ်း
လုပ်ရမယ့်အဖြစ်ပါလားကွ ဆရာကုပေးဖူးတာတော်တော်
များများကလူကိုဒုက္ခပေးတဲ့သူတွေအခုဟာကနည်းနည်း
ဆန်းကျယ်နေသလိုပဲကွ...
 ဆရာ))သံယောဇဉ်တယ်ကြီးကြသကိုးကွ ဆရာကူညီ
နိုင်ပါတယ်ဒါပေမယ့်မင်းတို့ဇာတ်လမ်းဆရာကလူကြမ်း
လုပ်ရမယ့်အဖြစ်ပါလားကွ ဆရာကုပေးဖူးတာတော်တော်
များများကလူကိုဒုက္ခပေးတဲ့သူတွေအခုဟာကနည်းနည်း
ဆန်းကျယ်နေသလိုပဲကွ...
မိုးသော်))ဟုတ်ပါ့ဆရာရယ် ကျနော့်သူငယ်ချင်းကြီးမလဲ
ဒီလိုကံကြမ္မာနဲ့ကြုံနေရတဲ့မိန်းကလေးနဲ့မှပက်သက်မိလျက်
သားကဖြစ်နေတယ် ကူညီပါဆရာရယ် အသက်အန္တရာယ်
တွေကြုံလာနိုင်လားဆရာ စိုးရိမ်လို့ပါ...
ဆရာ))ကဲပါမနက်ဖြန်ပဲ ဆရာမင်းတို့ရွာကိုလာခဲ့မယ်
သူတို့သံယောဇဉ်အပေါ်မူတည်ပြီးကြမ်းသင့်ကြမ်း
ချော့သင့်ချော့ပြီးတော့စီစဉ်ရမှာပေါ့...
ထွေးအောင်))ဟုတ်ကဲ့ပါဆရာလာဖြစ်အောင်တော့လာခဲ့ပါ
ဆရာရယ်နော်...
ဆရာ))စိတ်ချလက်ချသာပြန်ပါ လာခဲ့ပါ့မယ်..
______________________
အိမ်မက်မှာပဲ ဝင်ရောက်ပြောဆိုခွင့်ရတဲ့ စောမောင်
တစ္ဆေ သူ့ပိုင်နက်မှာပဲ ကိုယ်ယောင်ပြခွင့်ရတဲ့စောမောင်
တစ္ဆေမှာသူ့ပိုင်နက်ဆီမလာတော့တဲ့ နွယ် နဲ့ ထွေးအောင်
တို့ဆီကိုညအချိန်အိမ်မက်ကိုအားပြုပြီးတော့သူပြောချင်တဲ့
အကြောင်းသူဖြစ်ချင်တဲ့ နွယ် နဲ့ မဝေးချင်ဘူးဆိုတာတွေပဲ
ထပ်ကာထပ်ခါပြောလို့ ထွေးအောင်နဲ့ညိုလေးနွယ်တို့ကို
ဒေါသနဲ့ရော တောင်းပန်မူ့နဲ့ပါပြောဆိုနေမိပြန်ပြီပေါ့..
ကွင်းပိုင်))
စောမောင်...နင်ဒုက္ခရောက်တော့မယ် နောက်ထပ်သူတို့ဆီကို
ထပ်မသွားနဲ့တော့ တကယ်တော့ နင်ကဒုက္ခကိုရှာနေလို့ပါ
ဘဝသစ်ကိုကူးလို့ရရဲ့သားနဲ့ ဘဝဟောင်းကိုတမ်းတစိတ်ကို
မထိန်းနိုင်လို့အခုလိုဖြစ်နေတာ လူ့ဘဝမှာရှိနေတဲ့နင့်ရဲ့
နွယ် ကိုတကယ်ချစ်တယ်ဆိုရင် သူ့ဘဝပိုကောင်းတဲ့
ပျော်ရွှင်မူ့တွေရဖို့ဖန်တီးနေတာ နင်မတားဆီးသင့်ဘူး
အခုသူတို့ကဆရာတစ်ပါးနဲ့ နင်တို့သံယောဇဉ်ကိုဖျက်ဖို့
လုပ်တော့မယ် နင့်အတွက်နဲ့ ညိုလေးနွယ် ရဲ့အသက်လည်း
ပါသွားနိုင်သလိုနင်လည်းခေါင်းမာနေရင်ဘဝကူးကောင်း
နိုင်ဖို့မလွယ်ဘူး...သတိသာထားနေတော့စောမောင်ရေ..
_____________________________
ဒီလိုနဲ့ဆရာရောက်လာပြီပေါ့....
ကဲကဲမောင်ရင်တို့လူစုံပြီလားတစ္ဆေဝိညာဉ်နဲ့သက်ဆိုင်တဲ့
သူအပြင်အပိုလူတစ်ယောက်လဲလိုဦးမယ်နော်...
ထွေးအောင်))အခုကိစ္စကလူသိခံလို့ကောင်းတဲ့အရာ
မဟုတ်သလိုကျနော့်မိဘတွေသိရင်လည်းအခုလိုကိစ္စတွေ
လုပ်ပြီးမှမိန်းမတစ်ယောက်ကိုယူရသလားဆိုတဲ့အမြင်တွေ
ကိန်းအောင်းမှာစိုးရတယ်...
မိုးသော်))ကဲပါဆရာနဲ့ထွေးအောင် ဒီလိုဆိုရင်လည်း
ညိုလေးနွယ်ရယ် ထွေးအောင်ရယ် ကျနော်ရယ်သုံးယောက်
ဆိုလုံလောက်ပါပြီဘယ်သူမှလည်းသိစရာမလိုတော့ဘူးပေါ့
ညိုလေးနွယ်))လူပိုတစ်ယောက်ဆိုတာကဟိုလေဆရာ
တစ္ဆေကိုဝင်ပူးခိုင်းပြီးစကားပြောခိုင်းဖို့လာဆရာ
ဆရာ))ငါ့တူမကတယ်တော်ပါလားသိပ်ဟုတ်တာပေါ့ကွယ်
တစ္ဆေအဖြစ်နဲ့ပြောလို့မှမလွယ်ကူတာကိုးအဲ့ဒီတော့လူ
တစ်ယောက်ကိုဝင်ပူးပြီးပြောခိုင်းမှရမှာပေါ့ကွယ်..
___________________________
ကိုင်း...နယ်ပိုင် ကွင်းပိုင် ရွာပိုင်များ တစ္ဆေစောမောင်ကို
အခုချက်ချင်းငါဆရာရှေ့မှောက်အရောက်ပို့လို့ဟောဒီက
မောင်မိုးသော်ကိုယ်ခန္ဒာမှာဝင်ပူးပြီးသူဖြစ်ချင်တာအရင်
ပြောစေ...
မိုးသော်တုန်ုတုန်ရင်ရင်ဖြစ်လာတယ်..မျက်လုံးအိမ်မှာ
မျက်ရည်တွေသွင်သွင်စီးလို့..ငိုယိုပြီးတော့ ညိုလေးနွယ်ကို
စိုက်ကြည့်နေတယ် သူ့အကြည့်မှာစိုးရိမ်မူ့စိတ်မချခြင်း
ထွေးအောင်ရင်ခွင်မှာခိုဝင်မှာမလိုလားတဲ့ မနာလိုမူ့
သဝန်တိုခြင်းတွေပြည့်နှက်စွာနဲ့ ဖွင့်ဟလာတဲ့စကားက
စောမောင်))နွယ် နင်သိပ်ရက်စက်တယ်ဟာငါ့မှာတော့နင့်ကို
ချစ်လိုက်ရတာမိန်းမတွေရှိရှိသမျှထဲမှာနင်ကလွဲပြီး
ကျန်တဲ့သူဆိုစိတ်ကူးတောင်မယဉ်ခဲ့ဖူးဘူး
နင်ကတော့ငါလူ့ဘဝမှာမရှိတော့ဘူးဆိုတာနဲ့ပဲအချစ်သစ်နဲ့
ငါတို့ထားခဲ့ဖူးတဲ့ ကတိတစ်ခုကိုလျစ်လျူရှု့ပြီးတော့
နောက်ကွယ်မှာသစ္စာမဲ့တော့မယ်ပေါ့လေ..
ငါဒီလိုဘဝကကျွတ်လွတ်နိုင်ပါလျက်နဲ့နင်လာမယ့်လမ်း
ငါတမ်းတရင်းစောင့်မျော်နေခဲ့တာအထီးကျန်တဲ့ခံစားမူ့တွေ
ဖြေသိမ့်ရင်းမျော်လင့်နေခဲ့တာ...အခုတော့ဟာ..
_________________________
ညိုလေးနွယ် ဘာလုပ်သင့်သလဲဆိုတဲ့ဆုံးဖြတ်ချက်ကို
သေချာချမှတ်လိုက်ပါတော့တယ်..တမလွန်ကနေတောင်
သူ့ကိုစောင့်မျော်ရှာတဲ့ အချစ်ဦး အကိုစောမောင်ကို
သစ္စာမဲ့သလိုဖြစ်သွားတဲ့အတွက်နောင်တတစ်ခုရသလို
ခံစားမိသွားတယ် ကိုထွေးကိုကြည့်လိုက်တော့လည်း
အသနားခံတဲ့မျက်နှာလေးက ညိုလေးကသူ့ကမ္ဘာတစ်ခုလို
တောင့်တနေတဲ့ဟန်ဝေခွဲမရခြင်းတွေဝေမူ့တွေကိုအဆုံး
သက်ချိန်တန်ပြီဆိုပြီးအားတင်းရင်းနဲ့ညိုလေးနွယ်နှုတ်ဖျားမှ
တစ်လုံးခြင်း ထွက်ကျလာတဲ့စကားက....
ညိုလေးနွယ်))အကိုစောမောင် ထားခဲ့ဖူးတဲ့ကတိကို
မေ့လိုက်ပါတော့ သံသရာဆိုတဲ့ ဝဲဂရက်မှာကျင်လည်နေတဲ့
လူ့ဘဝခဏလေးမှာဆုံတွေ့စဉ်ရူးသွပ်ခဲ့တဲ့သစ္စာစကားလို့ပဲ
စိတ်ထဲမှာမှတ်လိုက်ပါတော့ အခုလိုပြောတာက နွယ့်ဘက်က
သစ္စာဖျက်မယ်ပြောတာမဟုတ်ပါဘူး နောက်ဘဝဘာဖြစ်မယ်
ဆိုတာမသိပဲ ကတိထားမိတာကို အခုလိုမျက်နှာချင်းဆိုင်
ရှင်းခွင့်ရတုန်းရှင်းလိုက်ချင်လို့ပြောတာပါ ကံမကုန်လို့
တကယ်ပဲပြန်ဆုံချင်ဆုံနိုင်ပေမယ့်အခုလိုမျိုးတစ်ဘဝစီ
ခြားနေရပြီးခံစားရတာမျိုးမဖြစ်စေချင်တော့လို့ပါ
ကိုထွေးကိုလည်းတောင်းပန်ပါတယ်အားလုံးရှေ့မှာပဲ
ညိုလေးပြောပါရစေ ကိုထွေးကိုချစ်ခဲ့တာအစားထိုးချစ်သူ
သဘောမျိုးမဟုတ်သလို အကိုစောမောင်ကိုချစ်ခဲ့တာကလည်း
သက်ဆုံးတိုင်တူတူသစ္စာထားပြီးချစ်တဲ့အချစ်မျိုးနဲ့
ချစ်ခဲ့တာပါ ဒီဘဝရဲ့ဝဋ်ကျွေးကိုနောင်သံသရာအထိ
ယူမသွားချင်တော့ဘူးအခုအချိန်မှာကိုထွေးကိုလက်ထပ်
လိုက်မယ်ဆိုရင် အကိုစောမောင် အငြိုးအတေးတွေနဲ့
ဘယ်တော့မှ ဘဝကူးနိုင်မှာမဟုတ်တော့သလို
လက်မထပ်ဖူးဆိုရင်လည်းကိုထွေးအတွက်ရင်တွင်းဒဏ်ရာ
ရမှာသေချာပါတယ် ဒါပေမယ့် ကိုထွေးမှာကသံသရာ
ကြွေးပါစရာဘာမှရှိမထားဘူးလေ အကိုစောမောင်က
နောက်ဘဝကူးဖို့သံသရာတစ်ပက်လည်ဖို့စောင့်နေရသူ
အဲ့ဒီတော့ ကိုထွေးနားလည်ပေးပါလို့ပဲတောင်းဆိုပါရစေ
အကိုစောမောင်လည်းကျေနပ်စွာနားလည်ပေးပြီးတော့
နောက်ဘဝတစ်ခုကိုကူးပြောင်းလိုက်ပါ ကတိတစ်ခုရဲ့
နောက်ကွယ်မှာမမြင်နိုင်တဲ့ကံတရားကရှိနေတော့
ကတိသစ္စာတွေ ငြိမ်းအေးကြည်ဖြူစွာပဲဖြတ်သန်းပါရစေ
ကိုထွေး))ကောင်းပါပြီ ညိုလေးရယ် ကိုထွေးနားလည်
လိုက်ပါပြီ...ညီမအတွက်သံသရာကြွေးဆပ်ဖို့အချိန်ရှိတုန်း
ကျေအောင်ဆပ်ပြီးတော့ ဘဝဆက်တိုင်းကတိသစ္စာဆိုတဲ့
အချုပ်အနှောင်တွေကင်းစင်လို့ရှင်သန်ရာဘဝတိုင်း
ရိုးရှင်းစွာဖြတ်သန်းသွားနိုင်ပါစေ...
စောမောင်))အကိုတို့မှားခဲ့ကြတာပါနွယ်ရယ်အခုတော့
အကိုလည်းသိလိုက်ပါပြီ ဆုံနိုင်ခွင့်ဆိုတာသူ့ကံကိုယ့်ကံ
ကံကြမ္မာနှစ်ခုထပ်ကျမှသာဖြစ်နိုင်တာဆိုတာကိုပေါ့
အကိုတို့သစ္စာတွေကတိတွေမရှိတော့ဘူးပဲထားလိုက်ပါ
ညိုလေးနွယ်)) ညိုလေးလည်း နောက်နေ့ကစပြီးတော့
အပြီးအပိုင်ပဲ လူ့ဘောင်ကိုစွန့်ခွာပြီးတော့ သီလရှင်
ဝတ်ပါတော့မယ် သံသရာဘယ်လောက်ပဲလည်လည်
ဆုံခွင့်ကြုံရင်ဆုံကြရမယ် ....အကိုစောမောင်အတွက်
ဆွမ်းသွတ်ပြီးအမျှဝေပေးပါ့မယ် သာဓုခေါ်ဖြစ်အောင်
ခေါ်ပါနော်.....
အချစ်နဲ့ပက်သက်လို့
ဘဝဆက်တိုင်းဆိုတဲ့ ကတိတွေက
ဘယ်ဘဝမှာဘာဖြစ်မယ်ဆိုတာကို
ဘယ်သူမှမသိနိုင်ကြဘူးလေ
သက်ဆုံးတိုင်တူယှဉ်တွဲဖို့ဆိုတာကလည်း
ဘယ်သူကဘယ်ဘဝကလာပြီး
ဘယ်၍ဘယ်မျှပေါင်းဖက်ရမလဲဘယ်သူမှ
သိနိုင်တာမှမဟုတ်တာအဲ့ဒီတော့လေ
ဆုတောင်းမမှား သစ္စာထားမိတာမှန်သမျှ
သံသရာမဆုံးခင်အပြီးသက်ရှင်းလင်းနိုင်ကြပါစေ
=========================-=====-
ဇာတ်သိမ်းလေးက
ဒီလိုဗျာ့...
ညိုလေးနွယ်ကသီလရှင်ဝတ်သွားသလို
စောမောင်လည်းညိုလေးနွယ်ပြုပေးတဲ့ကုသိုလ်
ကောင်းမူ့ကို သာဓုခေါ်ပြီးဘဝကူးသွားတယ်
ထွေးအောင်ကတော့ အချစ်ဆိုတာအနေနီးတာ
ဝေးတာနဲ့မဆိုင်ကိုယ့်ဘက်ကချစ်တတ်နေဖို့သာ
အဓိကဆိုတဲ့စိတ်နဲ့တစ်သက်လုံးညိုလေးနွယ်အပေါ်
ခွင့်လွတ်ခြင်းများစွာနဲ့ချစ်ပြီး သေတဲ့အထိအဝေးကနေပဲလူပျိုကြီးဘဝနဲ့
ချစ်သွားရှာပါတော့တယ်.....
===================================
ဖြစ်ရပ်မှန်ကို ကျောရိုးထားပြီးတော့
ဇာတ်လမ်းအဖြစ် ခံစားတင်ပြလိုက်ပါသည်..
Credit - ဒဏ်ရ
ကွမ်တန်း မင်းရာဇာ
ငါးထပ်ကြီး ခြောက်ထပ်ကြီး ကိုးထပ်ကြီး ဆယ်ထပ်ကြီး စသည့် ဘုရားများ ရဲ့ အဓိပ္ပါယ်
ငါးထပ်ကြီး ခြောက်ထပ်ကြီး ကိုးထပ်ကြီး ဆယ်ထပ်ကြီး စသည့် ဘုရားများ ရဲ့ အဓိပ္ပါယ်
=====================================
ရန်ကုန်မြို့မှာ ငါးထပ်ကြီး ၊ ခြောက်ထပ်ကြီး နဲ့ ကိုးထပ်ကြီး ဘုရား ၊
ပြည်မြို့မှာ ဆယ်ထပ်ကြီး ဘုရား စသည်ဖြင့် ကြားဖူးကြပါလိမ့်မယ်။
အဲဒီဘုရားများမှ 'ထပ်ကြီး' ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို မသိတဲ့
သူများပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း အစက မသိပါ။ ထပ်
ဆိုတာ ဘာထပ်ကိုပြောတာလဲ ..
အထပ်လား ၊ ၀ါအရလား ၊ ကြီးစဉ်ငယ်လိုက်လား တောင်တောင်အီ
အီ စဉ်းစားဖူးသော်လည်း အတိအကျ အဖြေမရခဲ့ပါ။
စာရေးဆရာ လင်းရောင်တင်၏ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်တော့
မှ ဒီအဓိပ္ပါယ်ကို သိသွားပါတယ်။ ဆောင်းပါးတွင် ဆရာလင်းရောင်တင်
က သူနှင့် ပြည်ရွှေဘုန်းပွင့် စာကြည့်တိုက်မှ ဥက္ကဌကြီး ဦးလေးကြိုင်
တို့တွေ့ဆုံပုံကို အောက်ပါအတိုင်းဖော်ပြထားပါတယ်။
ဦးလေးကြိုင်။ ။မင်းကိုတွေ့ရတာ ၀မ်းသာတယ်။ ဒါနဲ့သားက ဘယ်မှာနေတာလဲ
စာရေးသူ။ ။ကျွန်တော်ရန်ကုန်သားပါ အဘ ၊ ကျိက္ကဆံရပ်ကွက်မှာ နေပါတယ်။
ဦးလေးကြိုင်။ ။ဟေ ဟုတ်လား ဒါဆို ခြောက်ထပ်ကြီးဘုရားကို ဘာလို့ ခြောက်ထပ်ကြီးလို့ခေါ်တာလဲ သိလား။
စာရေးသူ။ ။ကျွန်တော်မသိသေးဘူး အဘ။
ဦးလေးကြိုင်။ ။"မသိလို့ မဖြစ်ဘူးကွ။ တခြားသူမသိတာ ကိစ္စမရှိဘူး။ မင်းက စာရေးဆရာလုပ်နေတာဆိုတော့ သိဖို့လိုတယ်။ ဒီလိုကွာ ဘုရားတည်လို့ငြမ်းဆင်ရင် ဘာနဲ့ဆင်ရသလဲ။
စာရေးသူ။ ။ဝါး နဲ့ ပါအဘ။
ဦးလေးကြိုင်။ ။ဟုတ်တယ် ၀ါးနဲ့ ငြမ်းဆင်ရတယ်။ ဒီဝါးကို
ခြောက်ပြန်ဆက်ပြီး ဆင်တဲ့ ဘုရားမို့ ခြောက်ထပ်ကြီးလို့ ခေါ်တာ
လေ။ ၀ါး ငါးပြန် ဆက်ပြီးဆင်တဲ့ဘုရားကျတော့ ငါးထပ်ကြီး ၊ စမ်းချောင်းနားက ကိုးထပ်ကြီးကျတော့ ၀ါးကိုးပြန် ဆင်ရတာ။
တို့များ ပြည်က ဆယ်ထပ်ကြီးဘုရားကျတော့ ၀ါးဆယ်ပြန် ဆင်
ရလို့ ဆယ်ထပ်ကြီးလို့ ခေါ်တာ။
စာရေးသူ။ ။ကျေးဇူးပါပဲ အဘ။ ကျွန်တော် မသိသေးတာကို သိလိုက်ရလို့။
ဦးလေးကြိုင်။ ။အေး...အဲသလို ကိစ္စလေးတွေက သိထားမှ ကောင်းတယ်၊ မဟုတ်ရင် ညံ့ရာကျတယ်။
ခြောက်ထပ်ကြီး ငါးထပ်ကြီး ဘုရားများရဲ့ အဓိပ္ပါယ်ကို
မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ် တင်ပြလိုက်ပါတယ်
(ဒီနေရာမှာ အချို့သူတွေက ငါးထပ်ကြီး နဲ့ ကိုးထပ်ကြီးက သိပ်မကွာဘူး လို့ပြောကြ
သလို အချို့သူတွေက ၀ါးကိုးပြန်တော့ မမြင့်ဘူးလို့ ပြောလာကြတဲ့ အတွက် အနည်း
ငယ် ထပ်ဖြည့်လိုက်ပါတယ်။
myanmar travel information ရဲ့အချက်အလက်များအရ
ငါးထပ်ကြီးဘုရားရဲ့အမြင့်က ၄၅.၅ပေ
ခြောက်ထပ်ကြီးဘုရားရဲ့အမြင့်က ၅၂.၅ ပေ
ကိုးထပ်ကြီးဘုရားရဲ့ အမြင့်က ၇၂ပေ
တို့ ဖြစ်ပါတယ်။
ငြမ်းဆင်တဲ့အခါ ၀ါးလုံးတစ်လုံးရဲ့ အောက်ခြေကနေထိပ်ဖျားအထိကို မဆင်
ပါဘူး။ ထိပ်ဖျားက အရွယ်အစားသေးသွားတဲ့အတွက် မခိုင်မှာ စိုးတဲ့အတွက်
ခိုင်တဲ့နေရာလောက်ထိပဲ ဆင်ပါတယ်။ အဲဒီတော့ ၀ါးလုံးရဲ့အရှည်က ၁၂ ပေ
လောက်ရှိပေမယ့် ငြမ်းဆင်ရင်တော့ ၇ပေ ၈ပေ အကွာအဝေးလောက်ပဲ ရှိတော့
ပါတယ်။ ဟုတ်မဟုတ် တွက်ချက်ကြည့်ကြပါကုန်
မောင်စိုင်း
#သုတဇုန်
www.thutazone.com
Photo Credit - Ye Swam (PDL)
Sunday, 27 December 2015
လူငယ်တွေ ၂၀၁၅အလွန် ပြင်ဆင်ထားဖို့
လူငယ်တွေ ၂၀၁၅အလွန် ပြင်ဆင်ထားဖို့
============================
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့ပြီး အခု အစိုးရသစ်ရယ်လို့တောင် မဖွဲ့ရသေးတဲ့အချိန်မှာကိုပဲ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ အများကြီးထပ်ဝင်လာဖို့ တာစူနေကြတာကို တွေ့ရမှာပါ။
နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ဒီထက် ပိုဝင်ဆံ့လာဖို့ရှိနေပါတယ်။ ဒီလိုမျိုး အခွင့်အလမ်းတွေ များလာတော့မဲ့အချိန်မှာပဲ တစ်ဖက်မှာလည်း စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှုတွေက ကပ်ပါလာတော့မှာပါ။
ဒီအတွက် ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ
ပြီးခဲ့တဲ့နှစ်လလောက်က How to market yourself in a competitive world ဆိုတဲ့ ဟောပြောပွဲတစ်ခုသွားတက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ Speaker တစ်ယောက်ဖြစ်တဲ့ ဆရာဦးမြင့်ဇော်က အခုခေတ်လုပ်ငန်းရှင်တွေ လိုချင်နေကြတဲ့ အရည်အချင်း(၉)ရပ်ဆိုတာကို ပြောပြသွားတယ်။ လူငယ်လူရွယ်တွေအားလုံး ပြင်ဆင်ထားနိုင်ဖို့ပါ။
၁) ဘာသာစကား (Global skills)
---------------------
သူများနိုင်ငံတွေမှာ ဘာသာစကားကို နှစ်မျိုး သုံးမျိုးလောက် သင်နေကြတဲ့အချိန်မှာ ကျွန်တော်တို့ကတော့ အင်္ဂလိပ်စာတစ်မျိုးတည်းတောင် တော်တော်လုပ်နေကြရတုန်းပါ။ ကမ္ဘာသုံးဘာသာစကားလည်း ဖြစ်တယ်၊ စာတော်တော်များများကို ဒါနဲ့ပဲ ရေးထားတယ်၊ လူတော်တော်များများလည်း ဒါနဲ့ပဲ ဆက်သွယ်ကြ၊ ပြောကြ၊ ဆိုကြတယ်။ ဒီတော့ သူတို့တွေကြားထဲ တိုးချင်ရင် အဲဒီဘာသာစကားကိုကျွမ်းကျင်အောင် ကြိုးစားကြရမှာပါပဲ။
၂) ကွန်ပျူတာ (Computing skill)
---------------------
Digital literacy လည်း တတ်ဖို့လိုပါတယ်။ ဖုန်းမှာ zapya သုံးပြီး ဖိုင်လေးတွေ ပေးတတ်ယူတတ်ရုံနဲ့ ကျေနပ်နေလို့ မရပါဘူး။ အစည်းအဝေးတွေမှာPresentation လုပ်ရင်လည်း ရှိသမျှစာတွေ ပြွတ်သိပ်ရေးထားတာ၊ power point ကို ကောင်းကောင်းမသုံးတတ်ကြတာ သတိထားမိပါတယ်။ ၀န်ထမ်းခန့်ဖို့ အင်တာဗျူးလုပ်တဲ့အခါ ကွန်ပျူတာသင်တန်းတက်ထားကြောင်းတော့ Certificate ပေါင်းမြောက်များစွာ တင်လာတတ်ကြပါတယ်။ ကွန်ပျူတာကို ရှေ့ထိုးပေးလိုက်ပြီး လုပ်ခိုင်းတော့ Excel တောင် ကောင်းကောင်းမသုံးတတ်ကြပါဘူး။
၃) မိမိအသိစိတ်ဖြင့် ဆောင်ရွက်တတ်ဖို့ (Initiative)
---------------------
ခိုင်းမှ၊ ပြောမှလုပ်တတ်ကြတဲ့အကျင့်ကို ဖျောက်ကြရမယ်။ ငယ်ငယ်က ပြောစကားနားထောင်တယ်၊ လိမ္မာတယ်ဆိုတာကို ဂုဏ်ယူစရာအဖြစ် ပျိုးထောင်ခံခဲ့ကြရတယ်။ ပညာရေးစနစ်ကလည်း အဲဒီအတိုင်း ပုံသွင်းပေးထားတယ်။
တီထွင်ကြံဆခြင်းထက် လမ်းဟောင်းလိုက်ခြင်းကို ဦးစားပေးတယ်။ မှားရဲအောင် မသင်ကြားပေးဘူး။ အဲဒီလိုနဲ့ ကြီးလာတဲ့အခါ အပြောင်းအလဲတခုခု လုပ်ဖို့၊ အများနဲ့ကွဲထွက်ရဲဖို့ သတ္တိမရှိတော့ဘူး၊ ဘောင်ရဲ့အပြင်ဘက်ကိုထွက်ပြီး မစဉ်းစားတတ်ကြတော့ဘူး။
အဲဒီလိုနဲ့ လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ အထက်ကခိုင်းမှ၊ ပြောမှ လုပ်တတ်တဲ့အကျင့်က ရလာပါတော့တယ်။ ဒီခေတ်မှာ ဆက်ပြီးရှင်သန်ချင်ရင်တော့ ကိုယ့်တာဝန်ကိုယ်သိပြီး အလုပ်လုပ်တတ်ဖို့၊ မှားမှာကိုမကြောက်ဖို့ ရှေ့ဆက်ရဲဖို့ အလေ့အကျင့် တွေ မွေးယူကြရပါလိမ့်မယ်။
၎) အစီအစဉ်ဖြင့် အလုပ်လုပ်တတ်ဖို့ (Action planning)
---------------------
“Fail to plan, Plan to fail” အစီအစဉ်ဆွဲဖို့ ပျက်ကွက်ခြင်းဟာ ရှုံးနိမ့်ဖို့ အစီအစဉ်ဆွဲနေခြင်းပါပဲ။ ဒီနေ့ခေတ်ဟာ result oriented ခေတ်ပါ။ ဘာလုပ်လုပ် ရလဒ်ထွက်အောင် လုပ်တတ်ဖို့လိုပါတယ်။
ရလဒ်ထွက်အောင် လုပ်တတ်ဖို့ဆိုတာ ကိုယ်ဘာလိုချင်တာလဲ၊ ကိုယ်ဘာလုပ်ရမှာလဲ၊ ဒါတွေကို အရင်ဆုံးအစီအစဉ်ဆွဲထားဖို့ လိုပါတယ်။ ဘ၀တစ်ခုလုံးစာ ဘာဖြစ်ချင်တာလဲ ဆိုတဲ့ အိပ်မက်ကြီးကြီး အရင်မက်ပါ။
ပြီးမှ အဲဒီအိပ်မက် အကောင်အထည်ပေါ်လာဖို့ နောင်(၁၀)နှစ်မှာ ဘာဖြစ်ရမယ်၊ နောင်(၅)နှစ်၊ (၁)နှစ်ကနေ နောက်ဆုံး၊ မနက်ဖြန် ဘာလုပ်မယ်၊ ဘာတွေပြီးမြောက်ရမယ်ဆိုတဲ့ အစီအစဉ်မျိုးတွေဆွဲပြီး အလုပ်လုပ်တတ်ဖို့ လိုပါမယ်။ မဟုတ်ရင်တော့ ဘယ်နားကမ်းကပ်ရမှန်းမသိတဲ့လှေလို တစ်ဝဲလည်လည်နဲ့ပဲ အချိန်ကုန်သွားရပါလိမ့်မယ်။
၅) ဖြန့်ကျက်စဉ်းစားတတ်ဖို့ (Critical thinking)
---------------------
နိုင်ငံတကာက လူတွေဟာ စကားပြောရင်ဖြစ်ဖြစ်၊ အလုပ်လုပ်ရင်ဖြစ်ဖြစ် Evidence based ဖြစ်ကြပါတယ်။ Data တွေ Information တွေပေါ် အခြေခံပြီး စဉ်းစားကြတယ်၊ ဆုံးဖြတ်တတ်ကြတယ်။ စာလည်းတအားဖတ်ကြတော့ အမြင်ကျယ်ကျယ်နဲ့ ဘက်စုံထောင့်စုံ စဉ်းစားတတ်ကြပါတယ်။
ကျွန်တော်တို့တွေလို မြေပုံလေးထိုင်ကြည့်ပြီး စီမံချက်တွေ ဆွဲနေကြတာ မဟုတ်ပါဘူး။ အချက်အလက်တွေပေါ် အခြေခံပြီး လော့ဂျစ်ကျကျ စဉ်းစားတွေးခေါ်တတ်ဖို့၊ အလုပ်လုပ်တတ်ဖို့ လိုပါတယ်။
၆) ပရော်ဖက်ရှင်နယ် ပီသဖို့ (Professionalism)
---------------------
ပရော်ဖက်ရှင်နယ် ဆရာဝန်တစ်ယောက်ဟာ ဆေးကုသတဲ့ပညာကို တစ်ဖက်ကမ်းခပ် တတ်ကျွမ်းနေရပါမယ်။ အမြဲမပြတ်လည်း လေ့ကျင့်နေ၊ ဆည်းပူးနေဖို့ လိုပါတယ်။ အိပ်ရေးပျက်တာ၊ ထမင်းစားပျက်တာ၊ စိတ်ဖိစီးစရာအခြေအနေတွေမှာ အလုပ်လုပ်ရတာ၊ ဒါတွေကို ညည်းညူနေလို့ မရပါဘူး။
ပရော်ဖက်ရှင်နယ်ဆိုတာ ကိုယ်ယူထားတဲ့တာဝန်ကို ကျေပွန်အောင် လုပ်ရပါတယ်။ အရေးကြီးဆုံးကတော့ အလုပ်လုပ်နေတဲ့အချိန်မှာ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကိုနောက်ပို့ထားနိုင်ဖို့ပါပဲ။
၇) စိတ်အားထက်သန်မှု ရှိဖို့ (Enthusiasm)
---------------------
ရောက်တဲ့နေရာမှာ ကျေနပ်ပြီး ရပ်မနေကြဖို့ လိုပါတယ်။ အလုပ်လေးတစ်ခု ရရင်၊ လစာလေးပုံမှန်ရနေရင် တော်ပြီဆိုပြီး ရောင့်ရဲနေတတ်ကြတယ်။ ရည်မှန်းချက်က ရပ်သွားတော့ ကြိုးစားအားထုတ်မှုတွေ၊ လေ့လာမှုတွေလည်း ရပ်သွားတတ်ပါတယ်။
တကယ်တော့ လူတစ်ယောက် ဘယ်ရောက်နေပြီလဲဆိုတာထက် သူဘယ်အထိရောက်အောင်သွားဖို့ သန္နိဌာန်ချထားလဲဆိုတာက သူ့အနာဂတ်ကို အဓိကအဆုံးအဖြတ်ပေးသွားမှာပါ။ တိုးတက်လိုစိတ်၊သင်ယူလိုစိတ် ပြင်းပြဖို့ လိုပါတယ်။
၈) စီမံခန့်ခွဲမှု အရည်အချင်း (Management)
---------------------
စီမံခန့်ခွဲတယ်ဆိုတာ အများစုပေါင်းအားနဲ့ အလုပ်တွေပြီးစီးအောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အခြေခံအားဖြင့် လူ၊ ငွေ၊ ပစ္စည်း၊ နည်းပညာနဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး လုပ်ငန်းအောင်မြင်အောင် လုပ်တာဟာ စီမံခန့်ခွဲမှုပါပဲ။
စီမံခန့်ခွဲမှုအရည်အသွေး(၃)ခု ရှိပါတယ်။
~~~
Technical skill - ပစ္စည်းတစ်ခု ဘယ်လိုထုတ်လုပ်ရမယ်၊ ကားကို ဘယ်လိုပြင်ရမယ်၊ စက်ကိရိယာတွေ ဘယ်လိုအသုံးပြုလို့ရတယ် စသဖြင့် ဒီလိုလုပ်ငန်းနဲ့ပတ်သက်တဲ့အခြေခံတွေကို သိထားရပါတယ်။
Human skill - လူတွေနဲ့အလုပ်အတူတွဲလုပ်တတ်ဖို့၊ လှုံ့ဆော်စည်းရုံးတတ်ဖို့၊ ညှိနှိုင်းဆောင်ရွက်တတ်ဖို့ ဆိုတဲ့အရည်အချင်းမျိုးတွေ ရှိဖို့လိုပါတယ်။
Conceptual skill - အဖွဲ့အစည်းရဲ့ အကျိုးအတွက် ဘာလုပ်ရင် အကောင်းဆုံးဖြစ်မယ်ဆိုတာကို မဟာဗျူဟာကျကျ စဉ်းစားလုပ်ဆောင်တတ်တဲ့ အရည်အချင်းမျိုး ဖြစ်ပါတယ်။
ရာထူးငယ်ငယ်မှာ ဘယ်လိုလုပ်ရတယ်ဆိုတဲ့ Technical skill ရှိရုံနဲ့ရပါတယ်။
စီမံခန့်ခွဲရတဲ့ ရာထူးမျိုးထိ ရောက်ချင်ရင်တော့ အနည်းဆုံး Human skill တော့ ရှိနေအောင် ကြိုးစားဖို့လိုပါတယ်။ အဲဒါမရှိဘဲ Managerial role တစ်ခုကို ရဖို့ခက်နိုင်ပါတယ်။
၉) စိတ်ဖိစီးမှုကို သည်းခံနိုင်ဖို့ (Stress tolerance)
---------------------
ဆရာတစ်ယောက်က ပြောဖူးပါတယ်။ စာမေးပွဲမှာ လူနာစမ်းနေတုန်း Stress တွေအရမ်းများလို့ ကြောက်လန့်ြ့ပီးငိုတာတို့၊ တလွဲလုပ်တာတို့က ခွင့်လွှတ်ပေးလို့တော့ မရဘူး။ အဲဒီ stress လေးကိုတောင် မခံနိုင်ဘဲ ဘယ်လိုဆရာဝန်လုပ်လို့ ရမလဲ တဲ့။
ဆရာဝန်ဘ၀ဆိုတာ လူ့အသက်နဲ့ရင်းပြီး အလုပ်လုပ်ရတာမို့ Stressful condition တွေမှာ တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။
ဆရာဝန်မှမဟုတ်ပါဘူး။ ရာထူးကြီးလာလေလေ၊ တာဝန်တွေလည်း များလာလေဖြစ်ပြီးတော့ စိတ်ဖိစီးစရာတွေ၊ စိန်ခေါ်မှုတွေကလည်း ပိုပိုပြီး များလာမှာ ဖြစ်ပါတယ်။ အလုပ်နဲ့ဘ၀မှာ ဘယ်လိုအခက်အခဲတွေ စိတ်ညစ်စရာတွေပဲကြုံလာလာ၊ ဒါတွေဟာ ကိုယ့်ဘ၀တိုးတက်ဖို့အတွက် အခွင့်အရေးတွေပဲလို့ မြင်ပေးပြီး ရအောင်ကျော်လွှားနိုင်ဖို့ လိုပါတယ်။
အခွင့်အရေးဆိုတာ စိတ်ကူးပေါက်မှ ရောက်ရောက်လာတတ်တဲ့၊ စိတ်သိပ်မရှည်တဲ့ ဧည့်သည်နဲ့တူပါတယ်။ သူ တံခါးခေါက်နေတုန်း မြန်မြန်လာဖွင့်ရင်ဖွင့်ပေး၊ မဟုတ်ရင်တော့ လှည့်ပြန်သွားတတ်ပါတယ်။ ပြီးရင် ဘယ်တော့မှ နောက်တစ်ခေါက်ပြန်လာမယ်ဆိုတာလည်း မသိနိုင်ပါဘူး။
ခု အဲဒီဧည့်သည်ကတော့ လာဖို့ရှိနေပြီ။ သူ့ကိုပြေးကြိုမဲ့ တခြားလူတွေကလည်း အပြိုင်အဆိုင် ကြိုးစားနေကြပြီမို့ ကျွန်တော်တို့တွေလည်း သူ တံခါးခေါက်တာနဲ့ ဖွင့်ပေးနိုင်အောင် ခုကတည်းကတော့ ပြင်ဆင်ထားရပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
Credit- ကျောက်သင်ပုန်း
Saturday, 26 December 2015
အမျှဝေခြင်းဒါန
အမျှဝေခြင်းဒါန
**************
အမျှဝေတဲ့နေရာမှာ
၁။ ဒါနပြုပြီး အမျှဝေတာရယ်
၂။ သီလဆောက်တည်ပြီး အမျှဝေတာရယ်
၃။ သမထဝိပဿနာပွားများပြီး အမျှဝေတာရယ်ဆိုပြီး သုံးမျိုးရှိပါတယ်။
၁။ ဒါနပြုပြီး အမျှဝေရင် အမျှဝေတဲ့သူဟာ ဒါနကုသိုလ်ကို ထပ်မံရရှိပါတယ်။
လူတစ်ရာ သာဓုခေါ်ရင် ဒါနကုသိုလ်တစ်ရာထပ်မံရှိပါတယ်။ လူတစ်ထောင် သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ထောင် ထပ်မံရရှိပါတယ်။ သာဓုခေါ်ကြတဲ့လူတစ်ရာ လူတစ်ထောင်တွေလည်းဒါနကုသိုလ်ရကြပါတယ်။
၂။ သီလဆောက်တည်ပြီး သီလကုသိုလ်အမျှဝေရင် သီလကုသိုလ်ကို ထပ်မရတော့ပါဘူး။ ဒါနကုသိုလ်ပဲရရှိပါတယ်။ သာဓုခေါ်တဲ့ပုဂ္ဂိုလ်တွေကျတော့ သီလကုသိုလ် မရကြတော့ပါဘူး။
ဒါနကုသိုလ်ပဲ ရကြပါတယ်။
၃။ သမထ ဝိပဿနာပွားများပြီး အမျှဝေရင် သမထဝိပဿနာကုသိုလ်ကို ထပ်မရတော့ပါဘူး။ ဒါနကုသိုလ်ပဲ ရပါတယ်။ သာဓုခေါ်တဲ့သူတွေလည်း သမထဝိပဿနာကုသိုလ်ကိုတော့ မရပါဘူး။
ဒါနကုသိုလ်ပဲ ရရှိပါတယ်။
အမျှဝေတာနဲ့ သာဓုခေါ်တာဟာ ဒါနထဲမှာပါပါတယ်။ ဒီသုံးမျိုးကို သဒ္ဓမ္မရံသီဆရာတော်ကြီးက မှတ်ရလွယ်အောင် ဆောင်ပုဒ်လေး စီပေးထားပါတယ်။
၁။ ဒါနဝေလျှင် ဒါနပင် အမှန်ပင် ရရှိသည်။
၂။ သီလဝေလျှင် ဒါနပင် အမှန်ပင် ရရှိသည်။
၃။ ဘာဝနာဝေလျှင် ဒါနပင် အမှန်ပင် ရရှိသည်။
အရှင် ရာဇိန္ဒ (ရဝေနွယ်-အင်းမ) ရေးသားတော်မူအပ်သော ရဝေနွယ်အသစ် စာအုပ် ``ချစ်သူကို တရားဟောပါ´´ဆောင်းပါးမှ ကောက်နုတ်ပါသည်။
*အမတဒါန*
ရေခဲသေတ္တာကို မည်ကဲ့သို့ ထိန်းသိမ်းရမည်နည်း
 ခေတ်မှီလာသော လူနေမှုပုံစံများအရ အိမ်တိုင်းတော်တော်များများမှာ ရေခဲသေတ္တာဟာ မရှိမဖြစ် အိမ်အသုံးအဆောင် ပစ္စည်းတစ်ခုဖြစ်လာပါပြီ။  ဒါ့ကြောင့် မိမိတတ်နိုင်တဲ့ ငွေကြေးအလိုက် သင့်တော်တဲ့ ရေခဲသေတ္တာကို ၀ယ်ယူသုံးဆွဲကြပါတယ်။ ရေခဲသေတ္တာနဲ့ပတ်သက်ပြီးတော့ အမှတ်မထင် ပြုမူမိလိုက်တဲ့ တွက် မီးဘေးအန္တာရာယ်နဲ့ တခြားကျန်းမာရေး ပြသနာတွေဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ရေခဲသေတ္တာနဲ့ ပတ်သက်ပြီးတော့ မလုပ်သင့်တဲ့အချက်တွေတွေနဲ့ အန္တာရာယ်ကင်းအောင် ဘယ်လို ထားသိုရမလဲ ဆိုတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ရေခဲသေတ္တာ၏ အတွင်း၊ အပြင်ကို ရေဖြင့်မည်သည့်အခါမှ ပက်ဖြန်းဆေးကြောခြင်း မပြုရ။ အတွင်း၌ လျှပ်စစ်ပစ္စည်းများ၊ ၀ိုင်ယာကြိုးများတပ်ဆင်ထားသဖြင့် ရှော့ဖြစ်တတ်သည်။
၂။ မီးလောင်စေတတ်သော မှုတ်ဆေးဘူး၊ ဓါတ်ငွေ့ဘူးများကို ရေခဲသေတ္တာအနီးတွင် မသုံးပါနှင့်။ ရေခဲသေတ္တာမှ အပူကြောင့်မီးလောင်တတ်သည်။
၃။ ရေခဲသေတ္တာတံခါးကို အကြာကြီးဖွင့်မထားပါနှင့်။
၎။ ပူနေသေးသော အစားအသောက်များကို ရေခဲသေတ္တာအတွင်း မထည့်ပါနှင့်။ အအေးခံပြီးမှ ထည့်ပါ။
၅။ ကာဘွန်နိတ်အအေးဗူး (ဥပမာ – ကိုကာကိုလာ၊ 100 Plus) စသည်တို့ကို အပေါ်ထပ် အအေးခန်းထဲ မထည့်ပါနှင့်။
၆။ ဓါတုဗေဒဆေးရည်များ၊ ဓါတုဗေဒပစ္စည်းများကို ရေခဲသေတ္တာအတွင်း ထည့်သွင်း မသိုလှောင်ပါနှင့်။
၇။ ရေခဲသေတ္တာအတွင်း ပစ္စည်းများကို ကြပ်သိပ်နေအောင် ထည့်မထားပါနှင့်။ လေလှည့်ပတ်မှုကောင်းအောင် နေရာလပ် ပေးထားပါ။
၈။ ရေခဲသေတ္တာအပေါ်ထပ် ရေခဲခန်းအတွင်း ပုလင်း၊ ဖန်ခွက် စသည်တို့ဖြင့် ထည့်ထားသော အရည်ပုလင်းများ မထည့်ပါနှင့်။ ကွဲတတ်သည်။
၉။ အေးခဲနေသော အသားငါးများနှင့် ယခုမှ ၀ယ်လာသော အသားငါးများကို အပေါ်ရေခဲခန်းအတွင်း အတူပူးကပ်မထားပါနှင့်။ ခွာထားပါ။
၁၀။ မီးလောင်စေတတ်သောပစ္စည်းများ၊ မီးခြစ်၊ ဖယောင်းတိုင်၊ အီသာ၊ ဘင်ဇင်း၊ အယ်လ်ကိုဟော၊ ဓါတ်ငွေ့မီးခြစ်တွင် ထည့်သောအရည် စသည်တို့ကို ရေခဲသေတ္တာအတွင်း မထည့်ပါနှင့်။ ပေါက်ကွဲတတ်သည်။
၁၁။ သောက်ဆေး၊ ထိုးဆေးများကို ရေခဲသေတ္တာအတွင်း မထည့်ပါနှင့်။ ရေခဲသေတ္တာအတွင်းထည့်ထားပါ ဟု ညွှန်ကြားထား သည့် ဆေးများကိုသာ ထည့်ပါ။
၁၂။ လျှပ်စစ်ပစ္စည်းများကို ရေခဲသေတ္တာအတွင်း ထည့်သွင်း မသိုလှောင်ပါနှင့်။
၁၃။ ရေခဲခန်းအတွင်းမှ ခဲနေသော အသားငါးများကို ထုတ်ကာ အရည်ပျော်စေပြီးနောက် ထပ်မံ၍ ရေခဲခန်းအတွင်း မထည့်ပါတော့နှင့်။ အားလုံးကုန်အောင်စားပါ။ ထို့ကြောင့် ရေခဲခန်းအတွင်းထည့်မည့် အသားငါးများကို တစ်ခါချက်လောက်ရုံ ခုတ်ထစ်၊ ရေဖြင့် သေသေချာချာဆေးပြီးမှ သိုလှောင်ပါ။  ထုတ်သည့်အခါတွင်လည်း ထို တစ်ခါချက်လောက်ရုံသာ ထုတ်ပါ။ အခြား မချက်သေးသော အသားငါးများကို အရည်မပျော်ပါစေနှင့်။ ဆက်လက်ခဲထားပါ။
၁၄။ အပူချိန်နိမ့်တွင် အလွယ်တကူ ပျက်စီးစေတတ်သော အသီးများ၊ ဥပမာ – ငှက်ပျောသီး၊ နာနတ်သီး၊ ဖရဲသီး၊ သခွားသီး၊ စသည်တို့ကို ရေခဲသေတ္တာအတွင်း ထည့်သွင်းမသိုလှောင်ပါနှင့်။
၁၅။ ရေခဲသေတ္တာ ကောင်းကောင်းအလုပ်မလုပ်တော့ဟု ဆိုလျှင် ဆက်မသုံးပါနှင့်။ အတွင်းရှိပစ္စည်းများ အားလုံးထုတ်ပါ။ ခလုတ်ကိုပိတ်ပြီး ပလပ်ကို ချွတ်ထားပါ။ ထို့နောက် ရေခဲသေတ္တာပြင်ဆိုင်သို့ပို့ပါ။ အကယ်၍ မတော်တဆ ၀ိုင်ယာကြိုးပြတ်၍ ပြင်လိုလျှင် နားလည်တတ်ကျွမ်းသူကိုသာ ပြန်ဆက်ခိုင်းပါ။ တတ်ယောင်ကားများကို ဆက်ခိုင်းခြင်း၊ မသိနားမလည်ဘဲ မိမိ ကိုယ်တိုင်လုပ်ခြင်းသည် ဓါတ်လိုက်မည့် အန္တရာယ်ရော၊ မီးလောင်မည့်အန္တရာယ်ပါ ရှိပါသည်။
၁၆။ ရေခဲသေတ္တာကို (သယ်သည့်အခါ၊ နေရာပြောင်းသည့်အခါများတွင်) မည်သည့်အခါမှ မလှဲပါနှင့်။ ထောင်လျှက်သာ ထားရပါမည်။
ရေခဲသေတ္တာကို မည်ကဲ့သို့ ထိန်းသိမ်းရမည်နည်း
အပန်းမကြီးလှသော ထိန်းသိမ်းမှုအနည်းငယ်မျှလုပ်လျှင်ပင် ရေခဲသေတ္တာ၏ သက်တမ်းကို ပိုပြီးရှည်စေနိုင်သည်။ ထို့ပြင် ပျက်ချိန်မတိုင်မီ ပျက်မည့်အန္တရာယ်မှလည်း ကြိုတင်ကာကွယ်နိုင်မည်။
အန္တရာယ်ကင်းရေး ပထမ (Safety First)
၁။ ရေခဲသေတ္တာကို သန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေး လုပ်တော့မည်ဆိုလျှင် ပထမဦးစွာ ပြုလုပ်ရမည်မှာ ရေခဲသေတ္တာ မီးခလုတ်ကို ပိတ်ကာ ပလပ်ချွတ်ထားခြင်းဖြစ်ပါသည်။ ရေခဲသေတ္တာကို မီးမပိတ်ဘဲ၊ ပလပ်မချွတ်ဘဲ သန့်ရှင်းရေး၊ ပြုပြင် ထိန်းသိမ်းရေး မလုပ်ပါနှင့်။ အလွန်အန္တရာယ်များသည်။
၂။ လေးလံသော၊ ကွဲနိုင်သော ပစ္စည်းများကို ရေခဲသေတ္တာအတွင်းမှ ထုတ်ပါ။
၃။ ရေခဲသေတ္တာကို မီးပိတ်၊ ပလပ်ချွတ်ပြီးလျှင် နံရံမှ ခွာပါ။ ထိုသို့ခွာရာတွင် ရေခဲသေတ္တာ အောက်ပိုင်းကိုသာ ကိုင်ပြီး ဖြေးညင်းစွာ ရွှေ့ပါ။ ကြမ်းပြင်များကို မခြစ်မိ စေရန် သတိထားပါ။
၎။ ရေခဲသေတ္တာ တစ်ပတ်လည် လူဝင်လို့ရနိုင်လောက်သည်ထိ ခွာထားပါ။
Ref : Messenger
ကွနတမ်း မင်းရာဇာ
Thursday, 24 December 2015
သေခါနီးဖြစ်တဲ့ စိတ်
သေခါနီးဖြစ်တဲ့ စိတ်
-------------------
သေခါနီးဖြစ်တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။
လားရာသုဂတိကို ချက်ချင်းအကျိုးပေးနိုင်ပါတယ် ။ ဒီအကြောင်းတရားကိုမြတ်စွာဘုရားရှင်က ယခုလိုဟောကြားခဲ့ပါတယ် ။
နွားကျောင်းသားဟာ နေ၀င်လို့ နွားတွေကို ခြံထဲသွင်းတဲ့အခါမှာ
နွားပျို နွားပေါက်စလေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။
ဒါပေမယ့် မသန်မစွမ်းတော့တဲ့ နွားအိုကြီးတွေကတော့ ဘယ်လောက်ပဲ ရိုက်နှက်ခြောက်လှန့်သည်ဖြစ်စေ ဖြည်းဖြည်းချင်းပဲ နောက်ဆုံးကနေ ၀င်ကြတယ်။နောက်ဆုံး နွားခြံကို ပိတ်လိုက်တဲ့ အချိန်မှာတော့ နွားအိုကြီးတွေကခြံပေါက်ဝမှာပဲ အိပ်ကြရတယ် ။ ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲက ပြန်ထုတ်တဲ့အခါမှာတော့ ခြံဝမှာ အိပ်နေတဲ့ နွားအိုကြီးတွေကပဲအရင်ထွက်ခွင့်ရပါတယ် ။ နွားပျိုနွားငယ် တွေကတော့ နောက်ဆုံးမှပဲထွက်ကြရပါတယ် ။ အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာမဲ့နေတဲ့ အချိန်မှာ ဖြစ်တဲ့စိတ်ဟာအရင်ဆုံးအကျိုးပေးပါတယ် လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ် ။
ဝိပဿနာအသိ မရှိတဲ့ လူ့ပတ်ဝန်းကျင်မှာ သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ် ။ ကြည့်လေရာ မြင်လေရာက ကိုယ်တစ်ဘ၀လုံး စွဲခဲ့တဲ့အရာတွေချည်းပါပဲ ။ အိမ်တွေ အသုံးအဆောင်တွေ အ၀တ်အစားတွေ သား သမီး လင်မယားတွေ အိမ်မွေးတိရစ္ဆာန်တွေ ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတာတွေအကုန်လုံးက ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေချည်းပဲ ။ ဒါကြောင့် တစ်ချို့ နားလည်သဘောပေါက်တဲ့ လူတွေဟာ သူတော်ကောင်းနေရာ မေတ္တာဓါတ်လွှမ်းခြုံတဲ့နေရာ ဆိတ်ငြိမ်တဲ့ နေရာတွေမှာ ကြိုတင်စီစဉ်ပြီး သေဆုံးလေ့ ရှိကြပါတယ်။ သေမယ့်အချိန်ကိုကြိုမသိနိုင်ပေမယ့် အဲ့လိုနေရာမျိုးမှာပဲ ဘ၀ရဲ့ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းသွားကြပါတယ် ။ ကြောက်လည်း ကြောက်စရာပါပဲ။အပါယ်ကျသွားလို့ ဘွာတေး လုပ်လို့ မရပါဘူး ။
အကုသိုလ် အစွဲအလန်းတွေ အားကြီးလွန်းလို့ သေခါနီး ၀ိဥာဉ်မချုပ်နိုင်ပဲဆန့်တငင်ငင် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ် ။ တစ်ချို့ကလည်းအကုသိုလ်စေတနာ ကုသိုလ်စေတနာ သိပ်ကြီးကြီးမားမား မရှိ.. ၀ိပဿနာဥာဏ်ကလည်းမရှိတော့ သူ့ ကံက သူ့ကို ဘယ်ပို့ရမှန်း မသိပဲ ဟိုစိတ်ရောက်လိုက် ဒီစိတ်ရောက်လိုက်နဲ့ ကြာနေတာတွေ ရှိပါတယ်။ ဒါကိုပဲ ဘေးကလူက ဟိုလူ့စောင့်သလိုလို ဒီလူ့ စောင့်သလိုလို သားကိုပဲ မျှော်သလိုလို သမီးကိုပဲမျှော်သလိုလိုထင်တော့တာပါပဲ ။ သားလေး ရောက်လာပြီ သမီးလေး ရောက်လာပြီထကြည့်ပါဦး လို့ ဘေးကများ ကုန်းအော်လိုက်လို့ကတော့ သေတဲ့သူ တစ်ခါတည်း သွားရော့ ငရဲအိုးပဲ .. အပါယ်လေးဘုံကို တန်းနေအောင် ပြေးပါတော့တယ် ။သေတဲ့သူကို ဆွဲခါ လှုပ်ယမ်း ဖက် ပြီး အော်ငိုတာကတော့ အဆိုးဆုံးပါပဲ ။ကျလုကျခင် ဖြစ်နေတဲ့သူကို ချစ်သလိုလိုနဲ့ ဆောင့်ကန်ချလိုက်တာပါပဲ ။
ဒါကြောင့် ငါသေရင် မငိုကြနဲ့ ဆူဆူညံညံလည်း မလုပ်ကြနဲ့… ငါ့ဘေးနားလည်းမနေကြနဲ့ ငါ့တရားနဲ့ငါ နှလုံးသွင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း သေမယ်လို့အဲ့လို ကြိုတင်ပြီး မိသားစုကို မှာထားရမယ်...
အဖေရယ် အမေရယ် နိမိတ်မရှိသေစကားမပြောပါနဲ့ အဲ့လို ပြောလာရင် ဟဲ့ နိမိတ်မရှိ မလုပ်နဲ့ ..ငါက သေရင် ဒီနိမိတ်နဲ့ပဲ သွားရမှာ ... အဲ့လို ပြတ်ပြတ်သားသား မှာထားရမယ်လို့မိုးကုတ်ဆရာတော်ဘုရားကြီးက အထပ်ထပ်အခါခါ သတိပေးသွားခဲ့တာပါ ။
တစ်ချို့က ကုသိုလ်ကောင်းမှုတွေတော့ လုပ်ခဲ့ပါရဲ့ ဒါပေမယ့် သေခါနီးကျတော့လှူတုန်းကဖြစ်ခဲ့တဲ့ စေတနာကို ပြန်မစွဲပဲ ကျောင်းစွဲ ဘုရားစွဲ ဇရပ်စွဲအဲ့လို စွဲတော့ ကျောင်းစောင့် ဘုရားစောင့် စေတီစောင့်တွေပဲ ဖြစ်ကြရတယ် ။ရိပ်သာမှာ အားထုတ်ခဲ့ပေမယ့် ၀ိပဿနာစိတ် မဖြစ်ပဲ ရိပ်သာစွဲသေတော့ရိပ်သာစောင့် ဖြစ်ရပြန်တယ် ။ စေတနာကို ပြန်စွဲမိရင်တောင်မှ အစွဲဖြစ်တဲ့အတွက် ကံရှိသလောက် အကျိုးပေးပြီး ကံကုန်တာနဲ့ ပြန်ဆင်းရမှာပါပဲ။ ဒါကြောင့် အပါယ်လွတ်ရာလမ်း တစ်လမ်းပဲ ရှိပါတယ်။ အဲ့ဒါကတော့ အသက်ရှင် နေထိုင်တုန်းမှာ ၀ိပဿနာကို မြင့်မြတ်စွာကျင့်ကြံအားထုတ်ပြီး အသေတတ်အောင် ကြိုးစားဖို့ပါပဲ ။
သစ္စာတရားကို နှလုံးသားမှာ ယုံမှားသံသယမရှိအောင် ကျင့်ကြံသွားနိုင်တဲ့ အရိယာပုဂ္ဂိုလ်ကတော့ ပတ်ဝန်းကျင်ဘယ်လိုပဲ ဖြစ်ဖြစ် မတုန်လှုပ်တော့ပါဘူး ။အရိယာတို့ရဲ့ လားရာသုဂတိဟာ မြဲသွားပြီ ဖြစ်တဲ့အတွက် သူသွားရမယ့် လမ်းကိုဖြောင့်ဖြောင့်တန်းတန်းပဲ သွားပါတယ် ။ ဒါပေမယ့် အဲ့လိုမှ မကျင့်ကြံနိုင်တဲ့ သာမာန် ပုဂ္ဂိုလ်များအတွက်ကတော့ သေခါနီးအချိန်နဲ့ပတ်ဝန်းကျင်ဟာ ကိုယ့်အတွက် နောက်ဆုံးအခွင့်အရေး နောက်ဆုံးကျည်ဆန်ဖြစ်တဲ့အတွက် အလွန်အင်မတန်မှ အရေးကြီးလှပါတယ်လို့ စေတနာအရင်းခံပြီး သတိပေးလိုက်ရပါတယ် ။
Share ခြင်းဖြင့် ကုသိုလ်ယူပါ…
(အနန္တမေတ္တာ)
Tuesday, 22 December 2015
ဝဋ်ဆိုတာ ချက်ချင်းလည်တတ်တယ်
ဝဋ်ဆိုတာ ချက်ချင်းလည်တတ်တယ်
~~~~~~~~~~~~~~~~~~~~~~~~
{အချိန် ၁မိနစ်စာလေး ပေးပြီး ဖတ်ကြည့်စေချင်ပါတယ် }
.
သမီး >…ရော့……အမေ ဒီမှာ ပိုက်ဆံ တသိန်း ………
(သူ့မြေးလေးနဲ့ ကစားနေရာက အမေမော့ကြည့်လာ
တယ်ဘာအတွက်လဲဆိုတဲ့မေးခွန်းမျိုးနဲ့မျက်လုံးတွေ)
.
အမေ>…ဘာလုပ်ဖို့လဲ သမီး?………
.
သမီး >…အမေအိမ် ကိုခဏခဏ မလာပါနဲ့…သမီးးက
သူများအိမ်မှာလာနေရ တာယောက္ခမတွေ
အမြင်ကြည်အောင်နေရတယ်…
.
အမေ>…သမီးရယ် အမေကပိုက်ဆံ လာတောင်းတာ
မှမဟုတ်တာ အမေ့မြေးလေးနဲ့လဲ သမီးက
တစ်လနေလို့ အိမ်တခေါက်မရောက်ဘူး
အမေ့မြေးလေးကိုလွမ်းလို့ လာတာပါသမီး
ရယ် သမီးအဖေကတားပါတယ် အမေလဲ
နှစ်ပက်လောက်နေမှတခါလာတာလေ သမီး
အဖေက လဲသူ့သမီးနဲ့ သူ့မြေးလေးကိုတွေ့
ချင်နေတာ ဒါပေမယ့် သူမလိုက်ချင်လို့
သမီးကိုလာလည်ဖို့လဲပြောလိုက်ပါတယ်ကွယ်
.
သမီး >…သမီးသိပါတယ် အမေတို့ကိုလဲသမီးနှစ်လ
တခါလောက် လာတာပဲပိုက်ဆံလဲလာလာ
ပေးနေတာပဲ ကိုခုအမေပြန်ပါတော့သမီး
ယောက်ကျားပြန်လာတော့မယ် အမေ့ကို
မြင်ရင် သူအမောမပြေပဲနေမယ်……………
.
အမေ>…(မျက်ရည်တွေဝဲ လျက်အသံတုန်တုန်လေး
နဲ့ ပြောလိုက်ပါတယ်)
အင်းပါသမီးရယ် အမေနောက်မလာတော့ပါ
ဘူး သမီးတော့လာလည်ပါနော် အမေသွား
တော့မယ် ဖွားသွားတော့မယ်မြေးလိမ်လိမ်
မာမာနေနော်……………………
.
ဖြောင်းး……ဖြောင်းး……ဖြောင်းး…ဖြောင်းးး……………
(လက်ခုပ်သံကြားရာသားအမိနှစ်ယောက်လုံးပြိုင်တူ
လှည့်ကြည့် မိလိုက်ပါတယ် ရှစ်နှစ်အရွယ်ကလေးမ
လေးပါ ပြုံးရယ်ပီးလက်ခုပ်တီးးနေတာပေါ့)
.
သမီး >…ဘာလို့ လက်ခုပ်တီးးတာလဲ သမီးးလေး…
.
မြေးး >…မေမေ အိုင်တင်အရမ်းကောင်းတာပဲ ဇာတ်
လမ်းတွေထဲက မင်းတမီးကြနေရာပဲ မျက်နှာ
တွေ ပြောနေတာတွေက အရမ်းမိုက်ရို့ ဖွား
ရောပဲ မျက်ရည်လေးတွေ ဝဲနေတာ ဇာတ်
လမ်းတွေ ထဲက မင်းတမီးရီးး လိုပဲမီးသဘော
ကျလို့ လက်ခုပ်တီးလိုက်တာ…………………
.
သမီး >…(ကျမပါးစပ်ဟ မလို့ပဲရှိသေးသမီးလေးက
ကုန်းထပီးး )
.
မြေးး >…မေမေ…မေမေ မေမေ့အိုင်တင်မီးလုပ်ပြမယ်
မီးလုပ်တာ မေမေ့လိုကောင်းလားကြည့်ပေး
နော် ………………
(သမီးလေးက စားပွဲပေါ်က သူ့အဖွားကိုပေးထားတဲ့
ပိုက်ဆံ ထုပ်လေးကို ကောက်ယူပီးကျမရှေ့ မှာကျမ
လုပ်သလို လိုက်လုပ်ပြပါတယ် အမေ ပိုက်ဆံမယူ
သွားးးပါလားးးကျမစဉ်းစားနေတုန်း)
.
မြေးး >…မေမေ မီးမီး လုပ်တာ ကောင်းလားဟင်?
.
သမီး >…(ကျမ သမီးလေး မင်းသမီးလုပ်တာ ဝါသနာ
ပါတယ် ထင်ပီး သမီးကို မေးလိုက်ပါတယ် )
အရမ်းကောင်းတာပဲ မေ့သမီးလေးကကြီး
လာရင် မင်းသမီးလုပ်မလို့လား အရမ်းတော်
.တာပဲ …………
.
မြေးး >…မင်းတမီး လုပ်မို့ ဟုတ်ပါဝူးးမေမေရဲ့……
.
သမီး >…(ကျမ အံ့သြသွားပါတယ် သမီးလေးက
မင်းသမီးမလုပ်ချင်ပဲ ဘာလို့ ဒါကို လုပ်ပြတာပါလိမ်ါ)
.
မြေးး >…တမီးးကြီးးလာလို့ မေမေ့ အရွယ်ရောက်ရင်
မေမေ ဖွားဖွားးကို ပြောသလိုမျိုးး မီးးမီးးက
ပြန်လုပ်ရမှာလေ အဲ့အခါကျရင် မေမေ့လို
အိုင်တင်လေးးကို ကြိုက်ရို့မီးမီးကကျင့်ထား
ကြည့်တာ မေမေလဲ ဖွားဖွားလိုကျင့်ထားနော်
ဖွားဖွားမျက်ရည်လေးဝဲနေတဲ့အိုင်တင်အရမ်း
ကောင်းတယ် သိလား………………
.
သမီး >…(သမီး စကားတွေကျမ ဆက်နားမထောင်ရဲ
တော့ပါ ကျမမှားးပီ ကျမ မေမေ့ကို စော်ကားမိလိုက်
ပီ ကျမကို သမီးလေး အခုလို ပြောတော့ ကျမ ကျမ
ဒီလောက် ခံစားသွားရရင် အမေ ……အမေ အမေရေ
ကျမ သမီးကို သတိမရတော့ပါဘူးး ကျမမျက်ရည်
တွေကြားကနေ အိမ်ထဲ ကပြေးထွက်သွားမိတယ်
ကျမ ကျမ အမေ့နောက်ကို လိုက်တာပါ ……)
ကျမ အမေ့ကို တွေ့ပါပီ အမေ လို့ကျမအကြယ်ကြီး
လှမ်းအော် လိုက်မိတယ် အမေလှည့်ကြည့်လာတယ်
ကျမ အမေ့နားကိုပြေးသွားတော့ ဟင်! အမေ အမေ
ငိုနေတယ် ဟင့်အင်း ကျမမှားးပီ ကျမအမေ့ရှေ့မှာ
ဒူးးထောက် လို့လက်အုပ်ချီလိုက်ပါတယ်……)
.
သမီး >…သမီးး…သမီးမှားပါတယ် အမေရယ် သမီးကို
ခွင့်လွှတ်ပါ အမေရယ် သမီးအမေ့ကိုစော်
ကားမီပီ အမေ့ရဲ့ ချစ်ခြင်းမေတ္တာတရားတွေ
ကိုစော်ကားးမီပီ သမီးကိုခွင့်လွှတ်ပါ အမေ
ရယ် သမီးးအိမ်ကိုအားတိုင်းလာလည်ပါ့မယ်
အမေလဲ လာလည်ပါနော် သမီးကို သမီးကို
ခွင့် လွှတ်ပါ အမေရယ် ……
.
အမေ>…ခွင့်လွှတ်ပါတယ် သမီးးရယ် ထပါသမီးကို
လူတွေ ကြည့်နေတယ် ထထ ..
.
သမီး >…(အမေ ကျမကို ဆွဲထူလိုက်တယ် ကျမမျက်
ရ.ည်တွေကိုသုပ်ပေးတယ် ကျမလဲအမေ့မျက်ရည်
တွေကို သုပ်ပေးပီးအမေ့ကိုတအားဖက်လိုက်ပါတယ်)
.
တကယ်တော့ မိဘဆိုတာ သက်ရှိဘုရား ဆိုတာ
ကျမ သိလိုက်ပါ ပီ အမေရယ်..
.
ကဲသူငယ်ချင်းးတို့ ရေအဲ့တာမျိုးတွေတကယ်ရှိတယ်
နော် ဝဋ်ဆိုတာ လည်တက်တယ်ရှင့် မိဘတွေကသာ
အပစ်မယူတာ ငရဲကမနေပါဘူးရှင် တကယ်တော့
မိဘဆိုတာ သူတို့ထမင်းမစားရရင်နေပါစေ သူတို့
မဝရင် နေပါစေ သူတို့အဝတ်ကောင်းမဝတ်ရရင် နေပါစေ သူတို့ ရဲ့သားသမီးလေးတွေကိုကျတော့
အများနဲ့တန်းတူ ပူဆာသမျှဖြည့်ဆည်းပေးတဲ့သူ
တွေပါ အဲ့တော့ မိဘတွေကို ကိုယ်ချင်းစာပါ ကိုယ်
ကိုတိုင် မိဘနေရာရောက်ရောက်ရင်ဆိုတဲ့ ခံစားချက်
လေးတွေနဲ့ ပေါ့ ရှင် မိဘကျေးဇူးဆိုတာပြောရင်
မကုန်ပါဘူးရှင် ကျေးဇူးမဆက်ချင်နေပါကျေးဇူးတော့
မကန်းးးကြပါနဲ့ ရှင်မိဘတို့ရဲ့ရင်ထဲမှာသိပ်ကို
ရင်နှင့်မဆံ့ အောင် ခံစားရပါတယ်ရှင်………
.
Credit to နိုင်သစ္စာ
"ဒီစာကို ဖတ်ပါ ၊ ရှယ်ပါ ၊ အသိ သတိ ရှိပါ"
"ဒီစာကို ဖတ်ပါ ၊ ရှယ်ပါ ၊ အသိ သတိ ရှိပါ"
ပိုက်ဆံတောင်းတဲ့ သူတွေမှာတွေ့ ရတတ်တဲ့ ကလေးတွေဟာ ဘာလို့ အမြဲ အိပ်နေကြတာလဲဆိုတာ သင်သတိထားမိရဲ့ လား ။
ဘူတာရုံမှာ ညစ်ပေဟောင်းနွမ်းနေတဲ့အ၀တ်အစားနဲ့ ညစ်တီးညစ်ပတ်အမျိုးသမီး တစ်ဦးဟာ ခေါင်းငိုက်စိုက်ချပြီး ၀မ်းနည်းပူဆွေးခြင်းအပြည့်နဲ့  ထိုင်နေတယ် ။
အဲ့ဒီလိုညစ်ပတ်နေတဲ့ ကြမ်းပြင်မှာထိုင်နေတဲ့ အမျိုးသမီးဘေးမှာ ခရီးသွားလာတဲ့လူတွေ လှုတဲ့ အကြွေတွေ ထည့်ထားတဲ့အိတ်တစ်ခုရှိနေပြီး သူမလက်ထဲမှာ ညစ်ပတ်နေတဲ့ အ၀တ်စနဲ့ ထုပ်ထားတဲ့ ၂ နှစ်အရွယ် အိပ်ပျော်နေတဲ့ ကလေးလေးတစ်ယောက်ရှိနေပါတယ် ။
ခရီးသွားလာတဲ့ သူတွေတော်တော်များများတော့ သူမကို အကြွေလေးတွေ ပစ်ပေးကြတယ် ။ ကြင်နာတတ်တဲ့ လူတွေဟာ အမြဲတမ်း ကံမကောင်းတဲ့ ဒီလူတွေဘ၀ကို စာနာတတ်ကြတယ် ။ အကျီအ၀တ်အစားလေးကအစ ၊ ကိုယ့်မှာ တစ်ပဲတပြားရှိရင်တာင် အကျိုးအကြောင်း မစုံစမ်းပဲ လှုပစ်လိုက်ချင်ကြတယ် ။
ကျွန်တော် ဒီသူတောင်းစား ရှေ့ ကနေဖြတ်သွားဖြစ်တာ ကြာပါပီ ။ ဒါပေမယ့်လဲ တစ်ခါမှမလှုဖြစ်ခဲ့ဘူး ။ ဘာလို့ လဲဆိုတော့ အဲ့ဒီ သူတောင်းစားတွေကို လူတစ်ယောက်က အုပ်ချုပ်ပီး အဲ့ဒီလူက တော်တော်ချမ်းသာတဲ့ လူဖြစ်နေတာကို ကြားဖူးသိဖူးနေခဲ့လိုပဲ..။
တလလောက်အကြာ... လမ်းမှာ အဲ့ဒီသူတောင်းစားအမျိုးသမီးနဲ့  ကျွန်တော်ရုတ်တရတ် ၀င်တိုက်သလိုဖြစ်သွားခဲ့မိတယ် ။
ကျွန်တော်လမ်းကိုဆက်လျှောက်သွားမိတယ် အမျိုးသမီးလက်ထဲက ကလေးငယ်ကိုစူးစိုက်ကြည့်ရင်းနဲ့ .....။
ခုလိုမြေအောက်ရထားလမ်းမှာ မနက်မိုးလင်းကနေ ညမိုးချုပ်အထိ ညစ်ပတ်ပေရေနေတဲ့ အ၀တ်စထဲကကလေးငယ်လေးရဲ့ ဘ၀က ဘယ်လိုများလဲ၊
ကလေးငယ်ဟာ အိပ်ပျော်နေတယ် ၊ ဘယ်တော့မှ အော်ခြင်း ငိုခြင်းမရှိဘူး ။ သူ့ အမေလို့ ယူဆရတဲ့ အမျိုးသမီးရဲ့ ပေါင်ပေါ်မှာ အိပ်ပျော်နေတာကများတယ် ။
သင်တို့ မှာ အသက် ၁ နှစ်ကနေ ၃ နှစ်အထိ အရွယ်ရှိတဲ့ ကလေးငယ်တွေရှိကြလား ။ သူတို့ ဟာ တစ်ခါအိပ်ရင် ၂ နာရီထက်ကြာပီး နှစ်ခြိုက်စွာ အိပ်ပျော်တတ်ကြပါ့မလား ။
ဘယ်လိုပဲဖြစ်ဖြစ် ခုတွေ့ နေတဲ့ကလေးငယ်လေးကတော့ အမြဲအိပ်နေတတ်တယ် ။ အမြဲတမ်းပဲ ။ အဲ့ဒါကြောင့်လဲ ကျွန်တော့်စိတ်ဝင်စားမှုတွေတိုးလာခဲ့တယ် ။
" ဘာလို့  ကလေးက အမြဲတမ်းအိပ်ပျော်နေတာလဲ " ကျွန်တော်ကလေးငယ်ကိုစိုက်ကြည့်ရင်း သူမကို မေးလိုက်တယ် ။
သူတောင်းစားအမျိုးသမီးက ကျွန်တော့်မေးခွန်းကို မကြားချင်ယောင်ဆောင်ပြီး သူမ မျက်နှာကို ကော်လာအထူကြီးထောင်ထားတဲ့ ဂျက်ကင်အိင်္ကျီထဲထိ ခေါင်းစိုက်အောင် ငုံ့ ထားတယ် ။
ကျွန်တော်မေးခွန်းကို ထပ်မေးလိုက်တယ် ။
အမျိုးသမီး ကျွန်တော့်ကိုမော့်ကြည့်တယ် ၊ ပီးတော့ ကျွန်တော့်နောက်ကျော်ဖက်ကို မျှော်သလိုကြည့်လိုက်တယ် ..။
" သွားစမ်းပါ " သူမတိုးတိုးညည်းပီးပြောတယ် ။
ကျွန်တော့ရဲ့  အနောက်ဖက်ကနေ လူတစ်ယောက် ပခုံးကိုလာကိုင်တယ် ။ ကျွန်တော်လှည့်ကြည့်လိုက်တော့ အမျိုးသားတစ်ယောက် ။
"မင်းသူမဆီက ဘာလိုချင်လို့ လဲ ၊ သူ မဘ၀ ဘယ်လောက်ခက်ခဲလဲဆိုတာ မတွေ့ ဘူးလား" ပြောရင်းနဲ့  သူ့ အိပ်ကပ်ထဲက အကြွေတစ်စေ့ကို ထုတ်ပီး သူမကို လှမ်းပေးလိုက်တယ် ။
သူတောင်းစားအမျိုးသမီးက အတတ်နိုင်ဆုံးသနားစဖွယ်မျက်နှာနဲ့ ဖြစ်နေတယ် ။ ထိုလူကတော့ကျွန်တော့်ပခုံးပေါ်က သူ့ လက်ကို ဖယ်ပြီး မြေအောက်ဘူတာရုံထဲ ဆင်းသွားတယ် ။
သေချာတာတော့ ဒီလူအိမ်ရောက်ရင် သနားစဖွယ်သူတောင်းစားအမျိုးသမီးတစ်ယောက်ကို အနှောင့်အယှက်ပေးနေတဲ့ လူတစ်ယောက်လက်ထဲက သူဘယ်လိုကယ်လိုက်တယ်ဆိုပီး ပြောနေမှာပဲ .
နောက်နေ့ မှာတော့ ကျွန်တော် ကျွန်တော့်သူငယ်ချင်းကို ဖုန်းဆက်ခဲ့တယ် ။ ကျွန်တော့်သူငယ်ချင်းထံကနေ ဒီလိုတောင်းစားနေမှုလုပ်ငန်းတွေဟာ သမားရိုးကျမဟုတ်ပဲ မှုခင်းတစ်ခုခုနဲ့ ဆက်သွယ်နေတယ်ဆိုတဲ့ အချက်တွေ သိခဲ့ရတယ် ။
အဲ့ဒီမှာရှိတဲ့ ကလေးတွေဟာ များသောအားဖြင့် အရက်သမားဆေးသမား မိသားစုတွေဆီက ငှားတာမျိုး ၊ ခိုးယူလာတာမျိုး ဖြစ်နေကြတယ် ။
ကျွန်တော်အသိချင်ဆုံးအချက်က ကလေးတွေဘာလို့  အမြဲအိပ်နေကြတာလဲဆိုတာပဲ ၊ ကျွန်တော့်သူငယ်ချင်းက အဲ့ဒီအချက်ကို အေးဆေးပဲ ပြောပြတယ် " ကလေးတွေက ဘိန်း ၊ အရက် သုံးနေကြရတာ ..။ "
" ဘယ်လို ဒီကလေးတွေက အရက်တွေ ဘိန်းတွေ သုံးနေကြရတယ် ! " ကျွန်တော် တအံ့တသြရေရွတ်မိတယ် ။
" အင်း... အဲ့ဒါကြောင့်လဲ ဒီကလေးတွေက မအော် မငိုပဲ ငြိမ်နေကြတာပေါ့ကွာ ။ အမျိုးသမီးဘေးမှာ တစ်ချိန်လုံး ငြိမ်သက်နေတဲ့ ပုံမှန်ကလေးတစ်ယောက် ထိုင်နေဖို့ ဘယ်လိုဖြစ်နိုင်မလဲ ။
ကလေးငယ်တစ်နေ့ လုံးငြိမ်နေဖို့  ဆေးထိုးခြင်း အရက်တိုက်ခြင်း ၊ ဘိန်းကျွေးခြင်းစတာတွေ လုပ်ကြတယ် "
" တကယ်တမ်း ဒီလောက်ငယ်ရွယ်တဲ့ ကလေးငယ်တွေနဲ့ ဒီလို အရာတွေနဲ့ ဘယ်လို မှ မအပ်စပ်ကြဘူး ။
တခါတလေ ဒီကလေးငယ်တွေဟာ ဒါကြောင့်ပဲ ရှော့တွေဖြစ်ပီး အသက်ဆုံးရှုံးကြရတယ် ။ အဆိုးဆုံးက ဒီကလေးငယ်တွေဟာ တခါတရံ အလုပ်ချိန်မှာတင်သေဆုံးကြတယ် ။
ဒီအမျိုးသမီးတွေလဲဒီ သေဆုံးနေတဲ့ ကလေးငယ်ကို ညနေအလုပ်သိမ်းတဲ့အချိန်ထိ ချီထားတတ်ကြတယ် ။
လူတွေကလဲ သူတို့ ပါလာတဲ့ ငွေလေးတွကို လှုခြင်းဟာ ခုလို သားသည်မိခင်တစ်ယောက်အတွက် ကောင်းကျိုးပြုခြင်းလို့ မှတ်ယူတတ်ကြတာကိုး ...။ "
နောက်တစ်နေ့ မှာ ကျွန်တော် မြေအောက်ဘူတာရုံက အဲ့ဒီ သူတောင်းစားအမျိုးသမီးဆီသွားခဲ့တယ် ။ ကျွန်တော့်ရဲ့ သူတင်းထောက် လိုင်စင်ကဒ်ကို ထုတ်ပြပီး သူမနဲ့ စကားပြောဖို့  ကြိုးစားခဲ့တယ် ။ ထုံးစံအတိုင်းပဲ သူမဟာ ညစ်ပတ်နေတဲ့ ကြမ်းပြင်ပေါ်မှာထိုင်ပီး လက်ထဲမှာကလေးတစ်ယောက်ရှိနေတယ် ။
ကျွန်တော်သူမကို ဒီကလေးဟာ သူမကလေးဟုတ်မဟုတ် ၊ သက်သေခံ စာရွက်စာတမ်းရှိမရှိ မေးခဲ့တယ် ဒါ့အပြင် ဒီကလေးဟာ မနေ့ က ကလေးနဲ့  မတူတဲ့အကြောင်းပါ မေးတယ် ။
သူမ လျစ်လျှုရှုနေခဲ့တယ် ။
ကျွန်တော့်မေးခွန်းတွေကို ခရီးသွားတွေက လျစ်လျူရှုမနေခဲ့ဘူး ။
သူတို့ တွေက ကျွန်တော့်ကို သနားစဖွယ်သူတောင်းစားသားအမိ ကို ပြဿနာရှာနေတယ် ထင်ပြီး ဘူတာရုံအပြင်ကို ပို့ ခဲ့တယ် ။
နောက်ဆုံးအနေနဲ့  ကျွတော် ရဲ ကို ခေါ်လိုက်တယ် ။ ရဲတွေရောက်လာတဲ့အခါ ဒီသူတောင်းစားအမျိုးသမီးနဲ့  ကလေးပျောက်သွားတယ် ။
တကယ်လို့ များ သင်ဟာ သူတောင်းစားအမျိုးသမီး တစ်ယောက်နဲ့  ကလေးတစ်ယောက်ကို တွေ့ ခဲ့မယ်ဆိုရင် .. သင် မလှုခင်စဉ်းစားပါ ။
ဒါဟာ သင့်ရဲ့ ငွေကြေးကို ဆုံးရှုံးသွားမှာဆိုးလို့ မဟုတ်ပါဘူး ။
ဒီလို စီးပွားရေးဆန်တဲ့ လုပ်ရပ်တွေကြောင့် သေဆုံးခဲ့ရတဲ့ ကလေးတွေအတွက်ပါ ။ ဒီလုပ်ရပ်တွေ ရပ်တန်းကရပ်သင့်ပါတယ် ။
အိပ်ပျော်နေတဲ့ကလေးငယ်ကို သနားစဖွယ်အကြည့်နဲ့  မကြည့်ပါနဲ့ ။ ထိတ်လန့်  အံ့သြဖွယ်ရာ အမြင်နဲ့ မြင်ကြည့်ပါ ။
ခုလို ဒီစာကို ဖတ်လိုက်ရတဲ့အချိန် သင်လဲ သူတောင်းစားတွေလက်ထဲက ကလေးငယ်လေးတွေ ဘာကြောင့်အမြဲငြိမ်သက်အိပ်မောကျနေတယ်ဆိုတာ သိလောက်မှာပါ...။
credit to yu shwe ye tun
Sunday, 20 December 2015
သေပြီး ၇ ရက်
သေပြီး ၇ ရက်
****************
အန္တရာဘ၀၀ါဒ
လူတစ်ယောက်သေဆုံးသောအခါ (၇) ရက်မလည်မီ
မိမိပိုင်ဆိုင်ရာနေအိမ် (ဘုံ) ထဲတွင် တစ္ဆေသူရဲဘ၀နှင့် ရှိနေပြီး
(၇)ရက် ပြည့်မြောက်သောအခါမှသာ မိမိလားမြောက်ရမည့် ဘုံဘ၀အထွေထွေသို့
ကူးပြောင်းရောက်ရှိသည်ဟူသော "အယူဝါဒ" တစ်ခုရှိပါ၏။
ယင်းအယူအဆ၌ သက်ဝင်ယုံကြည်သူဦးရေမှာလည်း အထုအထည် ပမာဏကြီးမားလှပါ၏။
      ကောင်းပြီ လူသေသောအခါ လားရာဂတိတစ်ခုသို့ တိုက်ရိုက်ကူးပြောင်းခြင်းမရှိဘဲ
တစ္ဆေသူရဲဘ၀ကို "ကြားခံ" ထားရသည်ဆိုခြင်းမှာ မှန်ကန်ပါသလော။
ယင်းအယူဝါဒသည် ထေရ၀ါဒ ဗုဒ္ဓဓမ္မနှင့် ကိုက်ညီပါ၏လော။
လူသေပြီးနောက် တစ္ဆေသူရဲဘ၀နှင့် (၇)ရက်နေပြီးမှ တစ္ဆေသူရဲဘ၀ကို ကြားခံထားပြီးမှ
ဘုံဘ၀တစ်ခုခုသို့ ကူးပြောင်းရောက်ရှိသည်ဟူသော အယူမှာ "အန္တရာဘ၀၀ါဒ" ဖြစ်ပါသည်။
ယင်း အန္တရာဘ၀၀ါဒ သည် ထေရ၀ါဒဗုဒ္ဓဓမ္မ နှင့် ဆန့်ကျင်ခြားနားသော အယူဝါဒ ဖြစ်ပါ၏။
ဗုဒ္ဓဒေသနာတော်အရမူ လူကွယ်လွန်သောအခါ စုတိစိတ်ချုပ်ပြီးနောက်
နောက်တစ်ဘ၀မှာ ပဋိသန္ဓေစိတ် (ချက်ချင်း) ဖြစ်သည်ဟု ဆိုပါသည်။
ကြားခံဘ၀တစ်စုံတစ်ရာ မရှိပါချေ။
တစ်ခါက ပြင်သစ်ပညာရှင်များက ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးအား
"၀ိညာဉ်သည် အတွယ်ရှိမှ ဖြစ်ပါသလား
(သို့) မတွယ်မီ အလွတ်အလျောက် ဖြစ်နေပါသလား။
အစိမ်းတစ္ဆေဖြစ်သည် ဆိုသောစကား မှန်ပါသလား"
ဟူ၍ မေးမြန်းလျှောက်ထားပါသည်။
ဆရာတော်ဘုရားကြီးက-
"အတွယ်ရှိမှ ဖြုတ်သည်။ အတွယ်မရှိမီ အကြားမှာ တစ်စုံတစ်ခုသော အဖြစ်၌ အလွတ်အလျော်ဖြစ်၍နေရသည် မဟုတ်ပေ။
အတွယ်မရှိမီ အကြားမှာ တစ်စုံတစ်ခုသော အဖြစ်၌ အလွတ်အလျောက်ဖြစ်၍
နေရသေးသည်ဟူသော အယူသည် အန္တရာဘ၀ဒိဌိ အယူမည်၏။
ထိုအယူကို ဗုဒ္ဓဘာသာကျမ်းဂန်တို့၌ ပယ်ဖျက်လျက်ရှိကြ၏။
သတ္တ၀ါတို့၌ ပြုခဲ့သောကံအမျိုးမျိုးရှိကြ၏။
ကွယ်လွန်သောအခါ သူပြုခဲ့သောကံနှင့် လျော်ညီထိုက်တန်သည့် ဘုံဘ၀သို့ ရောက်ရပေသည်။ ကွယ်လွန်သူ၌ အားအရှိဆုံးဖြစ်သော 'ကံ' တစ်ခုသည်
မိမ်၏သက်ဆိုင်ရာဘုံ၌ မိမိနှင့် သက်ဆိုင်ရာဘ၀ကိုသာ ဖြစ်စေပါ၏။
အခြားသောဘ၀တစ်ခုကို ကြားခံမပြုပါ။"
လူတစ်ယောက်၏ နောက်ဆုံးစုတိစိတ်ဖြစ်ပြီးသည်နှင့်
ဘ၀သစ် ပဋိသန္ဓေစိတ်သည် ချက်ချင်းဖြစ်ပေါ်ကြောင်းကို
ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးကလည်း ဤသို့မိန့်တော်မူခဲ့ပါ၏။
         လူတစ်ယောက်၏ နောက်ဆုံးစုတေစိတ်နှင့် ဘ၀သစ်ပဋိသန္ဓေစိတ်သည် လက်ဖျောက်တစ်ချက်တီးချိန်ကို
ကုဋေတစ်သိန်းလောက်စိတ်လျှင် တစ်စိတ်လောက်သာ အချိန်ကြာ၏။
ဘ၀ဟောင်းကစုတေသည်နှင့် တစ်ပြိုင်နက် ဘ၀သစ်မှာ ဖြစ်ရတော့၏ ဟုဆိုလိုသည်။
အိမ်အနီးအပါး၌ တစ္ဆေပြိတ္တာဖြစ်နေသူများသည် ထိုတစ္ဆေ္ဆဘ၀မှာပင် အသစ်ဖြစ်ရ၏။
နတ်ပြည်နှင့် ငရဲပြည်သို့ ရောက်မည့်သူလည်း
ထိုအတောအတွင်းမှာပင် ထိုဘ၀သစ်၌ ဖြစ်ပြီးလေ၏။
ထို့ကြောင့် အလောင်းကောင်ကို သင်္ချိုင်းမှာဖြစ်စေ၊ အိမ်မှာဖြစ်စေ
သရဏဂုံတင်ကြောင်းကို သေလွန်သူတို့သိဖို့အရေးမှာ အလှမ်းဝေးလှချေ၏။
သိမည်ဆိုလျှင် အိမ်အနီး၌ သုသာန်အနီး၌ တစ္ဆေ၊ ပြိတ္တာဖြစ်နေသူလောက်သာ သိခွင့်ရှိသည်။
      အကယ်တန္တု သေဆုံးသူသည် ကံအကြောင်းမလှသောကြောင့်
တစ္ဆေသရဲဟု ခေါ်သော ပရဒတ္တူပဇီဝိတ ပြိတ္တာဖြစ်လျှင်
ထိုပြိတ္တာဘုံ၌ (၇)ရက်မျှ ခေတ္တနေခြင်းမဟုတ်။
မိမိပိုင်ဘုံမှာ ကာလအပိုင်းအခြားမရှိ နေခြင်းမျိုးသာ ဖြစ်ပါ၏။
တစ္ဆေသူရဲဖြစ်တိုင်းလည်း သူ့မိသားစုနှင့် အိမ်ရာ အဆောင်အဦး အနီးအပါးမှာ မနေထိုင်ပါ။
မိမိ၏ မိသားစုနှင့် အိမ်ရာ ဥစ္စာအပေါ် စွဲလမ်းတပ်မက်သော တစ္ဆေသူရဲတွေသာ
အိမ်အနီးဝန်းကျင်တွင် ကျင်လည်နေခြင်းဖြစ်ပါသည်။
သေဆုံးပြီး (၇)ရက်ကြာမှ ရက်လည်ဆွမ်းသွတ်ခြင်းသည်
အန္တရာဘ၀၀ါဒီတို့၏ အယူဝါဒ တစ်စိတ်တစ်ဒေသ ၀င်ရောက်ရောနှောခြင်း ဖြစ်ပါသည်။
ကွယ်လွန်သူအတွက် ရည်မှန်းပြီး သပိတ်သွတ်ဆွမ်းကျွေး အလှူဒါနပြု အမျှဝေခြင်းသည်
(၇)ရက် ရည်လည်မှမဟုတ်ဘဲ သေဆုံးပြီး တစ်ရက်၊ နှစ်ရက်အတွင်းမှာပင် ပြုလုပ်နိုင်ပါသည်။ ကွယ်လွန်သူကလည်း ပရဒတ္ထုပဇီဝပြိတ္တာဖြစ်နေ၊
အမျှဝေခြင်းကိုလည်း သာဓုခေါ်နိုင်ခဲ့လျှင်
တစ်ရက်နှစ်ရက် အတွင်းမှာ ပြိတ္တာဘ၀မှ လွတ်မြောက်လျှင်လည်း လွတ်မြောက်နိုင်ပေလိမ့်မည်။
သို့မဟုတ် ပြိတ္တာဘ၀ အဆင့်အတန်းမြင့်မားနိုင်ပေလိမ့်မည်။
ဤ "အန္တရာရာဘ၀အယူဝါဒ" အပေါ်တွင် ချမ်းမြေ့ ရိပ်သာ ဆရာတော်ကြီးကလလည်း
အောက်ပါအတိုင်း ဝေဖန်ဆုံးဖြတ်တော်မူခဲ့ဖူးပါသည်။
"လူသေလို့ ရုပ်ခန္ဓာကြီး ပျက်စီးသွားတဲ့အခါ၊ အသက်ဝိညာဉ်ကလေးဟာ
ရုပ်ခန္ဓာကြီးထဲက မပျက်စီးဘဲ ထွက်ခွါသွားပြီးတော့ သင်္ချိုင်းမှာဖြစ်စေ၊
သေသူရဲ့ အိမ်နားပတ်ဝန်းကျင်မှာ ဖြစ်စေ လှည့်လည်သွားနေတယ်လို့ အချို့ယူဆကြတာပေါ့။
သေသူရဲ့ဝိညာဉ်ဟာ သူရှိနေကြောင်းကို သိရအောင် ကိုယ်ထင်ရင်လဲ ပြတယ်။
အိမ်တံခါးကိုလဲ လာခေါက်တယ်။ အိမ်အောက်မှာ ဖြစ်စေ၊ အိမ်ထဲမှာဖြစ်စေ၊ ခြေသံ တရှပ်ရှပ်နဲ့ သွားလာလှုပ်ရှားနေတယ် စသည်ဖြင့် ယူဆစွဲလန်းကြတယ်။
ဒါကိုပဲ သူရဲ တစ္ဆေလို့ ခေါ်ဝေါ်သမုတ်ကြပြန်တယ်။ သူ့ကို ရည်မှန်းပြီး ရက်လည်ဆွမ်းသွတ်ခြင်း စတဲ့ ဒါနကုသိုလ်ကို ပြုလုပ်ရင် အဲဒီဝိညာဉ် အတ္တလေးက သာဓုခေါ်ပြီး တွယ်ရာမဲ့ တ၀ဲလည်လည်နေတဲ့
သူရဲ၊ တစ္ဆေဘ၀မှ ကျွတ်လွတ်သွားတယ်။ အဲဒီလို ကျွတ်လွတ်သွားပြီးမှပဲ သူရောက်ထိုက်တဲ့ နောက်ဘ၀တစ်ခုကို ရောက်သွားရတယ်လို့ အများအားဖြင့် ယူဆစွဲလမ်းကြတယ်။
ဒီ အယူအဆမျိုးကတော့ ရောက်ထိုက်တဲ့ဘ၀မျိုးကို မရောက်ရသေးမီ
'ကြားခံအန္တရာဘ၀' တစ်ခုရှိသေးတယ်လို့ယူဆတဲ့ အယူမှားပါပဲ။
ဗုဒ္ဓရှင်တော်မြတ်ဘုရား အဘိဓမ္မာဒေသနာတော် အရကတော့ စုတိစိတ်ချုပ်ငြိမ်းတဲ့နောက်
နောက်တစ်ဘ၀မှာ ပဋိသန္ဓေစိတ်ဖြစ်တာဟာ တစ်စက္ကန့်တောင်မကြာပါဘူး။
'အန္တရာဘ၀၀ါဒ' ကို မစွန့်မူ၍ အမြဲယူက "နီယတမိစ္ဆာဒိဌိ" ဖြစ်ကြောင်း
ကျေးဇူးရှင် စတုဂီရိတောင်လေးလုံးဆရာတော်ကြီးကလည်း ဤသို့ သတိပေးတော်မူခဲ့ပါသည်။
"လူသေသော် ရက်လည်မှ အိမ်ကသွားသည်ဟူ၍လည်း အယူမှားကြသည်။
သေလေပြီးလျက် အစားလာ၍ စားဦးမည်ဟု ခွက်နှင့် ထမင်းကို
အလောင်းအပါးတွင် တည်ထားကြသည်။ သေသော်စုတိစိတ်အဆုံး၌
ပဋိသန္ဓေစိတ်ဖြစ်၍ ဘ၀ခြားလေပြီဖြစ်လျက် အိမ်မှာ ခုနစ်ရက်နေခြင်းစသည်ကို
အဘယ်သို့ ပြုနိုင်မှာအံ့နည်း။
ပစ္စုပ္ပန်ဘ၀အဆုံး သေခြင်းစုတိစိတ်ဖြစ်၍ ချုပ်သည်၏ အခြားမဲ့၌
ပဋိသန္ဓေစိတ်ဖြစ်မြဲ ဖြစ်သည်။ သေခြင်းတိစိတ် နှင့် ပဋိသန္ဓေ စိတ်အကြားမရှိ။
ထို့ကြောင့် သေပြီးသော အသက်ဝိညာဉ်သည် အိမ်မှာ (၇)ရက်နေပြီးမှ
ဘ၀တစ်ပါးသို့ သွားသည်ဟူသော မှားသော အယူကို စွန့်ကုန်ရှာ၏။
မစွန့်မူ၍ အမြဲယူပါက နိယတမိစ္ဆာဒိဌိ ဖြစ်ရာသည်။
အချုပ်ဆိုရသော်-
                     လူသေသောအခါ (၇)ရက်မလည်မီ တစ္ဆေသူရဲ ၀ိညာဉ်ဘ၀နှင့်
အိမ်တွင် ဝေ့၀ဲကျင်လည်နေသည်ဟူသော အန္တရာဘ၀၀ါဒသည်
ထေရ၀ါဒဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်ဖီလာဖြစ်သော အယူဝါဒဖြစ်သောကြောင့်
ဗုဒ္ဓဘာသာဝင်တိုင်း လွတ်လွတ်စွန့်လွှတ်ရှောင်ခွာအပ်ပါ၏။
မင်းရာဇာ (ကွမ်တန်း)
Saturday, 19 December 2015
ဂဏန်းလိုလူ
ဂဏန်းလိုလူ
ပင်လယ်ကမ်းခြေမှာ အဖုံးမပါတဲ့ ပလိုင်းနဲ့ ဂဏန်းကောက်နေသူကို ကလေး တစ်ယောက်က သွားမေးတယ်။ ဘာလို့ ပလိုင်းကိုကို ဖုံးမထားတာလဲတဲ့။ ဂဏန်းတွေ ထွက်ကုန်မှာပေါ့တဲ့။ ဒါနဲ့ အဖိုးအိုက ပြုံးရယ်စွာနဲ့ပဲ ပြန်ဖြေ ပါတယ်။ "တစ်ကောင်တည်းဆိုရင်တော့ ထွက်ကောင်းထွက်လိမ့်မယ်။ ခုတော့ သူတို့တွေ ကိုယ်ချင်းကိုယ်ချင်း အောက်ကို ဆွဲချနေတာ ဘယ်သူမှ ထွက်နိုင်မှာ မဟုတ်ပါဘူး"
Crab mentality လို့ ခေါ်တဲ့ စိတ်ထားမျိုး ဖြစ်ပါတယ်။ ဂဏန်းတွေရဲ့ အလေ့အထ တစ်ခုက တစ်ကောင်ကောင် အပေါ်တက်ဖို့ ကြိုးစားရင် အောက်မှာ ကျန်ခဲ့တဲ့ အကောင်တွေက ဆွဲချပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် တက်ပြီ ဆိုရင် ဆွဲချလေ့ ရှိပြီး ဘယ်သူမှ ဖွင့်ထားတဲ့ အဖုံးကနေ ထွက်နိုင်စွမ်း မရှိပါဘူး။
လူအချို့မှာလဲ ဂဏန်းလို စိတ်ထား ရှိပါတယ်။ မိမိကိုယ်ကို အောင်မြင်အောင် မကြိုးစားနိုင်သလို၊ သူတစ်ပါး အောင်မြင်တာကိုလည်း မလိုလား ပါဘူး။ မိမိစိတ်ဆင်းရဲနေတဲ့အချိန် သူများ စိတ်ချမ်းသာတာကိုလည်း မမြင်ချင်ကြ ပါဘူး။ မနာလို၊ အူတိုတဲ့ စိတ်ကြောင့် မိမိကိုယ်ကိုလည်း ငြင်းပန်းနှိပ်စက်ရာ ရောက်သလို၊ သူတစ်ပါးကိုလည်း ဒုက္ခရောက်စေပါတယ်။ ဒါကြောင့်မို့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ပွားလို့ ဂဏန်းလိုလူ မဖြစ်ဖို့အတွက် အထူး သတိပြု ကျင့်ကြံ နေထိုင်ရမှာ ဖြစ်ပါတယ်။
.
http://en.wikipedia.org/wiki/Crab_mentality
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
#aungkham_yyl
#article_yyl
Friday, 18 December 2015
ရေစိမ်ပြီး စိတ်ထားတဲ့ကွမ်းသီးစိတ်
ရေစိမ်ပြီး စိတ်ထားတဲ့ကွမ်းသီးစိတ် တွေကို အလုံပိတ်အခန်းထဲမှာ ကန့်(ဆာလဖာ)မှုန့် ကို မီးရှို့ပြီးထွက်လာတဲ့ အငွေ့နဲ့ပေါင်းတယ်။ ကန့်ရိုက်တယ်လို့ ခေါ်ပါတယ်။
ကန့်ကို မီးရှို့လို့ ထွက်လာတဲ့ ဓာတ်ငွေ့နဲ့ ကွမ်းသီးစိတ် မျက်နှာပြင်က ရေအစိုဓာတ် ဓာတ်ပြုချိန်မှာ ဆာလဖြူရစ်အက်ဆစ်အပျော့စားဖြစ်လာပြီး ကွမ်းသီး မျက်နှာပြင်ကို အက်စစ်က တိုက်စားလိုက်တယ်။
အဲဒီအခါမှာ နဂိုကခပ်ညိုညိုကွမ်းသီးဟာ ဖွေးဖြူပြီး စားချင်စဖွယ်ဖြစ်သွားရောဗျ။
ကန့်ဖိုထဲက ထွက်လာကာစ ကွမ်းသီးစိတ်ကို နမ်းကြည့်ဖို့မပြောနဲ့ အရမ်းပြင်းတဲ့အနံ့ဆိုးကြောင့် ကန့်ဖိုဖွင့်ခါစမှာ အထဲကို လူမဝင်နိုင်ပါဘူး။
အဲ့လိုအနံ့ပြင်းတဲ့ ကွမ်းသီးစိတ် ကိုမှ ကွမ်းယာဆိုင်ကို ပို့တဲ့လူတွေက ဝယ်ကြတယ်။
အနံ့ပြင်းလေ ၊ မှိုအတက်သက်သာလေ အထားခံလေကိုး။
ကန့်ဖို့ အနားမှရှိတဲ့ ခေါင်မိုးသွပ်တွေဟာ လ ပိုင်း အတွင်းမှာပဲ ဆွေးမြေ့ပြတ်ကျကုန်တယ်။
ကန့်ဖိုတံခါးမှာ ပတ္တာတို့ မျောက်လက်တို့ တပ်ထားရင် တစ်လမခံဘူး ကန့်ငွေ့စားပြီး ပြတ်ကျကုန်တယ်။
ကန့်ဖိုမှာ ဒိုင်ခံအလုပ်လုပ်တဲ့ အလုပ်သမားတွေဟာ ၅/၁၀နှစ်အတွင်း ရှူနာရှိုက်ကုန်းတွေဖြစ်ကုန်ကြတယ်။ မနက်ခင်း ဖိုဖွင့်ကာစမှာ အထဲဝင်ပြီး ကွမ်းသီးထမ်းထုတ်ရသူတွေ အဆိုးဆုံးပဲ။
ဒါက မန်းလေးဒီဖက် အောက်မြန်မာပြည်နဲ့ ရန်ကုန်မှာ ကွမ်းသီးစိတ်လုပ်ကြတဲ့နည်းပါ။
(ကွမ်း အန္တရာယ် ကို လက်လှမ်းမှီ သလောက်တင်ပြပါမယ်။ စားတာမစားတာ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်ပါကြောင်း)
ကွမ်တန်း မင်းရာဇာ
Monday, 14 December 2015
ဖေဖေ သားဘာဖြစ်လို့ကျောင်းတက်ရတာလဲ
ဖေဖေ သားဘာဖြစ်လို့ကျောင်းတက်ရတာလဲ
ကျောင်းအပ်ပြီး သိပ်မကြာသေးတဲ့သားက
ဖခင်ကို သားကဒီလိုမေးခွန်းထုတ်တယ်။
"သား သိရဲ့လား...
၁နှစ်သက်တမ်းပဲရှိတဲ့ သစ်ပင်လေးဟာ
 ခြံစည်းရိုးကာ၊ ထင်းစိုက်ဖို့ပဲအသုံးဝင်တယ်။ ၁ဝနှစ်သက်တမ်းရှိတဲ့သစ်ပင်ကိုတော့ တန်းလုပ်လို့ရတယ်။
အနှစ် ၂ဝသက်တမ်းရှိတဲ့သစ်ပင်ကိုတော့
ထုပ်လုပ်လို့ရတယ်၊ တိုင်လုပ်လို့ရတယ်၊ အိမ်ထောင်ပရိဘောဂလုပ်လို့ရတယ်...."
"တကယ်လို့ ကလေးတစ်ယောက်ဟာ ကျောင်းမတက်ခဲ့ရင်
အသက်၇နှစ်လောက်ရောက်တာနဲ့ သူဟာ နွားကျောင်းနိုင်တယ်။
အဲဒီထက် နည်းနည်းကြီးလာပြီဆိုရင် နွားတစ်အုပ်ကိုကျောင်းနိုင်တယ်။
ဒါပေမယ့် နွားကျောင်းတာကလွဲပြီး
သူတခြားဘာမှ မလုပ်တတ်ဘူး"
"တကယ်လို့ မူလတန်းအထိ
သူတက်ခဲ့ဖူးရင်
စိုက်ပျိုးနည်းအသစ်နဲ့ လယ်ထဲမှာ သူလုပ်ကိုင်စားသောက်လို့ရတယ်။
 မြို့ပေါ်မှာ ပန်းရံလုပ်လို့ရတယ်။
 ခြံစောင့်လုပ်လို့ရတယ်။ လမ်းဘေးဈေးသည်လုပ်လို့ရတယ်။ ဒါတွေက မူလတန်းပညာနဲ့ လုံလောက်တယ်"
"တကယ်လို့ အလယ်တန်းအထိ
သူတက်ခဲ့ဖူးရင် စက်ပစ္စည်းအသုံးပြုပုံတွေကို သူလေ့လာသင်ယူလို့ရတယ်"
"တကယ်လို့ အထက်တန်းအထိ
သူတက်ခဲ့ဖူးရင် စက်ပစ္စည်းပြုပြင်တာတွေကို သူလေ့လာသင်ယူလို့ရတယ်"
"တကယ်လို့ တက္ကသိုလ်အထိ
သူတက်ခဲ့ဖူးရင် တိုက်တာကြီးတွေကို
သူဆောက်လုပ်နိုင်တယ်၊
 လမ်း၊ တံတား၊ သံလမ်းတွေကို
သူရေးဆွဲဆောက်လုပ်နိုင်တယ်"
"တကယ်လို့ ဒီထက်ပိုပြီး ဘွဲ့လွန်တွေ
သူတက်ခဲ့ဖူးရင် ဖေဖေတို့မှာ
နဂိုမရှိတဲ့အရာတွေကို သူတီထွင်နိုင်မယ်..
 သား သဘောပေါက်တယ်နော်"
"သဘောပေါက်ပါပြီ ဖေဖေ"
"နွားကျောင်းသား၊ လယ်သမား၊
 ခြံစောင့်လုပ်ရတာ
မျက်နှာငယ်သလား မငယ်ဘူးလား"
"ငယ်ပါတယ် ဖေဖေ"
"မျက်နှာမငယ်ဘူး သား....
သူတို့က မခိုးမဝှက်ဘူး၊ ရိုးရိုးသားသား
 ပိုက်ဆံရှာပြီး ကိုယ့်သားသမီး၊
ကိုယ့်မိဘတွေကို ကျွေးမွေးနေသူတွေပါ။
ဒါကြောင့် လုံးဝ မျက်နှာမငယ်ပါဘူး။
ကျောင်းတက်ဖူး၊ ကျောင်းခဏပဲနေဖူးတိုင်း အသုံးမကျတာ မဟုတ်ဘူး။
ဘ၀မှာအရေးကြီးဆုံးက
စိတ်ကောင်ရှိဖို့ပါဘဲ။
ပင်လယ်ဟာလှို်င်းရှိမှတင့်တယ်သလို
ဘ၀ဟာလည်း ဒုက္ခ၀င့်ထည်နေမှလှပတင့်တယ်
လို့ ဖေဖေဖတ်ဖူးပါတယ်။
လူ့လောကလူတွေနဲ့ဆက်ဆံတဲ့အခါ
လူပေါင်းမျိုးစုံ စရိုက်ပေါင်းမျိုးစုံနဲ့ တွေ့ရမှာပါ
အဓိကကတော့
ဖေဖေ..သား လူပေါင်းမမှားဖို့ဘဲအရေးကြီးပါတယ်။
ဗဟုသုတ မှတ်စု မန္တလေး
5.12.2015 Saturday အမှတ်တရ
မိမိကိုယ်ကိုယ်တိုးတက်လာစေဖို့ အိုင်ဒီယာ( ၁၀ )မျိုး
မိမိကိုယ်ကိုယ်တိုးတက်လာစေဖို့ အိုင်ဒီယာ( ၁၀ )မျိုး
*************************************
၁. "ခဏကျမှ" ဆိုတာကနေ "ခုချက်ချင်း "
လို့ပြောင်းလိုက်ပါ
~~~~~~~~~~~~~~~~~~~~~~~
ဘာကြောင့်လည်းဆိုတော့ စောင့် နေ စောင့်နေ ...
စောင့်နေ အုံးမယ်ဆိုရင်
တစ်သက်တာလုံး အချိန်ကိုစောင့်နေတတ်တဲ့
အကျင့်နဲ့ ပဲ အဲ့လို ဖြစ်သွားနေတတ်ပါတယ် ။
ဒါကြောင့် လက်တွေ့ အရေးကြီးတဲ့ အရာတွေ ကို
ခုချက်ချင်း လုပ်ပစ်လိုက်ပါ။
၂. အရာရာဖြစ်နိုင်တယ် လို့ ယုံကြည်ပါ
~~~~~~~~~~~~~~~~~~~~~
ဘာကြောင့်လည်းဆိုတော့ ကိုယ် မယုံကြည်ရင်
ကိုယ်ဘာပဲလုပ်လုပ် အဆုံးစွန်းထိမ လုပ် မိ ပဲနေတတ်ပါတယ် ။
အဆိုတော် " ကို အငဲ တို့ ကိုလေးဖြူ "တို့ လည်း အမေဝမ်းကမွေးလာတာနဲ့
တန်းပြီးသီချင်းဆိုတတ်ကြတာ မဟုတ်လောက်
်ပါဘူး ။လူတိုင်းဟာ သုညကနေစတာ ချင်းအတူတူပါ ။
သူတစ်ပါးလုပ်နိုင်ရင် ကိုယ် လည်း လုပ်နိုင်ရပါမယ် ။
၃. "စမ်းလျှောက် ကြည့်ပါ "
~~~~~~~~~~~~~~~
ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ စမ်း မလျှောက်ကြတဲ့ အခါ ( လဲကျ တာ ရှိမယ်
နာကျင်တာရှိမယ် )
တစ်သက်လုံးမလျောက်တတ်ပဲ နေသွားပါလိမ့်မယ် ။
အရင်ပုံ စံ အတိုင်းပဲ လုပ်နေမယ်ဆိုရင်
အကျိုးအမြတ် က လည်း နဂို အတိုင်း ပဲ
ဖြစ်နေပါလိမ့်မယ် ။
ကြီးမားတဲ့ အောင်မြင်မှု့ အသစ် ကို ရရှိချင်တယ် ..
ဆိုရင် ကိုယ့်ကိုယ်ကို အသစ်စမ်းပြီး လုပ်ကြည့်
တတ်ရပါမယ် ။
၎.နမူနာ ရှာပြီး " သူ့ဦးနှောက် ကိုဖောက်လာ ပါ "
~~~~~~~~~~~~~~~~~~~~~~~~~~
သူများက လျပ်စစ်ထမင်းပေါင်းအိုး ကိုတီထွင်လာ
ပေးပြီး မှတော့ ကိုယ်က ဘာလို့ ထင်းမီးနဲ့
အချိန်ကုန်ခံပြီး ထမင်းချက်နေအုန်းမှာလည်း????
သူ့ကိုယူလာ အသုံးချပြီး ကိုယ့်ကိုယ်ကို ပိုတိုးတက် လာအောင် လုပ်ပစ်လိုက် ပေါ့ ။
၅. မိမိကိုယ်ကို "ရင်းနှီးမြုပ်နှံပါ "
~~~~~~~~~~~~~~~~~~
စာအုပ် တစ်အုပ် ၁၀၀၀၀ ကျပ် ဈေးမပေါဘူး လို့ ထင်ချင်ထင်မယ် ။
ဟောပြော ပို့ချ ပွဲ သင်တန်း တစ်ပွဲ တက်ခ ၁၀၀၀၀
 ကျပ် အရမ်းဈေးကြီးနေတယ် လို့ထင်ကောင်း
ထင်မိလိမ့်မယ်။
ဒါပေမဲ့ ကျွန်တော်တို့ iphone တို့ Galaxy Note တို့
လို ဖုန်းအကောင်းစားမော်ဒယ်အသစ်တွေ အမြဲတမ်း ကိုင်နေတတ်ကြ တယ် ။
ဟောပြော ချက်တွေ က အိုင်ဒီယာကောင်း
ကောင်းတွေ စာအုပ်ထဲကနည်းလမ်းကောင်း
ကောင်းတွေ က ကိုယ့်ဘဝ ကို ပြောင်းလဲ သွားစေ
နိုင်ပါတယ် ။
အိုင်ဖုန်း က ဘဝကိုပြောင်းလဲ သွားစေဖို့ ဆိုတာ က အင်မတန်နည်းပါးလွန်းပါတယ် ။
ဒါကြောင့် အခြားအရာတွေ ထက် ကိုယ့်ကိုယ်ကို
ရင်းနှီးမြုပ်နှံတာဟာ အင်မတန်အရေးကြီးပါတယ် ။
၆.ကိုယ့် ကိုယ်ကို သေချာရေရာအောင်ပြောထားပါ
~~~~~~~~~~~~~~~~~~~~~~~~~~~
" ကိုယ်ဟာဘယ်သူလဲ "
"ကိုယ်ဟာဘာ အတွက်မွေးဖွားလာသလဲ " ဆိုတာ
ကိုယ်က ဘောလုံးသမားဖြစ်နေပြီး အတွင်းစိတ်ထဲ
ဲမှာတော့ ဆရာဝန်ဖြစ်ချင်နေတယ် ဆိုရင်
မမိုက်တာတော့ အသေအချာပါပဲ ။
Key ကတော့ ကိုယ့်ကို ကိုယ်တွေ့ အောင်ရှာဖွေ
တွေ့ရှိဖို့ပါပဲ ။
နည်းလမ်းကလွယ်လွယ်လေး ပါ ကိုယ့်ကို ကိုယ်ပြန်မေးကြည့်လိုက်ပါ ။
ကိုယ်သေတဲ့ အခါ ကိုယ့်အသုဘ ကိုလာပို့
တဲ့သူတွေ ကိုယ့်အပေါ် ဘယ်လိုပြောစေချင်သလဲ ???
အဲ့ဒီ အဖြေဟာ သင် ကိုယ်တိုင်ပါပဲ ။
၇. တစ်ပါး သူအကြောင်းထက် ကိုယ့်
အကြောင်းကိုယ် ပိုသိပါစေ
~~~~~~~~~~~~~~~~~~~~
ဘေးအိမ် ကဘာကြောင့် အိမ်ပြန်နောက်ကျနေ
တာလည်း?ဘယ်ဇာတ်ကား က ဆုံးခန်းရောက်
်တော့မယ် ..ဘယ်သူက ဘယ်သူနဲ့ ရည်းစား
ဒီအကြောင်းတွေ သိသွားလို့ ဘာအကြောင်းမှ
ထူးမလာပါဘူး...။
သိထားရမှာ က နှောင် ၅ နှစ် ကိုယ်ဘာဖြစ်မလဲ ဘယ်လိုဖြစ်ချင်သလဲ?
ကိုယ်ဘာ အတွက်မွေးဖွား လာသလဲ ?
ကိုယ်ဘာကိုနှစ်သက်သလဲ ?
ကိုယ်ဘယ်အပိုင်းမှာတော် ပြီး ဘာကို တော်ချင်တတ်ချင်သလဲ
ကိုယ့်ဘဝရဲ့ ရည်ရွယ် ချက်ရည်မှန်း ချက်က ဘာလဲ ?
ကျွန်တော် ပြောတာ ဟုတ်ပါသလား ခင်ဗျာ ?
၈.ကိုယ့်ရဲ့အားသန်မှုကို မြှင့်တင်ပါ
~~~~~~~~~~~~~~~~~~~
အကယ်လို့ ကိုယ်က မိချောင်းကို သစ်ပင်တက်အောင် အတင်းသင်ပေးနေရင် အင်မတန် ခက်ခဲ ပင်ပန်း
နေမှာပါ ။ကိုယ့်ရဲ့ အားသန် မှုကိုတွေ့အောင်ရှာပြီး တိုးတက်အောင် လုပ်ပစ် လိုက်ပါ..
၉. အပျော် ကိစ္စမှာ သိပ်မများပါနဲ့
~~~~~~~~~~~~~~~~~~~
ဒါပေမဲ့ ဆင်းရဲဒုက္ခ ကိစ္စမှာ နဲနဲများပါစေ ။
( ၁၀၀ လောက်ရည်ရွယ်ထားပြီး ၂၀ လောက်ရ
လာရင်လည်း ၂၀ အောင်မြင်ပြီလို့
အောင်ပွဲခံတတ်ပါစေ )
ဘာကြောင့်လဲ ဆိုရင် စိတ်ညစ်စိတ်ရှုပ် ဒေါသဖြစ် စိတ်ဆင်းရဲနေရင် ...
ဘယ်လိုလူက များ ကိုယ့်ကို ကိုယ် တိုးတက်အောင် လုပ်ဖြစ်တော့မှာလဲ???
၁၀ . "နာကျင်စရာတွေ " အလုံအလောက် ရှာဖွေပါ
~~~~~~~~~~~~~~~~~~~~~~~~~~~
တော်ပြီ ဒီလိုဘဝမျိုး
တော်ပြီ မဖြစ်ချင်တော့ဘူး ဒီလို သာမန်လူ
မဖြစ်ချင်တော့ ဘူး ဒီလို တန်ဖိုးမရှိတဲ့သူ ဆိုပြီး
သင့်မှာ Pain - ရှိပြီး
သင့်မှာ အဲ့အရာ အပေါ် လုံလောက်အောင်နာကျင်
ပြီးသွားတဲ့ အခါ ကျရင်
ကိုယ့်ကိုယ်ကို အဲ့အရာကနေ ကန် ထုတ်ပစ် နိုင်ရမယ် ။
ပြီးရင် အဲ့အရာကို ပေါက်မြောက် အောင်လုပ်ဆောင်
ရပါမယ် ။
•••••••••••••••••••••••••••••••
ဒါဟာ ကိုယ့်ကို ကိုယ်တိုးတက်စေပြီး ဘယ်သူမှ
ဆွဲထားလို့ မရ စေနိုင်တဲ့ အောင်မြင်စေ တဲ့
နည်းလမ်း ၁၀ ခုပါ
လွပ်လပ်မှုဆိုတာလူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာရွေးချယ်ခဲ့မယ်ဆိုရင်ပေါ့.....။
___________________
Credit.      ; သင်သိရင် သင်ချမ်းသာလိမ့်မယ်
Tuesday, 8 December 2015
ပင်လယ်ရေအောက် ရောက်နိုင်သောနေရာများ
ဘုရားဆွမ်းတော် ကပ်ရာတွင်
ဘုရားဆွမ်းတော် ကပ်ရာတွင်
••••••••••••••••••••••••••
ဗုဒ္ဓဘာသာအများရဲ့အလွဲတွေထဲကနောက်ထပ်အလွဲ
တစ်ခုက ဘုရားဆွမ်းတော် ကပ်တာလေးပါ။
နတ်တင်သလိုမျိုး ဘုရားဆွမ်းတော်တင်တာမျိုး မဟုတ်ပါဘူး။ ဆွမ်းတော်ကပ်တာ ဆိုတဲ့အတွက် သက်ရှိထင်ရှား ဘုရားရှင်ကို ရည်ရွယ်အာရုံပြုပြီး ကပ်ဖို့လိုပါတယ်။
ဘုရားက ဘာမှ မပြောဘူးဆိုပြီး ဖြစ်သလိုလေး တင်သွားတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဗုဒ္ဓဘာသာဝင် အချို့ရဲ့ အိမ်မှာဘုရားဆွမ်းတော် ကပ်တာလေးတွေ တွေ့ဖူးပါတယ်။
ထမင်းပန်းကန်လေးပေါ်မှာ သကြားလေးဖြူး ၊ ထန်းလျှက်လေးနဲ့ တင်ထားတာကိုပါ။ အိမ်မှာ စားစရာမရှိလို့၊ သူတို့ကိုယ်တိုင် ဒီသကြား၊ ထန်းလျှက်တွေနဲ့ စားနေရလို့ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ကိုယ်စားနိုင်တာ၊ ကိုယ်ရှိတာလေးနဲ့ ကိုယ်နဲ့ထပ်တူထားပြီး ဘုရားရှင်ကိုလည်း မရှိရှိတာ ကပ်တဲ့သဘောပါ။
ခုဟာက အဲလိုမဟုတ်ပါဘူး။ မကပ်နိုင်လို့ မဟုတ်ပါဘူး။ ကိုယ်စားတဲ့အခါ ဟင်းသုံးလေးမျိုးနဲ့ စားနေပြီး ဘုရားဆွမ်းတော် ကပ်တဲ့အခါမှာသာ အဲလိုတင်တာပါ။ တမင်တကာ ရည်ရွယ်ပြီး တင်တာတော့ မဟုတ်လောက်ပါဘူး။ မသိလို့ ဖြစ်မှာပါ။
ဒီလိုပဲ တင်ရတယ်ထင်လို့ ထမင်းပန်းကန်လေးအပေါ်မှာ သကြားထန်းလျှက်လေး ပုံပြီးတင်တာ ဖြစ်မှာပါ။ ရှေးအစဉ်လာကတည်းက ဒီလိုတင်ရတယ်လို့ သိနေခဲ့လို့ တင်တာလည်း ဖြစ်ကောင်းဖြစ်မှာပါ။ အဲဒီလို ပုံပြီးတင်တာဆိုရင်တော့ ဘုရားဆွမ်းတော်ကပ်တယ်လို့ ပြောလို့မရဘဲ နတ်တင်သလို တင်တယ်လို့ပဲ ပြောရပါလိမ့်မယ်။
ဗုဒ္ဓဘာသာ အချို့ရဲ့ ဘုရားစင်မှာ ဒီလိုနတ်တင်သလို ဘုရားဆွမ်းတော် တင်တာတွေ ခုချိန်ထိ ရှိနေပါသေးတယ်။
တကယ်တော့ ဒီလိုမဖြစ်သင့်ပါဘူး။ ဆွမ်းတော်မတင်ဘဲ ဆွမ်းတော်ကပ်သင့်ပါတယ်။ ကပ်တယ်ဆိုကတည်းက သက်တော်ထင်ရှား ဘုရားကို အာရုံပြုပြီး ဘုရားရှင်ကို အိမ်မှာပင့်ပြီး ကပ်သလိုမျိုး သေချာကျနစွာ ကပ်သင့်ပါတယ်။ နည်းတာများတာက အဓိကမကျပါဘူး။ ဆွမ်းတော်ကို ဆွမ်း၊ ဆွမ်းဟင်းစသည် သီးသန့်စီပြင်ပြီး ကိုယ်စားသလိုမျိုး ဦးဦးဖျားဖျား ရိုရိုသေသေ ကပ်လှူသင့်ပါတယ်။
အများကြီး ၀ိုင်းလိုက်ပြင်ပြီး ကပ်လှူဖို့မဟုတ်ပါဘူး။ ကိုယ်စားတဲ့အထဲက မစားခင် အဦးအဖျား လှူတဲ့သဘောနဲ့ စေတနာရှေ့ထားပြီး ကပ်လှူစေချင်တာပါ။
ကပ်ပြီးရင်လည်း မေ့မေ့ပျောက်ပျောက် မထားသင့်ပါဘူး။ နောက်နေ့ တစ်ခါကပ်ခါနီးမှ စွန့်ပြီးကပ်တာမျိုး မဖြစ်သင့်ပါဘူး။ သူ့အချိန်လေးနဲ့သူ ကပ်ပြီး စွန့်သင့်ပါတယ်။ အရုဏ်ကပ်ပြီး တစ်ခါစွန့် နေဆွမ်းမှာလည်း မွန်းမတည့်မီကပ်ပြီး မွန်းတည့်၁၂နာရီ မကျော်မီ စွန့်သင့်ပါတယ်။ ဆွမ်းမှမဟုတ်ပါဘူး။ တစ်ခြား ပန်း၊ သစ်သီး၊ သောက်တော်ရေ စတာတွေကိုလည်း သေသေချချာကျကျနနပြင်ဆင်ကပ်သင့်ပါတယ်။
သောက်တော်ရေကတော့ အချိန်ပြည့် ကပ်ထားလို့ ရပါတယ်။ ကပ်တဲ့ သောက်တော်ရေခွက်တော့ ကိုယ့်အိမ်မှာ ပုံမှန်သောက်နေတဲ့ သောက်ရေခွက် အနေအထားတော့ ရှိသင့်ပါတယ်။
တစ်ချို့ ဘုရားသောက်တော်ရေကို အရက်ခွက်အရွယ် အသေးလေးတွေနဲ့ တစ်နေကုန် တစ်ခါပဲ ကပ်တာတွေ ရှိပါသေးတယ်။ အလကား ရတဲ့ရေကိုတောင် နဲနဲသေးသေးလေးပဲ ကပ်တော့ ပြောစရာဖြစ်တာပေါ့။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလောက် သေးသေးလေးကို တစ်နေကုန်သောက်ပြီး နေနိုင်မနေနိုင် ဆင်ခြင်သင့်ပါတယ်။
ပန်းကပ်တာလည်း ရှိသေးတယ်။ ကြာကြာခံအောင်၊ နောက်မလဲရအောင် ဆိုပြီး ကပ်လှူကြတယ်လေ။ ဇော်စိမ်းဇော်ကြားတဲ့။ ကပ်ပြီးပန်းအိုးထဲမှာ အမြစ်ပါ ပေါက်လာတော့ ပိုခံတာပေါ့တဲ့။
အဲဒါဆိုလဲ ကပ်မနေနဲ့တော့ပေါ့။ ပန်းလည်းလှပြီး အနံ့အသက်ရှိတဲ့ ပန်းဆို ဘုရားရှင်ကို ပိုပြီးပူဇော်လို့ ကောင်းတာပေါ့။
ပြီးတော့ သစ်သီးကပ်တာတွေ ရှိပါသေးတယ်။ ဈေးသွား ငှက်ပျောသီး၊ သရက်သီး အစိမ်းအလုံး လှလှလေးတွေ ၀ယ်လာပြီ ဘုရားစင်ပေါ်တင်ကပ်ထား၊ မှည့်တဲ့အခါကျတော့ စွန့်ပြီး ကိုယ်စားပစ်လိုက်တာတွေ ရှိပါတယ်။ ဒီတော့ ဘုရားစင်က သစ်သီးအုပ်တဲ့စင်လို ဖြစ်နေပြန်ပါတယ်။
အဲဒီလို မဖြစ်သင့်ပါဘူး။ သစ်သီးအစိမ်းအလှတွေ ၀ယ်လာလို့ ဘုရားစင်မှာ ကပ်လှူထားဖြစ်ရင်လည်း မှည့်တဲ့အခါမှာ သေချာကျကျနန ခွဲပြီးဇွန်းလေး၊ ခရင်းလေးတွေထည့်ကာ အချိန်ကာလကြည့်ပြီး ကပ်လှူသင့်ပါတယ်။ ဒါမှ သစ်သီးဆွမ်းကပ်ရာ ရောက်မှာပေါ့။
ခုတော့အစိမ်းဝယ်တင်ထားပြီးကိုယ်တော်အဆင်ပြေ
သလို ဘုဉ်းပေးဆိုတာမျိုး ဖြစ်နေပါတယ်။ မထူးပါဘူး။ ဓားနဲ့ဇွန်းခရင်းပါတင်ပြီး မှည့်ရင်အရှင်ဘုရား ကိုယ်တိုင်ပဲ ခွဲစားပါဘုရားလို့ တစ်ခါတည်း ကပ်ထားလိုက်ပေါ့။ ပိုသက်သာတာပေါ့။ ထားပါလေ။
ပြောချင်တာက ဘာပဲကပ်ကပ် သက်တော်ထင်ရှား ဘုရားကို ရည်မှန်းပြီး ကိုယ်တတ်နိုင်သမျှကို နည်းသည်များသည်မဟုတ်ဘဲ သေချာကျကျနန ကိုယ်နဲ့ထပ်တူ စဉ်းစားကာ ဦးဦးဖျားဖျား ကပ်လှူကြဖို့ ပြောတာပါ။
ဘုရားရှင်ရဲ့ အလုပ်အကျွေးအရှင်အာနန္ဒာမထေရ်လို့ပေါ့။ အရှင်အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်းမှာလည်း ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်တုန်းကလိုပဲ မပျက်မကွက် ပြင်ဆင်ကာ “အရှင်ဘုရား ဒီအချိုန်က မျက်နှာသစ်ရေ သုံးဆောင်ရမယ့်အချိန်၊ဒီအချိန်ကအရုဏ်ဆွမ်းဘုဉ်းရ
မယ့် အချိန်၊ ဒီအချိန်က နေ့ဆွမ်းဘုဉ်းပေးရမယ့် အချိန်ပါဘုရား“ စသည်ဖြင့် သက်တော်ထင်ရှား ဘုရားရှင်ကို လုပ်ကျွေးနေတဲ့ ပုံစံအတိုင်း ကပ်လှူလုပ်ကျွေးတယ်လို့ ဆိုပါတယ်။
အရှင်အာနန္ဒာမထေရ်လောက် မလုပ်နိုင်ကြပေမယ့် ဗုဒ္ဓဘာသာများဟာ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာလေးနဲ့ ကိုယ်စားတဲ့အရာလေးတွေကို တတ်နိုင်သမျှ ကျကျနနပြင်ဆင်ကာ ရိုရိုသေသေ ကပ်လှူကြစေချင်တာပါ။
ဒါကြောင့်မို့ ဘုရားဆွမ်းတော်ကပ်တာကို နတ်တင်သလိုမျိုး ဖြစ်သလို မတင်ကြဘဲ နည်းများမဆို စေတနာ သဒ္ဓါတရားအပြည့်နဲ့ သေချာကျကျနန ပြင်ဆင်ကပ်လှူကြဖို့ အလွဲလေးတွေကို မလွဲအောင် သတိပေးတင်ပြခြင်း ဖြစ်ပါတယ်။
Credit to - မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)။
ဘုရားခန်းနှင့် အောက်ထပ်
ဘုရားခန်းနှင့် အောက်ထပ်
═══════════════════
အောက်ထပ် အိမ်ထောင်စုများ၌ ဘုရားခန်းထား၍ ကိုးကွယ်ရာ အပေါ်ထပ် အိမ်ထောင်စုတို့၏ အောက်မှာဖြစ်နေတတ်၍ ဘုရားခန်း၏အပေါ်၌ သွားလာနေထိုင်သူများမှာ အပြစ်ရှိပါသလား ။ သို့မဟုတ် အောက်ထပ်၌ ဘုရားခန်းထားသူများက အပြစ်ရှိပါသလား ။ဖြေကြားပေးပါရန် လျှောက်ထားအပ်ပါသည် ဘုရား ။
ဒေါ်တင်တင် ရန်ကင်း
အထက်ထပ်၌နေသည်ဖြစ်စေ ၊ အောက်ထပ်၌ နေသည်ဖြစ်စေ ဗုဒ္ဓရှင်တော်မြတ်ဘုရား၌ ကြည်ညိုကိုးကွယ်ကြသော ဗုဒ္ဓဘာသာဝင်များပီပီ ဘုရားခန်းကို တခမ်းတနားထား၍ ကိုးကွယ်ကြသော ဓမ္မတာ ဖြစ်ရသည် ။ အောက်ထပ်ဖြစ်၍ ဘုရားခန်းမထားသင့် ၊ မကိုးကွယ်သင့်ဟူ၍ မဖြစ်သင့်ပါချေ ။ မိမိတို့ နေထိုင်ရာနေရာ၌ အထွတ်မြတ်ဆုံးထား၍ ကိုးကွယ်ကြရန်သာ ဖြစ်သည် ။ ဤသို့ အောက်ထပ်၌ ဘုရားထား၍ ကိုးကွယ်ခြင်းကြောင့် အထက်ထပ်၌နေသူတို့အတွက်လည်း မရိုမသေပြုမူသည်မမည် ။ ပကတိနေမြဲတိုင်းနေပါ ။ အပြစ်ဖြစ်စရာ အကြောင်းမရှိချေ ။
သာဓကအနေဖြင့်ဆိုရသော် ဥတ္တရာသတို့သမီးသည် မိမိခင်ပွန်းဖြသ်သူက ဗုဒ္ဓရှင်တော်မြတ်အား ကိုးကွယ်သူမဟုတ်၍ ခင်ပွန်းဖြစ်သူအား မိမိကိုယ်စား သီရိမာကို အထက်ထပ်၌ ပြုစုလုပ်ကျွေးစေခဲ့သည် ။ မိမိက အောက်ထပ်သို့ ဆင်းလာပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား ခုနှစ်ရက်ပတ်လုံး ပင့်ဖိတ်၍ ဆွမ်းလုပ်ကျွေးခဲ့လေသည် ။ မြတ်စွာဘုရားကိုယ်တော်တိုင်လည်း ဥတ္တရာရှိရာ ပြာသာဒ်အောက်ထပ်၌ ကြွရောက်ချီးမြှင့်ခဲ့ပါသည် ။
ထို့ကြောင့် အိမ်အောက်ထပ်၌နေထိုက်သော်လည်း ဘုရားခန်းထား၍ ကိုးကွယ်သင့်သည်သာ ဖြစ်ပါ၏ ။ ဘုရားခန်းသို့ အမှုန်အမှိုက်များ မကျရောက်နိုင်ရန် အဝတ်မျက်နှာကြတ် စသည် လှလှပပ ပြုလုပ်ပူဇော်ထားကြရန်ကား လိုပေလိမ့်မည် ။
ရဝေထွန်း (ဆရာတော်ဦးတိလောကသာရ )
ဘာသာရေးပြဿနာများ
═══════════════════════
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ