-->
မင်္ဂလာပါဗျ။ Min Yar Zar(Kuantan Malaysia)မှ ကြိုဆိုပါတယ်ဗျာ။
Monday, 28 March 2016
ဦးနှောက်သွေးကြောပြတ်ခြင်း
ဦးနှောက်သွေးကြောပြတ်ခြင်း
မိတ်ဆွေတို့...
မိမိ မဖြစ်လောက်သေးပေမယ့် အသက်ကြီးသူတွေ ဘာကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးကြရပါသလဲ.ဆိုတာလေးသိရအောင်
ထပ်ဆင့်မျှဝေ တင်ပြလိုက်ပါတယ်...
>>> ၁၉၀၀ ပြည့်နှစ် ၀န်းကျင်လောက်က Thomas Vills “ သောမတ်စ် ဗီးစ် ” ဆိုတဲ့ ကောင်လေးတစ်ယောက်သူအရမ်းချ စ်တဲ့ သူ့အဖိုး...သူ့ရှေ့မှာ ဦးနှောက်သွေးကြော
ပြတ်သွား တာကိုကြုံခဲ့ရတယ်..
ဘာမှ မသိသေးတဲ့ ကလေးလေးဆိုပေမဲ့ သူ့အရမ်းချစ်တဲ့ အဖိုးဖြေးဖြေးလဲကျသေဆုံးသွားပုံကို မျက်စိထဲက မထွက်ခဲ့ဘူး..
ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီးတဲ့နောက်မှာ “ သောမတ်စ် ဗီးလ် ” ဟာ ဆရာဝန်ဖြစ်လာခဲ့တယ်..
သူငယ်ငယ်ကတည်းက မျက်စိရှေ့တင် လဲကျသေဆုံးသွားတဲ့ အဖိုးအဖြစ်ကို
ဘာကြောင့် ဦးနှောက်သွေးကြောပြတ်ရတာလဲ လို့ သူ့လေ့လာခဲ့တယ်.....
မလေ့လာရင်သာနေမယ်..လေ့လာရင် အရာရာ သိလာရတာပါပဲ....
.
ဘာကြောင့်လို့ထင်ပါသလဲ သူငယ်ချင်း........
တစ်ခါတစ်လေ ကြီးမားတဲ့ အပြောင်းအလဲတွေဟာ မထင်မှတ်တဲ့ နေရာတွေက အစပြုတတ်ပါတယ်.....
မြန်မာနိုင်ငံမှာ ဦးနှောက်သွေးကြောပြတ်ပြီးခဲ့ရတဲ့ လူတွေ အများကြီးပါ..သူတို့ဟာ အဓိကအားဖြင့် ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်ပါသလဲ...
“ အလွန်ဒေါသထွက် ၊ ရန်ဖြစ်နေချိန်ကလွဲလို့ ဦးနှောက်သွေးကြောပြတ် သေဆုံးသူအများစုဟာ
အိမ်သာက အထွက်မှာ မူးပြီးလဲကျ ဦးနှောက်သွေးကြောပြတ်တယ်. .လို့တွေ့ရမှာပါ.
ဒီလိုပါပဲ...သောမတ်စ်ဗီးလ် လဲတွေ့ရှိခဲ့တယ်.. ”
သူ့အဖိုးကလဲ အိမ်သာက အထွက်မှာလဲကျ သေဆုံးသွားခဲ့တာလေ..
သူ သေသေချာချာ လေ့လာတော့ ရိုးရိုးအိမ်သာခွက်(ဆောင့်ကြောင့်ထိုင်ခွက်)မှာ ထိုင်ပြီး
အိမ်သာတတ်သူ၏ ဒူးက၁၅၀ ဒီဂရီကျော် ကွေးပြီး ထိုင်ရုံသာမက လူဝိတ်ကပါ ဖိမိထားတော့ ခန္ဓာကိုယ်က သွေးကြောတွေ ပိတ်မိနေတယ်..
ဒီအချိန်မှာ အိမ်သာတတ်ပြီးလို့ ရုတ်တရက်ထလိုက်တော့ ကွေးနေတဲ့ဒူးဟာ..
ရုတ်တရက်သွေးကြောကိုဖွင့်ပေးလိုက်သလို ဖြစ်ပြီး ဦးနှောက်သွေးကြောကိုဆောင့်တိုး စေတယ်..
လူငယ်တွေမှာ ခံနိုင်ရည်ရှိပေမဲ့လူကြီးတွေကျတော့ခံနိုင်ရည်အားကျနေပြီလေ.
ဒါကြောင့် အိမ်သာက အထွက်မှာ လူတွေ ဦးနှောက်သွေးကြောပြတ်တာလို့... သူတင်ပြတယ်..
ဒါနဲ့ လေ့လာတွေ့ရှိမှု နောက်ဆက်တွဲ အဖြစ်နဲ့ ရိုးရိုး အိမ်သာခွက်တွေ အစား
ထိုင်ကမုတ်ခွက် တွေကို ပြောင်းသုံးဖို့ သူတီထွင်ခဲ့တယ်..
ထိုင်ကမုတ်ခွက် တွေ အပြောင်းအလဲရဲ့ အကျိုးသက်ရောက်မှုကလဲ
အံ့သြစရာကောင်းပါတယ်....
၇၀ % သော လူတွေ ဦးနှောက်သွေးကြောပြတ်မှုကို ကာကွယ်နိုင်ခဲ့တယ်..
ပြင်သစ် ၊ ဆွီဒင် ၊ ဂျာမနီ ၊ အမေရိကန် ၊ဟော်လန်နိုင်ငံတွေမှာ ထိုင်ကမုတ်ခွက် သုံးပြီးကတည်းက ဦးနှောက်သွေးကြောပြတ်သူ ၈၅ % လျော့ချနိုင်ခဲ့တယ်..
အင်္ဂလန်အပါအ၀င် တခြားနိုင်ငံတွေမှာ၇၀ % လျော့ချနိုင်ခဲ့တယ်..
ဖွံဖြိုးပြီး အာရှနိုင်ငံများမှာ ၆၀ % ကျော်လျော့ချနိုင်ခဲ့တယ်..
အာဖရိကတိုက်မှာတော့ ဦးနှောက်သွေးကြောပြတ်သူ တဖုတ်ဖုတ်ပါပဲ..
အားလုံး ဘေးကင်းကြပါစေ...။ ။
Credit to ဦးမိုးမင်း
ကွမ်တန်း မင်းရာဇာ
Saturday, 26 March 2016
လူမထွက်တဲ့ ရဟန်း
လူမထွက်တဲ့ ရဟန်း
    ==============
ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော၊(ရဟန်းဘ၀ ရခဲလှ)တဲ့၊ ရခဲ့တဲ့ဘ၀မို့ အကြာကြီး မ၀တ်နိုင်သူတွေတောင် (၇)ရက်ဖြစ်ဖြစ် ၀တ်လေ့ရှိကြတယ်။ ရဟန်းဘ၀မှာ အမြဲနေတဲ့ စာသင်ရဟန်းတစ်ပါးကို မိဘကအစ ဆွေမျိုးဒကာ၊ဒကာမအားလုံး ဘယ်သူမှ လူမထွက်စေချင် ကြတာ ထုံးစံပါ။
ဒါကလဲ အေးချမ်းတဲ့ဘ၀ကနေ သောကတွေနဲ့ပူလောင်တဲ့ လူ့ဘ၀ထဲကို မလာစေချင်တဲ့ စေတနာကြောင့်ရယ်ပါ။
ဘုရားခေတ်က သာနုဆိုတဲ့ ကိုရင်တစ်ပါးရှိခဲ့တယ်။ သူဟာ ကျင့်ဝတ်တွေ ကျေပွန်တဲ့ ကိုရင်လိမ္မာလေး တစ်ပါးပါ။သူ့မှာ ဘ၀ဟောင်းက မိခင်တော်ခဲ့တဲ့ ဘီလူးမတစ်ယောက်ရှိတယ်။
သာနုကိုရင်ရဲ့မယ်တော်ဟောင်းဖြစ်တဲ့ဘီလူးမကို ဘယ်နေရာသွားသွား ကိုရင်မယ်တော် ကိုရင်မယ်တော်ဆိုပြီး တန်ခိုးကြီးနတ်တွေကတောင် နေရာပေးကြတယ် လမ်းဖယ်ပေး ကြတယ်တဲ့။
လူ့လောကမှာလဲ ဒီအတိုင်းပါပဲ ရဟန်းမယ်တော်ဆိုရင် အားလုံးက မျက်နှာသာပေးကြပါတယ်။ စာတတ်ရဟန်း၊ ဓမ္မကထိကရဟန်းရဲ့ မယ်တော်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။
တနေ့ သာနုကိုရင် မပျော်လို့ လူထွက်ချင်လာတယ်။ ဘီးလူးမဟာ ကိုရင် လူထွက်မယ်ဆိုတာ ကြားရော ကိုရင်ကိုဝင်ပူးပြီး ခေါင်းကို နောက်ပြန်လှည့်ထားတယ်တဲ့။ လူထွက်ရင် ဒုက္ခရောက်မယ် လို့လဲ ခြိမ်းခြောက် လိုက်တယ်။ အဲဒါနဲ့ပဲ ကြောက်ကြောက်နဲ့ သာနု လူမထွက်ဖြစ်ပဲ မြဲသွားတယ်။ နောက်တော့ ဓမ္မကထိကတွေဖြစ်ပြီး ရဟန္တာဘ၀နဲ့ ပရိနိဗ္ဗာန်ပြုသွားတယ်။
အခုခေတ်မှာလဲ တချို့ခမည်းတော်တွေက် ဦးဇင်း ထွက်ရဲထွက်ကြည့်နော်။ တနေကုန် ကျွဲနဲ့ရုန်းရမယ် ဆိုပြီး ခြိမ်းခြောက်တတ်ကြတယ်။ တကယ် မထွက်စေချင် ငြိမ်းချမ်းစေချင်တဲ့ မိဘတို့ရဲ့ မေတ္တာနဲ့ ပြောတဲ့စကားပါ။
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ………………။ ပါရမီကုန်လို့လား၊ အကြောင်းမကောင်းလို့လား၊ ဘာ့ကြောင့်ရယ် လားလို့တော့ အတိအကျမသိရပေမယ့် သူငယ်ချင်းတွေထဲမှာ အတော်ဆုံး၊ အနေအထိုင်အကောင်းဆုံး ရယ်လို့အားလုံးက အသိအမှတ်ပြုထားတဲ့ ရဟန်းတစ်ပါး လွန်ခဲ့တဲ့တစ်နှစ်က လူထွက်သွားတော့ မိမိတို့တဖွဲ့လုံး အံ့သြမဆုံး။
သူ့မိဘ ဆွေမျိုးတွေဆို မျက်ရည်နဲ့ မျက်ခွက်။
ဘယ်သူမှ လူထွက်မယ် မထင်ထားတဲ့ အနေရိုးတဲ့ကိုယ်တော်လေး။ ဒါပေမယ့် ငယ်ဖြူရဟန်းအတော်များများ ကြောက်လန့်တဲ့ လူ့လောကကို ခရာမှုတ်သံတချက် မပေးပဲ သူခြေချသွားတယ်။ သြော်……… သူလဲလေ လောကီသားပေမို့လေ…..။လို့သာ စိတ်ထဲ ပြောလိုက်မိတော့တယ်။
မကြာသေးခင်ကာလက မေတ္တာရှင်(ရွေပြည်သာ)လူဝတ်လဲသွားတဲ့သတင်း ကြားမိကြမှာပါ၊ အစက မဖြစ်နိုင်လောက်ဘူးလို့ ထင်ပေမယ့် ကြေးမုံသတင်းစာထဲ ပါလာမှ တကယ်ပါလားလို့ လက်ခံမိတယ်။ ဆရာတော်က ပရဟိတစိတ်နဲ့အပြည့်နဲ့လောကအကျိုးသယ်ပိုး နေသူမို့ သာသနာအတွက်ရော သူ့ကို မှီခိုနေသူတွေအတွက်ပါ နှမြောမိပါတယ်။ လူဝတ်နဲ့ ပရဟိတလုပ်လို့ ရနိုင်တယ်ဆိုပေမယ့် ရဟန်းဝတ်နဲ့ လုပ်တာလောက်တော့ ထိရောက်မှု ရှိမှာမဟုတ်ပါဘူး၊ ကျယ်ကျယ်ပြန့်ပြန့်လဲ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်မိ ပါတယ်။
တကာတစ်ယောက်က ဆရာတော်လူဝတ်လဲတာနဲ့ ပါတ်သက်ပြီး ""တပည့်တော် အံ့သြလို့ မဆုံးဘူးဘုရား၊ နှမြောလဲ အရမ်းနှမြောတယ်။ တပည့်တော် ဒီဆရာတော် လူမထွက်တော့ဘူးလို့ ထင်ထားတာ "" လို့ ပြောလာပါ တယ်။
မိမိကတော့ နှမြောမိပေမယ့် မအံ့သြတော့ပါဘူး၊ အဲလို ထူးချွန်တဲ့ရဟန်းတွေ လူဝတ်လဲသွားတာ မြင်ဖူးသလို ဘုရားဟောတဲ့ လူမထွက်ရဟန်းထဲမှာ မေတ္တာရှင် မပါဘူးဆိုတာလဲ သိထားလို့ပါ။
ဘာပဲဖြစ်ဖြစ် ဆရာတော်(အခု တကာတော်)ဟာ မိမိတို့ မစွမ်းဆောင်နိုင်တာတွေ အများကြီး လုပ်ခဲ့ပါတယ်။ သူ့ရဲ့ပရဟိတလုပ်ငန်းစဉ်တွေ ဆက်လက်လည်ပတ်နိုင်အောင်လဲ သန္ဓေပျိုး မျိုးစေ့တွေ ချပေးခဲ့ပါတယ်။ လူထွက်သွားပေမယ့် မိဘတွေ အတွက်တော့ ဂုဏ်ယူစရာ သားကောင်းတစ်ယောက် အဖြစ် ရှိနေဆဲပဲ လို့ မြင်ပါတယ်။ ရဟန်းဘ၀နဲ့တစ်သက်လုံး မနေခဲ့ရတာတော့ သူ့ရဲ့ပါရမီနဲ့ဆိုင်ပါလိမ့်မယ်။
ဒီနေရာမှာ မေတ္တာရှင် လူမထွက်တော့ဘူးလို့ ထင်ထားတာဘုရား လို့ လျှောက်လာတဲ့တကာရဲ့ စကားကို ပြန်ကြည့်ကြရအောင်ပါ။
အင်္ဂုတ္ထိုရ်မှာ (အဘဗ္ဗော ခီဏာသဝေါ ဘိက္ခု သိက္ခံ ပစ္စက္ခာတုံ။) ရဟန္တာသည် သိက္ခာချ လူထွက်ခြင်းငှာ မထိုက်။(ရဟန္တာရဟန်း ဘယ်တော့မှ လူမထွက်) လို့ ပြဆိုထားပါတယ်။ ဒါက ပါဠိတော်ဆိုတော့ ဘုရားစကား အစစ်ပါ။ လူမထွက်ဘူးလို့ ဘုရားအာမခံတဲ့ထဲမှာ သောတာပန် သကဒဂါမ်တောင် မပါပါဘူး၊
ရဟန္တာကိုသာ မြတ်စွာဘုရား လုံးဝ လူမထွက်ဘူးလို့ အာမခံထားပါတယ်။
ဒီတော့ ပုထုဇဉ်ရဟန်း လူထွက်တာ စာပေအရ ပြောတမ်းဆို၇င် ဘာမှ အံ့သြစရာမဟုတ်ဘူးလို့ပဲ ဆိုရမှာပါ။ ဓမ္မကထိက လူထွက်နိုင်သလို ပဌမကျော်လဲ လူထွက် နိုင်ပါတယ်။ စာတတ်ပုဂ္ဂိုလ်၊ တရားပြရဟန်း အကုန်လုံး ရဟန္တာမဖြစ်သေးရင် လူထွက်နိုင်တာပါပဲ။ ကုန်ကုန်ပြောရင် တိပိဋကဓရလဲ ပုထုဇဉ်သာ ရှိသေးလို့ စိတ်မချရသေးတဲ့ အနေအထားမှာပဲ ရှိပါသေးတယ်။
တခါက ရွာတစ်ရွာမှာ အသက်(၈၀)အရွယ် ဆရာတော်ကြီးတစ်ပါး ကျောင်းထိုင်နေသတဲ့။ တနေ့ ဆရာတော်ဟာ ကြေးစဉ်ကို အဆက်မပြတ် အကြိမ်များစွာ တီးလိုက်တယ်။ ရွာသားတွေက ဆရာတော် ပျံတော်မူပြီ အထင်နဲ့ ကျောင်းကို ပြေးတက်လာကြတယ်၊ (တောရွာများမှာ ဘုန်းကြီးပျံလျှင် ကြေးစည်တီးတဲ့ အလေ့ရှိပါတယ်။)
ဒါပေမယ့် ဆရာတော်က မပျံဘူး၊ ပလ္လင်ကြိးပေါ်မှာ မိန့်မိန့်ကြီး ထိုင်နေတယ်။ ရွာသားတွေလဲ ဘာများ အရေးကြီးစကား ပြောမလဲ မသိဘူး ဆိုပြီး ငြိမ်နေကြတယ်။
လူလဲစုံရော ဆရာတော်က ချောင်းတချက်ဟန်းပြီး စကားစပြောတယ်။ ငါ ဒီနေ့ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီ။ အဲဒီဆုံးဖြတ်ချက်ကို တကာတို့ကို အသိပေးချင်လို့ ခေါ်လိုက်တာ။
ဘာများလဲဘုရား။ လို့ တကာတွေက မေးလျှောက်တော့
ငါ ဒီတစ်သက် လူမထွက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။ လို့ ပြောလိုက်တယ်။ တကာတွေကတော့ ပါးစပ်အဟောင်းသားနဲ့ပေါ့။
ဒီပုံပြင်ဟာ ဟာသသဘော ဆန်နေပေမယ့် ဘုရားစကားနဲ့ နှီးနှောကြည့်ရင် ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်ရမှာပါ။
ငယ်ငယ်က (ကိုရင် တစ်သက်လုံး ၀တ်မှာလား) လို့ မေးတုန်းက အင်း လို့ တစ်လုံးထဲ မစဉ်းစားပဲ ဖြေခဲ့ဖူးတယ်။
ဒီအချိန်မှာ မိမိကို တစ်ယောက်ယောက်ကများ (တစ်သက်လုံးဝတ်နိုင်မလား ဦးဇင်း)လို့ လာမေးရင်လဲ ပျော်သလောက် သို့မဟုတ် ပါရမီပါသလောက်ပေါ့ လို့ပဲ မယုတ်မလွန် ဖြေရလိမ့်မယ် ထင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရား လူမထွက်ဘူးလို့ အာမခံ(warranty)ပေးထားတာက တစ်ပါးထဲရှိတာလေ….။ အဲဒါ ရဟန္တာပါပဲ။ (ကိုယ်က ရဟန္တာမှ မဟုတ်တာ)
၆၊ ၇၊ ၂၀၁၄
Credit original writer
( မူကြိုဆရာ )
ကွမ်တန်း မင်းရာဇာ
Thursday, 24 March 2016
သက်တန့်ရဲ့ အစွန်းတစ်ဖက်ကို တွေ့ဖူးသလား
ကျွန်တော်တို့ မကြာခဏမြင်ရတဲ့ သက်တန့်ရဲ့အစွန်းတစ်ဖက်ပါ။ ၂၀၀၉ ခုနှစ်တုန်းက Jason Erdkamp ဆိုသူက ကားမောင်းရင်းအမှတ်မထင်တွေ့ရာကနေ သူ့ရဲ့ Iphone နဲ့ ရိုက်ယူရရှိခဲ့တာပဲ ဖြစ်ပါတယ်။
အထူးအဆန်းပို့စ်တွေကို အောက်ပါလင့်မှာဆက်လက်ဖတ်ရှု့နိုင်ပါတယ်။l
Saturday, 19 March 2016
ရန်ကုန်အပါအဝင် မြို့ကြီးခုနစ်မြို့၌ ငလျင်ကြီး လှုပ်ဖွယ်ရှိ
ရန်ကုန်အပါအဝင် မြို့ကြီးခုနစ်မြို့၌ ငလျင်ကြီး လှုပ်ဖွယ်ရှိ
*************************************************
သူသူထက်လွင် ၊ ရန်ကုန်၊
 နှစ်ပေါင်း ၈ဝ၊ ၁ဝဝ ကြာလျှင် တစ်ကြိမ် ငလျင်ကြီး လှုပ်လေ့ရှိပြီး မြန်မာနိုင်ငံတွင် ငလျင်ကြီးမလှုပ်သည် မှာ နှစ်ပေါင်း ၈ဝ ကျော် ကြာမြင့်သွား ပြီဖြစ်၍ ရန်ကုန်မြို့အပါအဝင် မြို့ ကြီး ခုနစ်မြို့တွင် အချိန်မရွေး ငလျင် ကြီး ထပ်မံလှုပ်နိုင်ခြေရှိကြောင်း မြန် မာနိုင်ငံ အင်ဂျင်နီယာအသင်း ( Myanmar Equake Comittee) မြေငလျင် ကော်မတီမှ သိရသည်။
ပြင်းအား ရစ်ခ်ျတာစကေး ၇ ရှိ သည့် ပဲခူးငလျင်ကြီးသည် ၁၉၃ဝ ပြည့်နှစ်တွင် လှုပ်ခဲ့ပြီး ငလျင်ကြီးမ လှုပ်သည်မှာ နှစ်ပေါင်း ၈၆ နှစ် ရှိပြီ ဖြစ်ကာ စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ မြို့ များ အထူးသတိထားရမည် ဖြစ်သည်။
''ပြင်းအားပမာဏနည်းတဲ့ ငလျင် တွေကတော့ မကြာခဏ လှုပ်လေ့ရှိ ပြီး ပြင်းအား ၇ အဆင့်ရှိတဲ့ ငလျင် ကြီးကျတော့ နှစ်ပေါင်းများစွာ (၈ဝ၊ ၁ဝဝ)ကြာမှ တစ်ကြိမ် လှုပ်တယ်။ ရန် ကုန်မှာ ငလျင်လှုပ်နိုင်လားဆိုတာ ဖြေ ဖို့မလွယ်ဘူး။ ၁၉၃ဝ ပဲခူးငလျင်လှုပ် ခဲ့တဲ့ စစ်ကိုင်းပြတ်ရွေ့အပိုင်းက ပြင်း အား ၇ ဝန်းကျင်ရှိတဲ့ ငလျင် အချိန် မရွေး လှုပ်နိုင်တယ်။ စစ်ကိုင်းပြတ် ရွေ့ပေါ်မှာ ရန်ကုန်မြို့ရှိတယ်''ဟု မြန် မာနိုင်ငံ အင်ဂျင်နီယာအသင်း ( Myanmar Equake Comittee) မြေငလျင် ကော်မတီမှ အတွင်းရေးမှူး ဒေါက် တာမျိုးသန့်က ပြောသည်။
စစ်ကိုင်းပြတ်ရွေ့ပေါ်တွင် ရှိနေ သည့် ရန်ကုန်မြို့အပါအဝင် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး၊ တောင် ငူ၊ မိတ္ထီလာမြို့များတွင် ငလျင်ဒဏ်ခံ ရမည်ဖြစ်ပြီး ငလျင်ဒဏ် ခံနိုင်အောင် အဆောက်အအုံများကို ပြုပြင်မွမ်းမံ ထားရန်နှင့် ဘေးကင်းရာ နေရာများ သတ်မှတ်ထားရမည်ဟု သိရသည်။
''ငလျင်ဒဏ် ခံနိုင်ရည်မရှိတဲ့ အ ဆောက်အအုံတွေကို ပြုပြင်မွမ်းမံရ မယ်။ မြို့နယ်အလိုက်၊ ရပ်ကွက်အ လိုက် ဘေးကင်းရာနေရာ Evacuation Centre များ သတ်မှတ်ထားပြီး ပြည် သူတွေကို သိရှိအောင် ပြောထားရ မယ်''ဟု ¤င်းက ဆက်လက်ပြောသည်။
နှစ်စဉ် ပြင်းအား ၃ ရှိသည့် ငလျင်များသည် အကြိမ်အရေအတွက် များစွာ လှုပ်နိုင်ကြောင်းနှင့် ငလျင် ကြီးများအတွက် ပြည်သူများအား အ သိပညာပေးခြင်း၊ လေ့ကျင့်ပေးခြင်း များ ဆောင်ရွက်ထားသင့်ကြောင်း မြေငလျင်ကော်မတီမှ သိရသည်။
(Yangon Times Journal, 12-11)
Tuesday, 15 March 2016
အမှိုက် မလောက်လို့ နိုင်ငံခြားကနေ အမှိုက် တန်ချိန် 800,000 ဝယ်သွင်းနေရတဲ့ ဆွီဒင်
အမှိုက် မလောက်လို့ နိုင်ငံခြားကနေ အမှိုက် တန်ချိန် 800,000 ဝယ်သွင်းနေရတဲ့ ဆွီဒင်
ကျွန်တော်တို့ နိုင်ငံမှာ အမှိုက်တွေ မြို့ ကိုလျှံပြီး ပလူပျံ နေတိုင်းတိုးပွားလာနေတဲ့အမှိုက်တွေကို ဘယ်လိုဖြေရှင်းရမလည်းလို့ နည်းလမ်းမရှာ တတ်ပဲ ဖြစ်နေချိန်မှာ လူဦးရေ 9.5 သန်းသာရှိတဲ့ ဆွီဆလန် နိုင်ငံမှာ အမှိုက် လိုအပ်မှု့ ပြသနာ နဲ့ ကြုံ နေရပါတယ်။ဒါကြောင့် ဥရောပတစ်ဝှမ်းက နော်ဝေးတို့ လိုအိမ်နီးချင်းနိုင်ငံ တွေဆီကနေတစ်နှစ်ကို အမှိုက်တန်ချိန် 800,000 တန်လောက် ဝယ်ယူတင်သွင်းနေရပါတယ် ။ အမှိုက်နေ လျှပ်စစ်ထုတ်ပြီး အိမ်ခြေ 810,000 ဒါမှမဟုတ် နိုင်ငံရဲ့20% ကိုအနွေးဓါတ်တွေပေး ပြီးကျန် 250,000 အိမ်ခြေကို
လျှပ်စစ်ဓါတ်တွေပေး နိုင်အောင်လို့ပါ ။
ဒါပေမဲ့ ဒီလိုကောင်းမွန်တဲ့ အရာတွေဟ နေချင်ညချင်းဖြစ်လာတာတော့မဟုတ်ပါဘူး ဆွီဒင်နိုင်ငံဟာ 1940 ခုနှစ်ကတည်းက စတင်ပြီး အမှိုက် ကိုပြန်လည် Recycle လုပ်အသုံးချနိုင်ဖို့ ကြိုးပန်းနေခဲ့ကြပြီး အဲ့ဒီတုန်းက ဒီကမ္ဘာပေါ် ကတစ်ခြားနိုင်ငံတွေဟာ ဘယ်သူမှ အမှိုက်ပြသနာ တွေကို စိတ်ဝင်စားပြီး ရီဆိုက်ကယ် လုပ်ဖို့ စိတ်ကူးမရှိထည့်မတွေး ကြသေးပါဘူး ဒါပေမဲ့ ဆွီဒင်နိုင်ငံက တော့ အမှိုက်အမျိုးအစား ခွဲခြားသတ်မှတ်ပြီး အမှိုက်ကို စွမ်းအင်အဖြစ်ပြန်လည် အသုံးချဖို့ အတွက် စီမံကိန်းတွေ ချထားခဲ့ လို့ခုချိန်ခါမှာ နည်းပညာ တွေ နဲ့ အမှိုက်တွေကို စွမ်းအင်အဖြစ် အောင်မြင်စွာ အသုံးချလာနိုင်ပြီး
 ပတ်ဝန်းကျင်အတွက် ဘာအဆိပ်အတောက်မှ မဖြစ်ပေါ်စေခဲ့ပါဘူး
 စီမံကိန်းကြီးရဲ့အောင်မြင်မှုဟာ နည်းပညာ တစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူး အမှိုက်ပြသနာ အတွက် ထည့်သွင်း စဉ်းစားခဲ့ကြ ပြီးပူးပေါင်းပါဝင်လက်တွဲခဲ့ကြတဲ့ နိုင်ငံသူနိုင်ငံသား9.5 သန်းယောက်ကိုကျေးဇူးတင်ရမှာပါ ပြီးတော့ကြပ်မှတ် တဲ့စည်းကမ်းနဲ့ အမှိုက်တွေ ကို အမျိုးအစားခွဲခြား ဖို့ ပူးပေါင်း လိုက်နာကြတဲ့ ဆွီဒင် လူမျိုး တွေဟာအံသြစရာကောင်းလှပါတယ်
အမှိုက်တွေ အားလုံးနီးပါးဟာ ပြန်လည်အသုံးချကြရပြီးကျန်4% လောက်သာ မြေဖို့တဲ့နေရာမှာ သုံးကြရပါတယ်။ သူတို့နဲ့ဆန့်ကျင်ဖက် အမေရိကန်မှာတော့
အမှိုက်63%ဟာပြန်လည်မသုံးစွဲရပဲ အားလုံးကို မြေဖို့တဲ့နေရာမှာ သုံးကြရတာပါဆွီဒင် နိုင်ငံ ကလျှပ်စစ်စက်ရုံတွေဟာ တစ်နှစ်ကို အမှိုက် ၂သန်းတန်ချိန်လောက် လျှပ်စစ်ဓါတ်အားထုတ်ယူဖို့လိုအပ်တဲ့အတွက် စက်ရုံတွေကို ဖြည့်ဆည်းဖို့ အမှိုက်မလုံလောက်တဲ့အတွက် နိုင်ငံ ခြားကနေပြန်လည်တင်သွင်းနေကြရပါတယ် ။
ဒါဟာ ဒီကမ္ဘာ အတွက် သတင်းကောင်းပဲဖြစ်ပြီးတော့ အနည်းဆုံးတော့
 ကျွန်တော်တို့ဆီမှာ တစ်နေ့တစ်ခြားများပြားလာတဲ့ အမှိုက် တွေအတွက် ထွက်လမ်းတော့ မြင်နေကြရပါပြီ အနည်းဆုံးတော့ ကျွန်တော်တို့ နမူနာယူ စရာ အောင်မြင်နေတဲ့ နိုင်ငံတော့ ရှိနေပြီဖြစ် လို့ပါပဲခင်ဗျာ
credit: iveryhappy
Saturday, 12 March 2016
စာဖတ်ခြင်းက လူ့ဘဝကို အသိဉာဏ်ကြွယ်စေတဲ့ အနုပညာတစ်မျိုးဖြစ်တယ်။
စာဖတ်ခြင်းက လူ့ဘဝကို အသိဉာဏ်ကြွယ်စေတဲ့ အနုပညာတစ်မျိုးဖြစ်တယ်။ စာအုပ်မရှိတဲ့ဘဝက အဆံချောင်တဲ့ဝါးပင်လိုပဲ။ စာဖတ်ခြင်းက ခန္ဓာကိုယ်ပေါ်က ပျော့ညံ့၊ ကြမ်းတမ်းတာတွေကို လျော့နည်းစေတယ်။
ယောက်ျားတစ်ယောက်ကပြောတယ် "အိမ်ထောင်ပြုပြီးတဲ့ အမျိုးသမီးတစ်ယောက်ဟာ စာဖတ်မှပဲ မကြမ်းတမ်း၊ ဒုံးမဝေး၊ မသိမ်ငယ်တတ်မှာ"တဲ့။
ဟုတ်ပါတယ်.. စာပေနဲ့ဝေးရင် လူဟာတဖြည်းဖြည်း ကြမ်းတမ်းရိုင်းစိုင်းလာတတ်ပါတယ်။ မိန်းမပျိုငယ်လေးတိုင်းလိုလိုက စိတ်ကူးယဉ်ဆန်တတ်ကြတယ်၊ ဘဝရဲ့အချုပ်အနှောင်၊ အခက်အခဲကို သူတို့ တကယ်မခံစားရသေးပါဘူး။ သူတို့ကြုံရတဲ့အခက်အခဲတချို့ဆိုတာက စာဖွဲ့လို့မရသေးပါဘူး၊ သူတို့ရဲ့စိတ်ကူးအိပ်မက်ကလည်း နွေဦးရွက်ကြွေကိုပူဆွေးတဲ့ အိပ်မက်လေးတွေဖြစ်တယ်။
အိမ်ထောင်ပြုပြီးတဲ့မိန်းကလေးမှာ စိတ်ကူးယဉ်ဆန်မှုတွေ၊ စိတ်ကူးအိပ်မက်တွေ လျော့နည်းသွားပါတယ်။ မိသားစုဝေယျဝစ္စအတွက် သူတို့ရဲ့အချိန်တော်တော်များများကို စတေးလိုက်ရတယ်။ မိန်းကလေးတချို့က အလုပ်တွေများရင်းကနေ ကိုယ့်ကိုယ်ကိုမေ့လျော့လာခဲ့ကြတယ်၊ ကိုယ့်ရဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့စိတ်ဝိညာဉ်ကို ဂရုစိုက်ထိန်းသိမ်းဖို့ ပိုလို့မေ့လျော့သွားခဲ့ကြတယ်။
စာအုပ်ကိုချစ်တဲ့ မိန်းကလေးတွေက သူတို့ဟာ အားလပ်ချိန်မှာ သူတို့ကိုယ်သူတို့ ပဲ့ပြင်တယ်၊ ပြုစုပျိုးထောင်တယ်။ စာအုပ်ကိုချစ်သလို သီချင်းတွေကိုလည်း သူတို့ချစ်တယ်။ အားလပ်ချိန်မှာ သံစဉ်တွေနဲ့ သူတို့ရဲ့စိတ်နှလုံးကို သာယာစေတယ်။ ပျော်ရွှင်စေတယ်။ ရာစုသစ်တစ်ခုမှာ ရှင်သန်နေတဲ့ငါတို့က စာအုပ်ကိုချစ်သင့်ပါတယ်။
စာအုပ်ကို ချစ်တယ်၊ ဖတ်တယ်၊ စုဆောင်းတယ်။ စာအုပ်တွေနဲ့ ဖက်လှဲတကင်းနေထိုင်၊ ပေါင်းသင်းတဲ့အချိန်ဟာ ဘဝကိုခံစားသက်ဝင်ရ အပျော်ဆုံးအချိန်ဖြစ်တယ်။ စာဖတ်တဲ့လူဟာ ကောင်းကင်ပေါ်က ကြယ်ကလေးတွေဖြစ်တယ်။ လရောင်ကြောင့်လင်းလက်တဲ့ကောင်းကင်ကို ပိုတောက်ပစေတယ်။ သန်မာကြံ့ခိုင်တဲ့စိတ်ဓာတ်၊ မိမိကိုယ်ကိုယ်ယုံကြည်တဲ့ ခေတ်လူငယ်တစ်ဦးဖြစ်ချင်ရင် စာဖတ်ခြင်းက အကောင်းဆုံးရွေးချယ်ရာလမ်းဖြစ်တယ်။ စာအုပ်က လူတွေကို ရိုင်းစိုင်းကြမ်းတမ်းခြင်းနဲ့ ဝေးကွာစေတယ်၊ သိမ်ငယ် အားငယ်ခြင်းကို ဖယ်ရှားပေးတယ်။ ချစ်ခင်နှစ်လိုစွဲမက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်စေပါတယ်။
စာဖတ်တဲ့သူဟာ စာအုပ်ရနံ့နဲ့ ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖြစ်အောင် လုပ်တယ်။
သူဟာတိမ်တစ်ပွင့်လို ဖြူစင်နိုင်တယ်၊ ရေနွေးကြမ်းတစ်ခွက်လို မွှေးပျံ့နိုင်တယ်၊ ကန်ရေပြင်လို အေးဆေးတည်ငြိမ်နိုင်တယ်၊ ညနေဆည်းဆာလို အရောင်အသွေးစုံနိုင်တယ်။ စာဖတ်တဲ့လူက အမှားအမှန်ကို ခွဲခြားသိနိုင်တယ်၊ ဖြားယောင်းသွေးဆောင်တာကို လျစ်လျူရှုနိုင်တယ်။ စာဖတ်တယ်.. စာအုပ်ထဲက လတ်ဆတ်ရိုးရှင်းတဲ့စကားလုံးတွေက သင့်ရဲ့ဖုန်အလိမ်းလိမ်းတက်နေတဲ့ စိတ်ဓာတ်၊ ညိုးငယ်စိတ်၊ အားငယ်စိတ်၊ ကြမ်းတမ်းခက်ထန်မှုကို ဆေးကြောပစ်နိုင်တယ်။ ငယ်ရွယ်နုပျိုခြင်းက တိုတောင်းတယ်၊ ရုပ်ရည်က အိုလွယ်တယ်။ စာအုပ်ရနံ့ကသာ သင့်အပါး အမြဲမွှေးပျံ့နိုင်မှာဖြစ်တယ်။
Credit;နိုင်းနိုင်းစနေ (Nov. 13. 2013)
kuantan Min Yar Zar
Friday, 11 March 2016
" မြစ်ဆုံဒေသ ၏ ဘူမိဗေဒ"
" မြစ်ဆုံဒေသ ၏ ဘူမိဗေဒ"
===============
ဒီဒေသရဲ့ ဘူမိဗေဒ တည်ဆောက်ပုံကို ပြောပြဘို့ အတွက် ပထမဦးစွာ အောက်ပါ အကြောင်းအရာ များကိုပြောပါရစေ။
"ကမ္ဘာ့ ကျောက်ချပ်ကြီးများအကြောင်း"
ကမ္ဘာ့ အပေါ်ယံအလွှာကို Lithosphere လို့ ခေါ်ပြီး (Crust +Uppermost soil) အောက်ဘက်မှာ ထုထည် မိုင် ၃၀ မှ ၁၀၀ ထိ ထူတဲ့ Crust ဆိုတဲ့ ကျောက်ချပ်လွှာ ပေါ်မှာ မြေ နုန်း သဲ စသည့် ကျနော်တို့ရဲ့ဖဝါးအောက်က မြေထုက ဖုန်းလွမ်းထားပါတယ်။ ကြက်ဥတစ်လုံးရဲ့ အခွံလိုပဲ တစ်ကမ္ဘာလုံးကို Crust ကျောက်လွှာချပ်ကြီးကနေ ဖုံးအုပ်ပေးထားပါတယ်။
သို့သော်လည်း တဆက်တစပ်တည်း ညီညာချောမွေ့စွာ တည်ရှိတာမဟုတ်ပဲ ကျောက်သားများ ကျိုးပဲ့ပြီး အဓိက ကျောက်ချပ် ကြီး ၁၅ ချပ်နဲ့ ကမ္ဘာမြေကြီးကို ဖွဲ့စည်းထားပါတယ်။
ကျောက်ချပ်များ တစ်ချပ်နဲ့ တစ်ချပ်ဟာ ထိစပ်နေပြီး ဘေ့စ်ဘော ဘောလုံးတစ်လုံးမှာ ချုပ်ရိုးကြောင်းများနဲ့သီချုပ်ပြီး ဆက်စပ်ထားသလိုပဲ ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ ပညာရှင်များက ဆိုပါတယ်။
ဥရောပ တိုက်နှင့် အာရှတိုက် တို့ ဟာ ကျောက်ချပ် တစ်ခုတည်းပေါ်မှာ တည်ရှိပြီး (Eurasian Plate)ယူရေးဆီးယန်း ပလိတ်(ဥရောပ- အာရှ ကျောက်လွှာ ချပ်လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံ နဲ့ တရုတ်နိုင်ငံတို့ဟာ အဲဒီ Eurasian Plate ရဲ့ အာရှတိုကှ်ဘက်အခြမ်းမှာ တည်ရှိကြပါတယ်။
အိန္ဒိယ တိုက် ၊အိန္ဒိယ သမုဒ္ဒရာ နှင့် ဘင်္ဂလားပင်လယ်တို့ဟာ Indian Plate ခေါ်တဲ့ အိန္ဒိယ ကျောက်ချပ် ပေါ်မှာ တည်ရှိပါတယ်။
ဟိမဝန္ဒာ တောင်တန်း တလျှောက်ကနေ အရှေ့ဘက်တိဘက် ကုန်းမြင့် ဒေသဟာ မြန်မာ နိုင်ငံရဲ့ မြောက်ဘက်မှာ တည်ရှိပြီး ၊ ထိုဒေသတလျှောက်ဟာ Eurasia Plate နှင့် India Plate တို့၏ ကျောက်ချပ် ၂ လွှာ ထိစပ် ပေါင်းဆုံ အနားစပ် (Convergent Plate Boundary ) ပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်း ရခိုင် ရိုးမအတိုင်း အနားသတ်ဟာ Indian Plate ကျောက်ချပ်ရဲ့ အရှေ့ဘက် အနားသတ်နဲ့ ထိစပ်နေတဲ့ ကျောက်ချပ်လွှာ ၂ ခုရဲ့ ထိစပ်ပေါင်းစုံ အနားစပ် ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာပြည်ဟာ အဲဒီလို ရှုပ်ထွေးတဲ့ ထိစပ်ပေါင်းဆုံ အနားစပ် မှာ တည်ရှိတာ ဖြစ်ပါတယ်။
"Continental Drift"
ကျောက်ချပ်များ ရွေ့လျှား မှု နှင့် ၎င်း၏ အကျိုးဆက်
ကမ္ဘာကျောက်ချပ်ကြီးများဟာ ရွေ့လျှားနေကြတာဖြစ်ပါတယ်။ ပင်လယ်သမုဒ္ဒရာဘက်ခြမ်းက ကွဲကွာ အနားစပ်မှာ ကမ္ဘာ့အတွင်းပိုင်း Mantle Layer မှကျောက်ရည်ပူများဟာ အလှည့်မှန်မှန် ထိုးဝင်အေးခဲပြီး ကျောက် ချပ်ကို အခြားတစ်ဘက်ကို ရွေ့လျှားစေတာပဲဖြစ်ပါတယ်။
ကျောက်ချပ်ရဲ့ အခြားအနားစွန်း တစ်ဘက်ဟာလည်း သူနဲ့ထိစပ်နေတဲ့ ကျောက်ချပ်အနားစွန်းတစ်ဘက်ရဲ့ အောက်ကို ငုတ်လျှိုးဝင်လျှက် Mantle Layer အလွှာအတွင်းသို့ အရည်ပျော် သွားရပါတယ်။
"ကျောက်လွှာထု ချပ်ကြီးများရွေ့လျှား မှု (Continental Drift) နှင့် မြေငလျှင်ဆက်စပ်ဖြစ်ပေါ်မှု"
ထုမိုင် ၃၀ မှာ ၁၀၀ ခန့်ထူတဲ့ ကမ္ဘာ့ ကျောက်လွှာ ထု ချပ်ကြီးများဟာ ကမ္ဘာ့ တိုက်ကြီးများ နှင့် သမုဒ္ဒရာ ချိုင့်ဝှမ်းကြီးများကို အတူတကွသယ်ဆောင်ကာ ပဉ္စလက်ဆန်စွာ (မျက်လှည့် ဆန်ဆန်) မျောပါ ရွေ့လျှားလျှက် ရှိကြပါတယ်။ တောင်တန်းကြီးများနှင့် ကျွန်းစုတန်းများကလည်း အတူတကွ ဖိညှပ် အတွန်းခံရတဲ့ စောင်များ တွန့်လိပ်ကျိုးကြေသလိုမျိုး ဖြစ်ပေါ်လျှက် ရှိကာ (ဒါဟာ တောင်ကုန်း တောင်တန်းတွေ ဖြစ်ပေါ်လာပုံပါ။) သမုဒ္ဒရာ ကြီးများကလည်း ကျယ်ပြန်ခြင်း ကျုံ့ဝင်ခြင်းတွေ ဖြစ်ပေါ်ကြပါတယ်။ (This Changing Earth, တင်မြင့်/နွားထိုးကြီး)
ယခုကဲ့သို့ ရွေ့လျှားနေမှုကြောင့် အတ္တလန္တိတ် သမုဒ္ဒရာဟာ ကျယ်ပြန့် လာနေရသလို မြေထဲပင်လယ်ဟာ ကြုံ့ဝင်လာနေပါတယ်။
အာဖရိကတိုက်က မြောက်ဘက်သို့ တအိအိရွေ့လျှားနေပါတယ်။ တောင် အမေရိကနှင့် မြောက်အမေရိကတို့က အနောက်ဘက်ကို ရွေ့လျှားနေကြပြီး မြေထဲပင်လယ်ဟာ ကြုံ့ဝင်လျှက် ရှိပါတယ်။
အတိတ်နှစ် ၁၃၅ သန်းခန့်က အာဖရိကတိုက် ၊ အန္တာတိကတိုက် နှင့် အိန္ဒိယ တိုက်တို့ဟာ တဆက်တစပ်တည်း တည်ရှိခဲ့ကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် သန်း ၁၀၀ ခန့်ကစလို အိန္ဒိယ တိုက်ဟာ အရှေ့မြောက်ဘက်ကို စတင်ရွေ့လျှားခဲ့ရာ ယခုနေရာနှင့် မိုင် ၅၀၀၀ ခန့်ကွာဝေးတဲ့ နေရာကနေ စတင်ရွေ့လျှားခဲ့ပါတယ်။ အတိတ်နှစ် သန်း ၄၀ ခန့်မှာ အိန္ဒိယ ကျောက်ချပ်ဟာ ဥရောပအာရှ ကျောက်ချပ်နဲ့ ထိပ်တိုက် ဆုံမိခဲ့ကြပါတယ်။
အဲဒီလို ဆောင့်တိုက်ခဲ့မှုက ဟိမဝန္တာ တောင်းတန်းနဲ့ တိဘက် ကုန်းမြင့်ဒေသကို မြင်တက်စေခဲ့ပါတယ်။(ဟိမဝန္တာ တောင်တန်းနှင့် တိဘက်ကုန်းမြင့် ဒေသတို့ ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်)။ Indian plate ရဲ့ အရှေ့ဘက် အနားသပ်မှာ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံမှာ ရခိုင်တောင်တန်း ချင်းတောင်တန်း နှင့် နာဂတောင်တန်းတို့ကိုလည်း မြင့်တက်စေခဲ့ပါတယ်။ (တနည်း-ဖြစ်ပေါ်စေခဲ့ပါတယ်)
အိန္ဒိယ ကျောက်ချပ်ဟာ ဟိမဝန္တာ တောင်တန်းတွေ ရှိရာ တိဘက်ကုန်းမြင့် ဒေသကျောက်လွှာ အောက်မှာ ၁ နှစ်ကို ၄ စင်တီမီတာ နှုန်းနဲ့ လျှော နစ်ဝင်လျှက် ရှိပါတယ်။
ထိုနည်းတူ ရခိုင်ရိုးမ၊ ချင်းတောင်တန်း နာဂ တောင်တန်းတွေဟာ လည်း ၁ နှစ်မှာ ၁ လက်မ မှ ၁ လက်မခွဲခန့်မြင့်တက်လျှက် ရှိကြပါတယ်။
ယခုကဲ့သို့ Indian Plate နဲ့ Eurasian Plate တို့ရဲ့ ထိပ်တိုက် ဆောင့် တိုက်ခဲ့မှုကြောင့် မြန်မာ့ မြေရဲ့ အလယ် ၉၆°E အတိုင်း ကျောက်ချပ်လွှာ ကွဲအက်ခဲ့ပါတယ်။ မြောက်ဘက် တိဘက် ကုန်းမြင့်ဒေသကနေ တောင်ဘက် ကပ္ပလီပင်လယ်ပြင်ထိ အရှည် ကီလိုမီတာ ၁၅၀၀ ရှိတဲ့ ကြီးမားတဲ့ မြေငလျင်ပေါင်း များစွာကို ဖန်တီးပေးနိုင်တဲ့ စစ်ကိုင်း ပြတ်ရွေ့ ကြီး ဖြစ်ပေါ်စေခဲ့ပါတယ်။
စစ်ကိုင်းပြတ်ရွေ့ဟာဘေးတိုက် လျှောရွေ့ ပြတ်ရွေ့(Dextral Fault) အမျိုးအစားဖြစ်ပြီး မြန်မာ ကျောက်ချပ်လွှာကို အနောက်ဘက် က Burma Plate နှင့် အရှေ့ဘက်ခြမ်းကို Sanda Plate အဖြစ် ၂ ပိုင်း ကွဲထွက်စေခဲ့ပါတယ်။
" Continental ၏အကျိုးဆက်တစ်ခု ဖြစ်သော မြေငလျင် ဖြစ်ပေါ်ပုံ"
*** ထိုသို့ ကမ္ဘာ့ ကျောက်ချပ်လွှာကြီးများ ရွေ့လျှားကြရာမှ ကျောက်လွှာ ချပ်ကြီးများရဲ့ အနားသတ် ဘေးနယ်နိမိတ် များ အချင်းချင်း ယှဉ်စပ်ကာ ထိခိုက် လှုပ်ရှားမှု ကြောင့် "မြေငလျှင်ကြော ဗဟိုပြုရာ ရပ်ဝန်းများ ဖြစ်ပေါ်ပြီး -မြေငလျင် များ လှုပ်ခတ်စေတာ ပဲဖြစ်ပါတယ်။***
" ယာယီမျှသာ ပိတ်မိနေတဲ့ ဖိအား နှင့် တွန်းအားများရဲ့ စွမ်းပကားက ကျွန်တော်တို့ စဉ်းစားနိုင်မှုထက် အလှမ်းကွာဝေးလွန်းလှပါတယ်။ ကျောက်လွှာများက ဖိအားနှင့် တွန်းအားများ ဒဏ် ခံရတဲ့အခါ တွန့်လိပ်ကာ ကြိတ်ခံပြီး နောက်ဆုံးမှာ ခံနိုင်မှုကို ကျော်လွန်တာကြောင့် ရုတ်တရက် ကျိုးပြတ်ကာ ရွေ့လျှားကြပါတယ်။ ကျောက်လွှာများ ကျိုးပြတ်မှု အကျိုးဆက် ဖြစ်တဲ့ မြေငလျင် လှိုင်းများက ဆက်တိုက်ပင် တုံခါ မှု ကို ပို့လွှတ်ပါတယ်။" (This Changing Earth, တင်မြင့် နွားထိုးကြီး)
ယခုဖော်ပြခဲ့တာတွေဟာ Continental Drift ကြောင့် မြေငလျင် ဖြစ်ပေါ်လာပုံပဲဖြစ်ပါတယ်။
"မေခ မလိခ မြစ်ဆုံဒေသ ၏ ဘူမိဗေဒ တည်ဆောက်ပုံ"
မြန်မာ့ မြေမှာ စစ်ကိုင်းပြတ်ရွေဟာ ၉၆° E အတိုင်း တောင် မြောက် တန်းလျှက် မြောက်ဘက်တွင် တိဘက် ကုန်းမြင့် မှ အစပြုလို့ တောင်ဘက်တွင် ကပ္ပလီ ပင်လယ်ပြင် အထိ ရှည်လျားပါတယ်။
အိန္ဒိယ ကျောက်ချပ်ဟာ တိဘက်ကုန်းမြင့် အောက် ဥရောပ-အာရှ ကျောက်လွှာ အနားစွန်းမှာ ထိစပ်ပေါင်းဆုံအနားစပ် ဖြစ်ပါတယ်။၎င်း အနားစပ်နှင့် ၎င်း အနားစပ် အတိုင်း တောင်ဘက်သို့ ချိုးကွေ့လာတဲ့ စစ်ကိုင်းပြတ်ရွေ့ တလျှောက်ဟာ မြေငလျှင်များ ဖြစ်ပေါ်ရာ အဓိက မြေငလျင်ဇုံ ပဲဖြစ်ပါတယ်။
မြန်မာပြည်ဟာ ယခုကဲ့သို့ Alpide Belt လို့ ခေါ်တဲ့ အယ်ပိုက် မြေငလျင် ရပ်ဝန်းဒေသ မှာ တည်ရှိတာပဲဖြစ်ပါတယ်။
မေခ မလိခ ပေါင်းဆုံရာ မြစ်ဆုံဒေသဟာ စစ်ကိုင်းပြတ်ရွေ့၏မြောက်ဘက်ပိုင်း နေရာမှာ တည်ရှိတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအပိုင်းမှာ အန္ဒိယ ကျောက်ချပ်တို့ စတင် တိုက်မိချိန်ကတည်းက ဆောင့်တိုက်မိတဲ့ အရှိန်ကို အပြင်းဆုံး ခံစားခဲ့ရတဲ့ နေရာ ဖြစ်လို့ စစ်ကိုင်းပြတ်ရွေ့ဟာ အက်ကြောင်း များစွာ နဲ့ ပြတ်ရွေ့ခဲ့ရတဲ့ အနေအထားဖြစ်ပါတယ်။
မေခ မလိခ မြစ်တို့ ကိုယ်တိုင်ကပင် ပြတ်ရွေ့ကြောင်းတွေအနေအထားရ စီးဆင်း ဖြစ်ပေါ်ခဲ့တဲ့ မြစ်ချောင်း များပဲဖြစ်ပါတယ်။ ဧရာဝတီ မြစ်ဟာလည်း စစ်ကိုင်းပြတ်ရွေ့အတိုင်း အတည့် တဖန် ဘေးချင်းယှဉ်လျှက် တဖန် စီးဆင်း ဖြစ်ပေါ်လာတာကို တွေ့ရပါမယ်။
"စိုးရိမ်ဘွယ်ရာ အနာဂတ် အလားအလာ"
ပထဝီအနေအထားအရ ယခုလောက် စိုးရိမ်ဘွယ်ရာ မြေတည်ငြိမ်မှု မရှိတဲ့နေရာမှာ ဆည်တမံများ တည်ဆောက်မည်ဆို လျှင် အင်မတန် မိုက်မဲမှု ပဲဖြစ်ပါတယ်။
အိန္ဒယ ကျောက်ချပ်ဟာ ၁ နှစ်မှာ ၄ စင်တီမီတာ နှန်းနဲ့ မြောက်ဘက်အတိုင်း ရွေ့လျှားနေသလို စစ်ကိုင်းပြတ်ရွေ့ရဲ့ အနောက်ဘက် ခြမ်း Burma Plate ဟာလည်း ၁ နှစ်မှာ ၁.၈ စင်တီမီတာ နှန်းနဲ့ မြောက်ဘက်သို့ ဘေးတိုက် ရွေ့လျှက် ရှိပါတယ်။ ဒီလို ရွေ့လျှားမှုကြောင့် ဖြစ်ပေါ် လာတဲ့ ဖိအား နဲ့ တွန်းအားများဟာ ကျွန်တော်တိုဲ့ စဉ်းစားနိုင်မှုထက် အလှမ်းကွာဝေးလွန်းလှ ပါတယ်ဆိုတာ ပညာရှင်များက ပြောပြခဲ့ပြီး ဖြစ်ပါတယ်။
"ကုန်းတွင်းပိုင်း Tsunami"
ပင်လယ် သမုဒ္ဒရာ များရဲ့ အသူတစ်ရာ ချောက်ကြီးတွေဟာ ကျောက်ချပ်ကြီးများရဲ့ ကွဲကွာအနားစပ် များဖြစ်ကြပါတယ်။ ထိုနေရာများမှာ ငလျှင်
လှုပ်ခတ်ခဲ့တဲ့အခါ ပင်လယ်ပြင်မှာ အလွန် အင်မတန် ကြီးမားတဲ့ လှိုင်းလုံးကြီးများ ရိုက်ခတ်တာကို ဆူနာမီ လှိုင်းလို့ ခေါ်ပါတယ်။
ထိုကဲ့သို့သော ဆူနာမီလှိုင်းလုံးများအား ပင်လယ်မှ ဆူနာမီရဲ့ အရှိန်ကြောင့်သော် လည်းကောင်း၊ ကုန်းတွင်းပိုင်းမှာ ဗဟိုပြု ပြီး မြေငလျှင်လှုပ်ခတ်မှု ကြောင့် လည်းကောင်း---
မြစ်ချောင်း အင်းအိုင် နှင့် ဆည်တမံကြီးတွေမှာ လည်း ဆူနာမီလှိုင်းများ ဖြစ်ပေါ် လေ့ ရှိပါတယ်။
" ခြုံငုံ သုံးသပ်ချက်"
မြစ်ဆုံဒေသဟာ စစ်ကိုင်း ပြတ်ရွေ့ရဲ့ အကြီးမားဆုံး ပြတ်ရွေ့နေရာ တစ်ခုဖြစ်ပါတယ်။ ပြတ်ရွေ့ကြောင်း များစွာ တည်ရှိတဲ့အပြင် ၎င်းနေရာကိုယ်တိုင်ပင် မြေငလျှင် ဖြစ်ပေါ်တတ်တဲ့ ဇုံဖြစ်သလို အိန္ဒိယ- တိဘက် - တရုတ် မြေငလျင်ဖြစ်ပေါ်ရာဇုံနဲ့ တစ်ဆက်တစ်စပ်တည်း တည်ရှိနေပါသည်။
ထိုနေရာတွင် ဆည်တမံများတည်ဆောက်ခဲ့ပါက မြေငလျှင်လှုပ်ခတ်လျှင် ဆည်တမံများ ကျိုးကြစေပြီး ရေလွှမ်းမိုးမှု ကြီးမားမှာ ဖြစ်သည့် အပြင် ---
ပင်လယ် သမုဒ္ဒရာ တွေမှာ ဖြစ်တတ်တဲ့ ဆူနာမီ ရေ လှိုင်းတွေထက် ကြီးမားပြီး ပြင်ထန်တဲ့ ကုန်းတွင်းပိုင်း ဆူနာမီ ရေလှိုင်းများဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးကို အတူတကွခေါ်ဆောင်လျှက် ကပ္ပလီပင်လယ်ပြင်အောက်မှာ စုပုံနေထိုင်စေမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်ခင်ဗျာ။
Credit to
-ဆရာ ဦးတင်မြင့် (နွားထိုးကြီး)
- Dr Win Swe (Who researched the Saging Fault)
ပို၍ နားလည်စေရန် ကျွန်တော်ရေးသားခဲ့သော ဘူမိဗေဒ ဆိုင်ရာ ပိုစ့်များကို ပြန်လည်ဖတ်ရှု ရန် လမ်းညွှန် လိုက်ပါသည်။
မြန်မာနိုင်ငံသားအားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ
မူရင်းစာရေးသူ_သန်းဇော် (နတ်မောက်)
References
1- "ရွေ့လျားပြောင်းလဲနေတဲ့ ကျွန်တော်တို့ ကမ္ဘာ ၊ This Changing Earth."တင်မြင့်(နွားထိုးကြီး)
2~ Tectonic Map of Myanmar
2012, Soe Thura Tun &
Maung Thein
3~Tectonic geomorphology
of Southernmost Sagaing
Fault and Surface Rupture
associated with May 1930
Pegu (Bago) Earthquate,Myanmar (Tsutsumi,H,& Sato, T-2009
4~Natural hazard potentials
in the Myanmar.(Win Swe &San Hla Thaw 2011)
5~Earthquake Hazard along
the Sagaing Fault. (tintlwinswe.blogspot.com)
6~ ဓာတ်ပုံများကို အထက်ပါ website များနှင့် ဆက်စပ် Link များမှ ကူးယူဖော်ပြပါသည်။
Kuantan Min Yar Zar
Thursday, 10 March 2016
ဆူရှီကြိုက်တဲ့သူတွေ သတိထားပေတော့ ...
ဆူရှီကြိုက်တဲ့သူတွေ သတိထားပေတော့ ...
---------------------------
ဆူရှီဆိုသည်မှာ ကမ္ဘာကျော် ဂျပန်ရိုးရာ အစားအစာ တစ်မျိုးဖြစ်ပြီး အသားစိမ်း၊ ငါးစိမ်းများဖြင့် ပြုလုပ်ထားသည့် ယင်း အစားအစာကို ကမ္ဘာတစ်ဝှမ်း ကြိုက်နှစ် သက်သူ များပြားလှသည်။ အမေရိကန် သမ္မတ အိုဘားမားပင် ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်စဉ်က တခုတ်တရ သွားရောက် စားသုံးခဲ့ရသည့် အစားအစာ တစ်မျိုး ဖြစ်သည်။
သို့ သော် ယင်းကဲ့သို့ လူကြိုက်များလှသည့် အစားအစာ အနေဖြင့် အသားစိမ်းများ ထည့်သွင်းပြုလုပ်ရသည့် ယင်း၏ ထုံးစံကြောင့် လူအများ၏ ကျန်းမာရေး အတွက် သတိထားစရာ ဖြစ်လာခဲ့ရပြီ ဖြစ်သည်။ တရုတ်နိုင်ငံတွင် ဆူရှီကို အလွန်နှစ်ကြိုက်သူ အမျိုးသား တစ်ဦးသည် ဆာရှီမီဟု ခေါ်သည့် ငါးအစိမ်းများ ထည့်သွင်းပြုလုပ် ထားသည့် ဆူရှီကို အစားကောင်း၍ အသက်ဘေး အန္တရာယ် ကြုံတွေ့ ကာ ဆေးရုံတွင် အသက်လု ခဲ့ရသည်။
ယင်းသို့ ဆူရှီကို အလွန်အကျူး စားခဲ့သူ တရုတ် အမျိုးသားက အစာအိမ် အောင့်ပြီး၊ ခန္ဓာကိုယ်တစ်ခုလုံး ယားယံနေသည် ဟုဆိုကာ ဆေးရုံရောက် လာခြင်းဖြစ် သည်။ ၎င်းကို ဓာတ်မှန်ရိုက် စစ်ဆေးရာ တုတ်ကောင်များ တစ်ကိုယ်လုံး အနှံ့ တွယ် နေသည်ကို တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။
ဂျပန်ရိုးရာ ဆူရှီအစားအစာများသည် မကျက်သော အသားစိမ်းများဖြင့် တည်ခင်း စားသောက်ရသည့် အစားအစာမျိုး ဖြစ်ရာ ၎င်း အမျိုးသားက အလွန်အကြူး စားသုံးခဲ့သဖြင့် ယင်းကဲ့သို့ ခန္ဓာကိုယ်၌ပင် တုတ်ကောင်များ တွယ်လာခြင်း ဖြစ်သည်ဟု ဆရာဝန် များက ပြောသည်။
အသားစိမ်း ငါးစိမ်းများဖြင့် ပြင်ဆင်သည့် ဆူရှီနှင့် အခြား အစားအစာများသည် မသန့် မပြန့် သော အစားအစာများ ဖြစ်နေပြီဟု ဆရာဝန် များက မှတ်ချက်ပြု ထားသည်။
ယခုပုဂ္ဂိုလ်မှာ တရုတ်ပြည် အရှေ့ ပိုင်း ကွမ်တုံ ပြည်နယ်ရှိ ကွမ်ကျို့ အမှတ် ၈ ဆေးရုံသို့  မခံမရပ်နိုင်သည့် ဝေဒနာများကြောင့် တက်ရောက် ကုသမှု ခံယူ လာခြင်း ဖြစ်သည်။ မကျက်သည့် အသားစိမ်းများ စားခြင်းသည် ရေရှည် ကြာလာသည့် အခါ ကျန်းမာရေးကို ထိခိုက်မည် ဖြစ်ကြောင်း သုတေသန ပညာရှင်များ ကလည်း ပြောကြား ခဲ့ဖူးသည်။
တုတ်ကောင် တွယ်ခြင်း အန္တရာယ်သည် ဆင်းရဲသည့် ဒေသများတွင် အန္တာရာယ် ဖြစ်နေသည်။ ဖွံ့ ဖြိုးဆဲ နိုင်ငံများ တွင်လည်း အဖြစ်များသည်။ ဆူရှီ စားသုံးမှု တွင်ကျယ်လာခြင်းနှင့် အတူ ယင်းပြဿနာလည်း တိုးပွား လာခြင်း ဖြစ်ကြောင်း ကနေဒီယန် ဂျာနယ်တွင် ဆရာဝန်များက ရေးသား ကြသည်။
“မကျက်တဲ့ အသားပါတဲ့ အစားအစာတွေမှာ တုတ်ကောင်ရဲ့ ဥတွေ ပါနေ ပါတယ်။ အဲဒီက တဆင့် အကောင်ပေါက်တယ်။ တဖြည်းဖြည်း အရွယ်ရောက်ပြီး ကိုယ်တွင်းမှာ တွယ်ကပ် နေတော့တာပါ”ဟု ကွမ်ကျို့ ဆေးရုံမှ ဒေါက်တာရင်က ပြောသည်။ ယင်း တုတ်ကောင်များ ခေါင်းအတွင်း ရောက်ရှိ သွားလျှင် အသက်အန္တရာယ် ကျရောက်ရသည် အထိ ကြုံတွေ့ နိုင်သည်။
ဓာတ်ပုံ -
---------
၁။ ခန္ဓ္ဓာကိုယ်အတွင်း စွဲကပ်နေသည့် တုပ်ကောင်များကို ဓာတ်မှန်ရိုက်ချက်တွင် တွေ့ရစဉ်။
၂။ ခန္ဓ္ဓာကိုယ်အောက်ပိုင်းတွင် စွဲကပ်နေသည့် တုပ်ကောင်များကို ဓာတ်မှန်ရိုက်ချက်တွင် တွေ့ရစဉ်။
*** ဆူရှီစားရင် သတိထား၊ ချင့်ချင့်ချိန်ချိန် စားနိုင်ကြပါစေ။ လူအများ ဒီလို အဖြစ်ဆိုးမျိုးတွေက မကြုံရအောင် အသိလေးပေးတဲ့ အနေနဲ့ ၀ိုင်းဝန်းပြီး မျှဝေလိုက်ကြပါ ...။
(Daily Mail / Mizzima)
Sunday, 6 March 2016
ဒေါသထွက်ရင်ဘာကြောင့်အော်သလဲ
ဒေါသထွက်ရင်ဘာကြောင့်အော်သလဲ
......................................................
ဟိန္ဒူသူတော်စင်တစ်ဦးဟာ တပည့်သာဝကတွေနဲ့အတူ မြစ်ကမ်းတစ်ခုကိုရေချိုးဆင်းလာပါတယ်... အဲ့ဒီမြစ်ကမ်းမှာ မိသားတစ်စုဟာ တစ်ယောက်နဲ့တစ်ယောက် ဒေါသထွက်ပြီး အပြန်အလှန်အော်ဟစ်ပြောဆိုနေကြပါတယ်... သူတော်စင်က သူ့တပည့်တွေဘက်လှည့်ပြီး အပြုံးလေးနဲ့ မေးလိုက်ပါတယ်...
"လူတွေ စိတ်တိုတဲ့အခါမှာ ဘာကြောင့် အော်ဟစ်ပြောဆိုကြတာလဲ..."
တပည့်တွေက အချိန်အတန်ကြာစဉ်းစားနေကြပါတယ်... သူတို့ထဲက တစ်ယောက်ကပြောတယ်...
"ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့စိတ်ကို ငြိမ်ငြိမ်သက်သက်မထားနိုင်တော့ဘူးလေ ဒါကြောင့် ကျွန်တော်တို့ အော်ကြတာပေါ့..."
"ဟုတ်ပြီ... ကိုယ့်ဘေးနားမှာတင်ရှိနေတဲ့လူကိုကော ဘာကြောင့် အော်ပြောနေကြတာလဲ... မင်းပြောချင်တာကို ဖြည်းဖြည်းပြောလို့လည်း ကြားနေရနေတာပဲ..." သူတော်စင်က ပြန်မေးပါတယ်...
တပည့်သာဝကတွေက တခြားအဖြေတွေအမျိုးမျိုးထပ်ပေးကြပါသေးတယ်... ဒါပေမဲ့ တခြားသာဝကတွေကျေနပ်လောက်တဲ့အဖြေမျိုး မပေးနိုင်ကြပါဘူး... နောက်ဆုံးမှာတော့ သူတော်စင်ပုဂ္ဂိုလ်က ရှင်းပြပါတယ်...
"လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုးဒေါသထွက်တဲ့အခါ သူတို့နှလုံးသားတွေဟာ ဝေးကွာသွားတယ်... အဲ့ဒီအကွာအဝေးကနေကြားနိုင်ဖို့ တစ်ယောက်ကိုတစ်ယောက် အော်ပြောနေကြရတာပါပဲ... သူတို့ဒေါသပိုထွက်လေလေ သူတို့ကြားကအကွာအဝေး ပိုများလာလေလေဖြစ်တဲ့အတွက် ပိုပြီးကျယ်ကျယ်အော်ပြောရလေလေပါပဲ..."
"လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိတဲ့အခါမှာဆိုရင်ကော ဘယ်လိုဖြစ်မယ်ထင်လဲ... သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် အော်ဟစ်ပြီးမပြောကြပါဘူး... နူးနူးညံ့ညံ့ညင်ညင်သာသာနဲ့ ဖြည်းဖြည်းပဲပြောကြပါတယ်... ဘာကြောင့်လဲဆိုတော့ သူတို့နှလုံးသားချင်းအရမ်းနီးကပ်သွားပြီလေ... သူတို့ကြားထဲကအကွာအဝေးဟာ အရမ်းနည်းပြီး မရှိသလောက်ကိုဖြစ်သွားလို့ပါပဲ..."
သူတော်စင်က ဆက်ရှင်းပြပါတယ်... "သူတို့တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်သွားတဲ့အခါကျရင်ကော ဘာဖြစ်လာမလဲ... သူတို့စကားကိုမပြောတော့ပါဘူး... လေသံလေးလောက်နဲ့ပဲပြောဆိုကြပါတယ်... တစ်ယောက်နဲ့တစ်ယောက်ဟာ အချစ်ကြောင့် အရမ်းနီးကပ်သွားကြလို့ပဲဖြစ်ပါတယ်... နောက်ဆုံးတော့ သူတို့လေသံလေးနဲ့တောင် ပြောနေဖို့မလိုတော့ပါဘူး... တစ်ယောက်နဲ့တစ်ယောက် ကြည့်နေရုံလေးနဲ့ကို နားလည်နေနိုင်ကြပါပြီ.... ဒါဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်သွားကြတဲ့အခါ လူနှစ်ယောက်ဘယ်လောက်နီးကပ်သွားသလဲဆိုတာပါပဲ..."
သူတော်စင်က သူ့တပည့်သာဝကတွေကိုကြည့်ပြီး ပြောပါတယ်...
"ဒါကြောင့် မင်းတို့စကားများတဲ့အခါမှာ မင်းတို့ရဲ့နှလုံးသားတွေကို မဝေးကွာစေပါနဲ့... တစ်ယောက်နဲ့တစ်ယောက်ပိုဝေးကွာစေမယ့် စကားမျိုးကိုလည်း ထပ်မပြောပါနဲ့... ဒါမှမဟုတ်ရင် မင်းတို့ကြားက အကွာအဝေးဟာ အရမ်းကြီးမားပြီး ပြန်လည်ဆုံဆည်းဖို့မဖြစ်နိုင်လောက်တဲ့ တစ်နေ့ကို ရောက်ရှိသွားပါလိမ့်မယ်..."
Ref: Awesome Facts
Credit;နှိုင်းရင့်နွေ
ဖက်ရှင်ချစ်သူများ နွေရာသီအားလပ်ရက် ကမ်းခြေလည်လည်သွားရင် တွေ့ခဲ့ရင် ဝေးဝေးရှောင်ထားဖို့.....
ဖက်ရှင်ချစ်သူများ နွေရာသီအားလပ်ရက် ကမ်းခြေလည်လည်သွားရင် တွေ့ခဲ့ရင် ဝေးဝေးရှောင်ထားဖို့.....
ကမ်းခြေမှာ သတိပြုစရာ။
ဒီလို အကောင်မျိုး beach မှာတွေ့လို့ကတော့ ဝေးရာရှောင်ရှားတာ အကောင်းဆုံးပါပဲ။ Physalia physalis လို့ခေါ်တယ်။ မြန်မာလိုတော့ ရေတန်းလို့ ခေါ်တယ်လို့ ငွေဆောင်ဘက်က ရခိုင်တံငါသည် မိတ်ဆွေတွေပြောလို့ မှတ်သားရပါတယ်။ရေခူမျိုး က ဆင်းသက်လာတဲ့ မျိုးကွဲတစ်ခုပါ။ အပြာ၊ ခရမ်း၊ ပန်းရောင် အမျိုးမျိုးရှိပါတယ် သူ့ရဲ့ အဆိပ်ရှိ အမြီးတန်းနဲ့ ငါးတွေကို ဖမ်းစားရာမှာအသုံးပြုပါတယ်။ အမြီးတန်း အရှည် ပေ ၃၀ ကနေ ပေရာချီပြီး ရှိတတ်ပါတယ်။ ခုလိုရာသီဥတုတွေ ဖောက်ပြန်ချိန်မှာ ပင်လယ်နေ သတ္တ၀ါများ ဟာလည်း အချိန်အခါမဟုတ်ရောက်လာတတ်တာမို့ အပန်းဖြေရာမှာ ပတ်ဝန်းကျင်က ပုံမှန်မဟုတ် လှတပတ လေးတွေကိုင်ကြည့်တာ ထိမိတာကတဆင့် အန္တရာယ်ဖြစ်တတ်ကြောင်းပါ။
credit to online
ကွမ်တန်း မင်းရာဇာ
Tuesday, 1 March 2016
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
#kln_yyl
#article_yyl
(Unicode version)
ဘွဲ့လက်မှတ်တွေ ခဏမေ့ထားလိုက်ရအောင်
ဘွဲ့ရပြီးလို့ ကိုယ်ဝါသနာပါရာကို လျောက်လမ်းတော့မယ်ဆိုရင် လက်ရှိရရှိထားတဲ့ ဘွဲ့ဆိုတဲ့ အရာကို ခဏမေ့ထားဖို့ လိုပါတယ်။ နှစ်တွေအတော်ကြာ ဘွဲ့ဆိုတဲ့ အရာကြီးကို စုပ်ကိုင်ပြီး မိမိလုပ်ချင်တဲ့ အလုပ်ကို
မလုပ်သေးဘူးဆိုရင်တော့ ဘဝမှာ သူများတွေထက်စာရင် အရမ်းနောက်ကျသွားပါပြီ။
ဘွဲ့ရပြီးလို့ ဘာဝါသနာ ပါမှန်းမသိ ဖြစ်နေရင်မယ်ဆိုရင်တော့ မကောင်းပါဘူး။ ဝါသနာပါတဲ့ အလုပ်ကို မသိသေးဘူးဆိုရင် လက်ရှိ ရှိတဲ့ အလုပ်တစ်ခုခုကိုသာ ဝင်ရောက်လုပ်ကိုင် ကြည့်စေလိုပါတယ်။ ထိုမှ တစ်စတစ်စ
အလုပ်တွေလုပ်ရင်း ကိုယ်ဘယ်လို အလုပ်တွေလုပ်ရတာ စိတ်ဝင်စားသလဲ ဆိုတာကို သိရှိပြီးတော့ မိမိဝါသနာပါတဲ့ အလုပ်ကို တွေ့ရှိပါလိမ့်မယ်။ ဝါသနာပါတဲ့ အလုပ်ဆိုတာ တိတိကျကျ ပြောဖို့တော့ အတော်
ခက်ပါလိမ့်မယ်။ ဒါပေမယ့် မိမိလုပ်တဲ့ အလုပ်ကို စိတ်ဝင်စားတယ်၊ ကြိုက်တယ်ဆိုရင် ဒါဟာ ဝါသနာပဲလို့ အကြမ်း သတ်မှတ်နိုင်ပါတယ်။
လူတော်တော်များများ ဖြစ်နေတာကတော့ ဘွဲ့နဲ့ ဝါသနာနဲ့ မကိုက်ညီတာပဲ ဖြစ်ပါတယ်။ သို့ပေမယ့် သိပ်တော့အရေးမကြီးသေးပါဘူး။ ခုနက ပြောခဲ့သလိုပဲ အလုပ်တွေလုပ်ရင်း ဝါသနာကို ရှာဖွေပါ။ လုပ်ကိုင်ကြည့်ပါ။ အတွေ့အကြုံတွေ ယူပါ။ ဒီလိုအလုပ်တွေ လုပ်နေတဲ့ အခါမှာ ဘွဲ့လက်မှတ်တွေကို ခဏမေ့ထားလိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။ အားလုံးသော ညီအကို မောင်နှမများ ဘဝမှာ အောင်မြင်နိုင်ကြပါစေ။