-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Thursday, 8 October 2015

ယနေ့ခေတ်အထိ တယ်လီဖုန်းပြောတိုင်း ထူးလေ့ရှိတဲ့ "HELLO" ဆိုတဲ့ စကားရဲ့ နောက်ကြောင်းရာဇ၀င်လေးကို သိကြပါသလား???
"Hello" ဆိုတာဟာ တယ်လီဖုန်းကို တီထွင်ခဲ့သူ အလက်ဇန္ဒားဂရေဟမ်ဘဲလ်ရဲ့ ချစ်သူ အမည်ဖြစ်ပါတယ်။
သူမနာမည်အပြည့်အစုံက မာဂရက် ဟယ်လို (Margaret Hello) ပါ။ 
ဂရေဟမ်ဘဲလ်ဟာ အဲ့ဒီချစ်သူကောင်မလေးနဲ့ ၁၈၇၃ ခုနှစ်မှာ ချစ်ကြိုက်
ခဲ့တာဖြစ်ပေမယ့်သူမနဲ့ ဖူးစာမပါခဲ့ရှာပါဘူး ။
ဂရေဟမ်ဘဲလ်ဟာ ၁၈၇၇ခုနှစ်မှာ Mabel Hubbard ဆိုတဲ့ အမျိုးသမီးနဲ့
အကြောင်းပါခဲ့သူပါ။ အဲ့ဒီအမျိုးသမီးက အကြားအာရုံချို့တဲ့နေသူတစ်ဦး
လည်းဖြစ်ပါတယ်။တယ်လီဖုန်းကိုတော့ ၁၈၇၆ ခုနှစ်မှာ တီထွင်နိုင်ခဲ့တာ
လည်းဖြစ်ပါတယ်။
Hello ဟာ Hola ဆိုတဲ့ စကားစုကနေ ဆင်းသက်လာတာဖြစ်ပြီး
ကျေးဇူးပြုပြီး အာရုံစိုက်ပေးပါဆိုတဲ့ အဓိပ္ပာယ်မျိုးပါ။
ဒါပေမယ့် တယ်လီဖုန်းကို တီထွင်ခဲ့သူ ဂရေဟမ်ဘဲလ် ကိုယ်တိုင်ကတော့ သူ့ရဲ့ချစ်သူ မာဂရက် ဟယ်လိုကို သတိရမှာစိုးလို့ ထင်ပါရဲ့။
တယ်လီဖုန်းကို Hello လို့ မထူးဘဲ အဲ့ဒီအစား "Ahoy" ဆိုတာကိုသာ
အသုံးပြုခဲ့ပါသတဲ့။
သုတလင်း

No comments:

Post a Comment