-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Friday, 23 October 2015

လွယ်အိတ်လွယ်ပုံ မှားယွင်းတဲ့အခါ မိမိခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်


လွယ်အိတ်လွယ်ပုံ မှားယွင်းတဲ့အခါ မိမိခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်
ဂျာမန်အရိုးအထူးကုဆရာဝန်တစ်ဦးက ဒီလိုဆိုပါတယ်။ ကျွန်ုပ်တို့ လွယ်အိတ်ကို ပခုံးမှာ လွယ်တဲ့အခါမှားယွင်းစွာ လုပ်ဆောင်နေကြတယ်လို့ဆိုတယ်။ အဲဒီလို လုပ်ခြင်းက ပြင်းထန်တဲ့ ကျန်းမာရေးပြသနာတွေ ဖြစ်စေနိုင်တဲ့ အကြောင်း လွယ်အိတ်ကို ပခုံးထက်မှာပဲ ပုံမှန် လွယ်တတ်သူတိုင်း မှတ်သားသင့်ပါတယ်တဲ့။
ဒါ့ကြောင့် လွယ်အိတ်လွယ်ရင် အရင်ဆုံး မိမိခန္ဓာကိုယ်တစ်ခုလုံး အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းထက်မများစေဖို့ သတိပြုဖို့ လိုအပ်ပါတယ်။ ထိုသို့မဟုတ်ပါက လွယ်အိတ်လွယ်တဲ့ဘက်ခြမ်း ကြွက်သားနာကျင်ကိုက်ခဲမှု အန္တရာယ်ဖြစ်ပြီး အဲဒီကတဆင့် ကျောရိုးခုံးခြင်းစတဲ့ ပိုမိုပြင်းထန်တဲ့ပြသနာတွေ ဖြစ်လာနိုင်ပါတယ်။
လွယ်အိတ်မှာ စာအုပ်တွေထည့်ပြီး ပခုံးမှာသယ်တဲ့အခါ အရိုးအဆစ်အတွက် ပြသနာတစ်ခု ဖြစ်တယ်လို့ အရိုးရောဂါဆိုင်ရာ အသင်းအဖွဲ့ German Institute ရဲ့ ဥက္ကဌဖြစ်သူ Reinhard Shinderhand က ပြောဆိုခဲ့တယ်။အိတ်တစ်ခုခု သို့မဟုတ် ပိုက်ဆံအိတ်တစ်ခုခု လွယ်တိုင်း လွယ်ရတာ သဘောကျတဲ့ ဘက်ဆိုတာ လူတိုင်းမှာရှိကြောင်း သူသတိထားမိခဲ့တယ်။
လွယ်အိတ်ကို တစ်ဖက်တည်း လွယ်ခြင်းက အဲ့ဘက်ခြမ်းကြွက်တင်းမာမှု ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့်မို့ အိတ်ရဲ့ အလေးချိန်ကို သတိထားပြီး ပခုံးပြောင်းပြောင်းပြီးသင့်ကြောင်း သူက ထပ်မံပြောဆိုထားပါတယ်။
Ref:healthylifetricks
Trend Myanmar

No comments:

Post a Comment