-->
မဂၤလာပါဗ်။ Min Yar Zar(Kuantan Malaysia)မွ ႀကိဳဆိုပါတယ္ဗ်ာ။

Friday, 29 January 2016

အကိုၾကီး အမၾကီးတို႔ အနစ္နာ ခံခဲ့ၾကတယ္


အကိုၾကီး အမၾကီးတို႔ အနစ္နာ ခံခဲ့ၾကတယ္

မိသားစု တစ္စုမွာ အကိုၾကီး အမၾကီးေတြဆိုတာ ရိွၾကမွာပါ။ အကိုၾကီးေတာ့ အဖရာ အမ
ၾကီးေတာ့ အမိရာလို႔ဆိုတဲ့ စကားလည္း ရိွပါတယ္။ေကာင္းမြန္တဲ့ အကိုၾကီးသာ အဖရာ
ျဖစ္လို႔ ေကာင္းမြန္တဲ့ အမၾကီးသာလွ်င္လည္း အမိရာ ဝင္ပါတယ္။ ဘယ္လိုပဲ ျဖစ္ေနပါေစ
 ေကာင္းမြန္တဲ့ အကိုၾကီးနွင့္ အမၾကီးေတြကေတာ့ အနစ္နာ ခံခဲ့ၾကပါတယ္။

၁) မိသားစု စားဝတ္ေနေရးအတြက္

တစ္ခ်ိဳ႔ဆိုရင္ အၾကီးဆံုး ျဖစ္လို႔ မိသားစု စားဝတ္ေနေရးအတြက္ ေက်ာင္းထြက္ျပီး အလုပ္လုပ္ရတယ္။ မိသားစု အတြက္ ေငြရွာျပီး ညီေလး ညီမေလးေတြ အတြက္ပညာဆက္လက္ သင္ၾကားနိုင္ေအာင္ ကူညီေပးၾကရပါတယ္။

၂) ျဖစ္ခ်င္တာေတြကို ေမ့ျပီး ျဖစ္သင့္တာေတြအတြက္ ေပးဆပ္ၾကရတယ္

အကိုၾကီး အမၾကီးေတြဟာ ပညာတတ္ၾကီး ျဖစ္ေနခဲ့ရင္ေတာင္ သူတို႔ ဝါသနာပါတဲ့ အလုပ္ေတြကို လုပ္ဖို႔အတြက္ ခဏေမ့ထားျပီး မိသားစုေတြ အားလံုးအတြက္ အက်ိဳးရိွေစမယ့္ အလုပ္မ်ားကို ေရြးခ်ယ္ျပီး လုပ္ကိုင္ရတာေတြလည္း ရိွပါတယ္။ ဒါေၾကာင့္ အကိုၾကီး အမၾကီးတို႔ အနစ္နာ ခံခဲ့ၾကတယ္။

၃) မိဘသဖြယ္ ျပဳစုရျပန္တယ္

ညီေလး ညီမေလးေတြ အေတာင္မစံုခင္မွာ မိဘသဖြယ္ ျပဳစုၾကတာလည္း အကိုၾကီး အမၾကီးတို႔ပါ။ တစ္ခ်ိဳ႔က မိဘရိွေတာ့ မသိသာေပမယ့္ မိဘမရိွေတာ့တဲ့ မိသားစုမွာေတာ့ အကိုၾကီးနဲ႔ အမၾကီးတို႔ဆိုတာ မိဘေတြပါပဲ။

၄) အျမဲ စိတ္ပူပန္ေၾကာင္းက်တယ္

အကိုၾကီး အမၾကီးတို႔ဟာ သူတို႔ရဲ႕ ညီေလး ညီမေလးေတြ တစ္စံုတစ္ခု ျဖစ္မွာကို အျမဲစိတ္ပူပန္ ေၾကာင္းက် ၾကတယ္။ လူဘံုအလယ္ ညီေလးေတြ ညီမေလးေတြကို မ်က္နွာမငယ္ရေစေအာင္ ကူညီေဖမေပးတာလည္း အကိုၾကီးနဲ႔ အမၾကီးတို႔ေပါ့။

မိမိတစ္ေန႔ ခ်မ္းသာၾကြယ္ဝလာတဲ့ အခါမွာ မိမိကို အနစ္နာခံခဲ့တဲ့ အကိုၾကီး အမၾကီးကိုေတာ့ မေမ့ပါနဲ႔ေနာ္။ သူတို႔ဟာ ညီေလး ညီမေလးအတြက္ သူတို႔ဘဝမ်ားကိုေတာင္ မေထာက္ ကူညီေစာင့္ေရွာက္ခဲ့ၾကသူေတြပါ။

ဓာတ္ပံု - Wiki
ေက်ာ္လင္းနိုင္ (႐ုိးရာေလး)မွ
Unicode version

အကိုကြီး အမကြီးတို့ အနစ်နာ ခံခဲ့ကြတယ်

မိသားစု တစ်စုမှာ အကိုကြီး အမကြီးတွေဆိုတာ ရှိကြမှာပါ။ အကိုကြီးတော့ အဖရာ အမကြီးတော့ အမိရာလိုဆိုတဲ့ စကားလည်း ရှိပါတယ်။ကောင်းမွန်တဲ့
အကိုကြီးသာ အဖရာ ဖြစ်လို့ ကောင်းမွန်တဲ့ အမကြီးသာလျှင်လည်း အမိရာ ဝင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကောင်းမွန်တဲ့ အကိုကြီးနှင့် အမကြီးတွေကတော့ အနစ်နာ ခံခဲ့ကြပါတယ်။

၁) မိသားစု စားဝတ်နေရေးအတွက်

တစ်ချို့ဆိုရင် အကြီးဆုံး ဖြစ်လို့ မိသားစု စားဝတ်နေရေးအတွက် ကျောင်းထွက်ပြီး အလုပ်လုပ်ရတယ်။ မိသားစု အတွက် ငွေရှာပြီး ညီလေး ညီမလေးတွေ အတွက်ပညာဆက်လက် သင်ကြားနိုင်အောင် ကူညီပေးကြရပါတယ်။

၂) ဖြစ်ချင်တာတွေကို မေ့ပြီး ဖြစ်သင့်တာတွေအတွက် ပေးဆပ်ကြရတယ်

အကိုကြီး အမကြီးတွေဟာ ပညာတတ်ကြီး ဖြစ်နေခဲ့ရင်တောင် သူတို့ ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ဖို့အတွက် ခဏမေ့ထားပြီး မိသားစုတွေ အားလုံးအတွက် အကျိုးရှိစေမယ့် အလုပ်များကို ရွေးချယ်ပြီး လုပ်ကိုင်ရတာတွေလည်း ရှိပါတယ်။ ဒါကြောင့် အကိုကြီး အမကြီးတို့ အနစ်နာ ခံခဲ့ကြတယ်။

၃) မိဘသဖွယ် ပြုစုရပြန်တယ်

ညီလေး ညီမလေးတွေ အတောင်မစုံခင်မှာ မိဘသဖွယ် ပြုစုကြတာလည်း အကိုကြီး အမကြီးတို့ပါ။ တစ်ချို့က မိဘရှိတော့ မသိသာပေမယ့် မိဘမရှိတော့တဲ့ မိသားစုမှာတော့ အကိုကြီးနဲ့ အမကြီးတို့ဆိုတာ မိဘတွေပါပဲ။

၄) အမြဲ စိတ်ပူပန်ကြောင်းကျတယ်

အကိုကြီး အမကြီးတို့ဟာ သူတို့ရဲ့ ညီလေး ညီမလေးတွေ တစ်စုံတစ်ခု ဖြစ်မှာကို အမြဲစိတ်ပူပန် ကြောင်းကျ ကြတယ်။ လူဘုံအလယ် ညီလေးတွေ ညီမလေးတွေကို မျက်နှာမငယ်ရစေအောင် ကူညီဖေမပေးတာလည်း အကိုကြီးနဲ့ အမကြီးတို့ပေါ့။

မိမိတစ်နေ့ ချမ်းသာကြွယ်ဝလာတဲ့ အခါမှာ မိမိကို အနစ်နာခံခဲ့တဲ့ အကိုကြီး အမကြီးကိုတော့ မမေ့ပါနဲ့နော်။ သူတို့ဟာ ညီလေး ညီမလေးအတွက် သူတို့ဘဝများကိုတောင် မထောက် ကူညီစောင့်ရှောက်ခဲ့ကြသူတွေပါ။
ကြမ္တန္း မင္းရာဇာ

No comments:

Post a Comment