-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။
Friday, 27 November 2015
ဂရန်ဆိုသည်မှာ
ဂရန်ဆိုသည်မှာ
 ဂရန်မြေဆိုတာ သတ်မှတ်ပြဋ္ဌာန်းချက်တွေ ၊ နည်းဥပဒေတွေ ရှိပြီးသားပါ။ လိုက်နာဖို့၊ ဘယ်လိုလိုက်နာရတယ်ဆိုတာ သိဖို့ပဲ လိုပါတယ်။
•ဂရန်
၁။ မြို့မြေများမှာ လူနေထိုင်ရန်(Residential Purposes)အတွက်ဖြစ်စေ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင်သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံးပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှားရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှားစာချုပ်ကို ဂရန်(Lease)လို့ ခေါ်ပါတယ်။ အပိုင်သဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ပဲ ခေါ်ကြပါတယ်။
•ဂရန်လျှောက်ထားခြင်း-
၂။ အစိုးရမြေကို (ငှားရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အသင်းများအနေနဲ့ သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရပါတယ်။ အဲဒီအခါမှာ သက်ဆိုင်ရာ ခရိုင်/မြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ထို့နောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဋ္ဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ်နှင့် မြေရာဇဝင်ကို စိစစ် မှတ်ချက်ပြု ပြန်ကြားပေးရန်လွှဲပြောင်းပေးပို့လေ့ရှိပါတယ်။ အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနက မိမိဋ္ဌာနမှာရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း(1-A Register)တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖော်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်-မဟုတ်နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်-မဟုတ် မှတ်ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ-မရှိနဲ့ အစိုးရအဆောက်အဦးနှင့် အခြားကိစ္စများ အသုံးပြုရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ-မရှိတို့ကို စိစစ်ပေးခြင်း၊ မြေတန်ဖိုးနဲ့ မြေငှားခများ တွက်ချက်ပေးခြင်း စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။
ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး၊ မြေကို စိစစ်ပေးတာက မြေစာရင်းဋ္ဌာန ဖြစ်ပါတယ်။
ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင်ခွင့်ရှိပြီး မြေစာရင်းဋ္ဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေယာဇဝင်(မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေအနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပေမယ့် မြေဆိုရင် မြေစာရင်းက လုပ်တာပဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စနဲ့ တိုင်ကြပြီဆိုရင် မြေစာရင်းဋ္ဌာနကိုချည်း ဦးတည်ပြီး မြေစာရင်းက မတရားဂရန်ထုတ်ပေးထားပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင် တိုင်နေတာ တွေ့ရပါတယ်။ ဂရန်ချထားခြင်း လုပ်ငန်းအတွက် အောက်မြန်မာပြည် မြေနှင့်အခွန်တော် လက်စွဲဥပဒေ၊ အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများဥပဒေတို့က ပြဋ္ဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဋ္ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်းတွေကို သတ်မှတ်ထားပြီးသား ဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘောမပေါက်ကြပါဘူး။ ဒါ့ကြောင့် ဂရန်ဆို မြေစာရင်းက ထုတ်ပေးနေတယ် ထင်ကြလို့ ဖြစ်ပါတယ်။
•ဂရန်လုပ်ငန်း၌ ကြေး/မြေ၏ အခန်းကဏ္ဍ
၃။ အမှန်ကတော့ ဂရန်အမှုတွဲကို တာဝန်ခံဆောင်ရွက်တာ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ကော်လိပ်တော်အရာရှိရုံးက ဖြစ်ပေမယ့် ဂရန်လျှောက်မယ့်မြေကို မြေပုံရေးဆွဲပေးရတာ၊ မြေရာဇဝင် ထုတ်ပြန်ပေးရတာအပြင် ဂရန်ပေးနိုင်တဲ့မြေ ဟုတ်-မဟုတ်ကို ဋ္ဌာနရှိ မြေပုံ၊ မြေရာဇဝင်၊ မှတ်တမ်း၊ အထောက်အထားများနဲ့ တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာက မြေစာရင်းဋ္ဌာနဖြစ်လေတော့ ဂရန်ထုတ်ပေးနိုင်ဖို့ မြေစာရင်းက တာဝန်ယူထားရတဲ့ ကဏ္ဍကလည်း မသေးပါဘူး။ ဂရန်ပေးသင့်တဲ့မြေ မဟုတ်ရင် မဟုတ်ကြောင်း မြေစာရင်းဋ္ဌာနအနေနဲ့ ထောက်ပြရမယ့် တာဝန်ရှိပါတယ်။ ဒါပေမယ့် ပေါင်းစားရင် အရိုးတောင်နူးတယ်ဆိုတဲ့ ခေတ်ကြီးမှာ သမားစဉ်တွေလည်း ပျက်သွားတယ်ထင်ပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးဆိုတဲ့ တစ်သွေး တစ်သံ တစ်မိန့်နဲ့ အာဏာရှင်ဆန်ဆန် တာဝန်ပေးအပ်မှုကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အောင့်အည်း ဆောင်ရွက်ပေးခဲ့ရတဲ့ ကာလတွေကလည်း တမေ့တမောဆိုတော့ အာဏာပိုင်တွေအကြိုက် လိုက်လုပ်ပေးရာက စာအုပ်ကြီးတွေ၊ လုပ်ထုံးလုပ်နည်းတွေကို အလေးမထား အဖတ်အရှု အလေ့အလာ မရှိတော့ဘဲ ကြုံသလို ဖြစ်သလို လုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုး စွဲသွားကြတာ ဋ္ဌာနတိုင်းလိုလိုဖြစ်တော့ကာ ထွေ/အုပ်နဲ့ မြေစာရင်းလည်း မိုးခါးရေသောက်တဲ့အထဲ ရောယောင်ပါသွားတာ မဆန်းပါ။
•အခုခေတ် ဂရန်တချို့ ဥပဒေနဲ့ ညီရဲ့လား
၎။ လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန်အမှုတွဲတွေ မြေစာရင်းဋ္ဌာနကို ပေးပို့လာတဲ့အခါ မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနရုံးတွေဟာ မြို့နဲ့ကျေးရွာမြေများ လက်စွဲဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ ဆောင်ရွက်ပေးရမယ့် ကိစ္စတွေကို ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စိစစ် မှတ်ချက်မပြုတော့တာတွေကို တွေ့ရှိလာရပါတယ်။ မြေစာရင်းဋ္ဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့အခါ မြို့မြေကိစ္စတွေကို လှည့်မကြည့်နိုင်တာလည်း ပါပါတယ်။ စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက်လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ(ဥပမာ- သစ်တောကြိုးဝိုင်းမြေ၊ မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရဋ္ဌာန/ပုဂ္ဂလိကသို့ ချထားပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့်မြေ Land at the disposal by Government လို့ မှားယွင်းမှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန် ထောက်ခံခြင်း စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေ ဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက် ချထားမပေးသင့်တဲ့ အစိုးရဋ္ဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထားတဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန်အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြပါတယ်။ မြေစာရင်းဋ္ဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့်တဲ့ မြေများ/ ဂရန်ချထား မပေးနိုင်တဲ့မြေများကို မြေငှားဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာဖြစ်ပွားရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်းဖြစ်ရတာတွေ အများကြီး ပေါ်ပေါက်လာပါတယ်။ မနေ့တနေ့ကအထိ ဋ္ဌာနမှာ ဂရန်မြေအရှုပ်အရှင်းအတွက် အရေးယူခဲ့ရသူတွေ ရှိနေဆဲဖြစ်ပါတယ်။ ကြေး/မြေဋ္ဌာနဝန်ထမ်းတွေကို မြေရာဇဝင်မှတ်တမ်း မှားယွင်းထုတ်ပေးမှုအတွက်နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆံ့အောင် ကြားဖူးကြမှာပါ။ ကျွန်တော်တို့ချည်းပဲတော့ မဟုတ်ဖူးပေါ့။ G.A နဲ့ အခြားဋ္ဌာနက ဆရာတွေလည်း ထိတာပါပဲ။ စစ်ကိုင်တိုင်းက ဂရန်မှားပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှားချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန်ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။ မြေဆိုတာ ဒီဘက်ခေတ်မှာ တန်ဖိုးမြင့် ပစ္စည်းတစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။ အဲဒါကြောင့်မို့ ဋ္ဌာနက လူငယ်သွေးသစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ပတ်သတ်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံးလုပ်နည်းလေးတွေကို တင်ပြပေးလိုက်ပါတယ်။
•မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ
၅။ ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရမှ စီမံချထားနိုင်သောမြေဆိုတာ ဘာလဲ ဆိုတာကို အစပြု ပြောရပါတယ်။ မြို့မြေ အဝန်းအဝိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှသာလျှင် ဂရန်ပေးလို့ ရပါတယ်။ ဒါကြောင့်မို့ မြို့မြေနဲ့ပတ်သက်တဲ့ တည်ဆဲဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြလိုပါတယ်။
(က) အစိုးရစီမံချထားပိုင်ခွင့်ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT )
အစိုးရမှ စီမံချထားပိုင်ခွင့်ရှိသောမြေ( Land at the disposal of Government )ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ခေါ်ကြပါတယ်။ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများ အက်ဥပဒေ ပုဒ်မ(၂)၊ ပုဒ်မ(၃)၊ ပုဒ်မ(၄)တို့မှာ ဖော်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။
အဲဒီ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက် လည်းကောင်း၊ စိုက်ပျိုးရေးအတွက် လည်းကောင်း အသုံးပြုခွင့်ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။ ထို့အတူ ရုံး၊ စက်ရုံအလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊ မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း၊ တံတား စတဲ့ အစိုးရဋ္ဌာနများမှ အသုံးပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီးသော မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှားဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်း အဆိုပါ ထုတ်ပေးထားတဲ့ မြေငှားဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်သောမြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါဘူး။ ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို ( Land at the disposal of Government )အစိုးရမှချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက်တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍ မရပါဘူး။ ချထားလိုရင်တော့ မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက်တစ်ယောက်ကို ချထားနိုင်ပါတယ်)။ သက်တမ်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဉာဉ်ဥပဒေကို ဖောက်ဖျက်ရာ ကျပါတယ်။
မြေတစ်ကွက်ကို ဂရန်ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနိုင်တာဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်-မဟုတ်အတွက် မြေယာမှတ်တမ်း ထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဋ္ဌာနရဲ့ မှတ်ချက်ဟာ အလွန်အရေးပါတယ်ဆိုတာ သတိပြုရပါမယ်။ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကို မြေစာရင်းရဲ့ ပြန်ကြားချက်မှာ တိတိကျကျဖော်ပြရန် လိုပါတယ်။ (မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက်အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ပဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အဂတိတရား မကင်းလို့ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။ အစိုးရဋ္ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရားဝင်ဂရန် ရရှိ၍ လက်ရှိထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေမဟုတ်တဲ့ လ/န(၃၉) မရရှိသေးတဲ့ လယ်ယာမြေ၊ စသည်တို့ကို အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဆိုပြီး မြေစာရင်းဋ္ဌာန တာဝန်ရှိသူများအနေနဲ့ လုံးဝ မှတ်ချက်မပြုဖို့ သတိချပ်စေလိုပါတယ်။
•မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land )
မြို့များအတွင်းမှာရှိတဲ့ မြေတွေကို အစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ အခန်း ၂၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့် ရှိပါတယ်။
ပုဒ်မ ၇။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြား မည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့်ကျေးရွာမြေများတွင် မရှိစေရ။
(က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှားဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊
(ခ) ကာလစည်းကမ်းသတ်ဥပဒေ (Limitation Act)အရ ပိုင်ဆိုင်သော အခွင့်အရေး၊
(ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ်ဖော်ပြထားသော ပိုင်ဆိုင်ခွင့်၊
(ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူ ခံစားခွင့်၊
ပုဒ်မ ၈။ စာရင်းဝင်မြို့များ(Scheduled Town)နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေးထားသော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder's right)မြေရှင်ဆိုင်ရာအခွင့်အရေးကို ရရှိစေရမည်။
(က) မြို့နှင့်ကျေးရွာမြေများ ပြဋ္ဌာန်းအတည်မပြုမီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊
(ခ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသော ကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလ ပြည့်အောင် မြေကို လက်ရှိထား ပိုင်ဆိုင်လာသောသူ၊
(ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၎င်းမြေနှင့်သက်ဆိုင်သည့် အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ Public demands ကို ထမ်းဆောင်လာသူ မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။
ပုဒ်မ ၉။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်--
(က) စစ်တွေမြေများအတွက် ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ခ) ပုသိမ်မြို့တွင် ၁၈၇၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
(ဂ) ပြည်မြို့တွင် ၁၈၇၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊
မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။
ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမယ့် အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာ တွေ့ရပါတယ်။
•မြို့မြေအတွင်း မြေချထားပေးမှု အမျိုးအစားများ
၆။ မြို့မြေလို့ သတ်မှတ်ထားတဲ့ မြေတွေကို အစိုးရက ကော်လိပ်တော်မှတဆင့် အများပြည်သူသို့ မြေအသုံးချလိုတဲ့ ဋ္ဌာန/အဖွဲ့အစည်းများကို ချထားတဲ့အခါ အသုံးချမှုကိုမူတည်ပြီး အမျိုးအစား ခွဲခြားချထားပါတယ်။ လူနေထိုင်ရန်၊ အဆောက်အဦး ဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်၊ သူဿန်မြေအဖြစ် အသုံးပြုရန်၊ သာသနာမြေ အသုံးပြုရန်၊ အများပြည်သူအကျိုးအတွက် ပန်းခြံ၊ အားကစားကွင်း၊ ဆေးရုံ၊ ကျောင်း၊ ကူးတို့ဆိပ်၊ ဈေး၊ တပ်မြို့ဆောင်ရွက်ရန် စသည်ဖြင့် ချထားပေးနိုင်ပါတယ်။ အရင်ကတော့ မြို့မြေအတွင်း လယ်ယာစိုက်ပျိုးရန်အတွက်ပါ ချထားပေးခဲ့ပေမယ့် နောက်ပိုင်း စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုက်စင်/ဂရန် မချပေးတော့ပါဘူး။ မြေကို ဘယ်လိုပုံစံနဲ့ ချထားသလဲဆိုတော့ အငှားပတ္တာ၊ ဂရန်၊ လိုင်စင် စတဲ့ နည်းလမ်းတွေနဲ့ ချထားပါတယ်။
Section 16: Land at the disposal of Government may be disposed of -
(a) By grant or lease, conferring such interests there in and on such condition as the Governor may be by rule prescribe;
(b) By license of the Revenue-officer.
(က) အပိုင်ဂရန် (Revenue free Grant)
အပိုင်ဂရန်ရဲ့ ခေါင်းစည်းကိုက Instrument of Grant for Religious/Public Purposes ဆိုတော့ သာသနာရေးကိစ္စတွေ၊ အများပြည်သူအကျိုးငှာ ဆောင်ရွက်မယ့်ကိစ္စတွေအတွက် ချထားပေးရမယ့် ဂရန်အမျိုးအစားဆိုတာ ရှင်းပြဖို့ မလိုတော့ပါဘူး။ လျှောက်ထားချပေးတဲ့ ကိစ္စရပ်အတွက် အသုံးပြုနေသမျှ ကာလပတ်လုံး မြေခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားတဲ့ ဂရန့် ဖြစ်ပါတယ်။ သက်တမ်း မရှိပါဘူး။ ဒါပေမယ့် ချထားပေးတဲ့ မြေတစ်ကွက်လုံး ဖြစ်စေ၊ မြေကွက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်စေ၊ ချထားပေးတဲ့ လုပ်ငန်းရပ်ကို အသုံးမပြုဘဲ အခြားကိစ္စရပ် ပြောင်းလဲ အသုံးချထားခဲ့ရင်တော့ တစ်ကွက်လုံးကို မြေခွန်ထိုက်သင့်စေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မူရင်း ခွင့်ပြုထားတဲ့ ကိစ္စရပ်အတိုင်း မသုံးဘဲ အခြားကိစ္စကို ပြောင်းလဲ အသုံးပြုရင်ဖြစ်ဖြစ်၊ အသုံးပြုခွင့်ပေးထားတဲ့ မြေပေါ်က အဆောက်အဦ ကျောင်း ကန် ဇရပ်တွေက အသုံးမပြုနိုင်တော့လောက်အောင်ကို ပျက်စီးယိုယွင်းနေပြီး ပြင်ဆင်မှုမရှိ၊ လူသူကင်းမဲ့ ထိန်းသိမ်းစောင့်ရှောက်မှု မရှိတဲ့ အခြေအနေတိုင် ရောက်နေပြီဆိုရင်တော့ မြေပေါ်က အဆောက်အဦတွေရော၊ မြေကိုပါ အစိုးရက ပြန်သိမ်းနိုင်ပါတယ်။
ဂရန်ချထားတဲ့ ပုံစံက Land Revenue II / Grant ပုံစံ ဖြစ်ပါတယ်။
(ခ) နှစ်ရှည်အငှားဂရန် (Long Term Lease)
လျှောက်ထားသော မြေကွက်ပေါ်မှာ တာရှည်ခိုင်ခံ့တဲ့ တိုက်တာ၊ အိမ်၊ အဆောက်အဦများ အခိုင်အမာ ဆောက်လုပ်ထားခဲ့မယ်ဆိုရင် နှစ်ရှည်ဂရန် ချထားပေးရမှာဖြစ်ပါတယ်။ ဂရန်ပုံစံက သက်တမ်းကုန်ရင် အသစ်လဲလှယ်ပေးခွင့်ရှိတဲ့ ဂရန်နဲ့ အသစ်လဲလှယ်ပေးခွင့် မရှိတဲ့ ဂရန်အတွက် ပုံစံ ခွဲခြားပေးရပါတယ်။ ဂရန်သက်တမ်းက သာမန်အားဖြင့်တော့ တစ်ကြိမ်ခွင့်ပြုရင် နှစ်(၃၀)အထိ ဖြစ်ပါတယ်။ နှစ်(၃၀) ဂရန်ကို အနှစ်(၃၀)သက်တမ်း ကုန်ဆုံးတိုင်း အသစ်လဲလှယ်ပိုင်ခွင့်ရှိသော (With the power of Renewal up to Ninety Years)ဂရန်နဲ့၊ အနှစ်(၃၀)ပြည့်တာနဲ့ သက်တမ်းထပ်မံ၍ လဲလှယ်ခွင့်မရှိဘဲ သက်တမ်းကုန်ဆုံးသော (Without the power of Renewal)အသစ်လဲလှယ်ပိုင်ခွင့်မရှိသော ဂရန် ဆိုပြီး (၂)မျိုး ခွဲခြားပါတယ်။
အနှစ်(၃၀)သက်တမ်းကုန်ဆုံးတိုင်း (With the power of Renewal up to Ninety Years)အသစ်လဲလှယ်ပိုင်ခွင့်ရှိသော ဂရန် ဖြစ်ရင်တော့ အနှစ်(၉၀)တိုင်အောင် သုံးကြိမ်သုံးခါအထိ လဲလှယ်ပိုင်ခွင့် ရှိပါတယ်။ ယင်းဂရန်မျိုးဟာ နှစ်(၉၀)အထိ ပေးတယ်ဆိုပေမယ့်လည်း တောက်လျှောက်ပေးခြင်း မဟုတ်ဘဲ နှစ်(၃၀)စီ လီ၍ ပေးခြင်းသာ ဖြစ်ပါတယ်။ နှစ်(၃၀)သက်တမ်း ကုန်ဆုံးပါက အသစ်ထပ်မံ လျှောက်ထားရန်မလိုဘဲ တစ်ကြိမ်လျှင် နောက်ထပ် နှစ်(၃၀)စီ သက်တမ်းတိုးခွင့်ကိုသာ လျှောက်ရပါတယ်။
သက်တမ်းလာတိုးတာကို ငြင်းပယ်ခွင့် မရှိပါဘူး။ ဂရန်ချထားပေးတဲ့ ပုံစံက Land Revenue II / Lease I & I (a), Form of Lease of Town Land with the Power of Renewal up to Ninety Years ဖြစ်ပါတယ်။
အနှစ်(၃၀)သက်တမ်း ကုန်ဆုံးတာနဲ့ သက်တမ်း ထပ်မံ လဲလှယ်ခွင့်မရှိဘဲ ကုန်ဆုံးသွားတဲ့ (Without the Power of Renewal)အသစ်လဲလှယ်ပိုင်ခွင့် မရှိသော ဂရန် ဖြစ်ရင်တော့ သက်တမ်းကုန်ဆုံးတဲ့ နှစ်(၃၀)ပြည့်တိုင်း ဂရန်အသစ် ပြန်လျှောက်ရမှာ ဖြစ်ပါတယ်။ ဂရန်သက်တမ်းအသစ် လျှောက်ထားမှုကို မြေအငှားချပိုင်ခွင့်ရှိသူက ငြင်းချင်လည်း ငြင်းနိုင်၊ အသစ်ထပ်ပေးချင်မှလည်း ပေးနိုင်တဲ့ ဂရန် ဖြစ်ပါတယ်။ (အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ- ၇ အရ)
(ဂ) နှစ်တိုအငှားဂရန် (Lease of Short Term)
မြေပေါ်မှာ အတော်အသင့် တောင့်တက်းခိုင်မာမှုရှိပြီး သင့်လျော်တဲ့ သက်တမ်းပမာဏ နေထိုင် အသုံးပြုနိုင်မယ့် အဆောပ်အဦ ဆောက်လုပ်ထားခြင်း (သို့မဟုတ်) ယင်းမြေကွက်ဟာ ယခင်က လိုင်စင် (သို့မဟုတ်) ကျူးကျော်အဆင့်သာ သတ်မှတ်ထားခဲ့ရာက ယခုမှ ဂရန်စတင်ပေးရန် ကြံရွယ်ခြင်းဖြစ်ပါက နှစ်တိုဂရန်ပဲ ချထားပေးရန် ဖြစ်ပါတယ်။ ခွင့်ပြုကာလ (၁၀)နှစ်မှ (၁၅)နှစ်အတွက် ကာလတို ချထားနိုင်ပါတယ်။ ယင်းအငှားဂရန်မှာလည်း ဂရန်သက်တမ်း ကုန်ဆုံးတိုင်း အသစ်ပြန်လျှောက်ရမည့် ဂရန် (Without power of Renewal)ဂရန် အမျိုးအစား ဖြစ်ပါတယ်။ သက်တမ်းကုန်ရင် အသစ်ထပ်ပေးမယ်လို့ အာမ မခံပါဘူး။ အသုံးပြုရတဲ့ ပုံစံမှာ Land Revenue II / L.B Lease I & I (a); Form of Lease for Short Term without Power of Renewal under the Lower Burma Town and Village Lands Act ဖြစ်ပါတယ်။
(အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ- ၈ နှင့် ၂၉ အရ)
(ဃ) လိုင်စင် ( License )
မြို့မြေ တိုးချဲ့အကွက်အသစ်များအတွက် လည်းကောင်း၊ မြို့ရွာများ စစ်ဘေး၊ မီးဘေး၊ လေဘေး ဒဏ်သင့်လို့ ပျက်စီးရာက ပြန်လည်ထူထောင်ရေးကာလမှာ လည်းကောင်း၊ တည်ငြိမ်တဲ့ နေထိုင်မှု မရှိသေးတဲ့အပေါ် မူတည်ပြီး သက်တမ်းတို နေခွင့်ပြုထားတဲ့ မြို့မြေနေထိုင်ခွင့် ဖြစ်ပါတယ်။ မြို့ပြရပ်ကွက် တည်ငြိမ်မှုမရှိသေးတဲ့ နေရာတွေမှာ ယာယီအားဖြင့် မြေခေတ္တအသုံးပြုနိုင်ရန်အတွက် လိုင်စင်ချထားခြင်း ဖြစ်ပါတယ်။ သက်တမ်းအားဖြင့် (၃)နှစ်ထက်ပိုပြီး ခွင့်မပြုနိုင်ပါဘူး။ အထက်မြန်မာပြည် မြေနှင့်အခွန်နည်းဥပဒေ ၅၁(က)(၁) (၂)နှင့် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ၊ နည်းဥပဒေ (၇)၊ နည်းဥပဒေ (၈)တို့မှာ ဖော်ပြထားတဲ့ နှစ်ရှည်/နှစ်တို ဂရန်ချထားပေးသင့်တဲ့ မြေများမှ အပဖြစ်သော စနစ်တကျ မြို့ကွက်မရိုက်ရသေးတဲ့ နေရာတွေမှာ နှစ်ရှည် (သို့မဟုတ်) နှစ်တိုဂရန်များ ထုတ်မပေးရဘဲ {အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ၊ နည်းဥပဒေ အပိုဒ် (၃၀)နှင့် (၃၄)အရ} ယာယီပါမစ်နဲ့ လိုင်စင်ကိုသာ ထုတ်ပေးရလေ့ ရှိပါတယ်။ လိုင်စင်ချထားပေးတဲ့ အခွန်ပုံစံကတော့ Land Revenue II / L.B License 2 ဖြစ်ပါတယ်။
လိုင်စင်မှာ ထူးခြားတာက ဂရန်ချထားပေးသလောက် စိစစ်မှု မရှိတာ၊ တင်းကျပ်တဲ့စည်းကမ်း မထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၁၆ (က)မှာ ဂရန်တွေ၊ အငှားဂရန်တွေကို အစိုးရ(Governor) ဒါမှမဟုတ် အစိုးရကိုယ်စား ကော်လိပ်တော်အရာရှိ(အရေးပိုင်)က ချထားရန်နဲ့ လိုင်စင်ကိုတော့ ပုဒ်မ ၁၆ (ခ)မှာ Notification B အရ တာဝန်ပေးထားတဲ့ အခွန်အရာရှိက ပေးရန် လို့ ခွဲထားခြင်းကြောင့် ဖြစ်ပါတယ်။ ဘာကွာသလဲ မမေးပါနဲ့။ ကွာပါ့ ဗျား။ ပုဒ်မ ၁၆ (ခ)အရ လိုင်စင်ပေးနိုင်တဲ့ အခွန်အရာရှိဆိုတာ နယ်ပိုင်၊ မြို့ပိုင်ကနေ သူကြီးအထိတောင် အခွင့်အာဏာ အပ်ထားလို့ ဖြစ်ပါတယ်။ ဒီလို အလွယ်ချပေးနိုင်အောင် စီစဉ်ပေးသလို အချိန်တိုအတွင်း အလွယ်တကူ ပြန်သိမ်းနိုင်အောင် လုပ်ထားတဲ့ မြေပေါ့ဗျာ။ လိုင်စင်ပေးထားဆဲမှာကို (၃)လ အတွင်း မြေမှ ထွက်ခွာရန် နို့တစ်စာ ချပြီး အချိန်မရွေး နှင်ထုတ်နိုင်ပါတယ်။
(င) ပါမစ် ( Permit )
အစိုးရမီ ချထားပေးပိုင်ခွင်ရှိသော Disposal Land ကို အသုံးပြုနိုင်မည့် အခွင့်အရေး Right in land မှာ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ-၄ (၇)၊ ပုဒ်မ-၇ (က)နဲ့ ပုဒ်မ ၁၆ (က)၊ (ခ)တို့အရ Grant, Lease, License (၃)မျိုးဖြင့်သာ သုံးစွဲခွင့်ရရှိနိုင်ပါသည်။ ဒါပေမယ့် မြို့သစ်တွေ အကွက်ရိုက်တဲ့အခါ ချထားပေးလေ့ရှိတဲ့ ပါမစ်မြေဆိုတာ ရှိပြန်သေးတယ်။ ပါမစ်မြေကို သိနားလည်ဖို့ ခုခေတ်မှာ အရေးပါလာပါတယ်။ န.ဝ.တ တက်လာပြီး မြို့နယ်တိုင်းလိုလိုမှာ မြို့သစ် ရွာသစ်တွေ တည်ထောင်ကြတဲ့အခါ အကွက်ရိုက်ပြီး မြေပါမစ် ထုတ်ပေးကြတဲ့အတွက် မြို့သစ်မြေချပါမစ် Permit တွေ တစ်ပြည်လုံး ပလူပျံလာပါတယ်။ ပါမစ်ဆိုတာဟာ မြေနေရာ ချထားသည့်အမိန့်သာ ဖြစ်ပြီး မြေအသုံးပြုခွင့် အမိန့်၊ မြေပိုင်ဆိုင်ခွင့် အမိန့် မဟုတ်ပါဘူး။ မြို့မြေအတွင်း မြေပိုင်ဆိုင်ခွင့်၊ နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ၁၈၉၈ ခုနှစ်၊ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ ၇၊ ပုဒ်မ ၈၊ ပုဒ်မ ၁၆ တို့အရ သတ်မှတ်ထားရာမှာ ပါမစ်ကို ဖော်ပြထားတာ မတွေ့ပါဘူး။ အစိုးရမြေကို အသုံးပြုနိုင်ဖို့က သတ်မှတ်ကာလ တစ်ခုအတွက် မြေငှားရမ်းသုံးစွဲခွင့်ရရှိဖို့ ဂရန်စာချုပ် ချုပ်ဆို ငှားရမ်းရပါတယ်။
ကလေးသူငယ်များနဲ့ လီသီရမ်ဘက်ထရီအန္တရာယ်။
ကလေးသူငယ်များနဲ့ လီသီရမ်ဘက်ထရီအန္တရာယ်။
ယခုခေတ် ကစားစရာအတော်များများမှာ
လီသီရမ်ဘက်ထရီ(လက်ပါတ်နာရီဘက်ထရီ)များအသုံးပြုလာကြတယ်။
ကစားစရာများ ကြိုးပဲ့ပျက်စီးသွား၍သော်၎င်း၊
လူကြီးများက ဘက်ထရီလဲလှယ်ပေးပြီး
စည်းကမ်းတကျမစွန့်ပစ်၍သော်၎င်း
ဘက်ထရီများဟာ ကလေးများလက်လှမ်းမှီရာမှာရှိနေတတ်ကြတယ်။
ဒီအခါ မသိနားမလည်သေးတဲ့ ကလေးများက သကြားလုံးအမှတ်
သို့မဟုတ် ကလေးတို့ဘာသာဘာဝ ကောက်ယူကာပါးစပ်ထဲထည့်တတ်ကြတယ်။
ဒါ အလွန်အန္တရာယ်များတဲ့ဖြစ်ရပ်ပါ။
၂၀၁၃ ခုနှစ် သြစတြေးလျနိုင်ငံ Great Manchester ဧရိယာတခုအတွင်းမှာပဲ
၁၈ လအတွင်း ကလေးငယ် ၅ ယောက် လီသီရမ်ဘက်ထရီပါးစပ်ထဲထည့်မိပြီး
၃ ယောက်ဟာ တသက်တာ ချို့ယွင်းမှုနဲ့ကြီးပျင်းရတော့မှာပါ။
၂ ယောက်ကတော့ အသက်ဆုံးရှုံးသွားရပါတယ်။
၂၀၁၃ ခုနှစ် ဂျွန်လမှာ Summer Steer လို့ခေါ်တဲ့ကလေးမဟာ
လီသီရမ်ဘက်ထရီမြိုချပြီးတဲ့နောက် လီတာဝက်ခန့်သွေးအန်ကာ
ရက်ပိုင်းအတွင်းမှာပဲ နှလုံးရပ်ပြီး သေဆုံးသွားပါတယ်။
(အသေးစိပ်ကို အောက်မှာဖတ်ပါ)
အမည်မဖေါ်တဲ့နောက်တယောက်ကတော့
ခွဲစိပ်ဆရာဝန်များခွဲစိပ်၍ ဘက်ထရီထုတ်ပေးပြီးနောက်
ဆက်လက်သွေးထွက်လွန်ပြီး တပါတ်အကြာမှာ အသက်ဆုံးရှုံးရပြန်တယ်။
Dr Parkins said: 'There have already been two reported deaths in the Greater Manchester area directly linked to swallowing these batteries so it's important parents are aware of the serious harm they can cause.
ဘာကြောင့် လီသီရမ်ဘက်ထရီမြိုချမိရုံနဲ့
ကလေးများကိုအသက်ဆုံးရှုံးရတဲ့အထိဖြစ်စေသလဲဆိုတာ
သိပ္ပံပညာရှင်များ လေ့လာခဲ့ကြတယ်။
လီသီရမ်ဘက်ထရီကို ကြက်အူချောင်းနဲ့ အသားတုံးထဲခွဲပြီးထည့်လိုက်တယ်။
၂ နာရီအကြာမှာပဲ ဘက်ထရီဟာပေါက်ပြီး
ဘက်ထရီနဲ့ ၎င်းအနီးရှိအသားများ မည်းလိုက်လာတာတွေ့ရတယ်။
၂ စင်တီမီတာလောက်ရှိတဲ့ လီသီရမ်ဘက်ထရီဟာ
ကလေးများမြိုချတဲ့အခါ လည်ချောင်းမှာတစ်နေတတ်တယ်။
ဘက်ထရီဟာ အာခေါင်နံရံများနဲ့ထိတွေ့တဲ့အခါ
လျှပ်စီးမှုဖြစ်ပေါ်လာပြီး ကော့စတစ်ဆိုဒါထွက်ပေါ်စေတယ်။
၎င်းကော့စတစ်ဆိုဒါက အသားကိုကြောက်မက်ဖွယ်လောင်ကျွမ်းစေပါတယ်။
ဘက်ထရီကိုပြန်ထုတ်နိုင်သည့်တိုင်
ဆက်လက်ပြီး ကြီးမားတဲ့ဒဏ်ရာနဲ့ လောင်ကျွမ်းမှုကိုဖြစ်စေတယ်။
When the battery gets stuck, it sets up an electrical current when it comes in contact with the lining of the throat, creating a build-up of caustic soda which causes horrific burns.
Even after the battery has been removed it can continue to cause serious injury and burns.
ဒါကြောင့် လူကြီးမိဘများအနေနဲ့
ဘက်ထရီအသစ်များကို ကလေးလက်လှမ်းမမှီရာမှာသိမ်းဆည်းကြပြီး
ဘက်ထရီအဟောင်းများကိုလည်း စည်းကမ်းတကျ
မမေ့မလျော့ အမြန်ဆုံးစွန့်ပစ်ကြပါလို့ တိုက်တွန်းထားတယ်။
လူကြီးမိဘတွေ သတိထားရမှာက
လီသီရမ္ဘက္ထရီကိုၿမိဳခ်ၿပီးတဲ့အခါ
ချက်ချင်းတော့ ဘာလက္ခဏာမှ မပြပါဘူး။
ချောင်းဆိုးမယ်၊ ရေကောင်းကောင်းမသောက်နိုင်ဘူး၊
အစား ကောင်းကောင်းမစားနိုင်ဘူး၊ ရင်ဘတ်အောင့်မယ်၊ အန်မယ်စတဲ့
အခြားသမရိုးကျ ဖျားနာမှုလက္ခဏာလောက်တာတွေ့ရတယ်။
အသက်ရှူရခက်တဲ့ပုံဖြစ်နေရင်တော့
လည်ချောင်မှာ တခုခု (ဘက်ထရီဖြစ်နိုင်တယ်) တစ်နေပြီဆိုတာသိရှိနိုင်တယ်။
ဒီလိုဖြစ်ခဲ့ရင် ဘာမှ မကျွေးပါနဲ့၊ မတိုက်ပါနဲ့။
အမြန်ဆုံးသာ ဆေးရုံကိုခေါ်သွာပါ။
ဒီကိစ္စဟာ ကလေးတင်ဖြစ်တာမဟုတ်ပါဘူး။
ဆေးအမှတ်နဲ့ မှားယွင်းကောက်ယူသောက်လိုက်လို့
လူကြီးများမှာလည်း ဒီပြဿနာတွေ့နေရပါတယ်။
ဒါကြောင့် လီသီရမ်ဘက်ထရီများကို
အသစ်ဆိုသေချာသိမ်းဆည်းပြီး
အဟောင်းဆို အမြန်ဆုံးစည်းကမ်းတကျစွန့်ပစ်ကြပါ။
HOW TO KEEP CHILDREN SAFE AND WHAT TO DO IF THE WORST HAPPENS
1. KEEP OUT IF REACHl Keep devices with button batteries out of reach if the battery compartments aren't secure and lock away and loose or spare batteries
2. TAKE THEM TO HOSPITAL: If a child swallows a button battery or gets one stuck in their nose or ear take them straight to the nearest A&E department
3. NIL BY MOUTH: Do not let them eat or drink anything and do not try to make them sick
4. GET HELP FAST: It is important to get to hospital as soon as possible and the sooner the battery can be removed the less chance of permanent damage
5. SHARE THIS MESSAGE: Campaigners want people to spread the word so people know what to do if the worst does happen
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
TRAGIC TALE OF GIRL WHO DIED AFTER SWALLOWING SURPRISE KILLER
Four-year-old Summer Steer had been back and forth from hospital after doctors failed to realise what was wrong with her in a tragic series of events.
Summer was sent home from Noosa hospital in Queensland's Sunshine Coast after ingesting a 2cm lithium battery and vomiting half a litre of blood in June 2013.
She was taken to hospital three times after she started suffering a sore stomach, temperature and black bowel movements, an inquest into her death heard.
Dr Jacobus Du Plessis, the emergency doctor at Noosa Hospital who sent Summer home said he thought she just had a nose bleed, the Sunshine Coast Daily reported.
Her mother Andrea Shoesmith took Summer to Noosa Hospital after noticing her vomit at home, but she was sent home 15 minutes after seeing Dr Du Plessis.
When she started vomiting blood outside the hospital Summer was admitted overnight.
Summer vomited blood another two times while she in hospital, according to Ms Shoesmith.
Dr Du Plessis discharged Summer for a second time at 6.30am on June 30 after calling the Nambour paediatrician registrar to get advice.
'I thought her bleeding was less,' he told the inquest.
Ms Shoesmith thought her daughter was 'dying'.
When an x-ray was finally taken, Summer had vomited half a litre of blood in hospital.
The button battery was found lodged in her oesophagus but she died from cardiac failure two hours later.
Coroner John Hutton asked Dr Du Plessis if it was a 'tragic misdiagnosis'.
Dr Du Plessis agreed and said in hindsight he should have taken greater care with note-taking.
Summer was the first child in Australia to die from swallowing a lithium battery.
Tragic death of toddler who swallowed a 'button' battery ကိုကြည့်လိုက်ရင်
အသေအချာသဘောပေါက်သွားပါလိမ္မယ်။
(Share ပေးခြင်းဖြင့် မိဘတိုင်းသိရှိကြပါစေ။)
Htin Aung
ပြန်လည် မျှဝေခြင်း
ကင်ဆာအန္တရာယ်များ
ဖတ်ဖြစ်အောင် ဖတ်သွားနော်ဘော်ဘော်တို့
ပြောမယုံကြုံဖူးမှသိဆိုသလိုပဲ ကိုယ်တွေ့ကြုံမှပဲသိတော့တယ်၊ ဒီမနက်ဈေးထဲကနေ ငါးပုဏ္ဏားလေးတွေတွေ့တာနဲ့ဝယ်လာတာ အမြှီး၊ခေါင်းလေးတွေကတ်ကြေးနဲ့ညှပ်ရင်း ဝမ်းဗိုက်အောက်နားလောက်မှာအနီစက်လေးတွေတွေ့တော့သတိရသွားတာက လွန်ခဲ့တဲ့၂ပတ်လောက်က ရုံးကအမတယောက်နဲ့နေ့လည်စာအတူစားရင်းသူ့ရဲ့ကိုယ်တွေ့အဖြစ်အပျက်ကိုပြောပြတာမှာ သူ့အမေအတွက်ကြည့်မြင်တိုင်ငါးဈေးကငါးပုဏ္ဏားဝယ်လာတာ ငါးကိုင်ရင်းသတိထားမိလာတာက  ငါးအားလုံးရဲ့ဝမ်းဗိုက်အောက်မှာတူညီတဲ့အနီစက်လေးတွေတွေ့တယ်တဲ့၊သူကအပ်ပေါက်ရာလို့ယူဆပြီး ငါးအားလုံးကိုဒီအတိုင်းပန်းကန်ကန်ထဲထည့်ပြီး ထားလိုက်တယ်တဲ့၊ ခဏကြာတော့ ပုရွက်ဆိတ်အနက်တွေပန်းကန်ပေါ်ကိုတက်လာတာတွေ့တယ်၊ ဒါပေမဲ့ ပါးရွက်ဆိတ်နက်လေးတွေဟာချက်ချင်းပဲပန်းကန်ပေါ်ကနေပြန်ဆင်းသွားကြတယ်တဲ့၊သူတို့သားအမိတနေကုန်စောင့်ကြည့်တာ ဘာအကောင်မှမလာတော့တဲ့အပြင်ညနေစောင်းအထိ အဲ့ငါးကမပုပ်မသိုးရှိနေတယ်တဲ့၊ ဟိုတလောလေးကလည်း တယောက်ကကိုယ်တွေ့ကိုရှယ်ထားတာမှာ မုန့်ဖတ်ဝယ်တာ တနေကုန်အဲဒီမုန့်ဖတ်ကမချဉ်မသိုး ဒီတိုင်းလေးပဲတဲ့ ကြာရှည်ခံအောင် ဖော်မလင်တွေနဲ့စိမ်ထားတယ်ဆိုလားဖတ်လိုက်ရတယ်၊ ဖော်မလင်ဆိုတာက လူသေတွေကြာရှည်ထားခံအောင် အလောင်းတွေမှာထိုးတဲ့ဆေးတဲ့၊ခုလည်းဒီဈေးကြီးငါးတွေရေရှည်ခံအောင် တကောင်ခြင်းစီကိုစိတ်ရှည်လက်ရှည်ဆေးထိုးထားပြီးရောင်းတဲ့၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ဝိသမလောဘသားစီးပွားရေးသမားတွေရယ်၊ အဲလိုလူမျိုးတွေကိုဖော်ထုတ်ပေးမဲ့ ခိုင်မာတဲ့ စားသုံးသူအခွင့်အရေးကာကွယ်ပေးတဲ့အဖွဲ့လိုမျိုးတွေမရှိတာကြောင့်မြန်မာနိုင်ငံဟာ ကင်ဆာမှာ ကမ္ဘာ့အဆင့် နံပါတ်၂ဖြစ်နေပါပြီဆိုတာ အများသိအောင် ရှယ်လိုက်ရပါကြောင်း
အညာသားလေး
Thursday, 26 November 2015
ဖုန်းကို အိမ်သာထဲထိ ယူသုံးခြင်းက ကူးစက်ရောဂါတွေ ရစေနိုင်
------
Facebook မှာ တင်ထားတဲ့ ကိုယ့် selfie လေးက အရမ်းမိုက်နေတာကြောင့် Like တွေ ဘယ်လောက်များ ရနေလဲဆိုတာ အိမ်သာတက်ရင်းတောင် စိတ်မဖြောင့်နိုင်ဘဲ ဖုန်းနဲ့ ကြည့်နေတတ်ပါသလား။ဒါဆိုရင်တော့ သင့်ရဲ့အပြုအမူက မှားနေပါပြီ။ သင့်ရဲ့ဖုန်းကို သန့် စင်ခန်းထဲထိယူသုံးခြင်းဟာ ဆိုးရွားတဲ့ ကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
“ သင်နဲ့ အတူ လူကြားသူကြားထဲ၊ လူ့ ပတ်ဝန်းကျင်ထဲ ယူသွားရမယ့် ဘယ်ပစ္စည်းကိုမဆို အိမ်သာထဲထိ ယူမသွားသင့်ပါဘူး” လို့ ရောဂါပိုးမွှားကျွမ်းကျင်ပညာရှင် Jason Tetro က ပြောပြပါတယ်။ ‘The Germ Code’ စာအုပ်ကို ပြုစုခဲ့သူ Tetro ဟာ မိုဘိုင်းဖုန်းကို အိမ်သာထဲထိယူသုံးလောက်ရအောင် ခေတ်မစားခင် ၂၀၀၆ ခုနှစ်ကတည်း ဒီပြဿနာကို လေ့လာခဲ့တာဖြစ်ပါတယ်။
ထို့ နောက်မှာတော့၊ မိုဘိုင်းးဖုန်းတွေဟာ လူတွေရဲ့ဘ၀မှာ အရေးကြီးအစိတ်အပိုင်းတစ်ခုလိုဖြစ်လာပြီး တစ်ချိန်တည်းမှာပဲ မိုဘိုင်းဖုန်းတွေ ရောဂါပိုးမွှားတွေနဲ့ ပိုပြည့်နှက်လာတယ်လို့ Tetro က ဆိုပါတယ်။“ လေထုထဲကပျံ့ နှံ့ နိုင်တဲ့ရောဂါပိုးတွေဖြစ်တဲ့ အီကိုလိုင် (E.coli) ၊ အစာအဆိပ်သင့်ဖြစ်စေနိုင်တဲ့ ဆယ်မွန်နဲလာပိုး (salmonella) ၊ ၀မ်းပျက်ပိုး (C.difficile) Norovirus စတဲ့ပိုးတွေ အိမ်သာထဲမှာ ရှိနေရင် ဒီပိုးတွေဟာ သင့်ရဲ့ဖုန်း ကပ်ပါလာနိုင်ပါတယ်။
ဒီနောက်မှာတော့ ကိုယ်တိုင်ရောဂါကူးစက်ခြင်း ဒါမှမဟုတ် ဒီရောဂါပိုးပါလာတဲ့ဖုန်းကို တခြားသူတစ်ယောက်က ထိကိုင်မိရင် သူ့ ကိုရောဂါကူးစေနိုင်တာတွေ ဖြစ်နိုင်ပါတယ်” လက်မဆေး ဘဲ ဖုန်းကိုပြန်ကိုင်ခြင်း ဒါမှ မဟုတ် ဖုန်းကို အယ်ကိုဟောသန့် စင်ဆေးရည်နဲ့ မဆေးဘဲ သုံးခြင်း တို့ က ဖုန်းမှာ ဘက်တီးရီးယားတွေ တစ်စထက်တစ်စ များလာနိုင်တယ်လို့ Tetro က ရှင်းပြပါတယ်။
တကယ်လို့ ကိုယ့်ရဲ့လက်တွေတင်မကဘဲ ကိုယ်သုံးနေတဲ့ ဖုန်းတွေ၊ တက်ဘလက်တွေကိုပါ သန့် ရှင်းရေး ကောင်းကောင်းလုပ်ပေးမယ်ဆိုရင်တော့ ဒီအန္တရာယ်ကနေ စိတ်ချရတယ်လို့ သိရပါတယ်။၂၀၁၃ ခုနှစ် က UK မှာပြုလုပ်ခဲ့တဲ့လေ့လာမှု တစ်ခုအရလည်း အိမ်သာထိုင်ခုံတွေထက် စမတ်ဖုန်းတွေ၊ ကီးဘုတ်တွေနဲ့ တက်ဘလက်တွေဟာ ရောဂါပိုးတွေ ပိုပြည့်နှက်နေကြောင်း တွေ့ ရှိခဲ့ရပါတယ်။
(Trend Myanmar)
Tuesday, 24 November 2015
၂၁ ရာစု ဗာဟိရဒါရုစီရိယကို ကိုးကွယ်ကြသူများ [ဓမ္မသုတေသီ(မန္တလေး)]
၂၁ ရာစု ဗာဟိရဒါရုစီရိယကို ကိုးကွယ်ကြသူများ [ဓမ္မသုတေသီ(မန္တလေး)]
------ ------ ------ ------ပြီးခဲ့တဲ့အပတ်ကမိမိ၏မိတ်ဆွေရဟန်းအချို့နဲ့အတူရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ကို လေ့လာရေးခရီးသွားရောက်ဖြစ်ခဲ့ပါတယ်။ တောင်ကြီးမြို့ကိုရောက်ပြီး နောက်တစ်ရက်မှာ ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဟိုပုံးမြို့၊ ရှေးဟောင်းသမိုင်းဝင် ထမ်းဆမ်းလှိုဏ်ဂူကို ဒေသခံတချို့က လိုက်ပို့ပေးလို့ အင်မတန်သာယာလှပလွန်းတဲ့ တောင်တန်းကြီးတွေကို ဖြတ်ကျော်ပြီး ထမ်းဆမ်းဂူသို့ ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာထူးခြားတာက လာရောက်လည်ပတ်သည့် ဧည့်သည်တိုင်းအသားငါးများကို ထိုနယ်နိမိတ်အတွင်းကို လုံးဝယူဆောင်ခွင့်မရှိပါဘူးတဲ့။ လာသမျှဧည့်သည်တိုင်းကို ထမင်းဖြူ၊ ဖရုံသီးရေလုံပြုတ်နဲ့ ကျွေးမွေးဧည့်ခံနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါနဲ့မိမိလည်းဒေသခံတစ်ချို့ကိုမေးမြန်းကြည့်တော့ ဒီလိုကျွေးမွေးတာကဒီမြို့မှာရှိတဲ့ တန်ခိုးကြီးပြီးရဟန္တာနီးပါး သမုတ်ထားကြသည့် ဟိုပုံးကိုရင်လေးရှင်ပေါရိဿ၏ အလှူတော် ဖြစ်ပါတယ်တဲ့။
နေ့စဉ်နေ့တိုင်းဒီလိုကျွေးမွေးနေသည်ဟုလည်းသိခဲ့ရပါတယ်။ ဒေသခံတွေကတော့ အားရပါးရသုံးဆောင်နေကြတာကို တွေ့မြင်ခဲ့ရပါတယ်။ မိမိအပါအဝင် မိတ်ဆွေရဟန်းအချို့ကတော့ မွေတော်ကက္ကူမှာ ကြိုတင်ပြီးဆွမ်းဘုဉ်းပေးခဲ့လို့ အဆင်ပြေသွားသည်ဟုပြောရမည် ဖြစ်ပါတယ်။
ထမင်းကျွေးမွေးတဲ့ အဆောင်တွေကိုလေ့လာပြီးလှိုင်ဂူရှိရာဆီသို့ ရှေဦးလှည့်မိကြတော့ လမ်းဘေးဝဲယာမှာလက်နက်ကိုင် ပအို့ဝ်စစ်သားအများအပြားကို တွေ့မြင်ခဲ့ရပါတယ်။ မိမိအတွက် ပို၍အံသြစရာကောင်းသည်ကားလှိုင်ဂူအပေါက်ဝ၏ ညာဘက်ခြမ်းတွင် ပအို့ဝ်ရဟန်းတော်တစ်ချို့နဲ့ ကိုရင်တစ်ချို့က သာသနာပြုရန်ပုံငွေ အရောင်းဆိုင်ဟု အမည်တပ်ထားသည့် ဆိုင်ခန်းလေးမှာ ဟိုပုံးကိုရင်လေးသိဒ္ဓိတင်ထားသည်ဟုဆိုသော ရွှေရောင် လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုးများကို ကိုယ်တိုင်ရောင်းချနေသည်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ ထို ပအို့ဝ်ရဟန်းတော်များက မည်သူမျှဂရုမစိုက် အေးအေးလူလူပင် ဈေးဝယ်ဒကာ၊ ဒကာမများအားရောင်းချပေးနေသော်လည်း မိမိမှာတော့ ယိုသူမရှက် မြင်သူရှက်ဆိုသလို မျက်နှာပူလွန်းလို့ လှိုဏ်ဂူထဲသို့ ခြေလှမ်းခပ်ကြဲကြဲဖြင့်ဝင်ရောက်ခဲ့မိပါတယ်။ဂူထဲရောက်တော့လည်းအလှူခံဖလားတွေခုံပေါ်တင်ပြီးထိုင်စောင့်နေသည့် ပအို့ဝ်ရဟန်းတော် တစ်စုကိုထပ်မံမြင်တွေ့ခဲ့ရပါတယ်။
လှိုဏ်ဂူထဲမှာရှိတဲ့ ကျောက်ပန်းဆွဲအချို့ကို မှတ်တမ်းတင်ဓာတ်ပုံရိုက်နေတုန်း မိမိနှင့်အတူပါလာသည့် ဒေသခံတချို့က မိမိအနီးအပါးကိုရောက်လာပြီး အားရဝမ်းသာနဲ့ “အရှင်ဘုရားကံထူးလို့ ဟိုပုံးကိုရင်လေးကို ဖူးခွင့်ရတော့မယ်ဘုရား”လို့ လျှောက်တင်ကြရင်း ဟိုပုံးကိုရင်လေးရှိရာကို ပင့်ဆောင်သွားကြပါတယ်။ မိမိလည်း မြင်ဖူးတယ်ရှိအောင် လိုက်ကြည့်မိတော့ အလို ဘုရားရေ၊ အသက်လေးဆယ်ကျော်အရွယ်ရှိ ကိုယ်တော်တစ်ပါး ခါးမှာပစ္စတိုသေနတ် နှစ်လက် ချိတ်လို့၊ (တစ်လက်ကရွှေရောင်၊ တစ်လက်ကငွေရောင်ဖြစ်ပါတယ်) လည်ပင်းမှာ ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ ပုတီးတစ်ကုံးစွတ်ထားပြီး ခန္ဓာကိုယ်မှာတော့ ဘုရားအရေတော်ဖြစ်တဲ့ သင်္ကန်းတော်ကိုဝတ်ရုံထားတဲ့ ရဟန်းလား ကိုရင်လား သေသေချာချာ ဆုံးဖြတ်ရခက်သည့် ဒေသခံတို့ အခေါ်ဝေါ် ဟိုပုံးကိုရင်လေးဆိုသူကို တွေ့မြင်ခဲ့ရပါတယ်။ သူ့ဘေးမှာလည်း လက်နက်ကိုင် ပအို့ဝ်စစ်သားခြောက်ယောက်က ဝိုင်းဝန်းထားပြီး လုံခြုံရေး စောင့်ရှောက်နေကြပါတယ်။ လာသမျှ ဧည့်သည်တွေက ထို ဟိုပုံးကိုရင်လေးဆီကိုသွားပြီး ပိုက်ဆံငါးထောင်၊ တစ်သောင်းအစရှိသည်ကို လှူဒါန်းပူဇော်ပြီး သူတို့ဦးခေါင်းကို ထို ပုဂ္ဂိုလ်ကလက်ဖြင့်ပွတ်ပေးကာ ဆုပေးနေသည်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
မိမိတားမြစ်နေသည့်ကြားကပင် မိမိ၏ ဒကာမအချို့မှာ ရောယောင်ပြီးသွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ မိမိမြင်တွေ့ခဲ့ရသလောက် ငါးထောင်တန်၊ တစ်သောင်းတန်၊ တစ်ထောင်တန် အစရှိသည့် ပိုက်ဆံများမှာ ထိုပုဂ္ဂိုလ်၏ ဘေးတွင် အစုလိုက်၊ အပုံလိုက် ရှိနေသည့်အပြင် ပီနံအိတ်နှင့်ပါ စစ်သားများကထည့်သိမ်းနေသည်ကို မြင်တွေ့ခဲ့ရပါတယ်။ သို့သော် ထိုဟိုပုံးကိုရင်လေးကို ဧည့်သည်များကဓာတ်ပုံရိုက်ခွင့်ကိုကား ပအို့ဝ်စစ်သားများက လုံးဝခွင့်မပြုပေ။ သူ့အရပ်နှင့်သူ့ဇာတ် အဆင်ပြေစွာကနေသည်ဖြစ်သော်လည်း မိမိမှာမူ မဆီမဆိုင် ထို အလိမ်ခံ၊ အလှည့်စားခံ ဒကာ၊ ဒကာမများကိုယ်စား စိတ်မကောင်းဖြစ်မိခဲ့ပါတယ်။ အပြန်လမ်းမှာတော့ မိမိတို့ကိုကားမောင်းပို့ သောကားဒရိုင်ဘာကို မေးမြန်းစုံစမ်းကြည့်တော့ ထိုဟိုပုံးကိုရင်လေးက ဒီဟိုပုံးနယ်တစ်ဝိုက်မှာ အာဏာအရှိဆုံးဖြစ်သလို၊ တန်ခိုးအကြီးဆုံးလည်း ဖြစ်ပါတယ်တဲ့။ ထိုဟိုပုံးကိုရင်လေးက ဧကများစွာသောဘိန်းစိုက်ခင်းတွေ ပိုင်သည့်အပြင်၊ သစ်ခိုးထုတ်တဲ့ ခရိုနီတွေ စီးပွားရေးသမားတွေက သူ့ကိုလစဉ်ကြေးပေးရပါတယ်တဲ့။ အဲဒီကရတဲ့ ငွေတွေနဲ့ သူ့ပအို့ဝ်စစ်သားတွကို ထောက်ပံ့တယ်၊ ပြီးတော့ အများမြင်ကောင်းအောင် ဘုရားတည်ပေးတယ်တဲ့။
တကယ်တော့ သူ့နယ်တစ်ဝိုက်မှာသက်သက်လွတ်နဲ့ ထမင်းကျွေးမွေးတယ်ဆိုတဲ့ ကောင်းကွက်ကလေးတခုကို အကာအကွယ်ယူပြီး မကောင်းမှုဒုစရိုက်တွေကို ပြုမှုဆောင်ရွက်နေတဲ့သူ၊ လာသမျှလူအပေါင်းကို လိမ်ညာလှည့်ဖျားပြီး ပိုက်ဆံတောင်းနေတဲ့သူဆိုတာ အဲဒီနယ်မှာရှိကြတဲ့ ဒေသခံတွေက လုံးဝ မသိရှိကြပါဘူး။ မိမိဆက်ဆံကြည့်သလောက် ပအို့ဝ်တိုင်းရင်းသားတွေက ထေရဝါဒဗုဒ္ဓဘာသာကို တကယ်မြတ်နိုးကိုးကွယ်ကြ သလို ရဟန်း၊ သံဃာတွေနဲ့ပတ်သက်ရင်လည်း အင်မတန်မှ လေးစားကြည်ညိုကြတဲ့သူတွေပါ။ သို့သော် စာဖတ်အားနည်းကြသည့်အပြင် ကိုယ်ပိုင်စဉ်းစားတွေးခေါ် တက်မူသိပ်မရှိကြတဲ့အတွက် ထိုကဲ့သို့ အလိမ်အညာလုပ်ဇာတ်ကြီးကို ဘုရားတမျှ ကိုးကွယ်ဆည်းကပ်နေကြတာပါ။ လူသတ်လက်နက်ဖြစ်တဲ့ ပစ္စတိုနှစ်လက် ခါးမှာချိတ်ပြီး ဘိန်းစိုက်တဲ့ ကိုယ်တော်က သက်သက်လွတ် စားပြရုံနဲ့ ရဟန္တာလိုလို၊ ဘာလိုလိုယုံကြည်သွားကြတဲ့ ပအို့ဝ်တိုင်းရင်းသားတွေရဲ့ သဒ္ဓါတရားဟာအင်မတန်မှ ကြောက်စရာကောင်းလှပါတယ်။ ဒီအဖြစ်အပျက်လေးနဲ့ ပတ်သက်ပြီး (အံ-၁-ပါ-၂၅၊ ဋ္ဌ-၂၁၇) မှာ မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့ ဗာဟိယဒါရုစီရိယမထေရ်ရဲ့ ဇာတ်လမ်းအကျဉ်းကိုပြောပြချင်ပါတယ်။
တခါတုန်းကဗာဟိယတိုင်းသားဖြစ်တဲ့ ဗာဟိယအမည်ရှိ ကုန်သည်တစ်ယောက်ဟာ ကုန်သွယ်ဖို့ရန် သင်္ဘောဖြင့် သမုဒ္ဒယာခရီးကို သွားခဲ့ပါတယ်။ လမ်းတဝက်မှာ သင်္ဘောမှောက်တော့ ဗာဟိယကုန်သည်လည်း သင်္ဘောပျက်ပေါ်ကမျှောလာတဲ့ ပျဉ်ချပ်များကိုတွယ်ဖက်ပြီး ရေးစီအတိုင်းလိုက်ပါလာရင်း အသက်ရှင်ခွင့် ရရှိခဲ့ပါတယ်။ ရက်အနည်းငယ်ကြာတော့ သုပ္ပါရကဆိုတဲ့ သင်္ဘောဆိပ်တခုအနီးမှာ သောင်တင်ခဲ့ပါတယ်။ ဗာဟိယရဲ့ အဝတ်အစားတွေက ရေစီးထဲမှာမျှောပါပျောက်ကွယ်ကုန်လို့ သူဖက်တွယ်လာတဲ့ ပျဉ်ချပ်များကို ဖြုတ်ပြီး ကြိုးနဲ့တွဲချည်၍ ခါးမှာရစ်ပတ်ထားလိုက်ပါတယ်။ ထို့နောက် အစားအသောက် တောင်းရမ်းစားသောက်ဖို့ ကမ်းစပ်အနီးရှိရွာထဲကို ဝင်ခဲ့ပါတယ်။ သုပ္ပါရကရွာသူရွာသားတွေက ပျဉ်ချပ်တွေခါးမှာ အရှက်လုံပတ်ချည်ထားပြီး ခွက်တလုံးကိုင်ထားတဲ့ ဗာဟိယကို မြင်တဲ့အခါ ခြိုးခြံတဲ့အကျင့်ကိုကျင့်နေတဲ့ ရဟန္တာတပါးလို့ ထင်မှတ်ပြီး ကြည်ညိုသဒ္ဓါပွားကာ မွန်မွန်မြတ်မြတ် အစားအသောက်တွေကို လှူဒါန်းကြပါတော့တယ်။ ဒါ့အပြင် ရွာသားတွေကဗာဟိယကို ရွာထိပ်ကဇရပ်မှာ သီတင်းသုံးနေထိုင်ပေးဖို့ တောင်းဆိုကြပါတယ်။ ဗာဟိယလည်း ချော်လဲရောထိုင်ရင်း ရွာသူရွာသားတွေ ရိုသေလေးစွာ ပြုစုလုပ်ကျွေးသည်ကို အခန့်သားခံယူပြီး စံစားနေပါတော့တယ်။
လူတွေကရဟန္တာဆိုပြီး ကိုးကွယ်ဆည်းကပ်ကာ ခေါ်ပြောသံတွေ ကြားရဖန်များတော့ ဗာဟိယလည်း သူ့ကိုယ်သူစိတ်ကြီးဝင်ပြီး ရဟန္တာလို့ ထင်မှတ်လာခဲ့ပါတယ်။ လောကတွင် ရဟန္တာရှိ၏ ထိုရဟန္တာတို့တွင် ငါသည် တပါးအပါအဝင်ဖြစ်၏ဟု ထင်မှတ်နေပါတော့တယ်။ ဒါကြောင့်ပင် ရရှိလာတဲ့ အဝတ်အစားများကို မဝတ်တော့ဘဲ ပျဉ်ပြားကိုခါးမှာပတ်ပြီး ရဟန္တာအဖြစ်နေထိုင်ပါတော့တယ်။ ဗာဟိယဟူသောမူလနာမည်တွင် ဒါရုစီရိယဆိုတဲ့ ဂုဏ်ပုဒ်ကိုပေါင်းထည့်ကာ လူအများကသူ့ကို ဗာဟိယဒါရုစီရိယလို့ ခေါ်ကြပါတော့တယ်။ ဒါရုစီရိယဟူသည်မှာ မြန်မာလို ပျဉ်ချပ်ကိုဝတ်ဆင်သောသူဟု အဓိပ္ပါယ်ရပါတယ်။ ရဟန္တာအကျင့်ကိုမကျင့်ပါဘဲ ရဟန္တာရယ်လို့ သူ့ကိုယ်သူစိတ်ကြီးဝင်နေတဲ့ ဗာဟိယဒါရုစီရိယ၏ အဖြစ်ကို ကဿပဘုရားရှင်လက်ထက်က သူနဲ့အတူရဟန်းအဖြစ်ဖြင့် တရားကျင့်ပြီး ဗြဟ္မာ့ဘုံရောက်နေတဲ့ ဗြဟ္မာကြီးက မြင်တွေ့သွားခဲ့ပါတယ်။အနာဂါမ်ဖြစ်နေတဲ့ သူရဲ့သူငယ်ချင်း ဗြဟ္မာကြီးကစိတ်ကြီးဝင်နေတဲ့ ဗာဟိယကိုအပါယ်မလားဖို့ရန် တညတွင် ကိုယ်ထင်ပြပြီး အောက်ပါအတိုင်းသတိပေးစကား ပြောကြားခဲ့ပါတယ်။ “အချင်းဗာဟိယ သင်ဟာ ရဟန္တာ မဟုတ်သေးဘူး။ သင့်မှာ ရဟန္တာဖြစ်နိုင်တဲ့ အကျင့်လည်း မရှိသေးဘူး။ ဒါကြောင့် သင်၏ အယူမှားခြင်းကို စွန့်ပစ်လော့။ ငါသည် ဗြဟ္မာဘုံမှ ဗြဟ္မာကြီးတဦးဖြစ်ပါတယ်။ ငါသည် ဘဝတခုမှာ သင်နှင့်အတူ တရားကျင့်ခဲ့ဖူးတဲ့ မိတ်ဆွေဖြစ်လို့ အခုလိုသတိပေးစကားပြောရခြင်းဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဗြဟ္မာကြီးကို ကိုယ်တိုင်မြင်ရပြီး ဗြဟ္မာကြီးစကားကို ကြားလိုက်ရတဲ့အခါ ဗာဟိယတယောက် အင်မတန်တုန်လှုပ်သွားပြီး သူ့အမှားကိုချက်ချင်းဆင်ခြင်မိကာ ဗြဟ္မာကြီးကို “အရှင်ဗြဟ္မာမင်းကြီး လောကမှာ ရဟန္တာရှိပါသလား၊ မည်သည့်အရပ်တွင် ရှိသနည်း၊ အကျွန်ုပ်အားလမ်းညွှန်ပါလော့“ဟုမေးမြန်းခဲ့ပါတယ်။ ဗြဟ္မာကြီးကလည်း မြတ်စွာဘုရားရှင်ရှိရာ သာဝတ္ထိပြည်ကိုလမ်းညွှန်လိုက်လို့ ဗာဟိယတယောက် ဘုရားရှင်ဆီရောက်ပြီး ပါရမီဓာတ်ခံရှိသူပီပီတရားနာယူကာ ရဟန္တာအဖြစ်ကို ရောက်ရှိသွားပါတယ်။ သို့သော်လည်း ရဟန်းအဖြစ်ကိုကား မရရှိသေးပေ၊ ဒါကြောင့် မြတ်စွာဘုရားထံမှာ ရဟန်းပြုခွင့်တောင်းသောအခါ ဘုရားရှင်ကသပိတ်၊ သင်္ကန်းရှာခိုင်းခဲ့ပါတယ်။ ဗာဟိယလည်းသပိတ်၊ သင်္ကန်းအရှာထွက်ရင်းလမ်းမှာ ဘီလူးမဝင်ပူးနေတဲ့ နွားမတစ်ကောင်ကသူ့ကို ဝှေ့သတ်လိုက်လို့ ရဟန္တာဖြစ်သော်လည်း သင်္ကန်းဝတ်ခွင့်မရလိုက်ဘဲ ပရိနိဗ္ဗာန်ပြုသွားခဲ့ပါတယ်။
ဒီဗာဟိယဒါရုစီရိယဇာတ်လမ်းနှင့် ရှမ်းပြည်နယ် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပုံးမြို့မှာမိမိကြုံတွေ့ခဲ့ရတဲ့ ဟိုပုံးကိုရင်လေးရဲ့ လက်ရှိပြုမှု ကျင့်သုံးနေတာတွေဟာ အားလုံးနီးပါး အတူတူပဲဖြစ်ပါတယ်။ ဒါကြောင့် ၂၁ရာစု ဗာဟိယဒါရုစီရိယဖြစ်တဲ့ ဟိုပုံးကိုရင်လေးဆိုသူဟာ ဒေသခံပြည်သူတွေရဲ့ပညာမပါတဲ့ မျက်ကန်းယုံကြည်မှု သဒ္ဓါတရားကိုအလွဲသုံးစားလုပ်ပြီး ထေရဝါဒဗုဒ္ဓဘာသာကို ညစ်နွမ်းအောင်၊ အရောင်တွေ မှေးမှိန်အောင် ပြုလုပ်နေတဲ့ သာသနာ့နွယ်ဝင် အတုအယောင်တပါးသာဖြစ်တယ်ဆိုတာ ပညာရှိသူတိုင်းသိရှိနိုင်ပါတယ်။ မျောက်ပြပြီးဆန်တောင်းတဲ့ လုပ်ရပ်တွေဟာမိမိတို့ ထေရဝါဒဗုဒ္ဓဘာသာမှာ အတွေ့မြင်ရဆုံး ဖြစ်ပါတယ်။ ထို့အပြင် အများစုသောထေရဝါဒဗုဒ္ဓဘာသာဝင်တို့ဟာ သင်္ကန်းပတ်ထားလျှင် ကြည်ညိုစရာဟုယုံကြည်ထားကြသည့် အင်မတန် ရိုးအလွန်းတဲ့ စိတ်ဓာတ်တွေကြောင့် မိမိတို့ ထေရဝါဒဗုဒ္ဓဘာသာဟာ တဖြည်းဖြည်းဆုတ်ယုတ်လာကိုလည်း သတိပြုစေချင်ပါတယ်။ ထို အလဇ္ဇီပုဂ္ဂိုလ်တို့၏ လုပ်ရပ်တွေကြောင့် မိမိတို့ ထေရဝါဒဗုဒ္ဓဘာသာဟာ အရှက်ရစရာ ဂုဏ်သိက္ခာမဲ့စရာတွေ အများအပြားကို တွေ့မြင်နေရပါပြီ။
ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိဆရာတော်၊ သံဃာတော်များအနေဖြင့် ယခုကဲ့သို့ သာသနာကိုညစ်နွမ်းအောင် ပြုမှုဆောင်ရွက်နေသူများကို ကိုးကွယ်သူဒကာ၊ ဒကာမများသာသနာအပေါ် အထင်အမြင်လွဲမှားမှုများ                                                         မဖြစ်ပေါ်လာခင် အမြန်ဆုံးအရေးယူဆောင်ရွက်ပေးသင့်ပါတယ်။ သာသနာတော်ကို အကြည်ညိုပျက်ပြီဆိုတာနဲ့ သာသနာတော်ကို ထောက်ပံ့ပေးကမ်း လှူဒါန်းကြတော့မှာ မဟုတ်ပါဘူး။ သစ်ပင်တစ်ပင်ဟာ ရေမြေဆီသြဇာမရရှိရင် ကောင်းစွာမရှင်သန်နိုင်ခြင်း၊ ခြောက်ကပ်ညှိုးနွမ်းပြီးသေဆုံးရခြင်းဆိုတဲ့ အကျိုးတရားများကို ဖြစ်စေသလို ဒကာ၊ ဒကာမများရဲ့ ထောက်ပံ့ပေးကမ်းလှူဒါန်းမှုကိုမရရှိတော့ဘဲ သာသနာတော်ကြီးအနေနဲ့ စင်စင်ကြယ်ကြယ် ရေရှည်တည်တံ့နိုင်မှာမဟုတ်ပါဘူး။
တဖက်တွင်လည်း ဒကာ၊ ဒကာမများအနေဖြင့် ထိုကဲ့သို့ သာသနာကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေသူများ၊ သာသနာကိုပျက်စီးအောင် စော်ကားနေသူများကို မကြည်ညို မကိုးကွယ်သင့်ပါဘူး။ အယုတ်စွဆုံး အားပေးအားမြှောက်မှုကို ဖြစ်စေမည့် ပေးကမ်းလှူဒါန်းခြင်းကိုပင် မပြုမိစေဖို့ အထူးပင် လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
ဓမ္မသုတေသီ(မန္တလေး)qqq
် ဆေးပေါင်းခည နှင့် "မဲဇလီဖူးသုပ်"
ဆေးပေါင်းခည နှင့် "မဲဇလီဖူးသုပ်"
====================
တန်ဆောင်မုန်းလပြည့်နေ့ ညအခါသမယတွင် မယ်ဇလီဖူးသုပ်ကို စားသုံးခြင်းဖြင့် ၉၆- ပါးသော ရောဂါကို ပျောက်ကင်းသက်သာစေပြီး အသက်ကိုရှည်စေပါတယ်လို့ သာရကောမုနိဆေးကျမ်းက ဆိုထားပါတယ်။
တန်ဆောင်မုန်းလပြည့်ည အခါသမယမှာ ဆေးပင်တို့ကိုစောင့်ရှောက်ကြတဲ့ နတ်အပေါင်းတို့က မယ်ဇလီပင်စောင့်နတ်မင်းကို တချိန်တည်းမှာ တညီတညွတ်တညွတ်ထဲ လာရောက်ခစားကြတဲ့အတွက် ဆေးပေါင်းခတယ်လို့လည်းဆိုပါတယ်။
တန်ဆောင်မုန်းလပြည့်ညဟာ ကြယ်တာရာနက္ခတ်အစုံ ထွက်ပေါ်ချိန် လရိပ်သည် ရေရဲ့အလယ်ကျနေချိန် ဖြစ်တဲ့အတွက် အဲဒီအချိန် ခူးဆွတ်မိတဲ့ ဆေးပင်ဆေးရွက်တို့ဟာ ဆေးအာနိသင် အပြည့်အ၀ပြတယ်လို့လဲ ဆိုကြပါတယ်။
ညသန်းခေါင် မွန်းတည့်ချိန်ရောက်သောအချိန်မှာ ရရာသစ်မြစ်ကို နူတ်ယူသိမ်းဆည်းကာ ဆေးဝါးအဖြစ်သုံးစွဲတတ်ကြပါသေးတယ် ဤကဲ့သို့ဘဲ လက်လှမ်းမှီရာ အသီးအရွက်တို့ကို ခူးယူကာ သုပ်စားခြင်းဖြင့်လဲ ဆေးပေါင်းခတယ်လို့ဆိုကြပါတယ်။
မဲဇလီဖူးသုပ် စားခြင်းကို ဆေးပညာရှုထောင့်က ကြည့်မည်ဆိုလျှင် မဲဇလီဖူးမှာ
ရေဓာတ်၊ ဂလူကိုဆိုက်၊ ကတ်သတစ်အက်စစ်၊ အန်သရိုကွီနုန်း၊
ကမ်ဖီရောစတဲ့ ပစ္စည်းတွေ ပါဝင်တာကြောင့် ဆေးဖက်ဝင်တဲ့
အပင်ထွက်ပစ္စည်းအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။
မဲဇလီဖူး မှာ အောက်ပါ အကျိုးကျေးဇူးတွေရှိကြောင်း သိရပါတယ်။
အစာအိမ် အူလမ်းကြောင်းကို ကျန်းမာစေ ပါတယ်
မဲဇလီဖူးကို ရောဂါကင်းရှင်းစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။
အ ကြောင်းကတော့ အန်သရာကွီနုန်းပမာ ဏ များစွာ ပါဝင်ပြီး ဝမ်းချုပ်တာ၊
သွေး ထွက်တာနဲ့ အက်စစ်ဆန်တက်ပြီး ရင်ပူတာတို့လို အစာခြေ
အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဆန့်ကျင်ရာမှာ အဓိက အသုံးဝင်ပါတယ်။
ဝမ်းမှန်မှန်သွားစေပါတယ်
မဲဇလီဖူးဟာ အူတွေကို သန့်စင် စေပြီး အူမကြီးရဲ့ လှုပ်ရှားမှုကို
ကောင်းမွန်စေတာကြောင့် ဝမ်းပျော့ပျော့သွား စေတဲ့ အာနိသင်ရှိပါတယ်။
ဒါ့အပြင် အူ လမ်းကြောင်းရှိ တုတ်ကောင်တွေကို ဖယ် ရှားပေးတဲ့ အစွမ်းလည်း ရှိပါတယ်။
ပျို့ချင် အန်ချင်တာကို သက်သာစေပါတယ်
မဲဇလီဖူးကို အနည်းငယ်စားပေးရင် ပျို့ချင်အန်ချင်ဖြစ်တာကို သက်သာစေပါ တယ်။
ကိုယ်ခံ စွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ်
မဲဇလီဖူးကို စားတာကြောင့် သရက် ရွက်ထဲမှာ ဆဲလ်အသစ်များများဖြစ်
အောင် လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဆေးဖက်ဝင်အစွမ်း ရှိတာပါ။
ရောဂါကို တွန်လန်နိုင်တဲ့ အစွမ်းရှိတာကို အသေးစိတ် လေ့လာမှုတွေ
ဆက်လက်ပြုလုပ်နေကြ ပြီး ကာကွယ်ဆေးအဖြစ် တွဲဖက်သုံးဖို့ဖြစ်နိုင်ခြေ
ရှိ၊ မရှိ စဉ်းစားနေကြပါတယ်။
ဓာတ်တိုး ဆန့်ကျင်နိုင်တဲ့ အင်တီအောက် ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်
မဲဇလီဖူးမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင်ပါတယ်။ ပိုလီဖီနော
ဓာတ်ပါဝင်မှုများပါတယ်။ ဒါကြောင့် ဖရီး ရယ်ဒီကယ်ကြောင့် ဆဲလ်ထိခိုက်မှု
မဖြစ် အောင် ကာကွယ်ပေးနိုင် သလို အသည်း မှာ ထိခိုက်မှု မဖြစ်အောင်လည်း
ကာ ကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူတွေ မှာ ဘယ်လောက်အထိ အသုံးဝင်
ထိရောက် မှု ရှိသလဲဆိုတာကို နောက်ထပ် လေ့လာ မှုတွေ ထပ်လုပ်ဖို့
လိုအပ်နေပါသေးတယ်။
ပိုးမွှားတွေကို တွန်းလှန် ပေးပါတယ်
လေ့လာမှုတွေ အရ မဲဇလီဖူးမှာ Staphylococcus aureus, Pseudomonas
aeruginosa နဲ့ Proteus. vulgaris စတဲ့ ပိုးတွေကို တွန်းလှန်ပေး နိုင်တဲ့
အစွမ်း ရှိကြောင်း ဆိုပါတယ်။ ဒါပေမဲ့ ဖန်းဂပ်စ် မှိုတွေ ကိုတော့ တွန်းလှန်
နိုင်တယ်လို့ မပြသထားပါဘူး။
အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်
မဲဇလီဖူးဟာ ဖရီးရယ်ဒီကယ် တွေကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင်
ကာကွယ်ပေးတဲ့ ဆေးဖက်ဝင် အပင်တစ် မျိုး ဖြစ်တဲ့အတွက် အူမကြီးကင်ဆာနဲ့
အစာဟောင်း အိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်ဆိုတာကို သုတအလို့ငှာ တင်ပြလိုက်ပါရစေ...။
တိပိဋက မြန်မာပြန်
Monday, 23 November 2015
ဖတ်စေချင်လွန်းလို့ပါ...
၂ မိနစ်လောက်အချိန်ပေးပြီ ဖတ်စေချင်ပါတယ်။
လင်မယား စုံတွဲတစ်တွဲပါလာတဲ့
သင်္ဘောတစ်စင်း နစ်မြှုပ်သွားတယ်…
အချိန်တော်တော်ကြာမှ
အသက်ကယ်လှေတစ်စင်းရောက်လာတယ်…
အသက်ကယ်လှေပေါ်မှာ နေရာဆိုလို့
တစ်နေရာဘဲ ကျန်တော့တယ်…
အဲဒီအချိန်မှာ ယောက်ျားဖြစ်သူက သူ့မိန်းမကို
သူ့အနောက်ဆွဲချလိုက်ပြီး သူကိုယ်တိုင်
အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ်…
အဲဒီ အမျိုးသမီး ကတော့
တဖြည်းဖြည်းချင်းနစ်မြှုပ်နေတဲ့သင်္ဘောပေါ်မှာရပ်ပြီး
သူ့ယောက်ျားကို စကားတစ်ခွန်းအော်ပြောလိုက်တယ်…
ဒီနေရာအထိပြောပြီးတော့ ဆရာမက
ကျောင်းသားတွေကို မေးလိုက်တယ်…
“မင်းတို့ ခန့်မှန်းကြည့်…
အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?”
ကျောင်းသားတွေကတော့ အလုအယက်
ဒေါနဲ့မောနဲ့ အော်ပြောကြတယ်…
“ငါနင့်ကိုမုန်းတယ်… ငါကို ထားပစ်ရစ်ခဲ့တယ်… ”
အဲဒီအချိန်မှာ ဆရာမက
ကျောင်းသူလေးတစ်ယောက်ကို
ဘာမှမပြောတာကို သတိထားမိတော့
ဆရာမက သူ့ကိုမေးလိုက်တယ်…
အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်…
“ဆရာမ… သမီး ထင်တယ်…
အဲဒီ အမျိုးသမီးအော်ပြောလိုက်မှာက …
ငါတို့ကလေးကို ကောင်းကောင်းဂရုစိုက်ပေးပါ လို့”…
ဆရာမက အံ့သြသွားတယ်…
သူ့ကို ပြန်မေးလိုက်တယ်…
“အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လာ?”
ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်…
“ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီး
ဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကို ပြောခဲ့တဲ့စကားပါ…”
ဆရာမက ပြန်ပြောလိုက်တယ် ….
“အဖြေမှန်ပါတယ်ကွယ်…”
သင်္ဘော နစ်မြှုပ်သွားပါတယ်…
ယောက်ျားက သူ့မြို့ကို ပြန်ရောက်ပြီး
သမီးလေးကို ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစု
စောင့်ရှောက်ပေးခဲ့တယ်…
နှစ်ပေါင်းများစွာကြာပြီးနောက်
အဲဒီယောက်ျားဟာလဲ ရောဂါနဲ့ ဆုံးပါးသွားတော့
သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရှင်းတော့မှ
သူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တယ်…
အဲဒီအချိန်ရောက်မှ သူသိလိုက်တယ်…
ဖေဖေနဲ့ မေမေ သင်္ဘောအတူစီးတဲ့အချိန်မှာ
မေမေ့ရောဂါဟာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ…
အရေးပေါ်အချိန်မှာ
ဖေဖေဟာ အသက်ရှင်ဖို့တစ်မျှင်တာရှိတဲ့နေရာကို
အရောက်ပြေးခဲ့တယ်…
သူ့ရဲ့ မှတ်တမ်းစာအုပ်မှာရေးထားတာက
“ငါ မင်းနဲ့ ဒီပင်လယ်အောက်ကို အတူတူသာ
နစ်မြှုပ်သွားလိုက်ချင်ပါတယ်…
ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး…
သမီးလေးအတွက်ကြောင့်..
ဒီပင်လယ်ရေနက်အောက်မှာ..
နင်တစ်ယောက်တည်းကိုဘဲထားခဲ့လိုက်ရတာပါ…”
ပုံပြင်ပြောလို့ပြီးသွားပါပြီ…
အခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်…
ဆရာမကသိတယ်…
သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကို
နားလည်လိမ့်မယ်လို့…
ဒီလောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေ…
တခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ်…
ပိုင်းခြားရမှာ ခက်ခဲလှပါတယ်…
ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီး
အလွယ်တကူ ဝေဖန်ပိုင်းခြားလို့မရပါဘူး…
ပိုက်ဆံရှင်းချိန်မှာ
ပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့သူဟာ…
သူ ပိုက်ဆံ အရမ်းချမ်းသာနေလို့မဟုတ်ဘူး…
သူက ဒီသူငယ်ချင်း သံယောဇဉ်ကို
ငွေကြေးထက်ပိုပြီး အလေးထားလို့ပါ…
အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့
ပိုပြီးကြိုးစားလုပ်တဲ့သူဟာ
သူ အ နေလို့မဟုတ်ဘူး…
သူက တာဝန်သိတတ်လို့ပါ…
ရန်ဖြစ်တဲ့အချိန်မှာ
အရင်ဆုံး တောင်းပန်တဲ့သူဟာ
သူမှားနေလို့မဟုတ်ဘူး…
ကိုယ့်ဘေးက လူကို
သူ တန်ဖိုးထားရမှန်းသိနေလို့ပါ…
မင်းကိုအမြဲကူညီနေတဲ့သူဟာ
မင်းဆီကနေ တစ်ခုခုပြန်ရဖို့
တောင့်တနေတာမဟုတ်ဘူး…
မင်းကို သူငယ်ချင်း
အစစ်တစ်ယောက်အနေနဲ့
တန်ဖိုးထားလို့ပါ…
မင်းကို အမြဲ မက်ဆေ့ပို့ ဆက်သွယ်နေတဲ့သူဟာ
အားလပ်နေလို့မဟုတ်ပါဘူး…
ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါဘဲ…
Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ
Dr Shwe Tun ထံမှထပ်ဆင့်မျှဝေပါသည်။
အရှင်နာယက ဗုဒ္ဓတက္ကသိုလ်
09-261779969
ကမ္ဘာ့ ရေနံဈေးနှုန်းထိုးကျခြင်းနှင့်အတူ ရွှေဈေးနှုန်းမှာလည်း ၅နှစ်အတွင်းအနိမ့်ဆုံးသို့ ကျဆင်း - - -
ကမ္ဘာ့ ရေနံဈေးနှုန်းထိုးကျခြင်းနှင့်အတူ ရွှေဈေးနှုန်းမှာလည်း ၅နှစ်အတွင်းအနိမ့်ဆုံးသို့ ကျဆင်း - - -
     ကမ္ဘာ့ ရေနံဈေးနှုန်းဟာ ယခုတလော ၇နှစ်အတွင်းအနိမ့်ဆုံးဈေးသို့ ထိုးကျခဲ့သလို  ကမ္ဘာ့ ရွှေဈေးကွက်မှာလည်း ရွှေတအောင်စဈေးဟာ ဒေါ်လာ(၁၀၆၅)အထိကျဆင်းခဲ့သဖြင့် ရွှေကိုအမြတ်တနိုးဝတ်ဆင်ကြသည့်နိုင်ငံများမှ အိမ်ထောင်ဘ၀ထူထောင်ကြမည့်ဇနီးမောင်နှံလောင်းများအတွက် ၀မ်းသာစရာသတင်းတခုပါဘဲ။ ၂၀၁၁ခုနှစ်စက်တင်ဘာလတွင်ရှိခဲ့သောရွှေဈေးတအောင်စ (၁၉၂၀ ဒေါ်လာ)နှင့်နှိုင်းယှဉ်ပါက များစွာကျဆင်းသွားခဲ့ပါတယ်။ ယခုအတိုင်းသာဆက်လက်ကျဆင်းခဲ့ပြီး ရွှေတအောင်စဈေး ဒေါ်လာ(၁၀၀၀)ရောက်သွားခဲ့ပါက လွန်ခဲ့သောဆယ်စုနှစ်က ရွှေဈေးခေတ်သို့ ပြန်ရောက်သွားနိုင်တယ်လို့ လည်း ပြည်ပဘဏ္ဍာရေးသတင်းများတွင်ရေးသားထားပါတယ်။ ခေတ်အဆက်ဆက် ကမ္ဘာ့ ဈေးကွက်အတက်အကျ ကိုလိုက်နာခဲသည့် မြန်မာပြည်တွင်းဈေးကွက်တွင် မိတ်ဆွေသင်္ဂဟများ မလိုလားအပ်သောဆုံးရှုံး၊ထိန်ချန်ခံရမှု များမှ နှိုင်းဆယှဉ်ထိုးနိုင်ရန် ဖေါ်ပြခြင်းဖြစ်ပါတယ်။
      ရွှေကိုအမြတ်တနိုးဝတ်ဆင်ကြသည့်နိုင်ငံများတွင်ပါဝင်သော မြန်မာနိုင်ငံမှပြည်သူများလည်း လာမည့်ခေတ်သစ်၊စနစ်သစ်၊အနာဂါတ်သစ်တွင် ရွှေတွဲလဲ၊ငွေတွဲလဲဖြင့်သာယာဝပြောနိုင်ကြပါစေရန် - - -  Dr.Myo Tun
*** ရွှေသုံး ၁ အောင်စ   =    အများသုံး ၁.၀၉၇ အောင်စ
      ရွှေသုံး ၁ အောင်စ =  (၃၁.၁ ဂရမ်) ၊ အများသုံး ၁ အောင်စ = (၂၈.၃၅ ဂရမ်)
      ရွှေ ၁ ကျပ်သား  =  ၀.၅၇၆ အောင်စ   =  ၁၇.၉၁ ဂရမ်
Sunday, 22 November 2015
အာရှမှအချမ်းသာဆုံးပုဂ္ဂိုလ် လီကာရှင်းထံမှ ဘဝသင်ခန်းစာ ၉ ချက်
အာရှမှအချမ်းသာဆုံးပုဂ္ဂိုလ် လီကာရှင်းထံမှ ဘဝသင်ခန်းစာ ၉ ချက်
------------------------------------------------------------------------
------------------------------------------------------------------------
မစ္စတာလီသည် အာရှတွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ၂၈.၈ ဘီလျံဒေါ်လာကို ပိုင်ဆိုင်ပါသည်။ ကျောင်းထွက်ဘဝမှ ကိုယ်တိုင်ကြိုးစားကာ ဘီလျံနာဖြစ်လာသော လီသည် အလွန်ဆိုးဝါးသော အခြေအနေမှ စခဲ့ရသည်။ သူတရုတ်ပြည်တွင် မွေးဖွားကြီးပြင်းစဉ်ကာလကပေါ့။ လွန်ခဲ့တဲ့ ကာလအနည်းငယ်တုန်းက လီသည် ဆောင်းပါးတစ်ပုဒ်ကို ရေးခဲ့ပါသည်။ အိမ်တစ်အိမ်နှင့် ကားတစ်စီးကို ငါးနှစ်အတွင်း မည်ကဲ့သို့  ဝယ်ယူနိုင်မည်လဲဆိုသည်ကို အကြမ်းမျဉ်းရေးသားပေးထားတဲ့ အစီအမံတစ်ရပ် ဖြစ်ပါသည်။ စွန့် ဦးတီထွင်သူတွေနဲ့  အောင်မြင်သူတွေ ဘယ်လိုလုပ်ရမလဲဆိုတဲ့ The Art of War စာအုပ်လိုပေါ့။ ဒီဆောင်းပါးကို အင်္ဂလိပ်ဘာသာပြန်အဖြစ် CeoConnectz က Edmund Ng က ဘာသာပြန်ခဲ့ပါတယ်။ လီကာရှင်းပြောပြတဲ့ ဒီအချက် (၈)ချက်ကို ကြည့်ပြီး လေ့လာပါ။ အောင်မြင်မှုကို ဆုပ်ကိုင်နိုင်ဖို့ ပေါ့။
၁။ သင့်ထက်အရေးကြီးတဲ့လူတွေကို နေ့ လည်စာ ဝယ်ကျွေးပါ။
သင့်ထက်အသိဉာဏ်ပိုကြီးတဲ့ လူတွေ၊ သင့်ထက်ချမ်းသာတဲ့လူတွေ၊ သင့်အလုပ်အကိုင်မှာ အကူအညီပေးတဲ့သူတွေကို အမြဲတမ်းနေ့ လည်စာ ဝယ်ကျွေးဖို့ အမြဲသတိရပါ။ လတိုင်းဒီလိုလုပ်ဖို့ မမေ့ပါနဲ့ ။ တစ်နှစ်ကြာပြီးတဲ့နောက်မှာ သင့်သူငယ်ချင်းအဝန်းအဝိုင်းထဲမှာ သင့်အတွက် ကြီးမားသောတန်ဖိုးရှိတဲ့ တန်ဖိုးတွေ ရလာပါလိမ့်မယ်။ သင့်ကျော်ကြားမှု၊ သြဇာရှိမှု၊ ပြီးတော့ ထပ်ပေါင်းတန်ဖိုးတွေကို လုံးဝ အသိအမှတ်ပြုခံရပါလိမ့်မယ်။ ကြင်နာပြီးရက်ရောတတ်တဲ့ သင့်ပုံရိပ်ကိုလည်း ပြီးမြောက်စေပါတယ်။
၂။ စာကြမ်းပိုးဖြစ်အောင်လုပ်ပါ။
စာအုပ်တွေ ဝယ်တဲ့အခါ သေချာဖတ်ပါ။ သင်ခန်းစာတွေနဲ့  စာအုပ်တွေထဲမှာ သင်ပေးတဲ့ မဟာဗျူဟာတွေကို သင်ယူပါ။ ဖတ်ပြီးတဲ့ စာအုပ်တွေတိုင်းအတွက် ပုံပြင်တွေ ပြန်ပြောနိုင်အောင် သင့်မိခင်ဘာသာစကားနဲ့  ပြောင်းထားပါ။ အခြားသူတွေနဲ့  ပြန်လည်ဝေမျှခြင်းဟာ သင့်ယုံကြည်မှုကို တိုးတက်စေပြီး စွဲဆောင်မှုကိုလည်း ပြီးမြောက်စေပါတယ်။
၃။ ဝံပုလွေတစ်ကောင်ကဲ့သို့  ရောင်းတတ်အောင် သင်ယူပါ။
အချိန်ပိုင်းအရောင်းအလုပ်ကို ရှာနိုင်ရင် ကောင်းပါတယ်။ ရောင်းခြင်းအလုပ်သည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သော်လည်း သင့်အတွက် ရောင်းခြင်းအနုပညာကို တတ်မြောက်ဖို့  အလျင်မြန်ဆုံးဖြစ်သည်။ ဒါကတော့ အလွန်လေးနက်တဲ့ စွမ်းရည်တစ်မျိုးဖြစ်ပြီး ကျန်တဲ့သင့်အလုပ်အကိုင် တစ်လျှောက်လုံးမှာ အသုံးပြုနိုင်မှာပါ။ အောင်မြင်သော စွန့် ဦးတီထွင်သူတိုင်းဟာ ရောင်းတတ်တဲ့ လူတွေချည်းပါပဲ။ သူတို့ က သူတို့ အိပ်မက်တွေနဲ့ အနာဂတ်အမြင်တွေကို ရောင်းဖို့  စွမ်းဆောင်နိုင်ပါတယ်။
သင့်နောက်ပိုင်းအလုပ်အကိုင် သက်တမ်းတစ်လျှောက်မှာ သင့်အတွက်အရေးပါတဲ့ လူတွေအများကြီး ထပ်တွေ့ နိုင်ပါတယ်။ သင်ဟာအရောင်းပိုင်းမှာရောက်တာနဲ့ တပြိုင်နက် ဘယ်ဟာတွေရောင်းရလဲ၊ ဘယ်ဟာတွေက မရောင်းရဘူးလဲဆိုတာ သိလာနိုင်မှာပါ။ ဈေးကွက်အမြင်ကို စမ်းသပ်နိုင်တဲ့ အာရုံခံနိုင်မှုကို ကြားခံနယ်အဖြစ် အသုံးချပြီး သင့်စီးပွားရေးကို လုပ်ကိုင်ပါ။ ပြီးတော့ အနာဂတ်မှာ ကုန်ပစ္စည်း(ဝါ)ဝန်ဆောင်မှု ခေါင်းဆောင်အဖြစ် မှတ်တိုင်စိုက်ထူနိုင်အောင် လုပ်ပါ။
၎။ သင်မတတ်နိုင်တဲ့ အဝတ်အစားတွေကို မဝတ်ပါနဲ့ ။
ဈေးအနည်းဆုံးဖြစ်တဲ့ အဝတ်အစားတွေနဲ့  ဖိနပ်တွေကို ဝယ်ပါ။ သင်ချမ်းသာလာရင် သင်လိုချင်တာ အကုန်လုံးကို ဝယ်နိုင်မှာပါ။ ငွေစုပါ။ သင်ချစ်တဲ့သူတွေကို လက်ဆောင်ဝယ်ပေးပြီးတော့ သူတို့ ကို သင့်အစီအစဉ်တွေနဲ့  ဘဏ္ဍာရေးဆိုင်ရာ ရည်မှန်းချက်တွေကို ပြောပြပါ။ သူတို့ ကို ဘာလို့ ဒီလို နေထိုင်တယ်ဆိုတာ ပြောပြပါ။ သင့်စိုက်ထုတ်တဲ့အားတွေ၊ ဦးတည်ချက်တွေနဲ့  အိပ်မက်တွေကို သူတို့ ကို ပြောပြပါ။
၅။ တခြားသူတွေကို ကူညီဖို့  တောင်းဆိုရင်းနဲ့  သူတို့ ဆီမှ သင်ယူပါ
နေရာတိုင်းမှာရှိတဲ့ စီးပွားရေးသမားတိုင်းမှာ အကူအညီတွေ လိုအပ်ပါတယ်။ သင့်ကိုယ်သင် ဘယ်လိုအခွင့်အလမ်းတွက်မဆို အချိန်ပိုင်းအလုပ်လုပ်နိုင်အောင် လမ်းဖွင့်ပေးပါ။ ဒါက သင့်ဆန္ဒတွေကို ဖြည့်ဆည်းပေးပြီး သင့်စွမ်းရည်တွေကို တိုးတက်စေမှာပါ။ သင့်ဆွဲဆောင်နိုင်အားတွေ မကြာခင်မှာ ဖွံ့ ဖြိုးလာပြီး သင်ရည်မှန်းထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ရည်မှန်းချက်ဆီ နီးကပ်လာမှာပါ။
၆။ ဖြစ်နိုင်သမျှမြန်မြန် အစီအစဉ်လုပ်ပါ။
ဘဝကို ပုံစံဖော်လို့ ရပါတယ်။ အသက်မွေးဝမ်းကျောင်းကို ကြိုတင်စီမံလို့ ရပါတယ်။ ပျော်ရွှင်မှုကို ကြိုတင်ပြင်ဆင်လို့ ရပါတယ်။ ယခုကစပြီး သင် ကြိုတင်စီမံသင့်ပါပြီ။ သင်ဆင်းရဲနေတဲ့အချိန်မှာ အိမ်မှာ အချိန်နည်းနည်းပဲ ကုန်ဆုံးစေပြီး အပြင်မှာ များများ ကုန်ဆုံးပါစေ။ သင်ချမ်းသာတဲ့အချိန်မှာ အိမ်မှာ အချိန်များများ ကုန်ဆုံးစေပြီး အပြင်မှာ နည်းနည်းသာ ကုန်ဆုံးပါစေ။ လူအများစုဟာ ပြောင်းပြန်တွေ လုပ်နေကြပါတယ်။
၇။ သင့်မာနက သင့်ကို မအုပ်ချုပ်သွားပါစေနဲ့ ။
သင်ဆင်းရဲတဲ့အချိန်မှာ တခြားသူတွေအပေါ်မှာ ကောင်းပါ။ သိပ်မတွက်ချက်ပါနှင့်။ သင်ချမ်းသာတဲ့အခါမှာ တခြားသူတွေက ကိုယ့်အပေါ်ကောင်းတာကို သင်ယူနိုင်ပါစေ။ သင့်ကိုယ်သင် ပိုပြီးကောင်းဖို့ အတွက်လည်း သင်ယူရပါမယ်။ သင်ဆင်းရဲနေတဲ့အချိန်မှာ သင့်ကိုယ်သင် ဖွင့်လှစ်ထားပြီး လူတွေက သင့်ကို အသုံးချနိုင်ပါစေ။ သင်ချမ်းသာနေတဲ့အချိန်မှာ သင့်ကိုယ်သင် ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး လူတွေက သင့်ကို အလွယ်တကူ အသုံးချမခံရစေပါနဲ့ ။ ဒါတွေက လူတွေနားမလည်တဲ့ လူမှုဘဝနေထိုင်နည်းတွေပါပဲ။
၈။ သင့်ကြွယ်ဝချမ်းသာမှုကို တခြားသူတွေကို ဘယ်တော့မှ ဖွင့်ဟမပြပါနဲ့ ။
သင်ဆင်းရဲတဲ့အချိန်မှာ လူတွေမြင်နိုင်အောင် ငွေသုံးပါ။ သင်ချမ်းသာတဲ့အချိန်မှာ မကြွားပါနဲ့ ။ ဒါပေမယ့် တိတ်တဆိတ်သာ ငွေသုံးပါလေ။ သင်ဆင်းရဲတဲ့အချိန်မှာ ရက်ရောပါ။ သင်ချမ်းသာတဲ့အချိန်မှာ ဖြုန်းသုံးနေသူအဖြစ် အမြင်မခံရပါစေနှင့်။ သင့်ဘဝက ပြည့်စုံတဲ့အခြေအနေမှာ ရောက်လာပြီး ရှိသင့်တဲ့ အခြေအနေကို ရောက်ပါပြီ။ ဒီအဆင့်မှာတော့ ငြိမ်းချမ်းပြည့်စုံခြင်း ရှိပါတယ်။
၉။ သင့်ကိုယ်သင် စည်းကမ်းရှိပါ။ ပြီးတော့ တခုတည်းမှာ အာရုံစူးစိုက်ပါ။
န့ရက်တွေကို ဘာ့ကြောင့်ဒီလိုခေါ်သလဲ
>>>နေ့ရက်တွေကို ဘာ့ကြောင့်ဒီလိုခေါ်သလဲ..<<<
ငယ်ငယ်တုန်းက ကျနော် လူကြီးတွေကို မေးဖူးတာလေးတစ်ခုရှိပါတယ်။ "တနင်္ဂနွေ ကို ဘာလို့ တနင်္ဂနွေလို့ ခေါ်ရတာလဲ..။ စနေ ကို ဘာလို့ စနေ လို့ ခေါ်ရတာလဲ.." စသည်ဖြင့်ပါ။ အကြောင်းအရင်းတော့ ရှိရမှာပေါ့..။
နောက်ပိုင်း ကျောင်းဆရာဘဝနဲ့ မြန်မာစာပေ၊ မြန်မာ့သမိုင်းကို လေ့လာကြည့်တဲ့အခါမှာ မြန်မာဘာသာစကားပညာရှင် ဆရာကြီး ဦးဖိုးလတ် ရဲ့ "မြန်မာအစ" ဆိုတဲ့ စာပေတွေမှာ နေ့ရက်တွေရဲ့ အမည်တွေကို ရေးသားထားတာတွေ့လို့ အနာဂတ် မြန်မာလူငယ်လေးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
တနင်္ဂနွေနေ့
..................
မြန်မာအယူအဆမှာ တနင်္ဂနွေ ဟာ နေမင်းကြီးကို ကိုယ်စားပြုတဲ့ နေ့ပါပဲ..။ ပုဂံကျောက်စာ များမှာ.. "တန်နှင်ကုနုယ်၊ တန်နှင်ကုနွေ၊၊ တန်နှင်ကနွေ" ဟု ပါရှိတယ်လို့ မှတ်သားရပါတယ်။ "တန်နှင်" ကို မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်း ဖြစ်ပြီး ဘာသာစကားတို့နှင့် ချင့်ချိန်၍ အဓိပ္ပါယ်ကောက်သောအခါ "နေ့" ဟု အဓိပ္ပါယ် ရပါတယ်။ "ကုနုယ်၊ ကုနွေ၊ ကနွေ" ဟူသည်ကား"နေ" ကို ဟောခြင်းဖြစ်ပါတယ်။ ထို့ကြောင့် "တန်နှင်ကုနုယ်" မှာ "နေနေ့" ဟု အဓိပ္ပါယ် ရပါတယ်။
တနင်္လာနေ့
.................
အလုပ်လုပ်တဲ့သူတွေနဲ့ ကျောင်းတက်သူတွေ တော်တော်များများ မနှစ်သက်တဲ့ တနင်္လာနေ့ဟာ အမှန်တော့ အေးချမ်းခြင်းနိမိတ်ကိုဆောင်တဲ့ လမင်းကြီး (Moon) ကို ကိုယ်စားပြုတဲ့နေ့ ဖြစ်ပါတယ်။ တနင်္လာဟူသော ဝေါဟာရမှာ ပုဂံရှေးရေး "တန်နှင်လာ" မှ လာသည် လို့ဆိုပါတယ်။ "လာ" ဟူသောပုဒ်မှာ အလွန် ရှေးကျသော "လ" ဟောပုဒ်ဖြစ်သည်။ ထို့ကြောင့် "တနင်္လာ" ဆိုသည်မှာ "နေ့လ" သို့မဟုတ် "လမင်းနေ့" ဖြစ်သည်။ လမင်းကို အစွဲပြု၍ ခေါ်သောနေ့ပင် ဖြစ်ပါတယ်။
အင်္ဂါနေ့
............
တနင်္ဂနွေ၊ တနင်္လာမှအပ ကျန်နေ့များ၏ အမည်တို့မှာ မြန်မာအခေါ်အဝေါ် မဟုတ်ဘဲ သက္ကတဘာသာမှ ဆင်းသက်လာကြောင်း ဦးဖိုးလတ်က ဝန်ခံပါတယ် ။ ရှေးကျောက်စာတို့၌"အင်္ကာ၊ အင်ကာ၊ အင်္ဂါ"ဟူ၍တွေ့ရပါတယ်။ "အင်္ဂါရ"ဟူသော သက္ကတမှ လာသောစကား ဖြစ်၍ "မီးကျီးမီးခဲ"ဟု အဓိပ္ပါယ်ရသည် ။ ထို့ကြောင့်"အင်္ဂါ" ဆိုသည်မှာ "မီးကျီးကဲ့သို့ နီသောအဆင်းရှိသောဂြိုဟ်" ဟု အဓိပ္ပါယ်ရပါတယ်။ အင်္ဂါဂြိုဟ်ကိုအစွဲပြု၍ အင်္ဂါနေ့ဟု ဖြစ်ပေါ်လာရသည် ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့
..............
ဗုဒ္ဓဟူးနေ့ကို သက္ကတဘာသာဖြင့် "ဗုဒ္ဓဒိန" ဟူ၍လည်းကောင်း၊ "ဗုဒ္ဓဝါရ" ဟူ၍လည်းကောင်း ခေါ်ဆိုကြပါတယ်။ ဗုဒ္ဓ၏ အနက်မှာ "နိုးကြားခြင်း၊ ပညာရှိခြင်း၊ သောမဂြိုဟ်ဖြစ်သော လမင်း၏သား" ဟူ၍ဖြစ်၏။ ရာဇမတ္တဏ် စသောကျမ်းတို့၌ တနင်္လာဂြိုဟ် (လမင်း) မိဖုရား တာရာဒေဝီတွင် ဖွားမြင်သောသား ဟု ဖော်ပြသည်။ "ဒိန" နှင့် "ဝါရ" တို့၏ အနက်မှာ နေ့ဖြစ် သည်။ ဗုဓ ဟူသောပုဒ်ကို ပါဠိ၊ သက္ကတတို့၌ ဗုဒ္ဓဟူ၍ လဲလှယ်ရေးသားခေါ်ဝေါ်ကြသည်။ မွန်တို့က "ဗုဒ္ဓဝါရ" တွင် "ရ" ကိုချေ၍ "ဗုဒ္ဓဝါ" ဟုခေါ်သည်။ မြန်မာတို့က ဗုဒ္ဓဟူး ဟုခေါ်သည်။
ကျောက်စာတို့၌ "ပုတ္တ" ဟု တွေ့ရသဖြင့် ရှေးမြန်မာတို့သည် ဗုဒ္ဓကို အမည်လွှဲပြီး "ပုတ္တ" ဟုရေးကြသည်ဟု သိနိုင် ပါသည်။ ထို့ကြောင့် "ပုတ္တ" မှာ "ဗုဒ္ဓ" ပင်ဖြစ် သည်။ "ဟူ" သည် ပင့်ခေါ်ခြင်းအနက်ရှိသည်ဟု ဆို၏။ ထို့ကြောင့် "ပုတ္တဟူ" "ဗုဒ္ဓဟူး" သည် ဘုရားရှင်ကိုပင့်ခေါ်သောနေ့ဟု အဓိပ္ပါယ်ကောက်လို့ရပါတယ်။
ကြာသပတေးနေ့
.......................
ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ "ကျာသပတေး" ကို အစွဲပြု၍ ခေါ်သည် ဟု ဆို၏ ။ ပုဂံကျောက်စာတို့၌ "ကြာသပတိယ်" နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။ ယင်းပုဒ်သည် "ဗြိဟသွတိ" မှ သော် လည်းကောင်း၊ ယင်းနှင့်အနက်တူ "ဝစသံပတိ (သို့) ဝကျသံပတိ" မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုပါတယ်။
၎င်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ "ဝစသာ = စကား + ပတိ = အရှင်" = စကား၏အရှင် ဖြစ်သည်။ မြန်မာ ကျောက်စာ၌ ရေးသော "ပတိယ်" သည် ခေတ်အရေးအသားနှင့်ဆိုသော် "ပတိ" နှင့် အတူတူပင်ဖြစ်သည်။
သောကြာနေ့
..................
တောဇာဂ္ဋတိုင်းသား၊ သေတဗျအမျိုး၊ ဘဝုရသေ့၏မယားဖြစ်သူ သုဇိတာမှ ဖွားမြင်သော "သောကြာ" ကို အစွဲပြု၍ "သောကြာ" ဟုခေါ်ကြောင်း ရာဇ မတ္တဏ်ကျမ်းတွင် ပြဆိုသည်။ "သုကြာ" ဟူသောအရေးအသားကို ပုဂံ ကျောက်စာများတွင် တွေ့ရသည် ။ "သုကြာ" ဟူသောပုဒ်မှာ သက္ကတဘာသာ "သုကြ" မှ ဆင်းသက်လာ သောပုဒ်ဖြစ်သည်ကို မငြင်းသာချေ။ "သုကြာ" မှ သောကြာဖြစ်လာပုံကိုဦးဖိုးလတ်က အဆင့်ဆင့်ရှင်းပြ ထားသည်။ သုကြာ၏ အဓိပ္ပါယ်မှာ "ဖြူစင်တောက်ထွန်းခြင်း" ဖြစ်၏
စနေနေ့
...........
ရာဇမတ္တဏ်ကျမ်း၌ "စနေ" ကို "သနေ" ဟုပြသည်။ သောရဌတိုင်း၊ ကာရ အနွယ် ၊ တနင်္ဂနွေ ဂြိုဟ်မင်း၏ မယား ၊ ယသိဆာယာတွင် ဖွားမြင်သောသား "ဇပ္ပ"ကို အစွဲပြု၍ခေါ်ကြောင်းလည်း ဆိုသည် ။
ပုဂံ ကျောက်စာတို့၌ စနေကို "စနိဟ်" ဟုရေးသည်။ ယင်းမှာ သက္ကတဘာသာ"ဂနိ" (ရှနိ ဟု ဖတ်ပါ) မှဆင်းသက်လာသည် ဟု ဦးဖိုးလတ်က ရှင်းပြသည်။ အဓိပ္ပါယ်မှာ "ဖြည်း ညင်းစွာသွားခြင်း" ဖြစ်၏။ ရှေးရိုးကျမ်းဂန်တို့၌ စနေနှင့်စပ်လျဉ်း၍ "သနေ စရ" ဖြည်းဖြည်းသွားသည်ဟု ဆိုကြသည်။
အနာဂတ် လူငယ်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)
ကိုးကား။ ။ ဝီကီပီးဒီးယား
ဆရာကြီး ဦးဖိုးလတ်အကြောင်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။http://dobamaasiayone.blogspot.com/20…/…/blog-post_4425.html
Thursday, 19 November 2015
ကလေးများ ကိုပိုမို ရင့်ကျက်လာအောင် ဒီလိုပျိုးထောင်ကြပါတယ်။
ကလေးများ ကိုပိုမို ရင့်ကျက်လာအောင် ဒီလိုပျိုးထောင်ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++
၁။ ကလေးကို သင့်တော်သော လွတ်လပ်ခွင့် ပေးပါ။
၂။ ကလေးကို ကိုယ်ပိုင်ရွေးချယ်တဲ့ အခွင့်အရေး ပေးပါ။
၃။ သူတို့ နှစ်သက်တဲ့ သူငယ်ချင်း နှဲ့ ပေါင်းပိုင်ခွင့်၊ အတူကစားခွင့် ပေးပါ။
၎။ သူတို့ လုပ်ချင်တဲ့ အလုပ် လုပ်ခွင့်ပေးပါ။
၅။ သူတို့ နိုင်နင်းတဲ့ အိမ်မူ ကိစ္စ အချို့ ကို လုပ်ခိုင်းပါ။ ကိုယ့်အကျီင်္ကို လျှော်ခိုင်းတာမျိုး၊ ထမင်းချက်ခိုင်းတာမျိုး ။
၆။ အခြေအနေ ဖြစ်နိုင်မယ်ဆိုရင် ကလေးရဲ့ လက်ရာတွေကို ပြသနိုင်ဖို့ အိမ်မှား ပြသစင် တစ်ခုထားသင့်ပါတယ်။
ရ။ ကလေး တကယ်သိချင်လို့ မေးလာတဲ့ မေးခွန်းတွေကို အလေးအနက်ထားပြီး ဖြေကြားသင့်ပါတယ်။
၈။ ဖြစ်နိုင်ရင် ကလေးနဲ့ စိတ်ချင်းဖလှယ်ပြီး စကားလက်ဆုံ ပြောစေချင်တယ်။ သူငယ်ချင်းပေါင်း ပေါင်းစေချင်တယ်။ သူတို့ရဲ့ အခက်အခဲ၊ သူတို့ ကြုံရတဲ့ စိတ်အနောက်အယှက် အားလုံးကို စိတ်ပါဝင်စားစွားနားထောင်ပေးပါ။
၉။ တိုးတက်မူ အနည်းငယ်ပင် ဖြစ်နေပါစေ။ ကလေးရဲ့ တိုးတက်မူကို သတိထားမိစေချင်တယ်။ သူတို့လေးတွေ ကိုလည်း သူတို့ တိုးတက်နေတယ်ဆိုတာ သိရှိပါစေ။
၁၀။ ကလေးကို ချစ်တယ်ဆိုတာ အမြဲ ဖေါ်ပြပေးပါ။ ချီးကျူး စရာ ရှိရင် တကယ်စိတ်ပါလက်ပါ ချီးကျူးပေးပါ။ အသိအမှတ်ပြုပေးပါ။
၁၁။ ကလေးကို သိုင်းဖက်ခြင်း၊ လက်ဖြင့် ထိတွေ့ခြင်း စသည်ဖြင့် သင်သူတို့ကို ချစ်ကြောင်းပြသပါ။
၁၂။ ကလေးကို “အ” တယ်လို့ မည်သည့်အခါမှ မပြောမိ ပါစေနှင့်။
၁၃။ ကလေးများသူတို့ အဖေါ် များနှင့် များများနေနိုင်ဖို့ အချိန်ပေးပါ။ အခွင့်အရေး ဖန်တီးပေးပါ။ ကလေးများရဲ့ သူငယ်ချင်း အကြောင်းကို သိအောင် စုံစမ်းထားပါ။ သင့်ကလေးအတွေးများကို နားလည်ဖို့ များစွာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။
၁၄။ လူကြီး ကို အတတ်နိုင်ဆုံး မအားကိုးဖို့ ကလေးကို သင့်ပေးပါ။
Ref: Wechat
Wednesday, 18 November 2015
     ကမ္ဘာကျော်ပျောက်ဆုံးမှုများနှင့်
ဘုရားရှင်လက်ထပ်က ပျောက်ဆုံးမှုများ
~*~*~*~~*~*~*~*~*~*~*~
အမေရိကန်နိုင်ငံမှာ ၁၉၄၅ ခုနှစ်က ဖလော်ရီဒါ လေတပ်စခန်းမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ဗုံးကြဲလေယာဉ် စုစုပေါင်း အစင်း - ၂၀ ခန့် ပျောပ်ဆုံးသွားတယ်။ စုံစမ်းဖို့ လေယာဉ် - ၅ စင်း ထပ်လွတ်လိုက်တယ်။ ၅ - မိနစ်အတွင်း ထပ်ပျောက်သွားကြတယ်။ ယနေအချိန်ထိ ပေါ်မလာခဲ့ကြပေ။
၁၉၇၀ ခုနှစ်က သံမဏိတန်ချိန် - ၂ သောင်းကျော်တင်လာတဲ့ သင်္ဘောတစ်စင်း သမုဒ္ဒရာထဲမှာ ပျောက်ဆုံးခဲ့တယ်။
အီတလီနိုင်ငံ ဘိုလော့နာမြို့မှာ ရထားတစင်းဟာ လူ - ၁၃၇ ယောက်တင်ပြီး ၁၅ - မိနစ်သာ ဖြတ်သန်းသွားရတဲ့ လှိုဏ်ခေါင်းထဲဝင်သွားတာ ပျောက်ဆုံးသွားပြီး ၄၂ - နှစ်ကြာမှ ပြန်ပေါ်လာခဲ့တယ်။ ရထားပေါ်က ပါသွားသူတွေဟာ အသက်ကြီးမသွားပဲ ရထားပေါ် လိုက်ပါသွားတဲ့အချိန်ကအရွယ်ပဲ၊ သူတို့ကိုမေးတော့လည်း ဘာမှ မေးလို့မရဘူး။ သိပ္ပံပညာရှင်တွေက time wamp တဲ့ မအို၊ မနာ၊ မသေ၊ အချိန်မဲ့သော နေရာတဲ့။
၁၉၅၅ ခုနှစ်က အမေရိကန် ဖလော်ရီဒါက ခရီးသည်လေယာဉ်တစ်စင်းဟာ ပျံတက်ပြီး ပျောက်ဆုံးသွားခဲ့ကာ၊ ၁၉၉၀ခုနှစ်မှာ ဗင်နီဇွဲလား နိုင်ငံမှာ ပြန်ပေါ်လာခဲ့တယ်။ သူလည်း ၃၅ - နှစ်ကြာ ပျောက်ဆုံးသွားခဲ့တယ်။ သိပ္ပံပညာရှင်တွေက ခရီးသည်တွေရဲ့ ဒီအန်အေကို စစ်ကြည့်တော့ မအိုကြောင်း အတည်ပြု ထောက်ခံပေးခဲ့တယ်။ သူတို့ကိုမေးတော့ သူတို့ ဘာမှ မသိပါဘူးတဲ့။
ဒုတိယကမ္ဘာစစ်တုန်းက မြန်မာနိုင်ငံ ရခိုင် ရိုးမတောကြီးထဲမှာ မဟာမိတ်တပ်ကြီး တစ်တပ်လုံး ပျောက်သွားခဲ့တယ်။ အင်္ဂလိပ်ဝန်ကြီးချုပ် ချာချီကိုယ်တိုင် ကမ္ဘာ့စစ်ရေးမှာ မကြုံဘူးသော ထူးဆန်းသည့် အကြောင်းအရာတခုဟု မှတ်ချက်ပြုပေးခဲ့တယ်။ သူတို့လည်း ခုချိန်ထိ ပေါ်မလာကြသေးဘူး။
ဘုရားရှင်လက်ထပ်က ပျောက်ဆုံးမှုများ
ဘုရားရှင်မပွင့်မီ နှစ်ပေါင်း - ၇၀၀ အလိုက ပြိတ္တာတစ်ဦးဟာ လူယောင်ဖန်ဆင်းပြီး၊ သူ့ ရဲ့မယားဟောင်းကို ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေပေးကာ မိဘတွေဆီက တောင်ယူပြီး ခေါ်သွားခဲ့တယ်။ ၇ - နှစ်လောက်ကြာတော့ မယားက ပြန်ချင်တယ်ပြောတော့ ပြိတ္တာက ပြန်ဖို့ မဖြစ်နိုင်ကြောင်း၊ လူ့အသက်နဲ့ဆို နှစ်ပေါင်း - ၇၀၀ ကြာမြင့်သွားပြီဖြစ်ကြောင်း ပြောပြတော့၊ မယုံကြည်တဲ့အတွက် အတင်းပြန်ပို့ခိုင်တယ်။ ပြိတ္တာလည်း ပြန်ပို့ တဲ့အခါမှာ သူနေခဲ့တဲ့နေရာတွေဟာ မမှတ်မိတော့ပဲ ဘုရားရှင်ပွင့်ထွန်းတဲ့ အချိန်ဖြစ်နေတော့ အမျိုးသမီးလည်း ဘုရားရှင်ကို လျှောက်ထားတော့ ထွက်သွားချိန်ဟာ နှစ်ပေါင်း - ၇၀၀ ကြာသွားတာ ဟုတ်မှန်ကြောင်းဖြေကြားပြီး၊  ပြိတ္တာဘုံနဲ့ လူဘုံရဲ့ အချိန်ကွာခြားမှုကြောင့်ဆိုတာကို ဟောကြားတော်မှုခဲ့တယ်။ အမျိုးသမီးလည်း ကြောက်လန့် တုန်လှုပ်ပြီ မိမိဝတ်ဆင်ထားသော လက်ဝတ်ရတနားများကို ရောင်းချကာ ဘုရားရှင်အား ကျောင်းဆောက်လှူတန်းလိုက်တယ်။ သေလွန်တော့ အထက်နတ်ပြည်ကို ရောက်သွားခဲ့တယ်။
နောက်တစ်ခုကတော့ ဗာရာဏသီမင်းကြီးသည် ပြိတ္တာမတွေ ဖျားယောင်းပြီး ရေထဲမျောလိုက်တဲ့ သရက်သီးကိုလိုချင်လို့ လိုက်သွားခဲ့ရာမှ ပြိတ္တာမတွေနဲ့ ပေါင်းသင်းနေထိုင်လိုက်တာ နှစ်ပေါင်း - ၁၅၀ ကြာသွားခဲ့တယ်။
နောက်တခါ ကုန်သည်တစ်ရောက်ဟာ အခြားကုန်သည်တွေနဲ့ ကုန်ကူးသွားတုန်း မယားက ပြိတ္တာအာနုဘော်နဲ့ လှေကိုတားထားပြီး မဲနှိုက်တဲ့အခါမှာ သုံးခါစလုံး သူချည်းကျတဲ့အတွက် ရေထဲကိုပစ်ချခံခဲ့ရတယ်။ ရေထဲသို့မကျမီမှာ ပြိတ္တာက ခေါ်ယူသွားပြီး ပေါင်းသင်းနေထိုင်လိုက်တာ နှစ်ပေါင်း - ၅၀ ကျော် ကြာသွားခဲ့တယ်။ မြန်မာပြည်က ဦးရှင်ကြီးဝတ္တူကလည်း အဲဒီသဘောမျိုးပါပဲ။
တကယ်တော့ ကမ္ဘာက အဖြေမထုပ်နိုင်ဘူးဆိုတာဟာ ဗုဒ္ဓဘာသာဝင် မဟုတ်တာလည်း တစ်ကြောင်း၊ နောက်တခါ ဖြစ်တဲ့အကြောင်းအရာဟာ ဘုရားရှင်တို့မှသာလျှင် ဖြေရှင်းနိုင်တဲ့ အရာဖြစ်လို့ အဖြေမထုတ်နိုင်ကြတာပါ။
ဘုရားရှင်က ကိစ္စတစ်ခုကို ယုံကြည်ဖို့ရန် အကြောင်း သုံးချက်နဲ့ ညှိရမယ်တဲ့။ ထိုအချက် သုံးချက်ကတော့ -
၁။ မျက်မြင်ကိုယ်တွေ့အားဖြင့်၎င်း၊
၂။ ဝေဖန်ဆင်ခြင်ဉာဏ်အားဖြင့်၎င်း၊
၃။ဘုရားရှင်တို့၏ ဟောပြောမှုကြောင့်၎င်း၊
   ယုံကြည်ရမယ်တဲ့။
ဒီဖြစ်စဉ်တွေက သက်သေပြချက်မရှိဘူး။ စဉ်းစားဝေဖန်လို့လဲ မရဘူး။ ဘုရားရှင်တို့၏ ဉာဏ်တော်အရာသာ ဖြစ်တဲ့အတွက်ကြောင့်မို့ အဖြေမရှိကြတာပါ။
ဒါ့ကြောင့်လည်း အိုင်းစတိုင်းက ပြောခဲ့တာပေါ့။ သိပ္ပံပညာရှင်တွေ မဖြေရှင်းနိုင်တဲ့အရာကို ဗုဒ္ဓဘာသာက ဖြေရှင်းပေးလိမ့်မယ် တဲ့။ တကယ်တော့ ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုးပါးထဲက ‘လောကဝိဒူ’ဆိုတဲ့ ဂုဏ်တော်ဟာ လောကအကြောင်း အကုန်သိတယ်လို့ ပြောတာပါ။ ဗုဒ္ဓဘာသာဝင်များလည်း မိမိတို့ဘာသာ၏ တန်ဘိုးကို နားလည်နိုင်ကြပါစေခင်ဗျာ . . .
ကောင်းသန့် စာပေ's fb wall
အခုခေတ်မှာ
------------------
တက်တူးထိုးထားတဲ့သူက အိုက်တတ်လာတယ်.
iPhone သုံးတဲ့သူတွေက အိတ်ကပ်မရှိတော့ဘူး.
ဈေးကြီးနာရီပတ်ထားရင် ခြေထောက်ခဏခဏဖုန်ခါတယ်.
ရွှေသွားတပ်ထားရင် စကားပြောများလာကြတယ်.
အခုခေတ်မှာ
လက်မထပ်တဲ့သူတွေက လက်ထပ်ထားတဲ့အတိုင်းအတူတူနေတယ်.
လက်ထပ်ထားတယ့် သူတွေက လက်မထပ်မထားသလိုပဲ ခွဲနေကြတယ်.
တိရစ္ဆာန်တွေက လူတွေလို အကျီင်္ ဝတ်လာတယ်.လူတွေက တိရစ္ဆာန်တွေလို အသားတွေပေါ်လာကြတယ်.
ကလေးက လူကြီးလို ရင့်ကျက်လာတယ်(၁၈+)
လူကြီးက ကလေးလို ငယ်မူပြန်ချင်ကြတယ်(နွားအို မြက်နုကြိုက်)
မိန်းကလေးက ယောကျာင်္းလေးလို မိုက်ရဲလာကြတယ်.
ယောကျာင်္းလေးက မိန်းကလေးလို ခြောက်လာကြတယ်
ဆင်းရဲသားက ဂုဏ်အတွက် သူဌေးလို ဟန်ဆောင်လာကြတယ်
သူဌေးသားက အသက်အတွက် ဆင်းရဲသားလို ဟန်ဆောင်လာကြတယ်
တိတ်တိတ်ပုန်းက မယားကြီးထက် ပိုချစ်ပြလာကြတယ်
မယားကြီးက စွန့် ပစ်ခံရမှာကြောက်လို့  အချိန်ပြည့် စိုးထိတ်နေကြရတယ်
သူဌေးတွေက မမြတ်ဘူးလို့ ညဉ်းပြီး တိုက်တွေ တစ်လုံးပြီးတစ်လုံး ဖြစ်လာတယ်
လခစားတွေက လာစာထုတ်ရင်ပျော်ပြီး လုံးပါးပါးလာကြတယ်.
တဖြည်းဖြည်းနားလည်လာတာက
ငွေသုံးထောင်တန် လက်ပတ်နာရီနဲ့ သိန်းသုံးဆယ်တန် လက်ပတ်နာရီရဲ့ အချိန်က အတူတူပါပဲ
ငါးရာတန်ဆေးလိပ်နဲ့ ငါးသိန်းတန်ဆေးလိပ် ကင်ဆာဖြစ်ပုံခြင်းအတူတူပဲ
ပေသုံးဆယ်ပတ်လည်အိမ်နဲ့  သုံးရာပတ်လည်အိမ် အထီးကျန်ရတာခြင်းက အတူတူပဲ
ရိုးရိုးတန်းမှစီးတာနဲ့ BUSSINESS Class မှာစီးတာချင်း accident ဖြစ်ရင် အိမ်မပြန်ရတာခြင်းအတူတူပါပဲ
တစ်နေ့ သင်လည်း နားလည်လာလိမ့်မယ်
ငါတို့ တကယ်လိုချင်နေတဲ့အရာတွေက တကယ်လိုအပ်နေတာလား
ဒါမှမဟုတ် ငါတို့  မရှာဖွေမိခဲ့တဲ့ ပျော်ရွှင်မှု့ ကပဲ တကယ်လိုအပ်ခဲ့တာလား
လိုချင်လျှင်ဆင်းရဲသည်
မလိုချင်လျှင် ချမ်းသာသည်ဆိုတဲ့  စကားလေးအတိုင်း တစ်ခါတစ်လေ ဘဝမှာ ရောင်းရဲတင်းတိမ်မှု့ ဆိုတာ လိုအပ်လာပါလိမ့်မယ်
သင် ဘယ်သူနဲ့ နေရတာပျော်လည်း ထိုသူဘေးမှာပဲ ထာဝရလက်မလွှတ်ပဲ
ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါ
လူ့ အဖြစ်ကရခဲလှပါတယ်
ဘဝခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းကို ချစ်တတ် မြတ်နိုးတတ်ပါစေ......
Tuesday, 17 November 2015
ဒီလိုအချိန်မျိုးမှာ ကလေးကို မဆုံးမပါနဲ့
ဒီလိုအချိန်မျိုးမှာ ကလေးကို မဆုံးမပါနဲ့
------
မိဘများဟာ ကလေးကို ပေါက်မြောက်စေချင်လွန်းတော့ နည်းမျိုးစုံနဲ့ သွန်သင်တာမျိုး၊ ဆိုဆုံးမတာမျိုး ပြုလုပ်တတ်ပါတယ်။ ဒါပေမဲ့ အောက်ပါ အချိန်အခါနဲ့ အခြေအနေ ကို ရှောင်ရှားတတ်ဖို့လိုပါတယ်။
၁။ သတိရမှ သွန်သင်ဆုံးမ တာမျိုး
ကလေးကို သွန်သင်တယ်။ လမ်းညွန်တယ်။ ဆိုဆုံးမတယ်ဆိုတာ စိတ်ရှည်ရှည်နဲ့ ရေ ရှည်ပြုလုပ်ရမဲ့ ၀တ္တရားတစ်ခုပါ။ မိဘများ အလုပ်ရူပ်တယ်ဆိုပြီးတော့မှ သတိရခါမှ ကောက်ကာငင်ကာ ဆုံး မလိုက်တာမျိုး မလုပ်သင့်ပါဘူး။ အဲလိုပြုလုပ်လိုက်ရင် ကလေးရဲ့ နုနယ်တဲ့စိတ်ထဲမှာ အူတူတူနဲ့ အနာတရ ရသွားတတ်ပါတယ်။
၂။ စိတ်ဆိုးမှ သွန်သင်ဆုံးမတာမျိုး
ဘယ်သူပဲဖြစ်ဖြစ် စိတ်ဆိုးတဲ့အခါ၊ ဒေါသထွက်တဲ့ အခါကျရင် သွေးပူနေတတ်ပါတယ်။ သွေးပူ ခေါင်းပူနေတဲ့ အချိန်မှာ တစ်ခုခု ကို ပြောချင်ရင်တောင်မှ ကိုယ့်စိတ်ကို ခဏ ထိန်းသိမ်းပြီး စိတ်ပြေသွားမှ ပြောဆိုသင့်ပါတယ်။  တစ်ခါတစ်လေမှာ ကလေးမှားတာက ဘာမ မပြောပ စလောက်လေး၊ ကိုယ်ဘ၀င်မကျတာက များများ၊ အဲလိုအချိန်မျိုးမှာ ကိုယ်က စိတ်ဆိုးနေတတ်ပြီး ဆိုဆုံးမ လိုက်ရင် ဆိုးကျိုးဘက်ကို ဦးတည်သွားစေတတ်ပါတယ်။
၃။ လူရှေ့သူရှေ့ မှာ ကလေးကို ဆိုဆုံးမတာမျိုး
ကလေး ဘယ်လောက်ပဲမှားနေမှားနေ၊ ကလေးကို အိမ်ခေါ်ပါ။ အိမ်ရောက်မှ အကြောင်းအရာကို သေသေချာချာ မေးမြန်းပြီး ဆိုဆုံးမစရာ ရှိက ဆုံးမပါ။ လူရှေ့ သူရှေ့မှာ ဆိုဆုံးမ မိရင် ကလေးရဲ့ အတွင်းစိတ်ကို အလွန်ထိခိုက်တတ်ပြီး ကလေးရဲ့ ရှေ့ရေး ကို ထိခိုက်နိုင်တဲ့ အထိဖြစ်တတ်ပါတယ်။
၎။ ကလေးနဲ့ တစ်ခုခု ဆွေးနွေး နေတဲ့ အခါမျိုးမှာ ဆိုဆုံးမတာမျိုး
မိသားစု စကားလက်ဆုံ ကျတဲ့ အခါမျိုးမှာ တစ်ခုခု တိုင်ပင်ဆွေးနွေးနေတဲ့ အခါ အကြောင်းအရာ တစ်ခုခု နဲ့ ပတ်သက်လို့ မိဘက အလိုမကျခဲ့ရင် ကောက်ကာငင်ကာ ဆိုဆုံးမတာမျိုး ရှောင်ရှားသင့်ပါတယ်။ အဲလိုလုပ်ရင် ကလေးက ကိုယ့်ကို ဘာမှ ပြန်မပြောပြတော့ဘူး၊ နောင်တစ်ခါ ကိုယ်နဲ့ လည်းဘာမှ မဆွေးနွေးတော့ဘူး။
၅။ ထ္မင်း စားချိန်၊ အိပ်ရာဝင်ခါနီးချိန်မှာ ဆိုဆုံးမတာမျိုး
ထ္မင်းလက်ဆုံ စားတဲ့အချိန်ဆိုတာ မိသားစု အတွက် အလွန်ကြည်နူးစရာ ကောင်းတဲ့ အချိန်ဖြစ်ပါတယ်။ ပျော်ရွှင်မူကို ခံစားသင့်တဲ့ အချိန်အခါ၊ ကျေးဇူးတင်သင့်တဲ့ အချိန်အခါ၊ မိသားစုအတွင်း စကားလက်ဆုံ ကျပြီး အတွေးအခေါ် ဖလှယ်နှီးနောတဲ့ အချိန်အခါ ကောင်းဖြစ်သင့်ပါတယ်။  အဲဒီ အချိန်မှာ တစ်ခုခု ကို သတိရလိုက်လို့ ဆိုဆုံးမလိုက်ရင် မိသားစု ၀င်များအားလုံးရင် ခံစားမူ ကို ပြောင်းလည်းသွားစေပါတယ်။ ညအိပ်ရာ ၀င်ခါနီးရင်လည်း ကလေးများ ကောင်းကောင်းမွန်မွန် နားနေစေဖို့ အဲဒီအချိန်မှာ ဆိုဆုံးမတာမျိုး ရှောင်ရှားသင့်ပါတယ်။
၆။ အပြစ် နှစ်ခု သုံးခုကို စုပုံ ပြီး တပြိုင်တည်း ဆိုဆုံးမတာမျိုး
အပြစ်သုံးလေးခု ကိုစုပုံပြီး တစ်ပြိုင်တည်း ဆိုဆုံးမတာမျိုးဟာ လုံးဝမထိရောက်တတ်ပါဘူး။ ကလေးဟာ ဘယ်ဟာကို ဦးစားပေး ပြုပြင်ရမယ်ဆိုတာကို ဦးတည်ချက်ပျောက်ဆုံးနေတတ်ပါတယ်။ မိဘများအနေနဲ့ မိမိကလေးကို သိပ်ပြီးဂရုမစိုက်ရာလည်းရောက်ပါတယ်။ ဂရုတစ်စိုက် ရှိခဲ့ရင် အပြစ်သေးသေးလေးကတည်းက တွေ့ရှိရမဲ့ ကိစ္စကို သုံးလေးခု ကျမှ တစ်ပြိုင်းထဲ ဆိုဆုံးမတာကိုက သဘာဝ သိပ်မကျလှပါဘူး။
Credit;Sya Aung Ko Latt
Monday, 16 November 2015
** လားရာဂတိ **
“အရှင်ဘုရား … လူတစ်ဦးသေဆုံး၍ တမလွန်ဘ၀ရောက်ရှိသွားချိန်တွင် အကြားအမြင်ဆရာ၊ ဘိုးတော်၊ နတ်ဝင်သည် စသည်တို့က သေဆုံးသူသည် မည်သည့်ဘုံဘ၀သို့ရောက်ရှိနေကြောင်း သွားရောက်မေးမြန်းသူ မိသားစုတို့အား ပြောဆိုဟောပြောနေကြပါသည်။ တပည့်တော်သိလိုသည်မှာ ထိုလူများသည် အမှန်တကယ်သိ၍ပြောနိုင်ခြင်း ဟုတ် မဟုတ်။ ထိုသို့ဟောပြောလိုက်၍ကျန်ရစ်သူမိသားစုအတွက် စိတ်ချမ်းသာမှုနှင့် စိတ်ဆင်းရဲမှု မည်သည်က ပို မပို သိရှိလိုပါသည် ဘုရား…။”
ဖြေ – ဗုဒ္ဓလက်ထက်က ထင်ရှားကျော်ကြားခဲ့တဲ့ တမလွန်ပညာရှင် ၀င်္ဂီသလုလင်ဟာ ဆ၀ိသီသမန္တန် လို့ခေါ်တဲ့ လူသေဦးခေါင်းမန္တန်ကို အတတ်ပညာတစ်ခုအနေနဲ့ ကျွမ်းကျင်တတ်မြောက်ထားသူ ဖြစ်ပါတယ်။ အဲဒီမန္တန်စုတ်ပြီး လူသေဦးခေါင်းခွံကို သူ့လက်သည်းနဲ့ခေါက်လိုက်ရုံနဲ့ ဦးခေါင်းပိုင်ရှင်ဟာ ဘယ်ဘုံဘ၀ရောက်နေတယ်ဆိုတာ အတတ်ပြောနိုင်ပါတယ်။ လူတွေကလည်း မှန်လိုက်တာ ဆိုပြီး အခကြေးငွေပေးပြီး သွားရောက်မေးမြန်းကြပါတယ်။ မှန်လိုက်တာ လို့ပြောနိုင်တာကတော့ သေဆုံးသူရဲ့အသက်ရှင်စဉ် လူ့ဘ၀တုန်းက အကြောင်းအရာ အဖြစ်အပျက်တွေပါ တိတိကျကျပြောပြနိုင်လို့ ဖြစ်ပါလိမ့်မယ်။
ဝင်္ဂီသလုလင်က သေဆုံးသူရဲ့လားရာဂတိကို ပြောပြနိုင်တယ်ဆိုပေမယ့် သူကိုယ်တိုင်အမှန်တကယ်သိလို့ပြောပြနိုင်တာ မဟုတ်ပါဘူး။ သေဆုံးသွားသူက မန္တန်တန်ခိုးကြောင့် ရောက်ရာဘ၀ကနေ သူ့ဦးခေါင်းခွံဆီမှာ ပြန်ပူးဝင်ပြီး သူဘယ်ဘ၀ရောက်နေပါတယ်ဆိုတာ ပြန်ပြောပြလို့ တစ်ဆင့်ပြန်ပြောနိုင်တာပါ။ သူကိုယ်တိုင်အလိုအလျောက်သိတာမဟုတ်ဘဲ မန္တန်တန်ခိုးကြောင့် ကာယကံရှင်သေဆုံးသူက လာပြန်ပြောလို့သိတာပါ။ ကိုယ်ပိုင်အသိမဟုတ်ပါဘူး။ တစ်ဆင့်ခံအသိပါ။ ကိုယ်စွမ်းကိုယ်စနဲ့သိတာမဟုတ်ပါဘူး။ ကြားပွဲစားအကူအညီနဲ့သိတာပါ။
မြတ်စွာဘုရားနဲ့တွေ့တော့ ဗုဒ္ဓက ဦးခေါင်းခွံငါးခုကို တန်းစီချထားပြီး ၀င်္ဂီသလုလင်ကို အစဉ်အတိုင်း မေးပါတယ်။
ဒါ ဘယ်သူ့ ဦးခေါင်းခွံလဲ။
ငရဲကျသွားသူရဲ့ ဦးခေါင်းခွံပါ။
ကောင်းပြီ.. ဒါကရော။
တိရစ္ဆာန်ဖြစ်သွားသူရဲ့ ဦးခေါင်းခွံပါ။
မှန်တယ်… ဒီဘက်ကရော
ဒါကတော့ လူဖြစ်နေသူရဲ့ ဦးခေါင်းခွံပါ။
ဟုတ်တယ်…. ဒီဦးခေါင်းခွံကရော
နတ်ပြည်ရောက်သွားသူရဲ့ ဦးခေါင်းခွံပါ။
သာဓု.. သာဓု… ဒီနောက်ဆုံးဦးခေါင်းခွံကရော။
……………………….
နောက်ဆုံးဦးခေါင်းခွံပိုင်ရှင်ရဲ့လားရာဂတိကို ၀င်္ဂီသလုလင်လုံးဝမပြောပြနိုင်တော့ပါဘူး။ မန္တန်တဖွဖွစုတ်ပြီး ဦးခေါင်းခွံကို လက်သည်းနဲ့တဒေါက်ဒေါက်ခေါက်ပေမယ့် လက်သည်းတွေသာပဲ့ပြီး လက်ထိပ်တွေသာနာသွားတယ်။ အဖြေမှန်ကတော့ ထွက်ပေါ်မလာပါဘူး။
အကြောင်းရင်းကတော့ အဲဒီဦးခေါင်းခွံဟာ ရဟန္တာမြတ်ကြီးရဲ့ဦးခေါင်းခွံဖြစ်နေလို့ပါပဲ။ ရဟန္တာဆိုတာ သေဆုံးပြီးရင် ဘယ်ဘ၀ကိုမှ မလားတော့ပါဘူး။ ဘ၀ဇာတ်သိမ်းချုပ်ငြိမ်းသွားပါပြီ။ “သေ” ပြီးရင် “ဆုံး” တဲ့ သေဆုံးသူအစစ်ဟာ ရဟန္တာပါ။ ရဟန္တာကလွဲရင် ဘယ်သူမှ “သေ” ပြီး “မဆုံး” သေးပါဘူး။ ဘ၀ခရီးအသစ်ထပ်ဆက်ရဦးမှာပါ။
ဒါနဲ့ ပဉ္စမမြောက်ဦးခေါင်းခွံရဲ့လားရာဂတိကိုသိတဲ့ မန္တာန်ကိုသင်ချင်ပါတယ်လို့ တောင်းဆိုတဲ့ ၀င်္ဂီသလုလင်ကို မြတ်စွာဘုရားက ရဟန်းဝတ်မှ သင်ပေးနိုင်မယ်လို့ မိန့်ကြားတော်မူလိုက်တဲ့အတွက် ၀င်္ဂီသလုလင်လည်း မန္တန်လိုချင်စိတ်နဲ့ရဟန်းပြုလိုက်ပါတယ်။ ရဟန်းပြုပြီး တရားဘာဝနာအလုပ်အားထုတ်လိုက်တာ မကြာခင်ရက်အနည်းငယ်အတွင်းမှာပဲ အဘိညာဉ်ခြောက်ပါးနဲ့တကွ ရဟန္တာအရှင်မြတ်ကြီးတစ်ဆူဖြစ်သွားခဲ့ပါတယ်။
အဲဒီတော့မှ ဗုဒ္ဓက “ငါ့သားတော် ၀င်္ဂီသဟာ အခုမှ သတ္တ၀ါတွေရဲ့ စုတိ၊ ပဋိသန္ဓေ (သေဆုံးခြင်း၊ ဘ၀သစ်ဖြစ်ခြင်း) နဲ့ ပတ်သက်ပြီး တကယ့်ကို ကျွမ်းကျင်လိမ္မာသွားပေးတော့တယ်လို့ ချီးကျူးစကားမိန့်ကြားတော်မူပါတယ်။” ဘာဖြစ်လို့လဲဆိုတော့ အဘိညာဉ်ခြောက်ပါးမှာ ဒိဗ္ဗစက္ခုအဘိညာဉ် ပါဝင်နေလို့ပါပဲ။
“နတ်မျက်စိလို့ခေါ်တဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်” ကို စုတူပပါတဉာဏ် လို့လည်း ခေါ်ပါတယ်။ (စုတိ (သေဆုံးခြင်း) + ဥပပါတ(ဘ၀အသစ်ဖြစ်ခြင်း၊ ပဋိသန္ဓေနေခြင်း) + ဉာဏ်) တို့ကို ရှင်းရှင်းလင်းလင်း ပီပီပြင်ပြင် သိမြင်နိုင်တဲ့ ဉာဏ်လို့ ဆိုလိုပါတယ်။ စုတေနေဆဲ အခိုက်အတန့်၊ ပဋိသန္ဓေနေ နေဆဲ အခိုက်အတန့်လေးတွေ အထိ သိမြင်နိုင်စွမ်း ရှိပါတယ်။
ဒိဗ္ဗစက္ခုအဘိညာဉ်ကို မရတဲ့ သာမာန်ပုဂ္ဂိုလ်တွေကတော့ ပရလောကသားရဲ့ အကူအညီကိုယူပြီး တဆင့်ခံအသိနဲ့ပဲ သိနိုင်ကြပါတယ်။ ယခုခေတ် ဘိုးတော်၊ မယ်တော်၊ နတ်ဝင်သည်တွေက သေဆုံးသူတွေရဲ့လားရာဂတိကိုဟောပြောနေကြတာကတော့ ဒိဗ္ဗစက္ခုအဘိညာဉ်တန်ခိုးနဲ့ ကိုယ်တိုင်သိမြင်လို့ ဟောပြောနေကြတာမဟုတ်ပါဘူး။
တကယ်ဒိဗ္ဗစက္ခုအဘိညာဉ်ရထားတဲ့ပုဂ္ဂိုလ်တွကလည်း ခုလိုလူသိခံ၊ ပိုက်ဆံယူပြိး အလုပ်တစ်ခုလုပ် ဟောပြောနေကြမှာ မဟုတ်ပါဘူး။ ကိုယ်ရထားတဲ့အဘိညာဉ်ကို သိုသိုသိပ်သိပ်လျှို့ဝှက်ထားကြမှာပါ။
ဝင်္ဂီသလုလင်တို့လို သက်ဆိုင်ရာ မန္တန်တစ်ခု သက်ဆိုင်ရာအတတ်တစ်ခုခုတတ်မြောက်ထားဖို့ လိုပါတယ်။ လောကမှာ ကိုယ်မသိ ကိုယ်မတတ်တဲ့ အတတ်ပညာတွေကလည်း အများကြီးရှိတာမို့ ကိုယ်မသိ၊ ကိုယ်မတတ်တာနဲ့ပဲ “မဖြစ်နိုင်ဘူး၊ မဟုတ်နိုင်ဘူး” လို့ အကြောက်အကန်ငြင်းလို့ မဖြစ်နိုင်ပါဘူး။ အတတ်ပညာတစ်ခုခအားကိုးနဲ့ သေဆုံးသူရဲ့
လားရာဂတိကို မှန်မှန်ကန်ကန်ဟောပြောနိုင်တဲ့ အမှန်အကန်ပညာသည်တွေ ရှိနိုင်ပါတယ်။
“အစစ်တစ်ခု၊ အတုတစ်သိန်း” ဆိုတဲ့အတိုင်း “ကိုယ်တကယ်မသိဘဲနဲ့ သိသယောင် ရမ်းဖြီး ရမ်းရွှီးတဲ့ ဖိုးရမ်းတုတ် မရမ်းတုတ် အကြံအဖန်အတတ်ပညာ” သည် တွေလည်း အများကြီးရှိနိုင်ပါတယ်။ ဒါ့ကြောင့် “ချင့်ယုံ” လို့ပဲ ပြောပါရစေတော့။
“သေဆုံးသူရဲ့လားရာဂတိကို သိရခြင်းကြောင့် ကျန်ရစ်သူတွေမှာ စိတ်ချမ်းသာသွားမလား၊ စိတ်ဆင်းရဲသွားမလား” ဆိုတာကတော့ ကျန်ရစ်သူတွေရဲ့စိတ်ဓါတ်ခိုင်မာမှု၊ စိတ်ဓါတ်ပျော့ညံ့မှုမှာပဲ မူတည်ပါတယ်။
စိတ်ဓါတ်ခိုင်မာသူတွေကတော့ သေဆုံးသူရဲ့လားရာဂတိကို သိသိ မသိသိ တုန်လှုပ်မှုရှိမှာ မဟုတ်ပါဘူး။ စိတ်ဓါတ်ပျော့ညံ့သူတွေကတော့ သေဆုံးသူရဲ့လားရာဂတိကို သိလည်းတုန်လှုပ်မှာပါပဲ။ မသိလည်း တုန်လှုပ်မှာပါပဲ။
“စိတ်ဆင်းရဲခြင်းဆိုတာက စိတ်ဓါတ်ပျော့ညံ့တဲ့သူတွေ ကန်ထရိုက်ဆွဲထားတဲ့ ခပ်ညံ့ညံ့ပစ္စည်းတစ်ခုပါ။”
“စိတ်ချမ်းသာခြင်းဆိုတာကတော့ စိတ်ဓါတ်ခိုင်မာတဲ့သူတွေရဲ့ မူပိုင်ရတနာထုပ်ကြီးတစ်ခု ဖြစ်ပါတယ်။”
သေဆုံးသူရဲ့လားရာဂတိကိုသိရခြင်းကြောင့် အကျိုးကတော့ မယုတ်ပါဘူး။ ငရဲ၊ တိရစ္ဆာန်၊ လူ၊ နတ် ဖြစ်သွားရင် ကိုယ်ဘာမှမလုပ်ပေးနိုင်ပေမယ့် ပြိတ္တာဘ၀ရောက်နေရင်တော့ သူ့အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေလုပ်၊ အမျှပေးဝေးနိုင်ပါတယ်။ ကိုယ့်ကုသိုလ်အမျှကို သူသာဓုခေါ်ရင် ပြိတ္တာဘုံဘ၀က ကျွတ်လွတ်ပြီး ကောင်းရာသုဂတိကို လားရောက်သွားနိုင်ပါတယ်။
“ကံတရားလေသင့်” လို့ ဘ၀တစ်ခုမှာ ခေတ္တခဏပေါင်းဆုံခွင့် ရကြတယ်။ “ကံတရားလေပင့်” လို့ တစ်ယောက်နဲ့တစ်ယောက် ဝေးလွင့်ခွဲခွာကြရတယ်။ မြစ်ထဲမျောနေတဲ့ ဗေဒါပင်တွေလိုပဲ ကံကြုံရင် ပြန်ဆုံကြမယ်။ ကံသေးရင် ပြန်ဝေးကြမယ်။ ကံရည်မတူဘဲ ပြန်ကြည်ဖြူချင်လို့ မရသလို ကံမကောင်းဘဲ ပြန်ပေါင်းချင်နေလို့လည်း အလကားပါးပဲ။ ကိုယ့်ကံနဲ့ ကိုယ်ခရီးနှင်။ သူကံနဲ့ သူခရီးနှင်။
ဒါပဲပေါ့။ ဘာစိတ်ဆင်းရဲစရာလိုလို့လဲ။ တွဲခွင့် ကြုံတုန်း ကိုယ့်တာဝန်ကိုယ်ကျေ၊ သူတာဝန်သူကျေ ပြီးပြီပေါ့။ ခွဲခွင့် ကြုံခါမှတော့ လွမ်းမနေနဲ့တော့။ အပိုပါပဲ။
သိခြင်း၊ မသိခြင်းမှာ သိခြင်းကြောင့် အကျိုးဆုတ်ယုတ်သွားနိုင်စရာ အကြောာင်းမရှိပါဘူး။ ကောင်းကျိုးဆိုးကျိုးဟာ ကိုယ်သိတဲ့ အသိအပေါ်မှာ ကိုယ့်ဘက်က ဘယ်လိုတုံ့ပြန်သလဲဆိုတဲ့အချက်ပေါ်မှာပဲ မူတည်ပါတယ်။
အရှင်ဆန္ဓာဓိက ရေးသားတော်မူသော ..ရည်စူးကုသိုလ်လက်ကမ်းစာအုပ်မှ
Friday, 13 November 2015
ဘာမြူတာကျွန်းနှင့် မိုင် ၅၉၀၀ အကွာ အတ္တလန်တိတ် သမုဒ္ဒရာ အောက်တွင် သက်တမ်းမည်မျှရှိသည်ကိုပင် မခန့် မှန်းရသေးသော ဗုဒ္ဓရုပ်ပွားတော် အချို့ 
အမေရိကန် နိုင်ငံ မိုင်ယာမီ ကမ်းလွန်ဒေသ
ဘာမြူတာကျွန်းနှင့် မိုင် ၅၉၀၀ အကွာ 
အတ္တလန်တိတ် သမုဒ္ဒရာ အောက်တွင် 
သက်တမ်းမည်မျှရှိသည်ကိုပင် 
မခန့် မှန်းရသေးသော ဗုဒ္ဓရုပ်ပွားတော် အချို့ 
တွေ့ ရှိ ခဲ့သည် ။ အဆိုပါ သတင်းကို
လျှို့ ဝှက်ထားရန် စီစဉ်ခဲ့သော်လည်း
ဖွင့်ဟခဲ့သော The Mirror သတင်းထောက်ကို
URSA အဖွဲ့ မှတရားစွဲမည်ဟုသိရှိရသည် ။
URSA အဖွဲ့ ၏ အမှူဆောင်တစ်ဦးဖြစ်သူ
AP Andy မှ ~ ' ဒီသတင်းကို လျှို့ ဝှက်ထားဖို့ 
စီစဉ်ခဲ့တာပါ ~ ဘာကြောင့်လည်းဆိုတော့
ခရိယာန်ဘာသာဝင်အချို့  အခုချိန်မှာ
ဗုဒ္ဓဘာသာကို အသီးသီးကူးပြောင်းနေကြတဲ့အတွက်ပါပဲ ~
ဒီသတင်းကြောင့် ခရိယာန်တွေ ဗုဒ္ဓဘာသာကို
ပိုစိတ်ဝင်စားပြီး ပိုမို လေ့လာကြမှာစိုးလို့ ပါ ~
ဒါကို သူ နားမလည်ဘူးလား ~ သတင်းဆိုတာ
ထုတ်ပြန်တိုင်းမကောင်းပါဘူး ~ ဘာသာသာသနာအတွက် လည်းတွေးရပါမယ်~
ဒါကြောင့် The Mirror သတင်းထောက်
James Dean ကို တရားစွဲသွားဖို့ ရှိပါတယ် ~
ဟု Florida TV သို့ ပြောကြားခဲ့သည် ။
အဆိုပါ ဗုဒ္ဓရုပ်ပွားတော်အား ဆယ်ယူရန်
အိန္ဒိယ ရေတပ်မှ ကမ်းလှမ်းထားကြောင်းသိရသည် ။
www.youtube.com/lostbuddha
အဖေ့စိတ်
သုံးတန်းအရွယ် ကလေးတစ်ယောက်
မိဘများ ထမင်းစားနေချိန် အိမ်ရှေ့မှာ
ရပ်ထားသော အဖေ့ ဆိုက္ကား ပေါ်သို့
တတ်ဆော့နေသည်  ထို အချိန်တွင်
အဖေ ဖြစ်သူမှ ထမင်းစားနေရာမှ
ထလာကာ သားဖြစ်သူအား ရိုက်သည် ။
မိန်းမ ဖြစ်သူကဘာမှ မပြောသော်လည်း
သားကွယ်ရာရောက်သော် မေးသည်
မယား ။ ရှင်ဘာလို့ ရိုက်တာလဲ
လင်    ။ ချစ်လို့ပေါ့ဟာ
မယား ။ ကလေးဘာအမှားလုပ်မိလို့လဲ
လင်    ။ ဆိုက္ကား တတ်နင်းနေတယ်လေ
မယား ။ ဒါက အပြစ်ဖြစ်နေလား
လင်    ။ အပြစ်မဟုပ်ပါဘူး
                             ဒါပေမယ့်မိန်းမရာ
မင်းနဲ့ငါ ချိုးခြံချွေတာပြီး သားလေးကို
ကျောင်းထားခဲ့ကြတာ ငါ့လိုဆိုက္ကားသမား
သူများအနှိမ်ခံဘဝ ရောက်ဖို့မဟုပ်ဘူးကွ
ပညာတတ်အဖြစ်နဲ့သူ့ဘဝ လမ်း လေး
ချောမွေ့ဖို့ကွ
              ငါ့မိဘထက် ငါမသာခဲ့ပေမယ့်
ငါ့ ထက်တော့ ငါသားလေးက
                          အတွေးအခေါ်
အယူအဆ သာကို သာစေရမယ်
ဒါမှ ငါလူဖြစ်ရကျိုးနပ်မယ် မိန်းမ
ဘယ်မိဘမှ သားသမီးကို နာပါစေ
ရည်ရွယ်ပြီးမရိုက်ပါဘူးကွာ  ကဲ မိန်းမ
မင်းငါ့ကို စိတ်ခုလား  ... ။
                                     Nya Naw Friq
Thursday, 12 November 2015
ငါးရှဥ့်ပုံပြင်
ငါးရှဥ့်ပုံပြင်
========
ဂျပန်တွေရဲ့ ရာဇဝင်ပုံပြင်လို့ ဖတ်ရပါတယ်။
ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေက
သေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင်
သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြား
တံငါသည်တွေရဲ့လှေနဲ့ တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေက ကမ်းကပ်တဲ့အထိ
မသေဘဲ ရှိနေသေးတာကိုတွေ့ရတယ်။ ဒါကြောင့် သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေ
ထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။ နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုမိဆောင်းမိ
လာသလို အရွယ်ထောက်လာတာကြောင့် ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို
ငါးရှဥ့်ဖမ်းတဲ့လျှို့ဝှက်ချက် သင်ပေးလိုက်တယ်။
အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ ငါးခူးတစ်ချို့ထည့်ထားပြီး ဖမ်းရတဲ့
ငါးရှဥ့်ကို ငါးခူနဲ့အတူ ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ
အချင်းချင်း ကိုက်ဖြတ်ကြတော့တယ်။ ငါးခူရဲ့ တိုက်ခိုက်မှုကို ငါးရှဥ့်က မဖြစ်မနေ
ပြန်ခုခံရတယ်။ ငါးရှဥ့်ရဲ့ "အသက်ရှင်ရေး"ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန်
တိုက်ခိုက်မှုအောက်မှာ အလိုအလျှောက် ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ
ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။
တံငါသည်ကဆက်ပြီး သားကို ပြောပြခဲ့တယ်။
ကမ်းမကပ်ခင်သေရတဲ့ ငါးရှဥ့်တွေက သူတို့ကို ဖမ်းမိသွားပြီ... ဘယ်လိုပဲရုန်းရုန်း
လွတ်တော့မှာ မဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့ အသက်ရှင်ဖို့
ဆိုတဲ့မျှော်လင့်ချက်က အလွယ်တကူပျက်စီးသွားခဲ့တယ်။ ဒါကြောင့် လှေဝမ်းထဲမှာ
ကြာကြာမနေရဘဲ အချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။
တံငါသည်က စိန်ခေါ်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့် ဘဝရဲ့
အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို
သင်ပြပေးခဲ့တယ်။
ဂျပန်မိဘတွေက ကိုယ့်သားသမီးကြီးပြင်းလို့ နားလည်မှုအတင့်သင့် ရှိလာတဲ့အခါ
ဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့ ဘဝစိန်ခေါ်မှုတွေကို
ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စွမ်းရည်တွေကြောင့် ဂျပန်နိုင်ငံက ယနေ့အာရှမှာ အတိုးတက်ဆုံး
နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့တယ်။
နိုင်းနိုင်းစနေ
ယောက်ျားဦးနှောက် နှင့် မိန်းမဦးနှောက် ကွာခြားချက်
===========================
ယောက်ျားများရဲ့ ဦးနှောက်ထဲမှာ အကြောင်းအရာတွေကို သေတ္တာများနဲ့ စီရီပြီး ထားရှိထားပါတယ်။ အဲ့ဒီ့ သေတ္တာများထဲမှာ ကျနော်တို့ အကြိုက်နှစ်သက်ဆုံး သေတ္တာလေးတစ်လုံးရှိပါတယ်... အဲ့ဒီ့ သေတ္တာထဲမှာ ဘာမှမပါပါဘူး။ Nothing Box လို့ ခေါ်ပါတယ်... ဘယ်လောက်တောင် ကြိုက်သလဲဆိုရင် အချိန်ရရင် ရသလို ခဏ ခဏ ထ ထ ဖွင့်ကြည့်ဖြစ်တဲ့ အထိအောင်ပါဘဲ။ ဆိုလိုတာကတော့ ကျနော်တို့ ယောက်ျားတွေဟာ ဘာမှကို မစဉ်းစားဘဲလဲ.. အကြာကြီး (သို့) ခဏခဏ နေနိုင်တယ် ဆိုတာပါဘဲ.. ဥပမာ။ ပက်လက် ကုလားထိုင်လေးပေါ်ထိုင်.. မုတ်ဆိတ်မွှေးလေး ဆွဲနှုတ်ရင်း... (သို့) တီဗွီကြီးဖွင့်ထားပြီး အဝေးထိန်ခလုတ်(ရမုတ်) ကိုလည်း လက်မှာကိုင်ထားရင်း...ဘာစဉ်းစားနေသလဲဆိုတော့.. ဘာမှ မစဉ်းစားနေပါဘူး။ စောစောကပြောတဲ့ ဘာမှမရှိတဲ့ သေတ္တာကို ဖွင့်ထားတာလေ...
အဲ့ဒီ့အချိန်မျိုးမှာ ဘေးနားက မိန်းမတွေက ပြောတတ်ပါတယ်။ "ရှင်..တော်တော် အားယားနေတယ်..ဟုတ်လား" "ဘာမှလည်း လုပ်တာမဟုတ်ဘဲနဲ့.."။ ဟုတ်ပါတယ်..ကျနော်တို့ ဘာမှ လုပ်တာမဟုတ်ပါဘူး။ ဘာမှလည်း မတွေးပါဘူး.. ဒီလိုလေးဘဲ နေတာပါ..အဲလိုအချိန်မျိုးမှာ လာနှောက်ယှက်တာလည်း မကြိုက်ပါဘူး..
မိန်းမများဟာ ကျနော်တို့ရဲ့ ဘာမှမရှိတဲ့ သေတ္တာကို လုံးဝ.. လုံးဝ..နားမလည်ပါဘူး။ ကျနော်တို့လိုလည်း မလုပ်နိုင်ပါဘူး.. သူတို့ စိတ်ဟာ လုံးဝ မရပ်မနား လည်ပတ်နေတာပါ။ စိတ် လည်ပတ်နေလေလေ.. ဦးနှောက်ထဲက ကေဘယ်ဝါယာကြိုးတွေဟာလည်း တရစပ် လည်ပတ်နေလေပါဘဲ။ အဲ့ဒီ့တော့ သူတို့ဟာ ဘယ်တော့မှ.. ဘယ်တော့မှ.. Nothing Box (ကျနော်တို့ ဦးနောက်ထဲက ဘာမှမရှိတဲ့ သတ္တာလေး) ကို နားလည်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီ့ သေတ္တာက မိန်းမများကို စိတ်ပျက်သွားစေနိုင်ပါတယ်။ စဉ်းစားလေလေ.. ဘာမှမရှိလေ.. စိတ်ပျက်လေလေ..ဒေါသတွေ ထွက်လာလေလေ ပါဘဲ.. နောက်ဆုံးတော့ စကားတစ်ခွန်း ထွက်လာပါတယ်..
...."ရှင် ဘာမှ မလုပ် ဖူးလား"......... "ဘာမှကို အဓိပ္ပါယ် မရှိဘူး"...
ဒီ့ထက် (စိတ်) ပိုဆိုးလာရင်တော့.. "ရှင့် အရင် ငယ်ရည်းစားအကြောင်း စဉ်းစားနေတာမဟုတ်လား"... "ရှင်.. ကျမ မသိအောင် ဘာတွေ မဟုတ်တာလုပ်နေလဲ".. စတဲ့ မေးခွန်းတွေမေးလာတော့တာပါဘဲ..
ကျနော်တို့မှာလည်း မှန်သော အဖြေ တစ်ခုသာ ရှိပါတယ်...
ဘာမှမစဉ်းစားပါဘူးကွာ..
စိတ်ဖိစီးမှုတွေ များလာကြတဲ့အခါ..
ယောက်ျားများ စိတ်ဖိစီးကြတဲ့အခါ..
ယောက်ျားများ စိတ်ဖိစီးမှု (စိတ်ညစ်စရာ) တွေ များလာတဲ့အခါမှာတော့ သူတို့အလုပ်ချင်ဆုံးအလုပ်ဟာ သူတို့ ဦးနှောက်ထဲက ဘာမှ မရှိတဲ့ သေတ္တာကို အမြန်ပြေးဖွင့်ချင်တာပါဘဲ။ ဆိုလိုတာကတော့ စိတ်ညစ်လာတဲ့အခါ ယောက်ျားများဟာ ဘာမှမစဉ်းစားဘဲ အေးအေးဆေးဆေး နေချင်တာပါ။ ဘာမှလည်း မပြောချင်ပါဘူး.. ဒီအတိုင်းလေး အေးအေးဆေးဆေး နေချင်တာပါ..
အဲ့ဒီ့အချိန်မှာ မိန်းမလုပ်သူက ဘေးနားရောက်လာပြီး.. "ရှင်..ဘာစဉ်းစားနေတာလဲဟင်.. ကျမကို ပြောပြပါလား..ဘာတွေဖြစ်လာတာလဲ.. " စတဲ့မေးခွန်းတွေ မေးတတ်ကြပါတယ်။ မိန်းမသဘာဝ စိတ်ပူတတ်တာကိုး.. စိတ်ပူတော့ သူ့ဦးနှောက်ထဲက ကေဘယ်ဝါယာတွေလည်း ပူလာတော့တာပါဘဲ.. ဒီအချိန်မှာ ယောက်ျားလုပ်သူက "ငါ..ဘာမှ မစဉ်းစားပါဘူးကွာ... အေးအေးဆေးဆေး နေချင်လို့ပါ.. ဝေးဝေးမှာနေပေးပါ" လို့ ပြောလိုက်မိတတ်ပါတယ်။ အဲ့ဒီမှာ ကေဘယ်ဝါယာ ပူပြီး စိတ်ကောက်တော့တာပါဘဲ။ ၀ါယာရှော့များ..ဖြစ်သွားရင်တော့ "ဘယ်မိန်းမအကြောင်း တွေးနေမှန်းမှမသိတာ.. ဘယ်ပြောချင်မလဲ.. မဟုတ်တာလုပ်နေတာကို...@#%$^" စသည်ဖြင့် တန်ပို (Tempo) တွေတက်လာရာက လင်မယား ရန်ဖြစ်ကြတော့တာပါဘဲ..
ကျနော်တို့လည်း စိတ်ညစ်နေတဲ့အချိန် အဲ့ဒီ့လို ဘေးနားက ထပ်ပြီး ဗျစ်တောက် ဗျစ်တောက် ပူလာရင် မခံနိုင်တော့ဘဲ ပေါက်ကွဲတတ်ကြ
ပါတယ်။
ယောက်ျားများဟာ စိတ်ဖိစီးမှုများလာရင်...သူ့ရင်ထဲက စိတ်ညစ်စရာများကို ဖြေရှင်းပေးနိုင်မယ့် မိတ်ဆွေ၊ အပေါင်းအသင်း၊ ညီအကို၊ မိဘ များနှင့်သာ တိုင်ပင်လေ့ရှိပါတယ်။
မိန်းမများ စိတ်ဖိစီးကြတဲ့အခါ..
မိန်းမများ စိတ်ဖိစီးမှု (စိတ်ညစ်စရာ) တွေ ကြုံလာရင်တော့ အဲ့ဒီ့ကိစ္စကို သူဖွင့်ပြောမှ ပေါ့သွားမှာပါ။ ပြောကို ပြောရမှ။ မပြောရရင်တော့ သူ့ရဲ့ဦးနှောက်ထဲက ကေဘယ်ဝါယာကြီးဟာ ပေါက်ကွဲလို့သွားတော့မှာပါ..
"လုံးဝထင်မထားဘူး.. အဲ့ဒီ့မိန်းမ အဲ့ဒိလိုလုပ်သွားလိမ့်မယ်လို့... တော်တော်ဒေါသထွက်ဖို့ကောင်းတယ်.@#%$^.." ဘာဘာ ညာညာ ပြောလာရင် အမျိုးသားများ ဂရုတစိုက်နားထောင်ပေးလိုက်ပါ။ ဘာမှ ၀င်မဖြေရှင်းပေးပါနဲ့... အကြံမပေးပါနဲ့...သူပြောတာကိုဘဲ နားထောင်ပေးလိုက်ပါ။ ၀င်ပြောလိုက်တာနဲ့ သေပြီဆရာဘဲ.. ဒေါသအိုးက သင့်အပေါ်ကျသွားနိုင်ပါတယ်။
အမျိုးသားတွေ လုပ်ပေးနိုင်တာကတော့ ကျနော်တို့ရဲ့ ဦးနှောက်ထဲက ဘာမှမရှိတဲ့ သေတ္တာလေးကို ဖွင့် ပြီး.. သူမ ပြောသမျှ နားထောင်ပေးလိုက်ရုံပါဘဲ.. သူလည်း ပြောချင်တာပြောပြီး Stress တွေလျှော့.. ကျနော်တို့လည်း ဘာမှမစဉ်းစားဘဲ.. အေးအေးဆေးဆေးလေးပေါ့...
(အမေရိကန် စာရေးဆရာ Mark Gungor ရဲ့ "A Tale of Two Brains ကို ယောက်ျားဦးနှောက်နဲ့ မိန်းမဦးနှောက် ကွာခြားချက်လို့ ဘာသာပြန်ပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အချို့သော ဥပမာများဟာ မြန်မာပြည်နဲ့ လိုက်လျှောညီထွေဖြစ်အောင် ပြန်လည်တင်ဆက်ပေးထားတာဖြစ်ပါတယ်။)
ကျေးဇူးတင်ပါတယ်။
အာကာသနှင့် စကြ၀ဠာ
http://www.facebook.com/lwinthandarsoe