-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။

Friday, 23 October 2015

(ကောင်းကင်ယံမှာ မြင်တွေ့နေရတဲ့ လွင့်မျောမြို့တော်ကြီး)


(ကောင်းကင်ယံမှာ မြင်တွေ့နေရတဲ့ လွင့်မျောမြို့တော်ကြီး)
တရုတ်နိုင်ငံဂျင်ဇီမြို့နှင့် ဖိုရှမ်မြို့ရှိ ကောင်းကင်တိမ်တိုက်များမှာ လွင့်မျောနေတဲ့မြို့တော်ပုံသဏ္ဌာန်ရှိ အရာတစ်ခုကို မြင်တွေ့လိုက်ရတယ်လို့ ဒေသခံတရုတ်များက ဆိုလာပါတယ်။ ဒေသခံတွေကတော့ မြင်တွေ့လိုက်ရတဲ့ မြို့တော်ပုံစံလွင့်မျောနေတဲ့ ပုံသဏ္ဍာန်တစ်ခုဟာ သဘာဝလွန် အကြောင်းအရာ တစ်ခုဖြစ်တယ်လို့ ယုံကြည်လျက်ရှိပါတယ်။
နောက်ထပ် အပြိုင်စကြဝဠာ တစ်ခုကို မြင်လိုက်ရတယ်လို့ ဆိုကြပြီး မိုးလေ၀သပညာရှင်များကတော့ အဲဒီအရာဟာ သမားရိုးကျမဟုတ်ဘဲအမြင်အာရုံကို လှည့်စားထားသော ဖေတာမော်ဂါးနားလို့ခေါ်တဲ့ အဝေးတနေရာက ပုံရိပ်တစ်ခုဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။


မိုးလေ၀သဆိုင်ရာ ထူးကဲဖြစ်စဉ်အရ မိုးမြင့်တိုက်တာအဆောက်အအုံတွေမှ အလင်းရောင်တွေဟာ တိမ်တိုက်တွေမှာရောင်ပြန်ဟပ်ပြီး မြင့်မားတဲ့ တိုက်တာပုံသဏ္ဌာန်တွေအဖြစ် ပေါ်ပေါက်လာခြင်း ဖြစ်နိုင်ပါတယ်။ ဒီလိုမိုးလေ၀သဖြစ်စဉ်အရ ဖြေရှင်းလိုက်ခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ တချို့သော မြို့ အပေါ်မှာ ပေါ်ေ ပါက်လာတဲ့ မျောလွင့်တိုက်တာပုံရိပ်ရဲ့အဖြစ်ဟာ ရှင်းလင်းသွားပေမယ့် အချို့သောသူများကတော့ ဤရှင်းလင်းချက်များကို လက်မခံနိုင်ကြပါဘူး။

Conspiracy သီအိုရီကို ကျင့်သုံးသူများကတော့ နာဆာစခန်းက တနေ့မှာ သခင်ယေရှု ပြန်လည်ကြွရောက်လာ မယ့် အကြောင်းအရာကို သုံးဖက်မြင်ပုံတွေကို အသုံးပြုပြီး နှိုးဆော်မှု ပြုလုပ်ကာသူတို့ ယုံကြည်တဲ့ သီအိုရီမှန်ကန်ကြောင်း သက်သေပြလိမ့်ဦးမယ်လို့ ယုံကြည်နေကြပါတယ်။



ခင်အေးမြလွင်

ကိုးကားသတင်း။http://www.telegraph.co.uk/news/worldnews/asia/china/11940936/Mysterious-floating-city-appears-in-the-sky-over-China.html

No comments:

Post a Comment